မြီးကောင်ပေါက်အရွယ်မှာ ခွင့်ပြုချက်တွေလိုအပ်နေခြင်းက ကလေးတွေကို နောက်ပိုင်းမှာ နောင်တရစေတဲ့ဆုံးဖြတ်ချက်တွေ ချစေနိုင်ပါတယ်။ ဒါကြောင့်မို့သူတို့ရဲ့ အခြေခံကျင့်ဝတ်တွေထဲမှာ သစ္စာရှိဖို့ သင်ကြားပေးခြင်းက အရေးကြီးပါတယ်။
လူ့ဘောင်အဖွဲ့အစည်းမှာ နေထိုင်ခြင်းတယ်ဆိုတာ ပိုင်ဆိုင်ဖို့လိုအပ်ခြင်းနှင့် အခြားသူတွေရဲ့ မျက်နှာသာရလိုခြင်းတွေဖြစ်ပါတယ်။ ဒါဟာ လူသားအားလုံးအတွက် သဘာဝတစ်ခုပါပဲ။ သဘာဝတရားက ကျွန်တော်တို့ကို ဆက်သွယ်မှုတွေတည်ဆောက်ဖို့ အခြားသူတွေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ထားပါတယ်။ သို့ပေမယ့် ကျွန်တော်တိုက ကျွန်တော်တို့ကလေးတွေအတွက်ကတော့ သူတို့ရဲ့မူတွေနှင့် စံနှုန်းတွေကို ဒီထက်ပိုကောင်းလာဖို့ ငယ်ရွယ်စဥ်ကတည်းက သင်ကြားဖို့လိုအပ်ပါတယ်။ နောက်ဆုံးမှာတော့ ဘယ်လိုကျန်းမာတဲ့ဆက်ဆံရေးမျိုးမဆို စစ်မှန်တဲ့အနှစ်သာရတွေကို မျက်ခြည်မပြတ်စေသင့်ပါဘူး။

တစ်ခါတလေမှ ကလေးတွေက ငယ်ငယ်ကတည်းက ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်ဖို့နှင့် လက်ခံဖို့ ဖိအားများစွာရှိနေတာကို ကျွန်တော်တို့တွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ကို သစ္စာရှိခြင်းရဲ့ အရေးပါမှုနှင့် တန်ဖိုးကို ငယ်ငယ်ကတည်းက သင်ပေးသင့်ပါတယ်။
သူတို့ရဲ့ကိုယ်ကျင့်တရားတွေကို သစ္စာရှိခြင်းက သူတို့ကိုယ်သူတို့ သစ္စာရှိခြင်းပါပဲ။ ကျွန်တော်တို့အခြေခံမူဝါဒတွေက ကျွန်တော်တို့”ဘယ်လိုလူ”တွေဖြစ်တယ်ဆိုတာ ဖော်ပြပေးပါတယ်။ ကျွန်တော်တို့သဘောထားတွေနှင့် လိုအင်ဆန္ဒတွေကို သတ်မှတ်ပေးတယ်။

သူတို့ကိုယ်သူတို့ လေးစားခြင်း
ကလေးတွေနှင့် ဆယ်ကျော်သက်တွေ ပျော်ရွှင်နိုင်ဖို့အတွက် မိမိကိုယ်ကိုလေးစားခြင်းက အဓိကသော့ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့သားသမီးတွေကို သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒတွေကို ဘယ်လိုနားထောင်ရမယ်၊ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ဘယ်လိုနားလည်ရမယ်ဆိုတာ သင်ကြားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူတို့က ဒီအရာနှစ်ခုကို သင်ယူနိုင်တယ်ဆိုရင် သူတို့ရဲ့ဘဝတွေ အဆင်ပြေချောမွေ့နိုင်ဖို့ နည်းလမ်းပိုများပါတယ်။ ဒါ့အပြင် သူတို့ကိုယ်တိုင်အတွက် ဦးစားပေးထားခြင်းက တစ်ကိုယ်ကောင်းဆန်တဲ့လုပ်ရပ်တစ်ခု မဖြစ်စေဖို့လည်း လိုအပ်ပါသေးတယ်။ ဒီနေရာမှာ အရေးပါဆုံးလုပ်ရပ်က မိမိကိုယ်ကိုချစ်ခြင်းပါပဲ။ မိမိကိုယ်ကိုချစ်ခြင်းဟာ ကိုယ့်ကိုယ်ကိုသစ္စာရှိခြင်းတစ်မျိုးပါ။

အခြားသူတွေကို လေးစားခြင်း
ကလေးတွေနှင့် ဆယ်ကျော်သက်တွေက ရံဖန်ရံခါဘက်လိုက်ရမယ့် အခြေအနေမျိုးတွေ ကြုံတွေ့ရလေ့ရှိပါတယ်။ ငြင်းပယ်ခံရမှာကို ကြောက်ရွှံ့ခြင်းက ကလေးတွေကို ရန်လိုတဲ့လှုပ်ရှားမှုတွေမှာ ပါဝင်စေနိုင်ပါတယ်။ ဒါ့ကြောင့် အခြေခံမူအနေနဲ့ သည်းခံမှု၊ ကောင်းမွန်မှု၊ စည်းလုံးညီညွှတ်မှုနှင့် စာနာမှုတန်ဖိုးတွေကို လက်ခံကျင့်သုံးတဲ့ ကလေးတွေဟာ မှားယွင်းတဲ့အပြုအမူတွေကို ပြုလုပ်နိုင်ခြေနည်းပါးပါတယ်။ သူတို့က သူတို့ကိုလက်ခံနိုင်ဖွယ်မရှိကြောင်း အသိအမှတ်ပြုပြီးတော့ ပါဝင်ဖို့ ငြင်းဆန်နိုင်ပါတယ်။ သူတို့ဟာ သူတစ်ပါး ဘယ်လောက်ထိခိုက်နစ်နာစေလဲဆိုတဲ့ အတွေးမျိုးသာမကဘဲ သူတို့ရဲ့လုပ်ရပ်တွေ သူတို့တန်ဖိုးကို အကဲဖြတ်နိုင်တယ်ဆိုတာ သူတို့သိတာကြောင့် ဖြစ်ပါတယ်။

ရိုးသားမှုရှိပါစေ
လူတွေဟာ ကလေးအရွယ်မတိုင်ခင်ကတည်းက မရိုးမသားလုပ်ဖို့ သွေးဆောင်ခံရတယ်။ မိဘတွေနှင့် စကားပြောတဲ့အခါ အဖြူရောင်မုသားကို စတင်ပြောဆိုခြင်း (သို့) အမှန်တရားရဲ့ တစ်စိတ်တစ်ဒေသကို ချန်ထားခဲ့တာတွေက ထုံးစံလိုဖြစ်နေကြပါတယ်။
မိဘတွေအနေနဲ့ မိမိတို့ရဲ့ကလေးတွေကို ရိုးသားခြင်းက သတ္တိရှိစေကြောင်း နားလည်ဖို့ကြိုးစားရပါမယ်။ တစ်ခါတရံမှာ လိမ်ပြောတာက သူတို့ကို ဒုက္ခမပေးနိုင်ဘူးလို့ ထင်ရနိုင်ပါတယ်။ သို့ပေမယ့် ရေရှည်မှာ ရိုးသားမှုမရှိတဲ့ အခြေအနေတွေက ပိုမိုဆိုးရွားစေရုံသာမက ကျွန်တော်တို့ကို သစ္စာမဲ့သူတွေအဖြစ် ပြောင်းလဲသွားစေပါတယ်။ မိဘတွေအနေနဲ့ မိမိတို့ကလေးငယ်တွေကို သူတို့ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပါဝင်ရမယ့်တန်ဖိုးတွေကို သတ်မှတ်ပေးတာကြောင့် လမ်းပြကောင်းတွေ ဖြစ်ကြတာဖြစ်ပါတယ်။

သင့်ရဲ့ ကလေးတွေကို လိုအပ်တဲ့တန်ဖိုးတွေကို လေ့လာဖို့ နှင့် သူတို့ရဲ့အခြေခံမူတွေအပေါ် သစ္စာရှိဖို့ သင်ကြားပေးပါ။ ဒီလိုလုပ်ခြင်းက သင်ဟာ အံ့ဩဖို့ကောင်းတဲ့ လူသားတွေကို မွေးမြူပေးနိုင်ပြီး ပိုမိုတောက်ပတဲ့ အနာဂတ်ကို ဖန်တီးတီးပါလိမ့်မယ်။
Chit_May_May
Nyein_Thu
Ref-youaremom