ကလေးတွေကို မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်း စွမ်းရည်(Self-Control )ကို သင်ပေးပါ

0
1112
- Advertisement -

ကလေးဆိုတာကတော့ သူတို့လိုချင်တာ မရရင် စိတ်ဆိုး စိတ်ကောက်မယ် အော်မယ် ငိုမယ် စသဖြင့် သူတို့လိုချင်တာတွေကို မရရအောင် နည်းပေါင်းစုံနဲ့ သောင်းကျန်းပြီး ရအောင်ယူတတ်ကြသူတွေပါ။

ပျော်ပျော်ရွှင်ရွှင် မိသားစုတွေခရီးထွက်တုန်း လူအုပ်ကြီးထဲရောက်မှ အော်ငိုချင်လည်းငိုနေတတ်တာမျိုးမဟုတ်လား? ဒီတော့ ကလေးတွေကို သူတို့ရဲ့မကျေနပ်မှုတွေ အလိုမကျမှုတွေ ဒေါသတွေကို ချုပ်တည်းနိုင်ဖို့ငယ်ငယ်တည်းက Self-Controlနဲ့ပက်သက်ပြီး သင့်ကြားပေးသင့်တယ်ဆိုတဲ့အကြောင်းလေးကို အောက်မှာ ဆွေးနွေးထားပါတယ်။

Self-Controlကိုသင်ကြားနိုင်ဖို့ မိဘတွေဘယ်လိုကူညီပေးနိုင်မလဲ?

- Advertisement -

Self-Control မိမိကိုယ်ကို ထိန်းချုပ်ခြင်းကို သင်ကြားခြင်းက ကလေးတွေအတွက် သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်စေနိင်သလို စိတ်ဖိစီးမှု အခြေအနေတွေကို အကောင်းဆုံးတုံ့ပြန်စေနိုင်ပြီး ကောင်းမွန်တဲ့ရလာဒ်တွေကို ရရှိစေနိုင်ပါတယ်။

ဥပမာ သင့်ကလေးက ရေခဲမုန့်တအားစားချင်နေတယ်ဆိုရင် ချက်ခြင်းကြီး မကျွေးပါနဲ့။ သူ့ကို ထမင်းစားပီးမှ ကျွေးမယ်ဆိုတာမျိုးပြောပါ။ သူလိုချင်တာမရရင် ကလေးက ငိုကောင်းငိုနိုင်ပါတယ်။ ဒါပေမယ့် ညစာစားပြီးရင် သူရေခဲမုန့်စားရမယ်ဆိုတဲ့ အသိကြောင့် သူစောင့်ရတော့မှာပါ။ဒါဟာဘာကို သင်ကြားလိုက်တာလဲဆိုတော့ စိတ်ရှည်မှုနဲ့ ချုပ်တည်းမှုကို သင်ကြားပေး လိုက်တာမျိုးပါ။

မိဘတွေအနေနဲ့Self-Controlကို အဲ့ဒီလိုမျိုးအသေးအဖွဲလေးတွေကစပြီး သင်ကြားပေးနိုင်ပါတယ်။ ကလေးတွေကို သူတို့ရဲ့အပြုအမူကို ထိန်းချုပ်တတ်အောင် ဘယ်လိုသင်ကြားရမလဲဆိုတာနဲ့ပက်သက်ပြီး အကြံပြုချက်အနည်းငယ်ကို အောက်မှာကြည့်ပါ

၂နစ်သားအထိ

မွေးကင်းစနဲ့ ၂နှစ်အကြားမှာ ကလေးတွေဟာသူတို့လုပ်ချင်တာတွေနဲ့ လုပ်နိုင်စွမ်းအကြားကြီးမားတဲ့ကွာဟမှုကြောင့်မကျေနပ်ကြပါဘူး။ သူတို့က မကြာခနစိတ်ညစ်စရာတုံပြန်မှုတွေနဲ့တုံ့ပြန်တတ်ကြပါတယ်။ ဒါကြောင့် သူတို့စိတ်ကို ပျံလွင့်စေမယ့် ပေါက်ကွဲစေမယ့် တခြားသောလှုပ်ရှားမှုတွေနဲ့ကစားစရာတွေကနေဝေးအောင်ကာကွယ်ဖို့ကြိုးစားပါ။

ဒါကြောင့် သူတို့ရဲ့ဝုန်းဒိုင်းကြဲအစီအစဥ်ကို လျော့ချဖို့ သူတို့လိုချင်တာတွေမမြင်အောင် အရင်ထားတာမျိုး ဒါမှမဟုတ် နေရာတစ်ခု သတ်မှတ်ပေးပြီး တစ်ယောက်တည်းကစားခိုင်းတာမျိုးလုပ်ပေးပါ။ သင်ကတစ်နေရာရာက စောင့်ကြည့်နေပေါ့။
ပြောရရင်သူတို့ကို အချိန်နဲ့နေရာသတ်မှတ်ပေးလိုက်တာမျိုးပါပဲ။ ပစ်စလတ်ခတ်ကြီးမဖြစ်တော့ဘူးပေါ့။ ဒါကSelf-Controlရဲ့အစခြေလှမ်းမို့ အရမ်းတင်းကြပ်စရာမလိုတဲ့အခြေအနေပါ။

၃နှစ်က ၅နှစ်

အချိန်နဲ့နေရာ ကန့်သတ်သတ်မှတ်ခြင်းနည်းကိုပဲ ဆက်ပြီးသုံးစွဲနိုင်ပါတယ်.။ နောက်တစ်နည်းကတေ့ာ ချီးမွမ်းခြင်းနည်းပါပဲ။ “သားရဲ့တည်တည်ငြိမ်ငြိမ်နဲ့နေတတ်ပုံကို အမေသဘောကျတယ်။ သားလေးကလိမ္မာတယ် ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တယ်”ဆိုတဲ့စကားကို သူ့ခေါင်းထဲဝင်အောင်ပြောပေးပါ။

နောက်တစ်ချက်က ဒီအရွယ်တွေမှာစိတ်ရှည်ခြင်းနဲ့ စိတ်တည်ငြိမ်မှုကို အကောင်းဆုံးပျိုးထောင်နိုင်မယ့်နည်းကတော့ ပန်းချီဆွဲတာဖြစ်ဖြစ် အနုပညာတစ်ခုခုကို သင်ပေးတာဖြစ်ဖြစ်ပိုကောင်းပါတယ်။ ဒါဟာ သူတို့ကိုသူတို့ထိန်းချုပ်နိုင်ဖို့ SelfControlကို တိုးတက်စေနိုင်ပါတယ်။

၆နှစ်မှ၉နှစ်

ကျောင်းတက်တဲ့အရွယ်တွေဖြစ်တဲ့အတွက် ဘယ်ဟာက ကောင်းတဲ့ ဆိုးတဲ့အပြုအမူတွေလည်းဆိုတာ သူတို့သဘောပေါက်စပြုလာပါပြီ။ ဒေါသထွက်စရာအခြေအနေတွေကြုံလာခဲ့ရင် ချက်ခြင်းမတုံ့ပြန်ပဲ အဲ့ဒီနေရာကနေ ခနထွက်သွားပြီး လမ်းလျော က်တာဖြစ်ဖြစ် တစ်ခုခုစားတာဖြစ်ဖြစ် လုပ်တတ်တဲ့အကျင့်ကို သင်ကြားပေးပါ။

ခေါင်းအေးအေးထားပြီးတုံ့ပြန်တတ်တဲ့အကျင့်ကို သင်ပေးထားပါ။ ဒီအကျင့်တွေ အရည်အချင်းတွေကိုအနာဂါတ်မှာသူကောင်းကောင်းအသုံးချနိုင်ပါလိမ့်မယ်။ ဖြစ်နိုင်ရင် တစ်နေ့ကို ၅မိနစ်လောက်တရားထိုင်တဲ့လေ့ကျင့်ခန်းကိုစတင်ပျိုးထောင်ပေးပါ။ နိုင်ငံခြားမှာတော့ စိတ်ငြိမ်အောင် ငါးမျှားတာမျိုးတွေကို မိဘတွေက လေ့ကျင့်ပေးတတ်ကြပါတယ်။

အသက်၁၀မှ ၁၂နှစ်

အသက်ကြီးလာပြီဖြစ်တဲ့အတွက် သူတို့ရဲ့ခံစားချက်တွေကိုပိုပြီးနားလည်သဘောပေါက်လာကြပါပြီ။ ဒါကြောင့်သူတို့ကို ထိန် းချုပ်မှုဆုံးရှုံးသွားရင်ဖြစ်တတ်တွေအကြောင်းကို ခွဲခြမ်းစိတ်ဖြာပြီး ရှင်းပြပေးပါ။ တချို့စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အ ခြေအနေတွေက ဆိုးဆိုးဝါးဝါး အခြေအနေတွေမဟုတ်ဘူးဆိုတာကို ရှင်းပြပါ။ ကလေးတွေကိုအခြေအနေတစ်ခုကို မတုံ့ပြန်ခင်အ ချိန်ယူစဉ်းစားပြီးတုံ့ပြန်ဖို့တိုက်တွန်းပါ။ သူတို့ရဲ့ချုပ်တည်းနိုင်စွမ်းနဲ့ပက်သက်ပြီး သူတို့ကိုချီးမွမ်းပါ။

၁၃နှစ်၁၇နှစ်

ဒီအရွယ်တွေဟာ သူတို့ရဲ့လုပ်ရပ်အများစုကို ထိန်းချုပ်နိုင်သင့်ပြီ ဖြစ်ပါတယ်။ ရေရှည်အကျိုးဆက်တွေကို စဉ်းစားဖို့ဆယ် ကျော်သက်တွေကို သတိပေးပါ။ ထိန်းချုပ်မှုဆုံးရှုံးပြီး အော်ဟစ်ပေါက်ကွဲတာတွေ တံခါးတွေ ကားတွေရိုက်ခွဲတာတွေမျိုးမလုပ်ပဲ ပြဿနာကိုဖြေရှင်းခြင်းမပြုမီ စကားတုံ့ပြန်ခြင်းမပြုမီ ခနစဉ်းစားပြီးမှဖြေရှင်းဖို့တိုက်တွန်းပါ။

Self-Control မိမိကိုယ်ကိုချုပ်တည်းနိုင်စွမ်းရှိခြင်းက အရေးကြီးတဲ့စွမ်းရည်ဖြစ်တယ်ဆိုတာခေါင်းထဲရိုက်သွင်းပါ။ လိုအပ်ရင် သူတို့ရဲ့အထူးအခွင့်အရေးတွေကို ပြန်ရုတ်သိမ်းပါ။ Self-Controlလုပ်နိုင်တာကိုလေ့ကျင့်တဲ့အနေနဲ့ကန့်သတ်ချက်ထားပြီးမှ အခွင့်အရေးများပြန်ရအောင် ခွင့်ပြုပါ။ Self-Controlလုပ်နိုင်ခြင်းဟာ အနာဂါတ်မှာအောင်မြင် ပျော်ရွှင်တဲ့ ကလေးတစ်ယော က်ဖြစ်ဖို့ လူမှုဆက်ဆံရေးနယ်ပယ်မှာကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစိဖို့ အမှားနည်းတဲ့လူသားတစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်ပေးသွားပါလိမ့်မယ်။

#Chit_May_May

#Mg_Htet

REF_Kidshealth.com

LEAVE A REPLY

Please enter your comment!
Please enter your name here