ကလေးတွေကို အပျင်းမထူစေဘဲ လေ့ကျင့်ခန်းလုပ်ခိုင်းသင့်တဲ့ အကြောင်းအရင်းများ

0
7

ကိုယ်လက်လှုပ်ရှားမှုကို အမြဲမှန်မှန် ပြုလုပ်ပေးတယ်ဆိုတာက ကျန်းမာရေးအတွက်သာ ကောင်းကျိုးဖြစ်စေတာမဟုတ်ပါဘူး။ လူကြီးတွေသာမက ကလေးတွေကိုလည်း လှုပ်လှုပ်ရှားရှား အမြဲနေတတ်စေဖို့အတွက် သင်ပေး၊ ပြောပေးဖို့သင့်တဲ့ အကြောင်းအရင်းကတော့ အခုနောက်ပိုင်း ကလေးတွေနဲ့ ဆယ်ကျော်သက် သုံးပုံတစ်ပုံဟာဆိုရင် အဝလွန်နေကြလို့ပါပဲ။ ငယ်စဥ်ကတည်းက အဆီတွေစုပြီး အသက်ကြီးတဲ့အခါ ရောဂါတွေဖြစ်လာတဲ့အခြေအနေမျိုး ကိုယ့်သားသမီးဆီမှာ အလိုမရှိဘူးဆိုပါက ငယ်တုန်းရွယ်တုန်းမှာ လေ့ကျင့်ခန်းလုပ်တတ်အောင် သင်ပေးပါ။

အမြဲတမ်းကိုယ်လက်လှုပ်ရှားနေတတ်တဲ့ အလယ်တန်းကလေးတွေဟာ တခြားကလေးတွေနဲ့ယှဥ်ရင် ပိုပြီးဦးဆောင်နိုင်စွမ်း၊ မျှဝေခံစားနိုင်စွမ်းရှိပါတယ်။ ထိုမှတဆင့် အဖွဲ့လိုက်အလုပ်လုပ်တတ်ခြင်း၊ ပြောဆိုဆက်ဆံတတ်ခြင်း၊ တာဝန်သိတတ်ခြင်းတို့လို အကျင့်ကောင်းလေးတွေပါ သင်ယူနိုင်မယ့်အခွင့်အရေးကိုပါ တစ်ပါတည်း လက်ဆောင်ပေးလိုက်ရာရောက်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ဇီဝဖြစ်စဥ်ကို မြှင့်တင်ပေးရာရောက်သလို စိတ်ဖိစီးမှုလျော့ကျစေလို့ စိတ်ပျော်စေမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျောင်းစာတွေမှာ ပိုပြီးအာရုံစိုက်လာနိုင်ကာ ပိုတော်ပိုတတ်လာပါလိမ့်မယ်။

လေ့ကျင့်ခန်းမှန်မှန်လုပ်တာအပြင် အစားအသောက်ကိုလည်း အာဟာရမျှတစွာစားသုံးမယ်ဆိုပါက အဝလွန်နိုင်ခြေရာခိုင်နှုန်းကိုလျော့ကျစေကာ နှလုံးသွေးကြောကျဥ်းခြင်း၊ ကင်ဆာ၊ လေဖြတ်ခြင်းတို့ကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကြီးမှလေ့ကျင့်ခန်းစလုပ်တာထက် ငယ်ငယ်ကတည်းက လေ့ကျင့်ခန်းလုပ်တတ်တဲ့ အကျင့်ကောင်းကိုမွေးမြူသွားမယ်ဆိုရင် အကျိုးအဆစ်တွေသန်မာစေပြီး အရိုးသိပ်သည်းဆကိုလည်း ပိုပြီးတိုးတက်စေမှာဖြစ်ပါတယ်။

နောက်ထပ်တစ်ချက်ကတော့ သင့်ရဲ့ကလေးက တီဗီအရှေ့မှာ အကြာကြီးထိုင်နေတာကို လွှတ်မထားဘဲ လှုပ်လှုပ်ရှားရှားလုပ်ခိုင်းပါ။ လှုပ်ရှားမှုမရှိဘဲ အမြဲတမ်းထိုင်နေတတ်တဲ့ ကလေးတွေဟာ အရွယ်ကြီးလာတာနဲ့အမျှ ဝတဲ့နှုန်းကလည်း တိုးလာမှာဖြစ်တဲ့အတွက် အခန့်မသင့်ပါက အဝလွန်ခြင်းပြဿနာကို ကြုံတွေ့လာရနိုင်ပါတယ်။

Lifestyle_Myanmar

Thinzar

Ref-maxsportsandfitness

Zawgyi

ကိုယ္လက္လႈပ္ရွားမႈကို အၿမဲမွန္မွန္ ျပဳလုပ္ေပးတယ္ဆိုတာက က်န္းမာေရးအတြက္သာ ေကာင္းက်ိဳးျဖစ္ေစတာမဟုတ္ပါဘူး။ လူႀကီးေတြသာမက ကေလးေတြကိုလည္း လႈပ္လႈပ္ရွားရွား အၿမဲေနတတ္ေစဖို႔အတြက္ သင္ေပး၊ ေျပာေပးဖို႔သင့္တဲ့ အေၾကာင္းအရင္းကေတာ့ အခုေနာက္ပိုင္း ကေလးေတြနဲ႔ ဆယ္ေက်ာ္သက္ သုံးပုံတစ္ပုံဟာဆိုရင္ အဝလြန္ေနၾကလို႔ပါပဲ။ ငယ္စဥ္ကတည္းက အဆီေတြစုၿပီး အသက္ႀကီးတဲ့အခါ ေရာဂါေတြျဖစ္လာတဲ့အေျခအေနမ်ိဳး ကိုယ့္သားသမီးဆီမွာ အလိုမရွိဘူးဆိုပါက ငယ္တုန္း႐ြယ္တုန္းမွာ ေလ့က်င့္ခန္းလုပ္တတ္ေအာင္ သင္ေပးပါ။

အၿမဲတမ္းကိုယ္လက္လႈပ္ရွားေနတတ္တဲ့ အလယ္တန္းကေလးေတြဟာ တျခားကေလးေတြနဲ႔ယွဥ္ရင္ ပိုၿပီးဦးေဆာင္ႏိုင္စြမ္း၊ မွ်ေဝခံစားႏိုင္စြမ္းရွိပါတယ္။ ထိုမွတဆင့္ အဖြဲ႕လိုက္အလုပ္လုပ္တတ္ျခင္း၊ ေျပာဆိုဆက္ဆံတတ္ျခင္း၊ တာဝန္သိတတ္ျခင္းတို႔လို အက်င့္ေကာင္းေလးေတြပါ သင္ယူႏိုင္မယ့္အခြင့္အေရးကိုပါ တစ္ပါတည္း လက္ေဆာင္ေပးလိုက္ရာေရာက္ပါတယ္။ ေလ့က်င့္ခန္းလုပ္တာက ဇီဝျဖစ္စဥ္ကို ျမႇင့္တင္ေပးရာေရာက္သလို စိတ္ဖိစီးမႈေလ်ာ့က်ေစလို႔ စိတ္ေပ်ာ္ေစမွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေက်ာင္းစာေတြမွာ ပိုၿပီးအာ႐ုံစိုက္လာႏိုင္ကာ ပိုေတာ္ပိုတတ္လာပါလိမ့္မယ္။

ေလ့က်င့္ခန္းမွန္မွန္လုပ္တာအျပင္ အစားအေသာက္ကိုလည္း အာဟာရမွ်တစြာစားသုံးမယ္ဆိုပါက အဝလြန္ႏိုင္ေျခရာခိုင္ႏႈန္းကိုေလ်ာ့က်ေစကာ ႏွလုံးေသြးေၾကာက်ဥ္းျခင္း၊ ကင္ဆာ၊ ေလျဖတ္ျခင္းတို႔ကိုပါ ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ ႀကီးမွေလ့က်င့္ခန္းစလုပ္တာထက္ ငယ္ငယ္ကတည္းက ေလ့က်င့္ခန္းလုပ္တတ္တဲ့ အက်င့္ေကာင္းကိုေမြးျမဴသြားမယ္ဆိုရင္ အက်ိဳးအဆစ္ေတြသန္မာေစၿပီး အ႐ိုးသိပ္သည္းဆကိုလည္း ပိုၿပီးတိုးတက္ေစမွာျဖစ္ပါတယ္။

ေနာက္ထပ္တစ္ခ်က္ကေတာ့ သင့္ရဲ႕ကေလးက တီဗီအေရွ႕မွာ အၾကာႀကီးထိုင္ေနတာကို လႊတ္မထားဘဲ လႈပ္လႈပ္ရွားရွားလုပ္ခိုင္းပါ။ လႈပ္ရွားမႈမရွိဘဲ အၿမဲတမ္းထိုင္ေနတတ္တဲ့ ကေလးေတြဟာ အ႐ြယ္ႀကီးလာတာနဲ႔အမွ် ဝတဲ့ႏႈန္းကလည္း တိုးလာမွာျဖစ္တဲ့အတြက္ အခန႔္မသင့္ပါက အဝလြန္ျခင္းျပႆနာကို ႀကဳံေတြ႕လာရႏိုင္ပါတယ္။

Lifestyle_Myanmar

Thinzar

Ref-maxsportsandfitness

LEAVE A REPLY

Please enter your comment!
Please enter your name here