မိဘတိုင်းကတော့ သားသမီးတွေကို ချစ်ကြမှာပါပဲ။ သူများကလေးတွေထက် ပိုတော်ပိုတတ်စေချင်ကြမှာပါပဲ။ ဒါပေမယ့် ကို ယ်ကမျှော်လင့်ချက်တွေနဲ့ ကောင်းစေချင်လွန်းအားကြီးလို့ ချမှတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်း အမှားတွေကြောင့် ကလေးတွေဟာ အကြောက်တရားတွေ ကြီးစိုးသွားပြီး လူမှုဆက်ဆံရေးမကောင်းတဲ့သူ လူတောမတိုးရဲ့တော့လောက်တဲ့ထိ ဖြစ်သွားစေတတ်ပါတယ်။ ဒါကြောင့်မိဘတွေမသိပဲ လုပ်နေမိတဲ့အမှားလေးတွေကို ပြောပြပေးလိုက်ပါတယ်
စကားလုံးတွေနဲ့နာကျင်အောင်လုပ်မယ်

ကလေးတွေကိုရိုက်တာက မကောင်းသလို စကားလုံးတွေနဲ့ စိတ်ထိခိုက်အောင် စိတ်နာကျင်အောင် ပြောတာဟာ ရေတိုမှာ မသိသာပေမယ့် ရေရှည်မှာ ပြဿနာရှိလာပါတယ်။ “နင့်လောက်တုံးအတဲ့ဟာ တခါမှမတွေ့ဖူးဘူး။ တစ်စက်မှအသုံးမကျဘူး”စတဲ့စကားလုံးတွေဟာ ကလေးတွေစိတ်ကိုနာကျင်စေနိုင်ပါတယ်။
ဒါ့အပြင် ဒီစကားတွေကြောင့် ကလေးတွေဟာ သူတို့ကိုယ်သူတို့ တကယ်အသုံးမကျ ဘူးလို့မှတ်ယူသွားတတ်ပါတယ်။ ဒီအခါ သူကလူတွေကိုကြောက်လာပါတယ်။ အတတ်နိုင်ဆုံး သူ့ကိုမပြောတဲ့နေရာတွေမှာနေပြီး ကြာလာရင် စိတ်ကျရောဂါတောင် ရသွားနိုင်ပါတယ်နော်..
စည်းကမ်းတင်းကြပ်လွန်းမယ်

တခုခုဆို စည်းကမ်း စည်းကမ်းဆိုတာကြီးက အဆင်မပြေပါဘူး. သင်က စည်းကမ်းတွေတင်းကျပ်လွန်းတဲ့အခါ ကလေးဟာစိတ်ကျဉ်းကျပ်လာပါတယ်။ နောက်တစ်ခုခုဆို ဟိုဟာမစားရဘူး မသွားရဘူး မဆော့ရဘူး စတာတွေဟာ ကလေးကို ပတ်ဝ န်းကျင်နဲ့ဝေးကွာစေပါတယ်။ ဒီအခါသူဟာ အသက်ကြီးလာတဲ့အခါမှာလည်း မသွားရဲ မလာရဲ မစားရဲ မသောက်ရဲ ဆိုတာမျိုးတွေဖြစ်လာပါတယ်။ ဒါကြောင့်စည်းကမ်းအရမ်း မတင်းကြပ်ပါနဲ့။ အာဏာရှင်မဆန်ပါနဲ့။ ထိုက်သင့်တဲ့လွတ်လပ်ခွင့်ပေးပါ။
အစစအရာရာလိုက်လုပ်ပေးမယ်

ကလေးတွေကို အကုန် အစစ အရာရာလိုက်မလုပ်ပေးပါနဲ့၊ သူတို့ကို သူတို့ သင်ကြားနိုင်သလောက် အတိုင်းအတာနဲ့ သင်ကြားပေးပါ. သင်က အစစအရာရာ အကုန်ုလိုက်လုပ်ပေးတဲ့အခါ ကလေးဟာ အမှီအခိုကြီးလွန်းတဲ့စိတ်တွေဝင်သွားပါတယ်။
အသက်တွေကြီးလာရင်လည်း ဘာမဆို သူတစ်ယောက်တည်း မဖြစ်တော့ပါဘူး။ တစ်ယောက်ယောက်ကိုပဲ အမြဲအားကိုးတတ်ပါတယ်။ ခေါင်းဆောင်မဖြစ်ပဲ နောက်လိုက်ကလေးတွေဖြစ်သွားပါလိမ့်မယ်။
စကားပြောခွင့်မပေးဘူး

ကလေးတွေကို စကားပြောခွင့်ပေးပါ။ ဆိုကြပါစို့ သင့်မိတ်ဆွေတစ်ယောက်က “သားအသက်ဘယ်လောက်ရှိပြီလဲ”မေးရင် ကလေးကမဖြေရပဲ သင်ကချည်းပဲ ဝင်ဝင်ပြောနေတာမျိုးတွေပေါ့။နောက်တော့ ကလေးက လူတွေနဲ့တွေ့ရင် မပြောရဲမဆိုရဲတော့ပါဘူး။ ဒါကြောင့် ကလေးတွေကို စကားပြောခွင့်ပေးပါ။ကဲ..ဒီလောက်ဆို စာဖတ်သူတွေလည်း ကိုယ့်ကလေးကို လူတောတိုးအောင် ခေါင်းဆောင်ကောင်းတွေဖြစ်အောင် အောင်မြင်မှုတွေ ဆွတ်ခူးနိုင်စေသူတွေဖြစ်အောင် ဒီအချက်တွေကို ရှောင်လိုက်ပါနော်…
#Chit_May_May
#Mg_Htet