Home Parenting Child Care ကလေးတွေကို လျှပ်စစ်ပလပ်ပေါက်တွေနဲ့ ဝေးဝေးမှာထားဖို့ နည်းလမ်းများ

ကလေးတွေကို လျှပ်စစ်ပလပ်ပေါက်တွေနဲ့ ဝေးဝေးမှာထားဖို့ နည်းလမ်းများ

0
ကလေးတွေကို လျှပ်စစ်ပလပ်ပေါက်တွေနဲ့ ဝေးဝေးမှာထားဖို့ နည်းလမ်းများ

စာရင်းဇယားတွေအရ လျှပ်စစ်ရှော့ (သို့) မိးလောင်မှုကြောင့်ဖြစ်တဲ့ မတော်တဆမှုတွေက အိမ်တွင်းအန္တရာယ်ရှိသော ဖြစ်စဉ်တွေထဲမှ စတုတ္ထအဆင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ စပ်စုတတ်တဲ့ သားသားမီးမီးတွေကို လျှပ်စစ်ပလပ်ပေါက်တွေနဲ့ မတော်တဆထိခိုက်ခြင်းကနေ ဘယ်လို ကာကွယ်မလဲဆိုတဲ့ အချက်တွေကို သိထားဖို့ အရေးကြီးပါတယ်။

ကလေးတွေကို လျှပ်စစ်ပလပ်ပေါက်တွေနဲ့ ဝေးဝေးမှာထားဖို့ နည်းလမ်းများ

ပလပ်တွေနဲ့ ပလပ်ပေါက်တွေက လျှပ်စစ်စီးခွင့်ပြုပေးထားတဲ့ ကိရိယာတွေ ဖြစ်ပါတယ်။ ပလပ်က ဥပမာ တယ်လီဖုန်းအားသွင်းကိရိယာတွေလို ကေဘယ်ကြိုးတွေရဲ့ အဆုံးကို ရည်ညွှန်းပါတယ်။ ပလပ်ပေါက်တွေက နံရံမှာတည်ရှိပြီး လျှပ်စစ်ဓါတ်အားရရှိဖို့ ကေဘယ်ပလပ်တွေကို ချိတ်ဆက်ထားပါတယ်။

devices နှစ်ခုလုံးက ကလေးငယ်တွေအတွက် ဆွဲဆောင်မှုရှိပါတယ်။ ပလပ်ပေါက်က ကလေးတွေရဲ့ စူးစမ်းလိုစိတ် အရှိဆုံးအချက် ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ အပေါက်လေးတွေမှတဆင့် လက်ချောင်းလေးတွေထည့်ဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒါ့ကြောင့် လျှပ်စစ်ပလပ်ပေါက်တွေကို ကလေးတွေ လက်မထိုးထည့်မိအောင် ကာကွယ်ထားဖို့ လိုပါတယ်။

ပလပ်တွေအပါအဝင် မတော်တဆမှုတွေကို ကာကွယ်ခြင်း

  • လျှပ်စစ်အားသွင်းကိရိယာတွေ၊ အခြားလျှပ်စစ်ပစ္စည်းကေဘယ်ကြိုးတွေကို ကလေးငယ်တွေ လက်လှမ်းမှီတဲ့နေရာမှာ မထားခဲ့ပါနဲ့။
  • လျှပ်စစ်ပစ္စည်းတွေကို တတ်နိုင်သလောက် ကလေးမမှီနိုင်တဲ့ ပလပ်ပေါက်တွေမှာ ပလပ်ထိုးထားသင့်ပါတယ်။
  • ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာ တန်းလန်းမထားခဲ့ပါနဲ့။ ကလေးတွေဟာ တွေ့ကရာဆွဲကိုက်တတ်ကြတာကြောင့် ပလပ်ပေါက်မှာ ချိတ်ထားတဲ့ အားသွင်းကြိုးကို ပါးစပ်ထဲထည့်မိရင် ဓါတ်လိုက်နိုင်ပါတယ်။
  • ကြိုးတွေကို ကလေးတွေ မမြင်တဲ့နေရာမှာထားပါ။ ဒီနည်းအားဖြင့် သူတို့ရဲ့ စူးစမ်းလိုစိတ်နဲ့ ကိုင်ကြည့်ချင်စိတ် ဖြစ်လာခြင်းကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

Electric sockets တွေဖြင့် မတော်တဆထိခိုက်မှုကနေ ကာကွယ်ခြင်း

နံရံပေါ်က ပလပ်ပေါက်တွေကို လက်ချောင်းလေးတွေ ထည့်လေ့ရှိတာ (သို့)အရုပ်တွေကို အပေါက်ထဲထည့်ဖို့ ကြိုးစားလေ့ရှိတာကြောင့် ကလေးတွေအတွက် အရမ်းအန္တရာယ်များပါတယ်။ သင့်အိမ်မှာ လျှပ်စစ်အန္တရာယ် လုံခြုံမှုရှိစေဖို့ ဖြေရှင်းနည်းကတော့ Socket အကာအကွယ်တွေကို ဝယ်ယူဖို့ ဖြစ်ပါတယ်။ ကြမ်းပြင်တဲ့နီးတဲ့ (သို့) ကလေးတွေ တက်နိုင်တဲ့ အမြင့်မှာရှိသော socket အားလုံးကို ဖုံးအုပ်ထားသင့်ပါတယ်။ အကောင်းဆုံးကတော့ သင့်အိမ်မှာရှိတဲ့ ပလပ်ပေါက်တွေနဲ့ အရောင်တူရအောင် ကြိုးစားပါ၊ ဒီလိုနည်းနဲ့ ကလေးတွေ သတိမထားမိတော့ပါဘူး။ ပလပ်ခုံတွေ၊ မီးကြိုးခွေတွေကို သုံးပြီးတဲ့အခါ ဖြုတ်သိမ်းထားသင့်တယ်ဆိုတာ မမေ့ပါနဲ့။ ဒါမှ ကလေးရဲ့ ပါးစပ်ထဲ မရောက်အောင် တားဆီးနိုင်မှာဖြစ်သလို တစ်ချိန်တည်းမှာပဲ သင်လိုအပ်တဲ့အခါ ဘယ်နေရာမှာ ရှာရမလဲဆိုတာ မှတ်မိမှာပါ။

အိမ်နဲ့ ဝေးရာမှာ လျှပ်စစ်ပလပ်ပေါက်တွေဖြင့် မတော်တဆ ထိခိုက်မှုကနေ ကာကွယ်ပေးခြင်း

အိမ်မှာ sockets တွေနဲ့ မတော်တဆဖြစ်မှုတွေကို ကာကွယ်ဖို့ ဘယ်လောက်လွယ်တယ်ဆိုတာ သိထားပြီးမှာပါ။ သို့သော် ခရီးသွားတဲ့အခါ ကျွန်မတို့ ဘာလုပ်နိုင်လဲ? ထိရောက်တဲ့ ဖြေရှင်းနည်းက သင့်မိသားစုနေရမယ့် နေရာတွေမှာ ပလပ်တွေကို ဖုံးအုပ်ဖို့ တိတ်တစ်ခွေလောက် ယူသွားပါ။

ကလေးတွေကို ပလပ်ပေါက်တွေနဲ့ ဝေးဝေးမှာထားပါ

ဒါကတော့ ကလေးတွေကို လျှပ်စစ်ပလပ်ပေါက်တွေကနေ ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ သင့်အိမ်မှာ လိုအပ်တဲ့ အကာကွယ်တွေ အားလုံးလုပ်ထားရင်တောင် ကလေးကို အချိန်တိုင်း စောင့်ကြည့်နေဖို့ လိုအပ်နေသေးတာကို သတိရပါ။ အထူးသဖြင့် ကလေးငယ်လေးတွေက စူးစမ်းလေ့လာရတာကို နှစ်သက်ကြပါတယ်။ သူတို့ဟာ အရုပ်တစ်ခုလို့ ထင်မှတ်ထားတဲ့ ပလပ်အဖုံးတွေကို လက်နဲ့ထိကြည့်နိုင်ပါတယ်။ အကာအကွယ်ရှိလို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ သို့သော် ကလေးက အဲဒါကို ဖယ်ရှားဖို့ လုပ်ပါက အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် လျှပ်စစ်ပလပ်ပေါက်မှာ အကာအကွယ်ရှိပြီးသားဖြစ်သည့်တိုင်အောင် သင့်ကလေးတွေကို အမြဲသတိထားပါ။

Chit_MayMay

Nandar

Source-youaremom.

LEAVE A REPLY

Please enter your comment!
Please enter your name here