
ကလေးတွေနဲ့ ဆက်ဆံရာမှာ အမှန်တကယ် တီထွင်ဖန်တီးမှုရှိဖို့ လိုအပ်တာက လျှို့ဝှက်ချက်မဟုတ်ပါဘူးနော်။ ကျွန်မတို့ရဲ့ စာဖတ်သူ မေမေတွေနဲ့ ကလေးတွေအတွက် နည်းလမ်းကောင်းလေးတွေ အမြဲရှာဖွေပေးနေတာကြောင့် ကလေးတွေနဲ့ မေမေတို့ဘဝ ပိုငြိမ်းချမ်းပြီး ပျော်စရာကောင်းစေမယ့် ဒီဆောင်းပါးကနေ တစ်ခုခု သင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအကြံပြုချက်တွေကို တခြားမိဘတွေလည်း စမ်းသပ်ကြည့်ထားတာကြောင့် အသုံးဝင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။
၁။ ကလေးက တစ်စုံတစ်ခုကို မလုပ်လိုတဲ့အခါ ခြိမ်းခြောက်မယ့်အစား အရာအားလုံးကို ပျော်စရာဂိမ်းတစ်ခုအဖြစ် ဖန်တီးလိုက်ပါ
အခြေအနေတစ်ခုကို မြင်ယောင်ကြည့်ပါ။- တစ်နေရာရာကို ကားနဲ့ သွားရမှာဖြစ်ပြီး သင့်ကလေးက ကားထိုင်ခုံမှာ ထိုင်ဖို့ ငြင်းဆန်နေပါတယ်။ ဒါကို စိတ်ဆိုးပြီး ” ကားထဲကို အခုမဝင်ရင် အရုပ်တွေ ဘယ်တော့မှ မဝယ်ပေးတော့ဘူး” လို့ခြိမ်းခြောက်မှုမျိုးတွေ လုပ်မိမှာပါ။ သို့သော် ဒီလိုခြိမ်းခြောက်မယ့်အစား ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲပါ။ ဥပမာအားဖြင့် ” သား..ဒီထိုင်ခုံမှာ ၅စက္ကန့်အတွင်း ဘယ်သူအရင်ထိုင်နိုင်မလဲဆိုတာ ကြည့်ရအောင်၊ Ready? 1, 2, 3…”
၂။ သင့်ကလေးအား အခန်းရဲ့အစိတ်အပိုင်းအချို့ကို မသွားစေချင်ပါက အခန်းကို တိပ်ဖြင့်ပိတ်ပြီး အန္တရာယ်ဇုန်ဖြစ်ကြောင်း ကလေးအား ပြောပြပါ
ချက်ပြုတ်နေစဉ် (သို့) ယေဘုယျအားဖြင့် ကလေးကို မီးဖိုချောင်ထဲမှာ ဓါးတွေ ဘာတွေရှိတာကြောင့် မပြေးစေချင်ရင် အခန်းရဲ့ အပိုင်းကို “အကန့်အသတ်” အဖြစ်အမှတ်အသားပြုဖို့ တိတ်ကို အသုံးပြုပါ။ ကလေးကို ထိုနေရာက လူကြီးတွေအတွက်သာဖြစ်ပြီး ကလေးတွေ သွားရင် ဆိုးရွားတဲ့ အရာတစ်ခု ဖြစ်လာမယ်လို့ ပြောထားနိုင်ပါတယ်။
၃။ ခြိမ်းခြောက်သော စကားလုံးဖြင့် ပြောမယ့်အစား နားထောင်ကောင်းမယ့် စကားလုံးဖြင့် ပြောပါ
မင်းအခန်းကို မသန့်ရှင်းထားရင် ဒီညတီဗီကြည့်ခွင့််ရမှာ မဟုတ်ဘူး”လို့ပြောတာဟာ ကလေးက ကြောက်လန့်ပြီး အခန်းကို သန့်ရှင်းရေးလုပ်မယ်လို့ မျှော်လင့်ကာ ခြိမ်းခြောက်တောင်းဆိုမှုတစ်ခုလို ပြောလိုက်ခြင်းဖြစ်ပါတယ်။ ဒီအရာကို အတိအကျပြောဖို့ ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ “မင်းအခန်းကို သန့်ရှင်းရေးလုပ်ထားရင် ဒီညတီဗီကြည့်လို့ရတယ်” ။ ကလေးက သူတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်တွေ ရှိလာမယ်လို့ အဓိပ္ပာယ်ရတဲ့ စကားကို ပိုကောင်းအောင် တုံ့ပြန်ပါလိမ့်မယ်။
၄။ ကလေးတွေကို သန့်ရှင်းရေးလုပ်ရန် လှုံ့ဆော်ပေးဖို့အတွက် သူတို့ရဲ့ ကစားစရာအောက်မှာ ပိုက်ဆံဝှက်ထားတာရှိကြောင်း ပြောပါ
ပိုက်ဆံက သင့်ကလေးကို သန့်ရှင်းရေးလုပ်ဖို့ တွန်းအားပိုပေးပါလိမ့်မယ်၊ ပိုက်ဆံရှာဖို့ အရုပ်တွေ ကောက်သိမ်းပါလိမ့်မယ်၊ သူတို့အခန်းထဲမှာ ပိုက်ဆံကို တကယ်ဝှက်ထားသလားဆိုတာ သင့်အပေါ်မှာပဲ မူတည်ပါတယ်။
၅။ ကလေးအား ရာဘာဘဲလေးတွေကို ရေချိုးခိုင်းခြင်းဖြင့် လက်ကို စနစ်တကျ ဆေးကြောခိုင်းပါ
ပျော်စရာကောင်းပြီး လွယ်ကူတဲ့ အကြံဉာဏ်တစ်ခုဖြစ်ပါတယ်။ ကလေးက သူတို့ရဲ့ ရော်ဘာဘဲတွေကို ဆေးကြောခြင်း လုပ်ငန်းစဉ်အား အရမ်းစိတ်ဝင်စားလာမှာဖြစ်ပြီး သူတို့လက်တွေကိုလည်း အချိန်ကြာကြာ ဆေးကြောမိစေမှာပါ။
Chit_MayMay
Nandar
Source-brightside.