ကလေးတွေကို အစားအသောက်နဲ့ပတ်သက်ပြီး မိဘတွေလုပ်မိတတ်သောအမှားများ

0
688
- Advertisement -

မိဘတွေဟာ သားသမီးတွေရဲ့ ကျန်းမာရေးနှင့် အစာစားခြင်းအလေ့အထအပေါ်မှာ သဘာဝကျကျစိုးရိမ်ကြပါတယ်။ သို့ပေမယ့် တစ်ခါတစ်ရံမှာ ၎င်းတို့က ပိုမိုကောင်းမွန်သောအရာတွေကို မသိတာကြောင့်မှားယွင်းသောချဥ်းကပ်နည်းတွေကို အသုံးပြုကြတယ်။ ဒီကနေ့မှာတော့ မိဘတွေေအနေနဲ့ကလေးတွေကို အစားအစာကျွေးမွေးခြင်းအလေ့အထမှာသူတို့ကလေးတွေအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်သော အကြောင်းအရာများကို မျှဝေပေးပါ့မယ်။

၁။ ကလေးတွေကို အချိုပွဲနှင့် လာဘ်ထိုးခြင်း

ဆိုလိုတာက ”သား ထမင်းစားမယ်ဆိုရင် မုန့်ကျွေးမယ်”ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီစနစ်က မိဘတော်တော်များများအသုံးပြုကြတဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် သင့်သားသမီးရဲ့ စိတ်ထဲမှာ ကောင်းမွန်သောအစားအစာ၊ ဆိုးရွားသောအစားအစာရယ်လို့ မခွဲခြားတတ်တာကြောင့် အဲဒီ့အစားအစာကို ဆုလာဘ်အဖြစ် အသုံးမပြုသင့်ပါဘူး။ အဲဒီ့လိုနည်းလမ်းကို ခဏခဏသုံးတဲ့အခါ နောက်ပိုင်းမှာ ပိုမိုကျန်းမာသောရွေးချယ်မှုတွေအတွက် အထင်အမြင်သေးလာပါလိမ့်မယ်။

- Advertisement -

၂။ စားသောက်ဖို့အတွက် အတင်းအကျပ်ဖိအားပေးခိုင်းစေခြင်း

လေ့လာမှုတွေအရ သင့်ကလေးကို အလွန်အမင်းဖိအားပေးခြင်းက ကြောက်စိတ်ကို ဖြစ်ပေါ်စေနိုင်ပြီး အနာဂတ်မှာ ၎င်းတို့စားဖို့ဖိအားပေးသော အစားအစာတွေအပေါ်မှာ အပျက်သဘောဆောင်သောခံစားချက်မျိုးရှိနိုင်ပါတယ်။

၃။ ပျင်းစရာကောင်းသော ဟင်းသီးဟင်ရွက်တွေကျွေးရာမှာ မြှောက်ပင့်ကျွေးခြင်း

ကလေးတွေဟာ ပျင်းစရာကောင်းသောဟင်းသီးဟင်းရွက်တွေကို စားဖို့ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် အဲဒီ့ဟင်းသီးဟင်းရွက်တွေကို မွေးမြူရေးခြံထွက်ပစ္စည်းများ၊ ထောပတ်နှင့် ဒိန်ခဲလိုမျိုး အရသာနည်းနည်းလေးနှင့် ရောပြီး ပိုပြီးအရသာပေးနိုင်အောင် ပြုလုပ်တာက သူတို့ကိုပိုပြီးဆွဲဆောင်မှုဖြစ်စေမှာပါ။

၄။ သင့်ကလေးက ဇီဇာကြောင်သူဟု လက်ခံခြင်း

မိဘတစ်ဦးအနေနဲ့ သင့်ကလေးတွေကို ပိုမိုကျန်းမာစွာစားသောက်ဖို့ တွန်းအားပေးတဲ့နေရာမှာ ဘယ်သောအခါမှ စိတ်မပျက်ပါနှင့်။ ၎င်းက အစပိုင်းမှာကတည်းက ရှုံးနိမ့်သွားသော တိုက်ပွဲတစ်ပွဲဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ကြိုးစားမှုတွေများစွာပြုလုပ်ပြီးနောက်မှာ ခေါင်းမာသောကလေးတွေတောင်မှ သူတို့ရဲ့စိတ်ကိုပြောင်းလဲပစ်နိုင်ပါတယ်။

၅။ အပြိုင်စားဖို့ စိန်ခေါ်ခြင်း

သင့်ကလေးရဲ့ ဝမ်းဗိုက်အစာအိမ်က သင့်ထက်အလွန်သေးငယ်တာကို သတိရဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အပြိုင်စားဖို့ စိန်မခေါ်ပါနှင့်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အပျက်သဘောဆောင်သောအစာစားခြင်းရဲ့ အလေ့အထကို ဖွံ့ဖြိုးတိုးတက်စေပြီးတော့ အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၆။ ချက်ပြုတ်ခြင်းလုပ်ငန်းစဥ်မှာ ကလေးတွေကိုမပါဝင်စေခြင်း (မှား)

အာဟာရဗေဒပညာရှင်တွေရဲ့အဆိုအရ သင့်ကလေးတွေက ဟင်းတစ်ခွက်အတွက် ပါဝင်ပစ္စည်းတွေကို ဝယ်ယူခြင်းမှ အစ ပန်းကန်တစ်ခုလုံးကိုဖန်တီးခြင်းအထိ အစာစားခြင်းလုပ်ငန်းစဥ်တစ်ခုမှာ ပါဝင်ဖို့အရေးကြီးပါတယ်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ကလေးတွေက ကျန်းမာသောအစားအသောက်တွေကို စားချင်လာကြပါလိမ့်မယ်( ချက်ပြုတ်ရင်း ဟင်းသီးဟင်းရွက်တွေရဲ့ အကျိုးကျေးဇူးတွေကို မျှဝေရှင်းပြပါ)။

၇။ အစားအစာတွေကို စားချင်စဖွယ်ပုံဖော်ဖန်တီးခွင့်မပြုခြင်း

ကလေးတွေဟာ အနုပညာနှင့် လက်မှုပညာကို နှစ်သက်ကြပါတယ်။ အဓိကအားဖြင့် အရောင်အမျိုးမျိုးကို ပိုစိတ်ဝင်စားကြတယ်။ ပန်းကန်တစ်ခုက အရောင်တွေနဲ့ ပြည့်နှက်လာသောအခါ ကလေးတွေက စားသောက်ဖို့ ပိုမိုစိတ်ဝင်စားကြတယ်။ ဒါ့အပြင် ပြုံးရွှင်သောမျက်နှာတွေကဲ့သို့ သူတို့ရဲ့အစားအစာတွေကို ပုံစံမျိုးစုံပြုလုပ်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ ဖန်တီးမှု ရယူပါ။ ခွင့်ပြုပါ။

၈။ သင်ကိုယ်တိုင်က အစားအသောက်ဇီဇာကြောင်သူဖြစ်ခြင်း

ဟန်ဆောင်ခြင်းအပြင် သင့်ကလေးတွေရှေ့မှာ ဇီဇာကြောင်သူတစ်ဦးဖြစ်ခြင်းက ၎င်းတို့ကိုလည်း အလားတူပြုမူစေနိုင်ပါတယ်။ ဒီတော့ မိဘတွေအနေနဲ့ တစ်ခုခုစားသောက်ဖို့ မိသားစုအလိုက် အပြင်ထွက်တိုင်း အမြဲတမ်း တစ်မျိုးတည်းကိုပဲ မမှာပါနှင့်။

၉။ ကလေးတွေကို ရုပ်မြင်သံကြားရှေ့မှာ အစာစားခွင့်ပြုခြင်း

မိဘတွေ သုံးပုံတစ်ပုံက တီဗွီကြည့်နေစဥ်မှာ ကလေးတွေကို အစာစားခွင့်ပြုကြတယ်။ American Clinical Nutrition ဂျာနယ်ရဲ့အဆိုအရ ၎င်းက ၁၀ % ပိုသောကယ်လိုရီများ စားသုံးခြင်းကို ဖြစ်ပေါ်စေတာကြောင့် ၎င်းက အလွန်ဆိုးရွားသော ကျန်မာရေးကို ပိုင်ဆိုင်ရစေပါတယ်။

(၁၀) သင့်ကလေးအတွက် အစားအစာများဖြင့်ဆုချခြင်း

ကလေးတွေကို ကိုင်တွယ်ရတာခက်ခဲနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းကို မိဘတွေက ကျယ်ပြန့်စွာအသုံးပြုကြပါတယ်။ ဥပမာာ – အိမ်စာပြီးရင် သူတို့စားချင်တဲ့ ကွက်ကီအားလုံးကို စားနိုင်တယ်လို့ပြောခြင်းမျိုးးပါ။ သင့်အနေနဲ့ ဒီအရာကို ရှောင်ဖို့ ကြိုးစားသင့်ပါတယ်။ အကြောင်းရင်းကတော့ လေ့လာမှုတွေအရကလေးတွေ ကြီးပြင်းလာတဲ့အခါ စိတ်ခံစားမှုဆိုင်ရာ အစာစားခြင်းဆီသို့ ဦးတည်နိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြကြပါတယ်။

(၁၁) ကလေးတွေကို မုန့်များစွာပေးခြင်း

သင့်ကလေးက အစားအစာတွေအကြားမှာ ထပ်ပြီးစားသောက်ရဖို့ တောင်းဆိုတဲ့အခါ စိတ်မပူပါနှင့်။ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ သို့ပေမယ့် သင့်ကလေးကို မုန့်တွေအများကြီးနဲ့မထားပါနှင့်။ သူတို့ရဲ့ကျန်းမာရေးကို လုံးဝထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ၎င်းကို နေ့စဥ် (၁၀၀) ကယ်လိုရီ ၂၀၀ကျော်မုန့်တွေနဲ့ ပစ်မထားပါနှင့်။

Chit_May_May

Nyein_Thu

ref-brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here