ကလေးတွေကို တစ်ယောက်တည်း ဘာလို့ သွားမတိုက်ခိုင်းသင့်ဘူးလဲ

0
47
- Advertisement -

မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ ရောဂါပိုးထိန်းသိမ်းကာကွယ်ရေးစင်တာ၏ လေ့လာတွေ့ရှိချက်အရ ငယ်ရွယ်သေးတဲ့ကလေးလေးတွေအများစုဟာ မိဘတွေမပါဘဲ တစ်ယောက်တည်းသွားတိုက်ခိုင်းလိုက်တဲ့အခါ သွားတိုက်ဆေးတွေကို အများကြီးအသုံးပြုတတ်ကြပါတယ်။ အခုလိုအသုံးပြုခြင်းက သွားတွေမှာ အစင်းကြောင်းလို အရာတွေပေါ်လာနိုင်ခြေ များစေမှာဖြစ်ပါတယ်။

အသက် ၃ နှစ်မှ ၆ နှစ်အရွယ်ကြား ကလေးငယ် ၄၀ ရာခိုင်နှုန်းဟာ သွားတိုက်ဆေးကို သွားပွတ်တံတစ်ဝက်နီးပါး သို့မဟုတ် တစ်ချောင်းလုံးအပြည့် သုံးတတ်ကြတယ်လို့ သုတေသနမှာ ဖော်ပြထားပါသေးတယ်။ ကျွမ်းကျင်ပညာရှင်များကတော့ ထိုအရွယ်ကလေးတွေအနေနဲ့ ပဲစေ့လောက်မျှ အရွယ်အစားရှိတဲ့ သွားတိုက်ဆေးပမာဏကိုသာ သုံးစွဲဖို့ အကြံပြုထားကြပါတယ်။

ကျန်းမာရေးပါရဂူများအနေနဲ့ အသက် ၂ နှစ်အထက် သူတွေအားလုံးကို ဖလူရွိုက်သွားတိုက်ဆေးနဲ့ တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ အမြဲပြောလေ့ရှိပါတယ်။ ဖလူရွိုက်ဟာဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးအများအပြားရှိပေမယ့်လည်း အသုံးပြုတဲ့အခါမှာတော့ ဂရုတစိုက်ရှိရမယ်လို့ ချီကာဂိုမှ ကလေးသွားအထူးကုဆရာဝန်က ပြောပြထားပါတယ်။ အသက် ၃ နှစ်အောက် ကလေးငယ်တွေအားလုံးဟာ ဆန်စေ့လောက်ရှိတဲ့ သွားတိုက်ဆေးပမာဏကိုသာ အသုံးပြုသင့်ပြီး အသက် ၃ နှစ်မှ ၆ နှစ်အတွင်းကတော့ အထက်မှာပြောပြခဲ့သလိုပဲ ပဲစေ့ပမာဏကို အသုံးပြုပေးရမှာဖြစ်ပါတယ်။

- Advertisement -

သွားတိုက်ဆေးက ချိုတဲ့အရသာရှိတာကြောင့် ကလေးအများစုက သွားမတိုက်ခင် နည်းနည်းလောက်ကို စားတတ်ကြပါတယ်။ သို့သော်လည်း ဖလူရွိုက်အများကြီး စုပြုံသွားတဲ့အခါ အသက်ကြီးလာပါက ပြဿနာတွေဖြစ်လာစေနိုင်တာကြောင့် ကလေးတွေကို သွားတိုက်ဆေးမစားမိအောင်၊ အများကြီးအသုံးမပြုအောင် အမြဲစောင့်ကြည့်ကြပ်မတ်ပေးသင့်ပါတယ်။

#Chit_May_May

# Thinzar

Ref – timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here