ကလေးတွေကို အကောင်းမြင်စိတ် ပျိုးထောင်ခြင်းမှာ ထိရောက်တဲ့ နည်းစနစ် (7)ခု

0
232
- Advertisement -

ကလေးတစ်ယောက်ကို အကောင်းမြင်တတ်အောင် ပြုစုပျိုးထောင်ခြင်းက တကယ့်စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်ပါတယ်။ သို့သော် ဒီစိန်ခေါ်မှုက ငယ်ရွယ်စဉ်ကတည်းက ကောင်းမွန်သော ရလဒ်တွေကို ထွက်ပေါ်စေပါတယ်။

အကောင်းမြင်ကလေးတွေကို ပြုစုပျိုးထောင်ခြင်း- စိတ်ခွန်အားနိုး နည်းစနစ်

၁။ တရားထိုင်ပြီး သတိမှတ်ခိုင်းတာ

- Advertisement -

သင့်မှာ အတွေ့အကြုံအများကြီး မရှိရင်တောင် သင့်ကလေးတွေကို ရိုးရိုးတရားထိုင်တတ်အောင် သင်ပေးပါ။ ဥပမာ သူတို့ကို ထွက်လေ၊ ဝင်လေဘယ်လိုမှတ်ရတယ်ဆိုတာ ပြသပြီး နေ့စဉ် ၅မိနစ်ခန့် မိတ်ဆက်ပေးပါ။ ဒါက စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကို လျော့နည်းစေပြီး သူတို့ရဲ့ ချုပ်တည်းမှုကို ပိုအားဖြည့်ပေးပါတယ်။

၂။ ကိုယ်လက်လှုပ်ရှားမှုကို အားပေးပါ

သင့်ကလေးတွေကို ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့နှင့် အားကစားကို စိတ်ဝင်စားစေဖို့ လှုံ့ဆော်ပေးပါ။ လှုပ်ရှားမှုက endorphins ကိုထုတ်လွှတ်ဖို့နှင့် ကလေးတွေရဲ့ စွမ်းအင်အဆင့်ကို တတ်စေဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ အားကစားရဲ့ အခြားအကျိုးကျေးဇူးတွေမှာ အသင်းအဖွဲ့၊ စည်းကမ်း၊ ပန်းတိုင်ကိုချမှတ်နိုင်စွမ်းတွေ ပါဝင်ပါတယ်။

၃။ ကျေးဇူးတင်ခြင်းရဲ့တန်ဖိုးကို သင်ပေးပါ

သင့်ကလေးတွေကို သူတစ်ပါးဆီက ရရှိသော အရာတွေကို ကျေးဇူးတင်တတ်ဖို့ သင်ပေးပါ။ တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အပြုသဘောနှစ်ခု (သို့) သုံးခုပြောခြင်းကို မိသားစုအတွက် ငါးမိနစ်ခန့် အချိန်ပေးပါ။ ဒီနည်းအားဖြင့် သင့်ကလေးတွေဟာ နေ့စဉ်ဘဝတွေမှာ ပျော်ရွင်ရခြင်းရဲ့ အကြောင်းရင်းတွေကို နားလည်သဘောပေါက်ဖို့၊ လုပ်ငန်းစဉ်မှာ ပိုမိုအကောင်းမြင်ဖို့ သင်ယူပါလိမ့်မယ်။

၄။ သင့်အချစ်ကိုပြပါ

သင့်ရဲ့ချစ်ခြင်းမေတ္တာကို တစ်စုံတစ်ယောက်အား သိစေဖို့ အကောင်းဆုံးနည်းလမ်းက သင့်ခံစားချက်တွေကို ဖော်ပြဖို့နှင့် သူတို့နှင့်အတူ အချိန်ဖြုန်းပေးဖို့ ဖြစ်ပါတယ်။ သင့်ကလေးအား နေ့စဉ်အချိန်နှင့်အမျှ အရည်အသွေးကောင်းသော အချိန်တွေကို မျှဝေပါ။ သူတို့ရဲ့ ပြဿနာတွေနဲ့ စိုးရိမ်မှုတွေကို စိတ်ဝင်စားပြီး ဖြေရှင်းနည်းတွေကို ရှာဖွေဖို့ကူညီပါ။

၅။ သူတို့ကို အောင်မြင်မှုရစေပါ

တစ်စုံတစ်ယောက်က အောင်မြင်ခြင်းရဲ့ ပျော်ရွင်မှုကို ခံစားရတဲ့အခါ သူတို့ကို နောက်တစ်ဖန်ထပ်လုပ်ဖို့ လှုံ့ဆော်ပါတယ်။ ထို့ကြောင့် ကလေးတွေကို အသက်အရွယ်အလိုက် သင့်လျော်သော လုပ်ငန်းတာဝန်တွေ သတ်မှတ်ပေးဖို့နှင့် သူတို့ရဲ့ အားထုတ်မှုတွေကို အသိအမှတ်ပြုပေးဖို့အရေးကြီးပါတယ်။

၆။ စံနမူနာကောင်းတစ်ယောက် ဖြစ်ပေးပါ

ကလေးတွေဟာ သူတို့နှစ်သက်တဲ့လူတွေရဲ့ အပြုအမှုတွေကို တုပကြပါတယ်။ သင့်ကလေးကို အကောင်းမြင်မှုဖြင့် ဘဝကို ရင်ဆိုင်စေလိုပါက ပဋိပက္ခတွေကို အပြုသဘောနဲ့ ဘယ်လိုကိုင်တွယ်ကြောင်း ပြသပါ။ ခက်ခဲသော အခြေအနေတစ်ခုစီမှ ပေါ်ထွက်လာတဲ့ ဘဝသင်ခန်းစာတွေကို ရှာဖွေဖို့ သူတို့ကိုသင်ပေးပါ။

၇။ သူတို့ကို မသင့်လျော်သော စိုးရိမ်ပူပန်မှုကနေ ကာကွယ်ပေးပါ

ကလေးငယ်တွေဟာ လူကြီးလောကရဲ့ စိုးရိမ်ပူပန်မှုတွေကို မသယ်ဆောင်သင့်ပါဘူး။ သင့်ကလေးတွေကို အရွယ်ရောက်ပြီးသူကိစ္စတွေနဲ့ ပတ်သတ်ပြီး ပြောဆိုဖို့ လုံလောက်သော ရင့်ကျက်မှုနှင့် အရွယ်ရောက်လာတဲ့အထိ စောင့်ဆိုင်းပါ။

အကောင်းမြင်သဘောထားက သင့်ကလေးတွေကို ပိုပျော်ရွင်စေပြီး ပိုကောင်းမွန်သော လူတွေဖြစ်လာစေဖို့ ကူညီပေးတဲ့ ဘဝကျွမ်းကျင်မှုတစ်ခုဖြဖြစ်ပါတယ်။ ထို့အပြင် ပျော်ရွင်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းက သူတို့ကို ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်သော ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ခွင့်ပြုပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-youaremom.

Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here