ကလေးတွေကို သူတို့ရဲ့ ယုံကြည်မှုတန်ဖိုးကို မထိ ခိုက်စေပဲ အပြစ်ပေးနည်းများ

0
1087
- Advertisement -

ကျွန်တော်တို့မိဘတွေက ကလေးတွေကိုချစ်ကြတော့ပြောဆိုဆုံးမတာမျိုးတွေလုပ်တတ်ကြပါတယ်၊ တခုခုဆို အသေးအဖွဲလေ းကအစ လိုက်ဆူ လိုက်ရိုက် တာမျိုးတွေက ကလေးတွေရဲ့ကိုယ်ပိုင်ယုံကြည်မှုနဲ့ သူတို့ကိုယ်သူတို့တန်ဖိုးထားမှုကိုလျော့ကျစေပါတယ်။ ခုပြောပြချင်တာက သူတို့ကို ဒီလိုအရာတွေက မထိခိုက်စေပဲအပြစ်ပေးနိုင်တဲ့နည်းလေးတွေဖြစ်ပါတယ်။ အောက်မှာဖတ်ကြည့်လိုက်ရအောင်.

မကောင်းတဲ့စိတ်နဲ့မရည်ရွယ်ပဲလုပ်မိရင် အပြစ်မပေးသင့်ဘူး

ကလေးတွေကဘယ်သူ့ကိုမှ ထိခိုက်အောင်လုပ်ချင်တဲ့ရည်ရွယ်ချက်မရှိပါဘူး။ ဆိုကြပါစို့ သူတို့ဆော့လို့ အဝတ်အစားတွေ ညစ်ပ တ်သွားတာကို ဒေါသနဲ့ဖြေရှင်းမယ့်အစား ကောင်းကောင်းမွန်မွန်ပြောဆိုပါ။

အပြစ်ပေးမှုကိုစိတ်ခံစားမှုတွေနဲ့မလုပ်သင့်ဘူး။

ကလေးတစ်ဦးကအမိန့်ကိုမနာခံလိုက်ရင် မိဘတချို့က တကယ်ဒေါသထွက်ပြီး ပေါက်ကွဲတော့တာပဲ၊ ဒါကလည်းမျှော်လင့်ချက်ကြီးမားလို့ဖြစ်ရတာပါပဲ။ ဒီလိုဒေါသတွေနဲ့ပေါက်ကွဲမယ့်အစား သူတို့ကိုဘာကြောင့် ဒီလိုမလုပ်သင့်ဘူးလဲဆိုတာ နားလည်အောင်ရှင်းပြတာကောင်းပါတယ်။ ခနခနချိုးဖောက်လာရင်တော့ မိဘပါဝါသုံးပေ့ါလေ.

လူပုံအလယ်အပြစ်ပေးတာမျိုးမလုပ်သင့်ဘူး

လူကြားထဲမှာ အော်ငေါက်ဆဲဆိုတာ ဆုံးမတာဟာ ကလေးတွေကိုရှက်ရွံခြင်း အားငယ်ခြင်းနဲ့ ဒေါသထွက်ခြင်းကိုဖြစ်စေပါတယ်။ စကားမစပ်ကလေးတွေကိုလူသိရှင်ကြား ချီးမွမ်းရင်လည်း မာန်တက်တတ်တယ်။ ဒီတော့ လူအများရှေ့မှာ မကြာခန အပြစ်ပေးခံရတဲ့ကလေးဟာ သူ့ကိုသူ ယုံကြည်မှုတန်ဖိုးထားမှုတွေပျောက်ကုန်ပြီး လူညံလေးဖြစ်သွားပါလိမ့်မယ်။ တိုးတိုးတိတ်တိတ်သာ ဆုံးမပါ.

အပြစ်ဘယ်သူလုပ်မှန်းမသိရင်နှစ်ယောက်လုံးကိုအပြစ်ပေးပါ

ကလေးနစ်ယောက်ဆော့နေတယ် အရုပ်လေးတွေပျက်စီးသွားတယ် ဘယ်သူလုပ်မှန်းလည်းကိုယ်ကမသိဘူး ဒါဆိုရင် တစ်ယော က်တည်းကိုဘယ်သူကမှားတယ် မှန်တယ်ဆိုပြီး အပြစ်မပေးပါနဲ့။နစ်ယောက်လုံးကိုဆုံးမပါ။ ကိုယ်ကမြင်ရတာဖြစ်ရင်တောင် တစ်ယောက်တည်းကိုဆုံးမခြင်းက သူတို့ယုံကြည်မှု တန်ဖိုးကို ကျစေနိုင်ပါတယ်။

တာဝန်ယူမှုနဲ့အပြစ်ပေး

ကလေးတွေကအမှားလုပ်တယ်လို့မိဘတွေကထင်တတ်ပေမယ့် တကယ်က သူတို့အရွယ်မှာမှားပိုင်ခွင့်ရှိပါတယ်။ မှားတိုင်းအော်ငေါက်အပြစ်ပေးတာက ကြာလာတော့ ကလေးကိုထုံသွားစေပါတယ်။ ရိုက်တာလည်းအဲ့ဒီလိုပဲ ထုံသွားတတ်ပါတယ်။ အရိုက်ခံလိုက် ပီးတာပဲဆိုတာမျိုးဖြစ်လာစေပါတယ်။ ဒီတော့ သူတို့လုပ်တဲ့အမှားအတွက် သူတိုကိုတာဝန်ယူခိုင်းပါ။ ပန်းအိုးကွဲသွားတယ်ဆို တခြားအပြစ်ပေးနည်းတွေဆဲဆိုနည်းတွေအစား ကွဲသွားတဲ့ပန်းအိုးကို ကိုယ့်ဘာသာရှင်းပါဆိုတဲ့ အပြစ်ပေးခြင်းမျိုးကပိုကောင်းပါတယ်။ ဒီလောက်ဆိုကလေးတွေကို သူတို့ကိုယ်ပိုင်ယုံကြည်မှု တန်ဖိုးထားမှုမပျောက်အောင် အပြစ်ပေးတတ်ပီထင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here