
တစ်ချို့အရာတွေကို သင်ယူဖို့ ကလေးတွေက ငယ်သေးတယ်လို့ ကျွန်မတို့ ထင်လေ့ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူတိုက ကျွန်မတို့စိတ်ကူးထားတာထက် အများကြီး ပိုသင်ယူနိုင်စွမ်းရှိကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကလေးတွေကို အသက် ၁၀နှစ်မတိုင်ခင်မှာ သင်ပေးသင့်တဲ့ ဘဝစွမ်းရည်တွေကို မျှဝေပေးသွားပါမယ်။
ကျွန်မတို့က ကလေးတွေအား ဘဝနဲ့ပတ်သတ်တဲ့ အချို့သောအကြောင်းအရာတွေကို စောစောသင်ပေးလေ၊ သူတို့ စောစောရရှိလေဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ဒါတွေကို သူတို့ရဲ့ အပြုအမှုဆိုင်ရာ ကျွမ်းကျင်မှုအစုစုနဲ့ ပေါင်းစပ်သွားမှာ ဖြစ်ပါတယ်။ သူတို့တွေ အရမ်းငယ်သေးရင် ဖေဖေ၊ မေမေတို့ကို ကူညီရင်း အိမ်မှုကိစ္စတွေမှာ ပါဝင်နိုင်ပါတယ်။ သို့မှသာ အသက်ကြီးလာတာနဲ့အမျှ သူတို့အလိုအလျောက် လုပ်ဆောင်တတ်မှာ ဖြစ်ပါတယ်။
ဒီဘဝစွမ်းရည်တွေက နေ့စဉ်ဘဝရဲ့ အခြေခံအစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ကျွန်မတို့အားလုံး သိရှိထားဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် ကလေးတွေကို သင်ပေးရပါမယ်၊ ပြီးတော့ ဒီအရည်အချင်းတွေက ကျွန်မတို့ကလေးတွေရဲ့ လက်ရှိအသက်အရွယ်နဲ့ လိုက်လျောညီထွေဖြစ်နိုင်ပါတယ်။
၁။ ကျန်းမာစွာ စားသောက်တတ်ဖို့
ကလေးတွေဟာ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တတ်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ ငယ်ငယ်ကတည်းက သူတို့ကျန်းမာရေးကို ဂရုစိုက်ရမယ်ဆိုတာ ပြသပေးဖို့ လိုပါတယ်။ သူတို့ကို အသီးအရွက် အတင်းစားခိုင်းမယ့်အစား ‘သူတို့မစားရင် သူတို့ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အာဟာရမဖြစ်တာတွေစားရင် နေမကောင်းဖြစ်သွားနိုင်တယ်’ဆိုတာကို ရှင်းပြသင့်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက ရောဂါတွေကနေ ကာကွယ်ပေးပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေဖို့ ကူညီပေးကြောင်း ရှင်းပြပါ။ ကိုယ့်ရဲ့ဥပမာကလည်း အရမ်းအရေးကြီးကြောင်း သတိရပါ။

၂။ တစ်အိမ်လုံး သန့်ရှင်းရေးလုပ်ခြင်း
သေချာတာကတော့ မေမေတို့ကလေးက မေမေတို့ သန့်ရှင်းရေးစလုပ်ချိန်မှာ ကူညီချင်ပါလိမ့်မယ်။ သူ့နည်းသူ့ဟန်နဲ့ လုပ်နေရင်တောင် သူတို့ကို ကူညီပေးဖို့ အရေးကြီးတာကြောင့် သူတို့ကူညီကြပါစေ။ သေချာတာကတော့ သန့်ရှင်းရေးပစ္စည်းတွေကို ကလေးသေးသေးလေးတွေနဲ့ ခပ်ဝေးဝေးမှာ အမြဲထားရမှာဖြစ်ပြီး သူတို့က သန့်ရှင်းရေးမှာ ကူညီပေးတဲ့အခါ လက်ကို သေချာဆေးကြောပေးရပါမယ်။ ပရိဘောဂတွေကို ဖုန်သုတ်တာမျိုး၊ တံမြက်စည်းလှည်းတာမျိုးမှ ာပါဝင်ခိုင်းပါ။ အသက်ကြီးလာတဲ့အခါ ပေါင်းစပ်ပြီးသားဖြစ်လာမယ့် အရည်အချင်းတွေ ဖွံ့ဖြိုးလာပါလိမ့်မယ်။

၃။ အခြေခံရှေးဦးသူနာပြုစုနည်း ဗဟုသုတတွေကို သင်ကြားပေးပါ
ကလေးတွေဟာ ရှေးဦးသူနာပြုစုနည်းကို သင်ယူဖို့ အရေးကြီးပါတယ်။ သူတို့တစ်ယောက်တည်းနေပြီး တစ်ခုခုဖြစ််သွားခဲ့ရင် ဘာလုပ်ရမလဲဆိုတာ ရှင်းပြပေးရပါမယ်။ ရှေးဦးသူနာပြုပစ္စည်းတွေကို ဘယ်နေရာမှာ ထားလဲ၊ ပစ္စည်းတစ်ခုစီက ဘာအတွက်လဲ ဆိုတာကို ပြောပြပါ။

ကလေးတွေကို ဘဝကျွမ်းကျင်မှုတွေ ပိုသင်ပေးပါ
၄။ လွယ်ကူတဲ့ ဟင်းတစ်ခွက် ပြင်ဆင်ပါ
သင်ဟင်းချက်တဲ့အခါ ဒီအလုပ်မှာ ပူးပေါင်းဆောင်ရွက်ပြီး သင့်ကို ကူညီပေးဖို့ ကလေးအား တောင်းဆိုနိုင်ပါတယ်။ မီးဖိုချောင်က တော်တော်လေး ရှုပ်ပွသွားနိုင်တာကိုတော့ မှတ်ထားဖို့ လိုပါတယ်။ စိတ်ငြိမ်ငြိမ်ထားပါ။ စိတ်မပူပါနဲ့၊ နောက်မှ ရှင်းလို့ရပါတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက ကူညီပေးမယ်ဆိုရင် သူတို့အသက်ကြီးလာတဲ့အခါ သူတို့ဘာသာ အသားညှပ်ပေါင်မုန့် (သို့) တခြားရိုးရှင်းတဲ့ အစားအစာတွေ ပြင်ဆင်ရာမှာ အမှီအခိုကင်းစွာ ရပ်တည်နိုင်မှာပါ။

၅။ အဝတ်လျှော်ဖို့ ကူညီပေးခြင်း
မိဘအိမ်ကနေ ခွဲခွာပြီး အဝတ်ဘယ်လိုလျှော်ရမယ် မသိတဲ့သူတွေအကြောင်း သင်ကြားဖူးမှာပါ။ သင့်ကလေးမှာ မဖြစ်စေဖို့အတွက် အဝတ်လျှော်စက်ကို ဘယ်လိုသုံးရတယ်ဆိုတာ ကြည့်ခိုင်းပါ။ ထို့နောက် ဆပ်ပြာနဲ့ အမွှေးဆီကို ဘယ်မှာ ထည့်ရတယ်။ ဘယ်လောက်ထည့်ရတယ်။ ဘယ်ခလုတ်တွေ နှိပ်ရမယ်ဆိုတာ သူတို့ကို ပြသနိုင်ပါတယ်။ အဝတ်လျှော်လို့ ပြီးသွားတဲ့အခါ တန်းမှာ လှန်းဖို့ ကူညီပေးနိုင်ပါသေးတယ်။ ထို့အပြင် လျှော်ပြီးသားအဝတ်တွေကို ခေါက်ဖို့ သူတို့ကို ဖိတ်ခေါ်နိုင်ပါတယ်။ လုပ်ငန်းစဉ်ကို တတ်နိုင်သလောက် ပျော်စရာကောင်းအောင် သင်ပေးပါ။ ကလေးက အနာဂတ်မှာ အမှီအခိုကင်းလာစေဖို့ သင်ယူပါလိမ့်မယ်။

၆။ တာဝန်သိ စားသုံးသူဖြစ်ဖို့ သင်ပေးပါ
ကလေးတွေအား တာဝန်သိသော စားသုံးသူဖြစ်အောင် သင်ပေးဖို့ အဆင့် (၃)ဆင့်လိုအပ်ပါတယ်။
အိမ်မှာ – သင်က စူပါမားကတ်တစ်ခုမှာ စျေးဝယ်နေတယ်လို့ ဟန်ဆောင်ပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အတုတွေ ယူပြီး အရောင်းအဝယ်ဂိမ်းတွေ ကစားပါ။ ကလေးက အခန်းကဏ္ဍနှစ်ခုလုံးမှာ တာဝန်ထမ်းဆောင်ပါစေ။ သူတို့ကို အကြွေစေ့၊ ငွေစက္ကူတွေနဲ့ ရင်းနှီးလာအောင် ငွေအစစ်အမှန်ကို သုံးလို့ရပါတယ်။ ဒီနည်းအားဖြင့် စျေးဝယ်ထွက်တဲ့အခါမှာ သူတို့အား အမှီအခိုကင်းပြီး တာဝန်ယူတတ်စေဖို့ သင်ကြားပေးပါလိမ့်မယ်။
မေမေတို့ရဲ့ ကြီးကြပ်မှုအောက်မှာ ကလေးအား စူပါမားကတ်မှာ ဘီလ်ပေးချေစေပါ၊ ဒီနည်းအားဖြင့် သင်အမြဲတမ်းရှိနေရင်တောင် သူတို့တစ်ယောက်တည်း ထမ်းဆောင်နိုင်တဲ့ တာဝန်ကို သင်ပေးလိုက်တာပါ။

ကလေးငယ်တွေ ကြီးပြင်းလာတဲ့အခါ အမှီအခိုကင်းစွာ လုပ်ဆောင်နိုင်စေဖို့အတွက် ကလေးတွေ သင်ယူဖို့ လိုအပ်တဲ့ ဒီဘဝစွမ်းရည်တွေက အရေးကြီးပါတယ်၊ ကျွန်မတို့အားလုံး သိထားရမယ့် အခြေခံအချက်တွေလည်း ဖြစ်ပါတယ်။ သင့်ကလေးတွေက ဒါတွေကို သင်ယူနိုင်လေလေ သူတို့ရဲ့ အပြုအမှုဆိုင်ရာ သရုပ်ဖော်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလေလေပါပဲ။
Chit_MayMay
LM_Nandar
Source-youaremom