ကလေးတွေကို ပြဇာတ်ရုံခေါ်သွားခြင်းရဲ့ အကျိုးကျေးဇူးများ

0
642
- Advertisement -

ကလေးတွေကို ပြဇာတ်ရုံ ခေါ်သွားခြင်းက သူတို့လေးတွေကို ပျော်ရွင်စေနိုင်တဲ့ အကောင်းဆုံး Activities တစ်ခုဖြစ်ပါတယ်။ ပြဇာတ်ရုံ၊ ဇာတ်ပွဲတွေဟာ အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးတွေကို အနုပညာမြတ်နိုးတတ်စေအောင်၊ ကိုယ့်ယဉ်ကျေးမှုအကြောင်းသိရှိလာအောင် သင်ကြားပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ကုလားကာ တတ်သွားတဲ့အခါ ဒီအနုပညာက စိတ်ခံစားမှုတွေ၊ တန်ဖိုးတွေနဲ့ ခံစားမှုရသတွေကို ထုတ်လွှင့်နိုင်ပါတယ်။ အနုပညာဟာ ကလေးတွေအတွက် ဗဟုသုတအသစ်တွေနဲ့ ယဉ်ကျေးမှုအကြောင်းကို လေ့လာနိုင်တဲ့ စွမ်းအားကောင်းသော ကိရိယာတစ်ခုဖြစ်ပါတယ်။

ကလေးတွေကို ပြဇာတ်ရုံသို့ ခေါ်သွားခြင်းရဲ့ အဓိက အကျိုးကျေးဇူးများ

စိတ်ကူး

ကလေးတွေဟာ ပုံပြင်တွေ နားထောင်ရတာကို နှစ်သက်ပါတယ်။ တကယ်လို့ ဒီပုံပြင်တွေဟာ အက၊ သီချင်းများ၊အလင်းနှင့် အရောင်များဖြင့် လာပါက မမေ့နိုင်တဲ့ အတွေ့အကြုံ ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် ပြဇာတ်ရုံကို ကလေးတွေ ခေါ်သွားခြင်းရဲ့ ကြီးမားသော အကျိုးကျေးဇူးတစ်ခုမှာ သူတို့ရဲ့ စိတ်ကူးဉာဏ်တွေေ တိုးတတ်လာခြင်းဖြစ်ပါတယ်။ ကလေးငယ်တွေဟာ စွန့်စားခန်းတွေ၊ အရောင်တွေရဲ့ ကမ္ဘာမှာ သူတို့ကိုယ်သူတို့ နှစ်မြှပ်ပါလိမ့်မယ်။ ၎င်းမှတဆင့် သူတို့ရဲ့ တီထွင်ဖန်တီးမှုကို အမြင့်ဆုံးစွမ်းရည်သို့ တိုးတတ်စေပါလိမ့်မယ်။

ခံစားချက်တွေ ဖော်ပြခြင်း

ပြဇာတ်ရုံရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုက သရုပ်ဆောင်တွေဟာ ပရိတ်သတ်တွေနှင့်အတူ ပြုလုပ်တဲ့ ဆယ်သွယ်မှု ဖြစ်ပါတယ်။ ဇာတ်ကားတွေလို အခြားဖျော်ဖြေရေးပုံစံနှင့် မတူဘဲ ပြဇာတ်ဟာ တိုက်ရိုက်ဖျော်ဖြေမှုဖြစ်ပါတယ်။ ဒါ့ကြောင့် ဇာတ်ကောင်တွေနဲ့ ပရိတ်သတ်တွေရဲ့ အပြန်အလှန် ဆက်သွယ်ပုံက အခြားဘယ်အရာနှင့်မှမတူတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ ပြဇာတ်နှင့်အတူ ကလေးတွေဟာ သူတို့ခံစားချက်များကို BODY LANGUAGE ကတဆင့် ပိုမိုထိရောက်စွာ ဖော်ပြတတ်အောင် သင်ယူကြပါတယ်။ သူတို့ဟာ Postive ဖြစ်ဖြစ် negative ဖြစ်ဖြစ် သူတို့ခံစားရတဲ့အရာကို ထုတ်ပြခြင်းရဲ့ အရေးပါပုံကိုလည်း သင်ယူကြပါတယ်။

တန်ဖိုးများ

ပြဇာတ်ရဲ့ အကျိုးကျေးဇူးတစ်ခုက တန်ဖိုးများကို သင်ယူခြင်းဖြစ်ပါတယ်။ ရှိုးဟာ သင့်ကလေးရဲ့ အသက်အရွယ်နှင့် သင့်လျော်ကြောင်း သေချာစေဖို့ အမြဲသတိရပါ။ ကလေးတွေဟာ စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာမျိုးလိုပဲ ပြဇာတ်ဟာ ကလေးတွေအတွက် တန်ဖိုးထားမှုနဲ့ အယူအဆတွေကို ယင်ယူဖို့ ထိရောက်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ ဥပမာ- ချစ်ခြင်းမေတ္တာ ၊ ချစ်ခင်ရင်းနှီးမှု၊ လေးစားမှု၊ သည်းခံမှု စသဖြင့်။

နည်းပညာတွေနဲ့ ကင်းကွာစေခြင်း

ပြဇာတ်ကို ပိုက်ဆံအကုန်ခံသွားကြည့်မယ့်အစား ဖုန်းထဲကကြည့်လိုရတာပဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တစ်ခါတစ်လေမှာ စာဖတ်ခြင်းကဲ့သို့သော နည်းပညာကင်းကွာတဲ့ activitie တွေက အီလက်ထရွန်းနစ်ပစ္စည်းတွေကို ဘေးဖယ်ထားစေနိုင်ပါတယ်။ အပြန်အလှန်အားဖြင့် နည်းပညာကို အသုံးမပြုပါက သူတို့စိတ်ခံစားမှုတွေနဲ့ ဆက်သွယ်ပေးပါတယ်။ သူတို့ဟာ ဖန်သားပြင်၊ တတ်ဘလက်များ (သို့) ဗီဒီယိုဂိမ်းတွေကို ကြည့်စရာမလိုဘဲ ပျော်စရာကို သင်ယူလို့ရပါတယ်။

ယဉ်ကျေးမှုကို ပိုနားလည်စေခြင်း

သူတို့အသက်အရွယ်နဲ့ သင့်တော်တဲ့ ရှိုးတစ်ခုကို ကြည့်ရှုခြင်းအားဖြင့် ဂီတ၊ ဂိမ်းများ၊ အရောင်များမှတဆင့် ဂန္ထဝင်စာပေများနှင့် မိတ်ဆက်ပေးပါတယ်။

ပူးပေါင်းဆောင်ရွက်မှု

ပြဇာတ်က သင်ပေးတဲ့ အရေးအကြီးဆုံးတန်ဖိုးတစ်ခုက ပူပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ သူငယ်ချင်းဖွဲ့ခြင်းရဲ့ အရေးပါပုံကို ကလေးတွေလ့လာမိပါလိမ့်မယ်။ ထို့အပြင် သူတို့ဟာ လိုအပ်လျှင် အခြားသူတွေနဲ့ ဘယ်လိုပူးပေါင်းကူညီရမယ်ကို လေ့လာရပါတယ်။

Chit_MayMay

LM_Nandar

Source- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here