စာဖတ်ခြင်းက လူသားတစ်ယောက်ရဲ့ အရေးကြီးဆုံး စွမ်းရည်တွေထဲက တစ်ခုဖြစ်ပါတယ်။ စာဖတ်နိုင်စွမ်းက ကျွန်မတို့ကို သင်ယူမှုနယ်ပယ် အမျိုးမျိုးမှ သတင်းအချက်အလက်အမျိုးမျိုးကို ပေါင်းစပ်ခွင့်ပေးပါတယ်။ ကျောင်းမှာသာမက မိသားစုအတွင်းမှာပါ ဒီစွမ်းရည်ကို တိုးမြှင့်တာက အကောင်းဆုံးဖြစ်ပါတယ်။ “စာဖတ်တဲ့ကလေးက စဉ်းစားတတ်တဲ့ လူကြီးတစ်ယောက် ဖြစ်လာပါလိမ့်မယ်”တဲ့။ ဒါ့ကြောင့် မေမေတို့အတွက် ကလေးတွေကို အိမ်မှာ စာဖတ်စေဖို့ လှုံ့ဆော်နိုင်မယ့် နည်းလမ်း (၄)ခုကို အကြံပြုချင်ပါတယ်။
၁။ စာဖတ်မယ့်နေရာ ဖန်တီးပေးပါ
အိမ်မှာစာဖတ်အောင် လှုံ့ဆော်ဖို့ နည်းလမ်းတစ်ခုက ကလေးရဲ့အခန်းထောင့်လေးမှာ စာဖတ်ဖို့ အထူးနေရာတစ်ခု ဖန်တီးပေးရန်ဖြစ်ပါတယ်။ သင့်ကလေးစာဖတ်ဖို့ motivate ခံစားရစေမယ့် နေရာလေးပြင်ဆင်ပေးတာ ဖြစ်ပါတယ်။
အခန်းထောင့်လေးက ဆွဲဆောင်မှုရှိပြီး အလင်းရောင်ကောင်းရပါမယ်။ ပုံပြင်နှင့် စာအုပ်အမျိုးမျိုးကို ထားပေးရပါမယ်၊ ကလေးတွေဟာ စာအုပ်တွေနဲ့ လွတ်လပ်စွာ ထိတွေ့နိုင်ပြီး သူတို့အသက်အရွယ်နဲ့ သင့်တော်တဲ့ စာအုပ်မျိုးဖြစ်ရပါမယ်။

၂။ အိပ်ရာမဝင်ခင် စာဖတ်တဲ့ အလေ့အထ ထူထောင်ပေးပါ
အိပ်ရာမဝင်ခင် စာဖတ်ခြင်းက ကလေးအတွက် အကျိုးရှိပါတယ်။ အစကောင်းမှ အနှောင်းသေချာစေတာကြောင့် အရမ်းငယ်သေးတဲ့ အရွယ်ကနေ စတင်ပေးသွားနိုင်ပါတယ်။ မေမေတို့အနေနဲ့ ဘေဘီလေးတွေကို အသက် ၄လနှင့် ၆လကြားရောက်ရှိချိန်မှစပြီး စာအုပ်တွေ ဖတ်ပြပေးပါ။ သူတို့နားထောင်တဲ့အခါ အဲဒီစာအုပ်တွေထဲက ပန်းချီတွေနဲ့ အရောင်တွေကို ကြည့်ပါလိမ့်မယ်၊ တဖြည်းဖြည်းနဲ့ ပုံပြင်တွေကို နားလည်နိုင်စွမ်း ရရှိပါလိမ့်မယ်။

၃။ ဒေသန္တရစာကြည့်တိုက် အသင်ဝင်ပေးခြင်း
အိမ်မှာ စာဖတ်ခြင်းကို လှုံ့ဆော်ဖို့ အခြားကောင်းမွန်တဲ့ နည်းလမ်းတစ်ခုက သင့်ကလေးတွေကို ဒေသခံစာကြည့်တိုက်ကို ခေါ်သွားပြီး အသင်းဝင်ဖြစ်ပေးဖို့ ဖြစ်ါပတယ်။ စာကြည့်တိုက်ကဒ်ပြားတစ်ခုဖြင့် ကလေးတွေဟာ သူတို့နှစ်သက်တဲ့စာအုပ်တွေကို ရွေးချယ်နိုင်ပါတ်။ မေမေတို့ဘက်ကနေ ကလေးတွေ ဖတ်သင့်တဲ့စာအုပ်လား ၊ သူတို့အသက်အရွယ်နဲ့ သင့်တော်လားဆိုတာကို စိစစ်ပေးရပါမယ်။ စာကြည့်တိုက်မှ စာအုပ်ငှားဖတ်ခြင်းကလည်း ကလေးတွေအား တာဝန်ယူမှုအကြောင်း သင်ကြားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၄။ ဥပမာကောင်းတစ်ခု ချမှတ်ပါ
ကလေးတွေ စာဖတ်ဖို့ အလေ့အကျင့်အကောင်းရှိအောင် မိဘတွေလည်း အိမ်မှာ စာဖတ်ဖို့အရေးကြီးပါတယ်။ မိဘတွေအနေနဲ့ ကလေးရဲ့ အကြီးမားဆုံးစံပြပုဂ္ဂိုလ်တွေ ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ကလေးငယ်တွေဟာ မိဘနှင့်အတူ အပန်းဖြေစာဖတ်ခြင်းကို လေ့လာခြင်းက အရမ်းအရေးပါပါတယ်။ မဂ္ဂဇင်းတွေတေ၊ သတင်းစာတွေနဲ့ ဘလော့ဂ်များ ပါဝင်ပါတယ်။
အိမ်တွင် စာဖတ်ခြင်းကို လှုံ့ဆော်ဖို့ အရေးကြီးပုံ
မိသားစုတွေအနေဖြင့် စာဖတ်ခြင်းမှာ အရေးကြီးသော အခန်းကဏ္ဍကနေပါဝင်သင့်ပြီး မိမိ ကလေးတွေကို ဒီစွမ်းရည်မြှင့်တင်ဖို့၊ ဖွံ့ဖြိုးဖို့ အခွင့်အလမ်းများစွာ ပေးသင့်ပါတယ်။ စာဖတ်ခြင်းစွမ်းရည်ကို ကျွမ်းကျင်ပိုင်နို်ငခြင်းက ကျွန်မတို့ဘဝတစ်လျှောက်လုံးမှာ အမြဲတမ်းသင်ယူခွင့်ပြုပါတယ်။
ထို့အပြင် ပုံမှန််စာဖတ်ခြင်းအလေ့အထက
- ပါးစပ်နှင့် အရေးစကားရပ်တွေကို တိုးတတ်ကောင်းမွန်စေပါတယ်။
- ဝေါဟာရကို ကျယ်စေပါတယ်
- အရေးအသားနဲ့ စာလုံးပေါင်း စည်းမျဉ်းစည်းကမ်းတွေရဲ့ ဗဟုသုတကို ပိုကောင်းစေပါတယ်
- တီထွင်ဖန်တီးမှုနှင့် စိတ်ကူးတွေကို လှုံ့ဆော်ပေးပါတယ်
- သင်ယူမှုခက်ခဲခြင်းမှ ကာကွယ်ပေးပါတယ်
- အာရုံစူးစိုက်မှုကို မြင့်စေပါတယ်
- ဝေဖန်စဉ်းစားဉာဏ်နှင့် အတွေးထင်ဟပ်မှုကို တိုးစေပါတယ်
- စာနာခြင်းနှင့် အခြားအမြင်တွေ တန်ဖိုးထားနိုင်စွမ်းကို အားပေးပါတယ်။
- ကလေးတွေအား သူတို့ရဲ့ကိုယ်ပိုင်ခံစားချက်နှင့် အခြားသူတွေရဲ့ ခံစားချက်တွေကို ပိုနားလည်စေပါတယ်။
Chit_MayMay
LM_Nandar
Source-youaremom
Chit Maymyaမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။