ကလေးတွေကို မကြာခဏပေးတတ်ကြတဲ့ အန္တရာယ်ရှိ အစားအစာများ

0
26

ကလေးအတော်များများဟာ အလွန်ငယ်ရွယ်တဲ့အရွယ်မှာ သကြားဓါတ်အများကြီးပါဝင်တဲ့ အစားအစာများကို စားသုံးခြင်းနဲ့စတင်ကြပါတယ်။ ဒါက သူတို့ရဲ့ sensitivity ကိုလျှော့ချဖို့ ကလေးတစ်ဦးရဲ့လျှာအရသာဖုလေးတွေကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန်အစားအစာများက ဆွဲဆောင်နိုင်ပုံ မရပါဘူး။ ကလေးတွေကို သူတို့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလက္ခဏာများကြောင့် မကျွေးသင့်တဲ့ အစားအစာများလည်း ရှိပါတယ်။ ဒါ့ကြောင့် ကလေးတစ်ယောက်ကို ကျန်းမာတဲ့အစားအစာ စားဖို့ ဘယ်လိုသင်ပေးရမလဲဆိုတာနဲ့ သူတို့မစားသင့်တဲ့ အစားအစာများကို မျှဝေပေးလိုက်ပါတယ်။
၁။ ဖျော်ရည်များ

ဖျော်ရည်များကို ကလေးတိုင်းက ကြိုက်နှစ်သက်ကြပါတယ်။ ရယ်ဒီမိတ် ဖျော်ရည် တစ်ဖန်ခွက်မှာ သကြား ၅ဇွန်း ၆ဇွန်းလောက် ပါဝင်ပါတယ်။ ပျော်ဝင်သကြားတွေက သွေးလမ်းကြောင်းအတွင်းသို့ ချက်ချင်း စုပ်ယူတာကြောင့် ကာဗိုဟိုက်ဒရိတ်ရဲ့ခြေဖျက်မှုအတွက် အလွန်ဆိုးဝါးစေပါတယ်။ ဒါ့ကြောင့် American Academy ရဲ့ကလေးအထူးကုများက ကလေးတွေကို ရယ်ဒီမိတ်ဖျော်ရည် တိုက်ကျွေးမယ့်အစား သစ်သီးကျွေးဖို့ကို အကြံပြုထားပါတယ်။ သစ်သီးတွေမှာ အမျှင်ဓါတ်ကြွယ်ဝပါတယ်။ အိမ်မှာ အသီးကို လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ ဖျော်ရည်ကိုလည်း သူတို့ကို တိုက်ကျွေးနိုင်ပါတယ်။
၂။ ဒိန်ချဉ်

ကျန်းမာတဲ့ ဒိန်ချဉ်ကိုရွေးချယ်နိုင်ဖို့အတွက် ပါဝင်ပစ္စည်းများကို ဖတ်ရှု့ဖို့ လိုအပ်ပါတယ်။ ပထမဆုံးအနေနဲ့ ရေခဲသေတ္တာထဲမှာ သိမ်းထားခြင်း မရှိသော အန္တရာယ်အရှိဆုံး ဒိန်ချဉ်ထုတ်ကုန်ကို မဝယ်ပါနဲ့။ ဒုတိယအနေနဲ့ အချိုထည့်ထားတဲ့ ဒိန်ချဉ်အစား သဘာဝဒိန်ချဉ်ကိုသာ ဝယ်ပါ။
သစ်သီးဒိန်ချဉ်တွေမှာ ကလေးတွေကို အဝလွန်ခြင်း ဖြစ်လာစေတဲ့၊ ဆီးချိုရောဂါရရှိမှုကို ဦးတည်နေတဲ့ ကယ်လိုရီများ၊ အဆီနှင့် သကြား အများကြီးပါဝင်ပါတယ်။
၃။ ပျားရည်

အသက်၂နှစ်မရောက်ခင် ကလေးတွေကို ပျားရည်မကျွေးသင့်ပါဘူး။ တစ်ချို့ကလေးတွေအတွက် ဓါတ်မတည့်တဲ့ တုံ့ပြန်မှု ဖြစ်နိုင်ချေရှိယုံသာမက တစ်ခါတရံ ပျားရည်မှာ botulism လို့ခေါ်တဲ့ ဆိုးဝါးတဲ့ ကူးစက်ရောဂါကို ဦးတည်စေနိုင်တဲ့ ဘက်တီးရီးယားများ ပါဝင်ပါတယ်။
၄။ စပျစ်သီး

စပျစ်သီးများမှာ ကလေးတွေ လိုအပ်တဲ့ ဗီတာမင်များနှင့် သတ္တုဓါတ်များ ပါဝင်ပါတယ်။ ဒါပေမယ့် အဲ့ဒီမှာ ကလေးတွေကို ဘာကြောင့် မကျွေးသင့်လဲဆိုတဲ့ အကြောင်းရင်းတစ်ခု ရှိပါတယ်။ စပျစ်သီးက ကလေးတွေကို မတော်တဆ နင်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် စပျစ်သီးများက ကလေးတွေရဲ့ အစာခြေဖျက်မှုလုပ်ငန်းစဉ်အတွက် အလွန်ခက်ခဲပါတယ်။ ငှက်ပျောသီးကို ၂နှစ်ထက် ငယ်ရွယ်တဲ့ ကလေးများအတွက် အစားထိုးကျွေးနိုင်ပါတယ်။
၅။ ကလေးတွေအတွက် မာတီဗီတာမင်

ဗီတာမင်တွေက တော်တော်လေး အငြင်းပွားစရာ ခေါင်းစဉ်ဖြစ်ပါတယ်။ ဗီတာမင်တိုက်ကျွေးတာနဲ့ ပတ်သတ်ပြီး မိဘတွေဟာ ဆရာဝန် ၊ ကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်မယ့်အစား သူတို့ရဲ့ အသိပညာနှင့် အတွေ့အကြုံပေါ်မှာ မကြာခဏ အားကိုးကြပါတယ်။ ဒါက လုံးဝကိုမှားယွင်းပြီး အန္တရာယ်တောင် ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်ညွှန်းမှသာ ကလေးတွေကို တိုက်သင့်ပါတယ်။ ကလေးတွေဟာ အစားအစာကနေ သူတို့လိုအပ်တဲ့ ဗီတာမင်ကို ရရှိသင့်ပါတယ်။ သူတို့ကို ဘယ်ဖြည့်စွက်မှုမှ ပေးဖို့မလိုအပ်ပါဘူး။
၆။ Milkshakes

ဆိုဒါနှင့် မစ်ရှိတ်အကြား ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်တဲ့ ဘယ်မိဘမဆို မစ်ရှိတ်ကို ရွေးချယ်မိပါလိမ့်မယ်။ မစ်ရှိတ်မှာ သကြားနှင့် အဆီအများကြီး ပါဝင်တာကြောင့် ဆိုဒါလိုပဲ အန္တရာယ်ရှိပါတယ်။
အဆီများတဲ့ ဖျော်ရည်တွေကို ပုံမှန်သောက်ခြင်းက နှလုံးသွေးကြောဆိုင်ရာရောဂါများ တိုးပွားမှုကို ဦးတည်နိုင်တယ်လို့ နောက်ဆုံးပေါ် သုတေသနက ပြောထားပါတယ်။ ဒီထုတ်ကုန်များက အရွယ်ရောက်သူများအတွက်တောင် အန္တရာယ်ရှိစေပါတယ်။
နားလည်နေပြီဖြစ်တဲ့ ကလေးတွေကို သကြားမစားနဲ့လို့ ပြောဖို့ မဖြစ်နိုင်ပါဘူး။ တကယ့်အရေးကြီးဆုံးအရာက ကလေးကို အချိုတွေကို လိုအပ်တာထက်ပိုပြီး မစားသင့်ကြောင်၊ ပုံမှန်အစားအစာတွေနဲ့ အစားထိုးလို့မရကြောင်းသာ ရှင်းပြပေးပါ။ ကလေးတစ်ယောက်ဟာ ကောင်းတဲ့အစားအစာအလေ့အထ ရှိခဲ့ရင် သူတို့ အရွယ်ရောက်တဲ့အခါ ကျန်းမာတဲ့အစားအစာများကိုသာ စားနိုင်ချေ မြင့်မားပါတယ်။

Lifestyle_Myanmar

LM_Nandar

Source- brightside

Zawgyi Font

ကေလးေတြကို မၾကာခဏေပးတတ္ၾကတဲ့ အႏၱရာယ္ရွိ အစားအစာမ်ား

ကေလးအေတာ္မ်ားမ်ားဟာ အလြန္ငယ္ရြယ္တဲ့အရြယ္မွာ သၾကားဓါတ္အမ်ားႀကီးပါဝင္တဲ့ အစားအစာမ်ားကို စားသံုးျခင္းနဲ႔စတင္ၾကပါတယ္။ ဒါက သူတို႔ရဲ႕ sensitivity ကိုေလွ်ာ့ခ်ဖို႔ ကေလးတစ္ဦးရဲ႕လွ်ာအရသာဖုေလးေတြကို ျဖစ္ေပၚေစပါတယ္။ ပံုမွန္အစားအစာမ်ားက ဆြဲေဆာင္ႏိုင္ပံု မရပါဘူး။ ကေလးေတြကို သူတို႔ခႏၶာကိုယ္ရဲ႕ ဇီဝကမၼလကၡဏာမ်ားေၾကာင့္ မေကၽြးသင့္တဲ့ အစားအစာမ်ားလညး္ ရွိပါတယ္။ ဒါ့ေၾကာင့္ ကေလးတစ္ေယာက္ကို က်န္းမာတဲ့အစားအစာ စားဖို႔ ဘယ္လိုသင္ေပးရမလဲဆိုတာနဲ႔ သူတို႔မစားသင့္တဲ့ အစားအစာမ်ားကို မွ်ေဝေပးလိုက္ပါတယ္။
၁။ ေဖ်ာ္ရည္မ်ား

ေဖ်ာ္ရည္မ်ားကို ကေလးတိုင္းက ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ရယ္ဒီမိတ္ ေဖ်ာ္ရည္ တစ္ဖန္ခြက္မွာ သၾကား ၅ဇြန္း ၆ဇြန္းေလာက္ ပါဝင္ပါတယ္။ ေပ်ာ္ဝင္သၾကားေတြက ေသြးလမ္းေၾကာင္းအတြင္းသို႔ ခ်က္ခ်င္း စုပ္ယူတာေၾကာင့္ ကာဗိုဟိုက္ဒရိတ္ရဲ႕ေျခဖ်က္မႈအတြက္ အလြန္ဆိုးဝါးေစပါတယ္။ ဒါ့ေၾကာင့္ American Academy ရဲ႕ကေလးအထူးကုမ်ားက ကေလးေတြကို ရယ္ဒီမိတ္ေဖ်ာ္ရည္ တိုက္ေကၽြးမယ့္အစား သစ္သီးေကၽြးဖို႔ကုိ အႀကံျပဳထားပါတယ္။ သစ္သီးေတြမွာ အမွ်င္ဓါတ္ၾကြယ္ဝပါတယ္။ အိမ္မွာ အသီးကို လတ္လတ္ဆတ္ဆတ္ညွစ္ထားတဲ့ ေဖ်ာ္ရည္ကိုလည္း သူတို႔ကို တိုက္ေကၽြးႏိုင္ပါတယ္။
၂။ ဒိန္ခ်ဥ္

က်န္းမာတဲ့ ဒိန္ခ်ဥ္ကိုေရြးခ်ယ္ႏိုင္ဖို႔အတြက္ ပါဝင္ပစၥည္းမ်ားကို ဖတ္ရႈ႕ဖို႔ လိုအပ္ပါတယ္။ ပထမဆံုးအေနနဲ႔ ေရခဲေသတၱာထဲမွာ သိမ္းထားျခင္း မရွိေသာ အႏၱရာယ္အရွိဆံုး ဒိန္ခ်ဥ္ထုတ္ကုန္ကို မဝယ္ပါနဲ႔။ ဒုတိယအေနနဲ႔ အခ်ိဳထည့္ထားတဲ့ ဒိန္ခ်ဥ္အစား သဘာဝဒိန္ခ်ဥ္ကိုသာ ဝယ္ပါ။
သစ္သီးဒိန္ခ်ဥ္ေတြမွာ ကေလးေတြကို အဝလြန္ျခင္း ျဖစ္လာေစတဲ့၊ ဆီးခ်ိဳေရာဂါရရွိမႈကို ဦးတည္ေနတဲ့ ကယ္လိုရီမ်ား၊ အဆီႏွင့္ သၾကား အမ်ားႀကီးပါဝင္ပါတယ္။
၃။ ပ်ားရည္

အသက္၂ႏွစ္မေရာက္ခင္ ကေလးေတြကို ပ်ားရည္မေကၽြးသင့္ပါဘူး။ တစ္ခ်ိဳ႕ကေလးေတြအတြက္ ဓါတ္မတည့္တဲ့ တံု႔ျပန္မႈ ျဖစ္ႏိုင္ေခ်ရွိယံုသာမက တစ္ခါတရံ ပ်ားရည္မွာ botulism လို႔ေခၚတဲ့ ဆိုးဝါးတဲ့ ကူးစက္ေရာဂါကို ဦးတည္ေစႏိုင္တဲ့ ဘက္တီးရီးယားမ်ား ပါဝင္ပါတယ္။
၄။ စပ်စ္သီး

စပ်စ္သီးမ်ားမွာ ကေလးေတြ လိုအပ္တဲ့ ဗီတာမင္မ်ားႏွင့္ သတၱဳဓါတ္မ်ား ပါဝင္ပါတယ္။ ဒါေပမယ့္ အဲ့ဒီမွာ ကေလးေတြကို ဘာေၾကာင့္ မေကၽြးသင့္လဲဆိုတဲ့ အေၾကာင္းရင္းတစ္ခု ရွိပါတယ္။ စပ်စ္သီးက ကေလးေတြကို မေတာ္တဆ နင္ႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ စပ်စ္သီးမ်ားက ကေလးေတြရဲ႕ အစာေျခဖ်က္မႈလုပ္ငန္းစဥ္အတြက္ အလြန္ခက္ခဲပါတယ္။ ငွက္ေပ်ာသီးကို ၂ႏွစ္ထက္ ငယ္ရြယ္တဲ့ ကေလးမ်ားအတြက္ အစားထိုးေကၽြးႏုိင္ပါတယ္။
၅။ ကေလးေတြအတြက္ မာတီဗီတာမင္

ဗီတာမင္ေတြက ေတာ္ေတာ္ေလး အျငင္းပြားစရာ ေခါင္းစဥ္ျဖစ္ပါတယ္။ ဗီတာမင္တိုက္ေကၽြးတာနဲ႔ ပတ္သတ္ၿပီး မိဘေတြဟာ ဆရာဝန္ ၊ ကၽြမ္းက်င္သူတစ္ဦးႏွင့္ တိုင္ပင္မယ့္အစား သူတို႔ရဲ႕ အသိပညာႏွင့္ အေတြ႕အႀကံဳေပၚမွာ မၾကာခဏ အားကိုးၾကပါတယ္။ ဒါက လံုးဝကိုမွားယြင္းၿပီး အႏၱရာယ္ေတာင္ ျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဆရာဝန္ညႊန္းမွသာ ကေလးေတြကို တိုက္သင့္ပါတယ္။ ကေလးေတြဟာ အစားအစာကေန သူတို႔လိုအပ္တဲ့ ဗီတာမင္ကို ရရွိသင့္ပါတယ္။ သူတို႔ကို ဘယ္ျဖည့္စြက္မႈမွ ေပးဖို႔မလိုအပ္ပါဘူး။
၆။ Milkshakes

ဆိုဒါႏွင့္ မစ္ရွိတ္အၾကား ေရြးခ်ယ္မႈတစ္ခုႏွင့္ ရင္ဆိုင္တဲ့ ဘယ္မိဘမဆို မစ္ရွိတ္ကို ေရြးခ်ယ္မိပါလိမ့္မယ္။ မစ္ရွိတ္မွာ သၾကားႏွင့္ အဆီအမ်ားႀကီး ပါဝင္တာေၾကာင့္ ဆိုဒါလိုပဲ အႏၱရာယ္ရွိပါတယ္။
အဆီမ်ားတဲ့ ေဖ်ာ္ရည္ေတြကို ပံုမွန္ေသာက္ျခင္းက ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ား တုိးပြားမႈကို ဦးတည္ႏိုင္တယ္လို႔ ေနာက္ဆံုးေပၚ သုေတသနက ေျပာထားပါတယ္။ ဒီထုတ္ကုန္မ်ားက အရြယ္ေရာက္သူမ်ားအတြက္ေတာင္ အႏၱရာယ္ရွိေစပါတယ္။
နားလည္ေနၿပီျဖစ္တဲ့ ကေလးေတြကို သၾကားမစားနဲ႔လို႔ ေျပာဖို႔ မျဖစ္ႏိုင္ပါဘူး။ တကယ့္အေရးႀကီးဆံုးအရာက ကေလးကို အခ်ိဳေတြကို လိုအပ္တာထက္ပိုၿပီး မစားသင့္ေၾကာင္၊ ပံုမွန္အစားအစာေတြနဲ႔ အစားထိုးလို႔မရေၾကာင္းသာ ရွင္းျပေပးပါ။ ကေလးတစ္ေယာက္ဟာ ေကာင္းတဲ့အစားအစာအေလ့အထ ရွိခဲ့ရင္ သူတို႔ အရြယ္ေရာက္တဲ့အခါ က်န္းမာတဲ့အစားအစာမ်ားကိုသာ စားႏိုင္ေခ် ျမင့္မားပါတယ္။

Lifestyle_Myanmar

LM_Nandar

Source- brightside

LEAVE A REPLY

Please enter your comment!
Please enter your name here