ကလေးတွေကို မီးဖိုချောင်ထဲခေါ် ပါ

0
189
- Advertisement -

ကလေးတွေကို မီးဖိုချောင်ထဲခေါ်ပါဆိုတော့ တမျိုးဖြစ်သွားမယ်ထင်ပါတယ်။ မီးဖိုချောင်ထဲဝင်ပီး ထမင်းဟင်းချက်ပြုတ်နေတဲ့ မိဘတွေအနေနဲ့ သူတို့ကလေးတွေနဲ့ အတူဘာကြောင့်ချက်ပြုတ်သင့်လဲဆိုတာ အကြောင်းပြချက်များစွာရှိပါတယ်။ ဒါတွေက ကလေးတွေကို အတူတူပူးပေါင်းဆောင်ရွက်တတ်မှု စိတ်ရှည်သည်းခံမှု နဲ့ နွေးထွေးတဲ့မိသားစု အရသာတွေကို ပေးစွမ်းနိုင်ပါတယ်။

များသောအားဖြင့်မိဘတွေက ထမင်းဟင်းချက်ပြုတ်ချိန်ဆို ကလေးတွေကို မိဖိုချောင်နဲ့ဝေးတဲ့နေရာမှာထားလေ့ရှိတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တခုခုထိခိုက်မှာစိုးလို့ပါ။ အခုပြောပြချင်တာက ကလေးတွေကိုမီးဖိုချောင်ထဲခေါ်ပြီး ချက်ပြုတ်တဲ့နေရာကိုလိုက်ရင် ဘယ်လိုကောင်းကျိုးတွေရမလဲဆိုတဲ့အကြောင်းပါ. အောက်မှာဖတ်ကြည့်လိုက်ရအောင်.

အသင်းအဖွဲ့နဲ့လုပ်တတ်တဲ့ အရည်အချင်းကို တိုးစေတယ်

မိသားစုတော်တော်များများရဲ့ နံနက်စာ နေ့လည်စာ ညစာတွေ ပြင်ဆင်တဲ့အချိန်တွေမှာ ကလေးတွေကို အတူခေါ်ယူယူပြီးချက်ပြုတ်ခြင်းကြောင့် သူတို့ရဲ့ တာဝန်ယူတတ်မှု အနည်းငယ်ကို ငယ်ငယ်လေးတည်းက တိုးစေ သိစေပါတယ်။

ဒီလိုအလေ့အကျင့်ကြောင့် သူတို့ဟာနေ့စဉ်ဒီလိုအချိန်ဆို သူတို့မှာဒီ အလုပ်လေးရှိပါလားဆိုတဲ့ အလေ့အကျင့်ကောင်းကိုရစေပါတယ်။ ပထမပိုင်းမှာတော့ သူတို့က ဘာမှအများကြီးလုပ်တတ်မှာမဟုတ်ပါဘူး။

ဒါပေမယ့် မိဘတွေက သူတို့လုပ်နိုင်မယ်ထင်တာလေးတွေကို စတင်လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။ “ဘယ်နားမှာ ဘာလေး ယူပေး ဒါလေး ဟိုနား သွားထား”ဆိုတာမျိုးပေါ့။ ဒီတော့ သူတို့ကြီးလာရင် Team Workနဲ့လုပ်ရတာတွေမှာ ပူးပေါင်းဆောင် ရွက်မှုတွေ အားကောင်းစေပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှုနဲ့ တန်ဖိုးထားမှုကို တိုးစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ” ငါတေ့ာဒါတွေလုပ်နိုင်ပါလား”ဆိုတဲ့ အတွေ့အကြုံတွေငယ်ငယ်တည်းက ရလာလို့ဖြစ်ပါတယ်။

ချက်ပြုတ်ခြင်းကစိတ်ရှည်မှုကို ဖြစ်စေတယ်

ကလေးဆိုတာမျိုးက ဆာလောင်ပီဆိုရင် ချက်ခြင်းစားချင်ကြတာမျိုးပါ။ ခုသူတို့ကိုယ်တိုင် မီးဖိုချောင်ထဲမှာ ဝိုင်းကူညီတဲ့အချိန်မှာတော့ ဒီလိုအစားအစာတွေဟာ “ဟက်ချလောင်းဆိုပီး ဖန်တီးလို့မရတာကို”သိသွားပါလိမ့်မယ်။ ဒီလိုတွအစားအစာတွေရဖို့ဆိုတာ အချိန်နဲ့ကြိုးစားအားစိုက်ရပါလားဆိုတာကိုသူတို့သင်ကြားပီးသားဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် တချို့ကိစ္စတွေမှာ စိတ်ရှည်မှုနဲ့ အားစိုက်မှုလိုအပ်တယ်ဆိုတာကို သူတို့လေးတွေနားလည်သွားပါလိမ့်မယ်။

အစားအစာအမျိုးမျိုးအကြောင်းကို သင်ယူပီးသားဖြစ်မယ်’

သူတို့လေးတွေဟာ ငယ်သေးတဲ့အတွက် မီးဖိုချောင်ထဲမှာ သူတို့သိချင်တာတွေမေးမယ်ဆိုတာသေချာပါတယ်။ ဒီ့အတွက်နေ့တိုင်းချက်ပြုတ်နေတဲ့ အသီးအရွက်တွေ အသားတွေ အကြောင်းကို သူတို့ သင်ယူပီးသားဖြစ်သွားပါလိမ့်မယ်။ ဒီကတစ်ဆင့် ဟင်းသီးဟင်းရွက်တွေမှာ ဘယ်လို ဗီဝာာမင်တွေပါတယ် အားငါးတွေက ဘာအတွ်ကောင်းလဲ ဘယ်လို ဓါတ်တွေပါဝင်လဲဆိုတာ သင်ကြားပီးသားဖြစ်သွားပါလိမ့်မယ်။ မိဘတွေကလည်း ပြောပြပေးဖို့လိုတာပေါ့နော်။ ကဲ..ဒီလောက်ဆိုရင်ကလေးတွေနဲ့ဘာကြောင့် မီးဖိုချောင်ထဲမှာအတူချက်ပြုတ်သင့်လဲဆိုတာ သိလောက်ပြီထင်ပါတယ်နော်…

#Chit_may_may

#Mg_Htet

REF_You Are Mom

LEAVE A REPLY

Please enter your comment!
Please enter your name here