ကလေးတွေကို အရပ်မြင့်စေတဲ့ အစားအစာ (၁၁)မျိုး

0
1620
- Advertisement -

ကလေးတစ်ယောက်ရဲ့ အရပ်အမြင့်နှင့် တည်ဆောက်ပုံက သူတို့ရဲ့ မျိုးရိုးဗီဇဖွဲ့စည်းမှုပေါ် မူတည်ပါတယ်။ ဆိုလိုတာက ကလေးတွေအားလုံးဟာ ဘယ်လောက်ပဲ ကျန်းမာပါစေ သူတို့လိုချင်သလောက် ကြီးထွားနိုင်ခြင်းမရှိပါဘူး။ သို့သော် ကလေးတွေရဲ့ ကြီးထွားမှုကို အထောက်အကူပြုဖို့နှင့် သူတို့အရွယ်အတွက် ပျမ်းမျှအရပ်အမြင့်ကို မြှင့်တင်ဖို့ မှန်ကန်သော အစားအစာတွေ ကျွေးဖို့ လိုအပ်ပါတယ်။

ဒီဆောင်းပါးမှာ ကလေးငယ်တွေရဲ့ ကျန်းမာသန်စွမ်းမှုအပါအဝင် ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုအတွက် အထောက်အကူပြုနိုင်သော အစားအစာတွေအကြောင်းကို ပြောပြပေးပါမယ်။

ကလေးရဲ့အရပ်အမြင့်ကို တိုးလို့ရနိုင်သလား?

- Advertisement -

ကလေးတစ်ယောက်ရဲ့ အရပ်အမြင့်က အများအားဖြင့် သူတို့မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ အရပ်အမြင့်ပေါ်မှာ မူတည်ပါတယ်။ ကလေးငယ်တွေဟာ သူ့အရှိန်အဟုန်နဲ့သူ ကြီးထွားကြပါတယ်။ လူပျို/အပျိုဖော်ဝင်ချိန်မှာ သူတို့ရဲ့ အရပ်ဖွံ့ဖြိုးမှုနှုန်းက သိသိသာသာတိုးတတ်နိုင်ပါတယ်။ အပျို/လူပျိုဖော်ဝင်ပြီးနောက် ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေဟာ နှစ်စဉ် နှစ်လက်မ (၅စင်တီမီတာ) အမြင့်ရှိနိုင်ပါတယ်။

အာဟာရချို့တဲ့မှုက ကလေးရဲ့ ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်ပြီး သူတို့ရဲ့ အသက်အရွယ်အတွက် ပျမ်းမျှအရပ်အမြင့် ရောက်ရှိခြင်းကနေ တားဆီးနိုင်ပါတယ်။ ထို့ကြောင့် အာဟာရကြွယ်ဝတဲ့ အစားအစာတွေကို ပေးစွမ်းခြင်းက ကလေးတွေကို မှန်ကန်တဲ့ အရပ်အမြင့် ရအောင် ကူညီဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

ကလေးတစ်ယောက် အရပ်ရှည်စေဖို့ လိုအပ်တဲ့ အာဟာရများ

ကြီးထွားဖွံ့ဖြိုးတဲ့နှစ်တွေအတွင်းမှာ ကလေးတွေဟာ ကောင်းမွန်မျှတတဲ့ အစားအစာနှင့် အလုံးစုံဖွံ့ဖြိုးမှုအတွက် လေ့ကျင့်ခန်းများ လိုအပ်ပါတယ်။ အရပ်မြင့်တာ သေချာစေဖို့ ပမာဏတိုးကျွေးဖို့ လိုအပ်တဲ့ အာဟာရဓါတ်များ ရှိပါတယ်။

ပရိုတိန်း- (၃နှစ်မှ ၁၈နှစ်) ယောကျ်ားလေးတွေနဲ့ (၃နှစ်မှ ၁၅နှစ်အတွင်း) မိန်းကလေးတွေဟာ တစ်နေ့ကို ပရိုတိန်းစားသုံးမှု (၀.၉ဂရမ်/ကီလိုဂရမ်) ရှိရမှာဖြစ်ပါတယ်။ အထူးသဖြင့် ပရိုတိန်းပါဝင်မှု မြင့်မားသော အစားအစာတွေကို ရွေးချယ်စားရမှာ ဖြစ်ပါတယ်။

ကာဗိုဟိုက်ဒရိတ်- ကလေးတွေကြီးထွားဖို့အတွက် ကယ်လိုရီ တိုးဖို့လိုအပ်ပါတယ်။ ထို့ကြောင့် complex carbohydrate ရင်းမြစ်ကနေ မျှတသော ကာဘိုဟိုက်ဒရိတ် စားသုံးမှုအထိ စားသုံးရပါမယ်။ ကျွန်မတို့နေစဉ့်စားနေတဲ့ ဆန်စပါး၊ ဂျုံနှင့် အစေ့အဆန်တွေက ကျန်းမာသော အရင်းအမြစ်တွေဖြစ်ပါတယ်။ ကလေးဘဝမှာ အဝလွန်စေတာကြောင့် သကြားပါတဲ့ အစားအစာတွေကဲ့သို့သော ရိုးရိုးကာဗိုဟိုက်ဒရိတ်ကို ရှောင်ပါ။

ဗီတာမင်များ- ဗီတာမင်တွေအားလုံးက ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သို့သော်လည်း ဗီတာမင်ဒီ နှင့် ဗီတာမင်ဘီ ကွန်းပလက်ကဲ့သို့သော ဗီတာမင်အချို့က ကလေးရဲ့ အရပ်အမြင့်ကို တိုက်ရိုက်သက်ရောက်နိုင်ပါတယ်။

ဓါတ်သတ္တုများ- ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတတ်စီယမ်၊ သံ၊ မန်းဂနိစ်နှင့် ဖရိုရိုက်စသော ဓါတ်သတ္တုတွေက ကလေးကြီးထွားမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များစွာမှာ ပဲ၊ အသားနှင့် နို့ထွက်ပစ္စည်းတွေနှင့်အတူ mineral ကြွယ်ဝပါတယ်။

ကလေးတစ်ယောက်ရဲ့ အရပ်အမြင့်ကို တိုးတတ်စေဖို့ အကောင်းဆုံးအစားအစာများ

ကလေးရဲ့ ကြီးထွားမှုကို တိုးမြှင့်နိုင်ဖို့အတွက် အာဟာရအချို့ကို ပိုမိုစားသုံးခြင်းဖြင့် မျှတသော အစားအစာဟာ အရေးကြီးပါတယ်။

၁။ ဥများ

ကြက်ဥတစ်လုံးမှာ ပရိုတင်း ၆.၅ဂရမ်နီးပါးထောက်ပံ့ပေးပြီး ၎င်းမှာ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်အားလုံးနီးပါး ပါဝင်ပါတယ်။ ကြက်ဥက ကလေးတွေ အရိုးကြီးထွားမှုအတွက် လိုအပ်သော ပရိုတင်းဓါတ် ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ထို့အပြင် ကြက်ဥမှာ ဗီတာမင်ဒီ၊ ဖော့စဖရပ်၊ အိုမီဂါ ၃ဖက်တီးအက်စစ်များ၊ ဆယ်လီနီယမ်နှင့် အိုင်အိုဒင်းကဲ့သို့သော အခြားအာဟာရများလည်း ရှိပြီး ကလေးတွေ ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။

၂။ နွားနို့

မလိုင်ပြည့်နို့မှာ ပိုတတ်စီယမ်၊ ကယ်လစီယမ်၊ ဖော့စဖရပ်နှင့် မဂ္ဂနီဆီယမ်စတဲ့ သတ္တုဓါတ်များ၊ ဗီတာမင်ဒီကဲ့သို့သော ဗီတာမင်များနှင့် ပရိုတင်းက အရိုးဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ မလိုင်ပြည့်နွားနို့ဟာ မလိုင်နုတ်ထားတဲ့ နို့ထက် အာဟာရပိုရှိပါတယ်။ ထို့ကြေင့် ကလေးဘဝ အဝလွန်ခြင်းကဲ့သို့သော ကိုယ်အလေးချိန်ပြဿနာတွေမဖြစ်အောင် ကလေးတွေကို မလိုင်ပြည့်နို့သာ တိုက်ကျွေးသင့်ပါတယ်။

၃။ ပဲပုပ်

ပဲပုပ်ထုတ်ကုန်တွေမှာ ပဲပုပ်၊ တို့ဖူးနှင့် ပဲနို့တို့ဖြစ်ပါတယ်။ ပဲပုပ်တွေမှာ အသားဓါတ် ပရိုတင်းဓါတ်မြင့်မားပြီး တိရိစ္ဆာန်ပရိုတိန်းနှင့် ညီမျှတယ်လို့ ယူဆကြပါတယ်။ တို့ဖူးနှင့် ပဲနို့ကဲ့သို့သော ပဲပုပ်အစားအစာတွေက ကယ်လ်ဆီယမ်ဓါတ် မြင့်မားပါတယ်။ သက်သတ်လွတ်သမားတွေအတွက်လည်း ပရိုတိန်းအရင်းအမြစ်ကို ရရှိစေပါတယ်။ ပဲပုပ်ပုံမှန်စားသုံးခြင်းက အရိုးကျန်းမာရေးကို တိုးတတ်စေပါတယ်။

၄။ အနီရောင်အသား

အနီရောင်အသားမှာ သွေးအားနည်းတာကို ကာကွယ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ သံဓါတ်အပါအဝင် ပရိတိန်းနှင့် မိုက်ခရိုအာဟာရဓါတ်များစွာပါဝင်ပါတယ်။ သွေးအားနည်းခြင်းက အားနည်းတာနဲ့ ကလေးရဲ့ ကြီးထွားမှုကို ထိခိုက်တာ ဖြစ်ပေါ်နိုင်ပါတယ်။ အနီရောင်အသားမှာ ပြည့်ဝဆီကြွယ်ဝတာကြောင့် အကန့်အသတ်ဖြင့်သာ စားသုံးရပါမယ်။ အနီရောင်အသားမှာ အဆီပါဝင်မှု လျော့နည်းစေဖို့ မချက်ပြုတ်ခင်မှာ အဆီပါတဲ့ အနားသားတွေကို ဖယ်ထုတ်ပါ။

၅။ အဆီနည်းသောအသား

ငါးနှင့် အရေခွံဖယ်ထားတဲ့ ကြက်သားဟာ ပြည့်ဝဆီနည်းပေမယ့် ပရိုတိန်းဓါတ်ကြွယ်ဝတာကြောင့် အဆီနည်းအသားအတွက် ရွေးချယ်မှုကောင်းဖြစ်ပါတယ်။

၆။ ပဲမျိုးစုံ

ပဲနီကလေး၊ ပဲနက်၊ ပိုတိုပဲများ၊ ဗိုလ်စားပဲ ပါဝင်သော ပဲအမျိုးမျိုးမှာ ပရိုတိန်းကြွယ်ဝပြီး အဆီပါဝင်မှုနည်းပါတယ်။ ပဲအမျိုးမျိုးဟာ ကလေးကြီးထွားမှုအတွက် မရှိမဖြစ်သော ကယ်လ်ဆီယမ်နှင့် အစားအသောက်အမျှင်ဓါတ် ပမာဏကောင်း ပါဝင်ပါတယ်။

၇။ အသီးအရွက်များ

အရွက်များသော ဟင်းသီးဟင်းရွက်တွေဟာ lactose intolerance ကြောင့် နွားနို့မသောက်တဲ့ ကလေးတွေအတွက် ကယ်လ်ဆီယမ်အရင်းအမြစ်ကောင်းဖြစ်ပါတယ်။ အရွက်များသော ဟင်းသီးဟင်းရွက်တွေဟာ အရိုးကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော ဗီတာမင် K ရဲ့အရင်းအမြစ်ကောင်းလည်း ဖြစ်ပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အချို့သော အရွက်ဟင်းသီးဟင်းရွက်တွေမှာ ကိုက်လန်၊ ရေမုန်ညှင်း၊ ဂေါ်ဖီထုပ်နှင့် မုန်လာရွက်တို့ ပါဝင်ပါတယ်။

၈။ အခွံမာသီး

အခွံမာသီးမှာ ပရိုတိန်းနှင့် ကယ်လ်ဆီယမ် ပါဝင်ပါတယ်။ ထို့အပြင် အရိုးအဆစ်ကျန်းမာရေးကို တိုးတတ်စေသော အိုမီဂါ၃ဖက်တီးအက်ဆစ်တွေ များစွာရှိပါတယ်။ ကလေးရဲ့အစားအစာမှာ အခွံမာသီး ထည့်သွင်းဖို့ စဉ်းစားနိုင်ပါတယ်။ ပရိုတင်းဓါတ်ပမာဏ ပါဝင်သော အခွံမာသီးတွေမှာ ဗာဒံသီး၊ သစ်ကြားသီး တို့ပါဝင်ပါတယ်။

၉။ အစေ့များ

နှမ်းစေ့ကဲ့သို့သော အစေ့အများစုမှာ ပရိုတိန်းပါဝင်ပြီး ကယ်လ်ဆီယမ်ကဲ့သို့သော ဓါတ်သတ္တုတွေပါဝင်ပါတယ်။ဥပမာအားဖြင့် ချီယာစေ့မှာ ကယ်လ်ဆီယမ် ပါဝင်ပါတယ်၊။ သူတို့မှာ အမျှင်ဓါတ်နှင့် အိုမီဂါ ၃ဖက်တီးအက်ဆစ်တွေလည်း မြင့်မားပါတယ်။

၁၀။ အစေ့အဆန်များ

အစေ့အဆန်များမှာ ကယ်လ်ဆီယမ်တွေများစွာ မပါရှိပေမယ့် အရိုးကျန်းမာရေးကို မြှင့်တင်တဲ့နေရာမှာ အရေးပါသော မဂ္ဂနီစီယမ် ဓါတ်သတ္တုအရင်းအမြစ်တစ်ခု ဖြစ်နိုင်ပါတယ်။ ဆန်စပါး၊ ဂျုံ၊ မုယောစပါးနှင့် အုတ်ဂျုံတို့က ကျန်းမာသော အရင်းအမြစ်တွေဖြစ်ပါတယ်။

၁၁။ Mineral ကြွယ်ဝသော အသီးများ

သစ်သီးတွေဟာ များသောအားဖြင့် Mineral တွေနဲ့ ဆက်နွယ်ခြင်းမရှိသော်လည်း အချို့သောအသီးတွေမှာ အရိုးကျန်းမာသန်စွမ်းဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်နှင့် အခြား Mineral ဓါတ်များ လုံလောက်စွာ ပါဝင်ပါတယ်။ ကယ်လ်စီယမ်ပါဝင်သော သစ်သီးဝလံတွေက ဥပမာ- လိမ္မော်၊ ကီဝီ၊ နာနတ်သီးတို့ပါဝင်ပါတယ်။

ကလေးတစ်ယောက်အနေဖြင့် အရပ်ဖွံ့ဖြိုးမှုမရှိတဲ့ အကြောင်းရင်းများ

သင့်ကလေးရဲ့ အရပ်အမြင့်က အာဟာရအခြေအနေနျင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုအတွက် အရေးကြီးသော အမှတ်အသားတစ်ခုဖြစ်ပါတယ်။ မျိုးရိုးဗီဇနှင့် အစားအစာတွေအပြင် ကလေးရဲ့ ကြီးထွားမှုကို နှောင့်နှေးစေသော အခြားအကြောင်းရင်းများစွာ ရှိနိုင်ပါတယ်။

ဖွံ့ဖြိုးတိုးတတ်မှု နှောင့်နှေးခြင်း- ဒီအခြေအနေရှိသော ကလေးတွေဟာ ပုံမှန်နှုန်းဖြင့်သာ ကြီးထွားကြပါတယ်၊ သို့သော် သူတို့ဟာ သာမာန်ထက်အရပ်ပုကြပါတယ်။ သူတို့ဟာ များသောအားဖြင့် အရိုးကြီးထွားမှု နှောင့်နှေးခြင်းနှင့် အပျိုဖော်/လူပျိုဖော်ဝင် နောက်ကျလေ့ရှိပါတယ်။ ထိုသို့သော ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ ပျမ်းမျှအရပ်အမြင့်အောက်ရှိပေမယ့် လူကြီးဘဝမှာ သက်တူရွယ်တူတွေကို မီအောင်လိုက်လေ့ရှိပါတယ်။

ကြီးထွားမှု ဟော်မုန်းချို့တဲ့ခြင်း- ကြီးထွားမှုဟော်မုန်း (GH)ဟာ ပုံမှန်ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို ကူညီသော ဟော်မုန်းတစ်ခုဖြစ်ပါတယ်။

Hypothyroidism -ဒါက မလှုပ်ရှားသော သိုင်းရွိုက်ဂလင်းကြောင့်ဖြစ်သော endocrine ရောဂါဖြစ်ပါတယ်။ hypothyroidism မှာ သိုင်းရွိုက်ဂလင်းဟာ လုံလောက်သော သိုင်းရွိုက်ဟော်မုနိးကို မထုတ်လုပ်နိုင်သဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ ဖွံ့ဖြိုးမှုကျဆင်းခြင်းတို့ကို ဖြစ်စေပါတယ်။

Turner syndrome – ဒါက သန္ဓေသားဖွံ့ဖြိုးမှုမှာ X ခရိုမိုဆုန်း လုံးဝ (သို့) တစ်စိတ်တစ်ပိုင်းမရှိခြင်းကြောင့် မိန်းကလေးတွေမှာ အဖြစ်များတဲ့ မျိုးရိုးဗီဇအခြေအနေတစ်ခုဖြစ်ပါတယ်? အခြေအနေရဲ့ အထင်ရှားဆုံးအင်္ဂါရပ်တွေမှာ အရပ်ပုခြင်းနှင့် အချိန်မတန်မီသားအိမ်ပျက်ခြင်းတို့ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့သော ဖြစ်နိုင်ချေအများဆုံးသော အကြောင်းရင်းများအပြင် အချို့သော နည်းပါးတဲ့အကြောင်းရင်းတွေမှာ ဒေါင်းန်ဆင်ဒရုန်း၊ အရိုးခွဲစိတ်မှုနှင့် သွေးအားနည်းရောဂါအချို့တို့ဖြစ်ပါတယ်။

သင့်ကလေးစားတဲ့အစားအစာဟာ ကြီးထွားနိုင်စွမ်းအပါအဝင် သူတို့ရဲ့ ကျန်းမာရေးဆိုင်ရာ အစိတ်အပိုင်းများအပေါ် များစွာ သက်ရောက်မှုရှိပါတယ်။ သို့သော် သူတို့ရဲ့အရပ်အမြင့်ကို ဆုံးဖြတ်ဖို့ တစ်ခုတည်းသော အချက်မဟုတ်ပါ။ သူတို့ကို ကြီးထွားစေဖို့ ကူညီမယ့် အစားအစာတွေကို အာရုံစိုက်မယ့်အစား သူတို့ကို များသောအားဖြင့် ကျန်းမာစေမယ့် အာဟာရရှိသော အစားအစာတွေ ကျွေးခြင်းကို အာရုံစိုက်ပါ။ အာဟာရနှင့် လုံလောက်သော ကိုယ်လက်လှုပ်ရှားမှု ရရှိတဲ့အခါ အရပ်အမြင့်နှင့် ကိုယ်အလေးချိန်ကျန်းမာသော အရွယ်ရောက်သူတွေ ဖြစ်လာပါလိမ့်မယ်။

Chit_MayMay

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here