ကလေးတွေကို ထိခိုက်နစ်နာစေနိုင်တဲ့ စကားအသုံးအနှုန်းများနှင့် အစားထိုးပြောသင့်တဲ့ စကားလုံးများ

0
103
- Advertisement -

စကားလုံးတွေမှာ စွမ်းအားအများကြီးရှိပါတယ်။ ကျွန်မတို့ ကလေးဘဝတုန်းက မိဘတွေဆီကနေ ကြားတဲ့အရာတွေဟာ ကျွန်မတို့ရဲ့ မန်မိုရီတွေထဲမှာ ထာဝရစွဲနေနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာနှင့် ပညာသားပါတဲ့ စကားလုံးတွေက ကျွန်မတို့ကို လမ်းပြပေးပြီး ပိုမိုကောင်းမွန်သော လူဖြစ်ဖို့ ကူညီပါတယ်။ ဒေါသနှင့် ပြောတဲ့စကားလုံးတွေ၊ ယုံကြည်မှုကင်းမဲ့တဲ့ စကားလုံးတွေက နှစ်ပေါင်းများစွာကြာအောင် ကိုယ့်ကိုယ်ကို သံသယဖြစ်စေခဲ့ပါတယ်။ အပြစ်ကင်းပြီး အန္တရာယ်မရှိပုံရတဲ့ အသုံးများသော စကားလုံးတွေ ကလေးတစ်ယောက်ရဲ့ self-esteem ကိုအားနည်းစေနိုင်ပြီး မလုံခြုံမှုကို ခံစားရစေပါတယ်။ ကျွန်မတို့ ကလေးတွေကို ပြောတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ စကားအသုံးအနှုန်းများနှင့် ဘယ်အရာတွေကို အစားထိုးပြောဆိုသင့်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။

၁။ “ငါ့သားအတွက် မေမေဂုဏ်ယူတယ်၊ ကြီးမြတ်တဲ့အလုပ်ပဲ” လို့ပြောမယ့်အစား “သားရဲ့ အလုပ်အတွက် သားဂုဏ်ယူရမယ်” လို့ပြောပေးပါ။

ပထမစကားအသုံးအနှုန်းက အပြစ်ကင်းပုံရပေမယ့် ဒါက လှည့်စားမှုပါ။ မိဘတွေက ပုံတစ်ပုံဆွဲခြင်းကနေ ညစာစားပြီးတဲ့အထိ သေးငယ်တဲ့အရာတိုင်းအတွက် ကလေးတွေကို ချီးမွမ်းတဲ့အခါ ဒီချီးမွမ်းမှုက အဓိပ္ပာယ်မဲ့လာပါတယ်။ အဲ့ဒီအစား ကလေးရဲ့ အောင်မြင်မှုများနှင့် သက်ဆိုင်သော တိကျတဲ့အရာတွေကိုသာ ချီးမွမ်းပေးပါ။ သူတို့ကိုယ်သူတို့ ဝေဖန်ခြင်းနှင့် သူတို့ တကယ် ကောင်းကောင်းလုပ်ခဲ့တဲ့ အရာတွေကို ဂုဏ်ယူတတ်ဖို့ အားပေးပါ။

၂။ ရှောင်ကြဉ်ပါ – သားအဖေ (အမေ) အိမ်ပြန်ရောက်တဲ့အထိ စောင့်!

ကြိုးစားကြည့်ပါ – ကျေးဇူးပြုပြီး နောက်တစ်ခေါက် ထပ်မလုပ်ပါနဲ့။ ငါ့အရမ်းစိတ်ဆိုးတယ်။

ပထမဆုံး စကားစုကို ပြောလိုက်တဲ့အခါ သင့်ကလေးရဲ့ မှားယွင်းသော အပြုအမှုရဲ့ အကျိုးဆက်ကို ‘ရွေ့ဆိုင်းလိုက်တာ’ ဖြစ်ပါတယ်။ အခြားမိဘတစ်ယောက် အိမ်ပြန်ရောက်လာတဲ့အခါ ဘာဖြစ်ခဲ့သလဲဆိုတာကို ကလေးက မေ့သွားပါလိမ့်မယ်။ ထို့အပြင် မိဘနှစ်ယောက်ရဲ့ ပဋိပက္ခကြောင့် ကလေးကို ကြောက်လန့်စေပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်အခွင့်အာဏာလည်း လျော့နည်းစေပါတယ်။ ပြဿနာကို သင်ကိုယ်တိုင်ဖြေရှင်းဖို့နှင့် သူတို့အပြုအမှုကို ဘာ့ကြောင့် စိတ်ပျက်ရကြောင်း ကလေးကို ရှင်းပြပါ။

၃။ ရှောင်ကြဉ်ပါ – ဒီနေ့ဘယ်လိုလဲ?

ကြိုးစားကြည့်ပါ – ဒီနေ့ ဘာကောင်းတာတွေနဲ့ ကြုံခဲ့ရလဲ?

တကယ်တော့ ဒီနေ့ဘယ်လိုလဲ ဆိုတဲ့စကားလုံးက စကားလုံး ၁လုံး (သို့) ၂လုံးသာ ရှည်သောအဖြေကို လိုချင်တဲ့ အချည်းနှီးမေးခွန်းတစ်ခုပါ။ ကလေးက အဆင်ပြေရင် “ပြေတယ်”၊ မပြေရင် “မပြေဘူး” အဲ့ဒါပဲပြောမှာဖြစ်ပါတယ်။ ကလေးရဲ့ တစ်နေ့တာအကြောင်းကို အမှန်တကယ် သိလိုပါက ရှည်လျားပြီး အသေးစိတ်တဲ့ အဖြေတွေကို အားပေးသော မေးခွန်းတိတိကျကျကို မေးပါ။

၄။ ရှောင်ကြဉ်ပါ – “ထမင်းစားလို့ မပြီးမချင်း အချိုပွဲ မစားရဘူး”

ကြိုးစားကြည့်ပါ – “ဟင်းချိုအရင်သောက်လိုက်ဦး၊ ပြီးမှ အချိုပွဲကျွေးမယ်”

ပထမစာကြောင်းကို ပြောခြင်းကြောင့် ကလေးဟာ အချိုပွဲစားချင်တာကြောင့် ထမင်းကို မြန်မြန်စားပါလိမ့်မယ်။ အစားအသောက်ကနေ ပျော်ရွင်မှုကို လျော့နည်းစေပါတယ်၊ သင့်ရဲ့ စကားလုံးကို နည်းနည်း လှည့်စားကြည့်ပါ။ ဟင်းချိုနဲ့ ကိတ်မုန့်နှစ်မျိုးလုံးက အရသာရှိပုံပေါ်သော်လည်း သူတို့ကို သတ်မှတ်ထားတဲ့ အစီအစဉ်ဖြင့် စားသင့်တယ်လို့ ကလေးက နားလည်သွားပါတယ်။

၅။ ရှောင်ကြဉ်ပါ -” မြန်မြန်လုပ်!”

ကြိုးစားကြည့်ပါ – ” မြန်မြန်လုပ်ကြစို့ (သို့) ဖိနပ်ကို ဘယ်သူအရင်ဆုံးစီးနိုင်လဲဆိုတာ ကြည့်ရအောင်”

သင့်ကလေးကို ဘယ်အရာဖြစ်ဖြစ် မြန်မြန်လုပ်ဖို့ တွန်းအားပေးတဲ့အ်ခါ သူတို့ကို စိတ်ဖိစီးမှုတိုးစေပြီး နောက်ကျမှာ ၊တစ်ခုခုလွဲချော်မှာကို ကြောက်ရွံ့စေပါတယ်။ နှစ်ယောက်စလုံးက အဖွဲ့တစ်ဖွဲ့တည်းလို့ ခံစားစေတဲ့နည်းဖြင့် စကားလုံးကို လှည့်ပြောဖို့ ကြိုးစားပါ။

၆။ ရှောင်ကြဉ်ပါ – နင့်ကြောင့် ငါရှက်တယ်

ကြိုးစားကြည့်ပါ -” သားလုပ်ခဲ့တဲ့အရာက အမေ့ကို စိတ်ထိခိုက်စေတယ်”

ကလေးဟာ အရမ်းရှက်ဖွယ်ကောင်းသော်လည်း အမှန်တကယ် ရှက်တယ်ဆိုတာက ဘာဆိုတာကို နားလည်ဖို့ အရမ်းငယ်သေးပါတယ်။ ဒီအချည်းနီးစကားလုံးက သူ/သူမ ပြုလုပ်ခဲ့တဲ့အရာက ဘာ့ကြောင့်မှားနေသလဲဆိုတာကို မသိနိုင်ပါဘူး။ ထို့အပြင် လေ့လာမှုတစ်ခုအရ အရှက်ရခြင်းဟာ အချို့သော ကလေးတွေကို ပိုပြီး ရန်လိုနိုင်တယ်လို့ ပြသခဲ့ပါတယ်။ သင့်ကလေးအား သူတို့အပြုအမှုနှင့် ပတ်သတ်ပြီး ဘယ်လိုမှားကြောင်းနှင့် နောက်တစ်ခါ ဘယ်လိုရှောင်ရမယ်ဆိုတာ ရှင်းပြဖို့ ကြိုးစားပါ။

၇။ ရှောင်ကြဉ်ပါ – မငိုနဲ့!

ကြိုးစားကြည့်ပါ – “ဘာဖြစ်တာလဲ? (သို့) သားဘာလို့ ဒီလောက် စိတ်ဆိုးရတာလဲ?”

ကလေးငိုရတဲ့ အကြောင်းအရင်းက သင့်အတွက် အရေးကြီးပုံမပေါ်ပေမယ့် ကလေးဆိုတာတော့ ငိုမှာပါပဲ။’ မငိုနဲ့ ‘လို့ပြောခြင်းဟာ ကလေးရဲ့ ခံစားချက်တွေကို လျော့နည်းစေပြီး သူတို့စိတ်ခံစားချက်တွေ အရေးမပါဘူးလို့ ခံစားရစေနိုင်ပါတယ်။ အဲ့ဒီအစား ဂရုစိုက်ကြောင်းနှင့် သင်ကူညီချင်ကြောင်း ပြသနိုင်ဖို့ ကြိုးစားပါ။

၈။ ရှောင်ကြဉ်ပါ – “ဘာမှ ကြောက်စရာမရှိဘူး”

ကြိုးစားကြည့်ပါ – “သားကြောက်နေတာကို အမေမြင်တယ်၊ အမေ သားနဲ့ ဒီမှာရှိနေတယ်”

သူ (သို့) သူမကြောက်ရွံ့နေပါက ပထမစာကြောင်းက သင့်ကလေးကို နှစ်သိမ့်ပေးနိုင်မယ့် နည်းလမ်းမဟုတ်ပါဘူး။ သူတို့ရဲ့ ခံစားချက်ကို ထည့်မတွက်ဘူးလို့ ကလေးထင်သွားပါလိမ့်မယ်။ အဲ့ဒီအစား ကလေးရဲ့ ခံစားချက်တွေကို စာနာခြင်းနှင့် ကြောက်ရွံ့ခြင်းရဲ့ အကြောင်းရင်းကို ဆွေးနွေးပါ။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here