ကလေးတွေကို အော်ဟစ်ပြီးတော့ ဘာကြောင့်မဆုံးမသင့်တာလဲ

0
2980
- Advertisement -

သင်က မိဘတစ်ဦးဖြစ်မယ်ဆိုရင် သင့်ကလေးတွေနှင့် ဒေါသထွက်ပြီးတဲ့အခါ တစ်ချိန်ချိန်မှာ ၎င်းတို့ကို ကြွေးကြော်ပါလိမ့်မယ်။ ကျွန်တော်တို့မိဘတွေက လူသားတွေသာဖြစ်တာကြောင့် တစ်ခါတရံမှာ ကျွန်တော်တို့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအချိန်မှာ သင့်အနေနဲ့ သင့်ကလေးတွေကို အော်ဟစ်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်အိမ်မှာ မကြာခဏအော်ဟစ်တတ်တဲ့ အလေ့အထရှိတယ်ဆိုရင် သင့်ဖြစ်ပျက်နေတဲ့ အရာတွေကို စူးစမ်းလေ့လာပြီး သင့်ကလေးနှင့် ဆက်သွယ်ပြောဆိုဖို့ အခြားရွေးချယ်စရာ နည်းလမ်းတွေကို စဥ်းစားပါ။

၁။ အော်ဟစ်ရတဲ့ အကြောင်းပြချက်က ထိရောက်မှုမရှိပါဘူး

အော်ဟစ်ရခြင်းအကြောင်းရင်းများစွာ ရှိပါတယ်။ ၎င်းက များသောအားဖြင့် သာမန်စည်းကမ်းအမှားတွေကြောင့်ဖြစ်ပါတယ်။ သင်ကိုယ့်သင်မေးဖို့ အကောင်းဆုံးအရာက သင်အော်ဟစ်လိုက်တဲ့အခါ သင့်ကလေးအပေါ် ဘယ်လောက်အထိအကျိုးသက်ရောက်မှုရှိမလဲဆိုတာပါပဲ။ သင့်ကလေးကို မဆုံးမမီ သင့်အသံကို လျှော့ချဖို့နှင့်စိတ်အေးအေးထားဖို့ အကြောင်းပြချက်အချို့ကို ပြောပြချင်ပါတယ်။

- Advertisement -

၂။ သင်က သင့်ကလေးကို ကျူးကျော်ခြင်းက အဆင်ပြေတယ်လို့ သင်ပြနေခြင်း

သင့်အသံကို အသံကျယ်ကျယ်ဖွင့်ခြင်းက သင့်ကလေးရဲ့ အာရုံစူးစိုက်မှုကို ချက်ချင်းရရှိနိုင်ပါတယ်။ သို့ပေမယ့် သင့်ကလေးကို သင်ကြားပေးနေတဲ့အရာကို စဥ်းစားဖို့အရေးကြီးပါတယ်။ သင်အသံကျယ်ကျယ်ပြောတဲ့အခါ ကျူးကျော်မှုက ဆယ်သွယ်ပြောဆိုဖို့ လက်ခံနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ကြောင်း သင့်ကလေးသိရှိလာနိုင်ပါတယ်။ သင့်ကလေးကို ရိုက်တာက ရိုက်တာဟာ ဆုံးမပဲ့ပြင်တဲ့နည်းကောင်းတစ်ခုလို့ သူမကိုသင်ပေးနေသလိုပါပဲ။ နောက်ပြဿနာတစ်ခုက ပဋိပက္ခဖြစ်တဲ့အခါ အော်ဟစ်တာက လုပ်သင့်တဲ့အရာတစ်ခုလို့ မြင်နေပါလိမ့်မယ်။

၃။ အော်ဟစ်ခြင်းက အချိန်ကြာလာတာနဲ့အမျှ ထိရောက်မှုလျော့ကျလာပါလိမ့်မယ်

တိုတောင်းတဲ့ အချိန်ကာလမှာ ကလေးရဲ့ အာရုံစိုက်မှုကို ရရှိနိုင်တာ ဟုတ်ပါတယ်။ သို့ပေမယ့် သင့်အသံကို တစ်ချိန်လုံးမြှင့်တင်ခြင်းက ကြွေးကြော်ခြင်း (သို့)မြဲမြံစွာ အသံမြည်ခြင်းရဲ့ ထိရောက်မှုကိုမှေးမှိန်စေနိုင်ပါတယ်။ ၎င်းက ဝံပုလွေတစ်ကောင်အမြဲတမ်းငိုနေသူမှင့် ဆင်တူပါတယ်။ နောက်ဆုံးမှာတော့ အဲဒါကို ငြီးငွေ့လာမယ့်အပြင် မကြားသလိုနေတတ်လာပါလိမ့်မယ်။ သင့်အသံကို ပုံမှန်တိုးမြှင့်ခြင်း သင့်ကလေးက သင့်စကားကိုနားမငြီးအောင်ဖန်တီးပါ။

၄။ ၎င်းက လေးစားမှုပျောက်ဆုံးနေတယ်

အမှားလုပ်မိတဲ့အခါ တစ်ခြားသူက သင့်ကိုအော်တဲ့အခါ သင်ဘယ်လိုခံစားရမလဲ။ ရန်ဖြစ်စဥ်အတွင်း သင့်ပါတနာ (သို့) မိတ်ဆွေတစ်ဦးက သင့်ကို ယခုလိုပြောရင် ဘယ်လိုနေမလဲ။ သင့်အနေနဲ့ ခုခံကာကွယ်မှု၊ နာကျင်မှုနှင့် ဒေါသထွက်မှုကို ခံစားရနိုင်ပါသလား။ ဒါမှမဟုတ် သူပြောနေတာကို ပိုပြီး နားထောင်လိုပါသလား။ လူတစ်ဦးက ဘယ်လိုအရာပြောဆိုနေပါစေ ဒီလိုစကားပြောဆိုမှုက အလေးသာမှုရှိပါသလား။ တစ်စုံတစ်ယောက်က သင့်ကို ကြည်ညိုလေးစားစွာ ပြောမယ်ဆိုရင် ထိုလူပြောသည်စကားကိုသာ စဥ်းစားအလေးပေးပါလိမ့်မယ်။

၅။ သင့်ကလေးက ဆုတ်ခွာခြင်း(သို့) ဒေါသထွက်လာလိမ့်မယ်

လူသားတွေက အော်ဟစ်ခြင်းအပေါ် သဘာဝတုံ့ပြန်မှုတွေရှိပါတယ်။ ကျွန်တော်တို့က ဆုတ်ခွာခြင်း (သို့)အမျက်ထွက်ခြင်းကို တုံ့ပြန်ကြတယ်။ သင်အအေးမိသွားတဲ့အခါ သင့်ကလေးထံမှ သင်ရရှိနိုင်မယ့် တုံ့ပြန်မှုများ၊ သင့်ကလေးရဲ့အပြုအမူတွေက မှန်ကန်မှုရှိမရှိကို သင်တုန့်ပြန်ဖို့ စဥ်းစားသင့်ပါတယ်။ သင်တန်ဖိုးရှိမရှိ သင့်ကိုယ်သင်မေးသင့်ပါတယ်။

၆။ သင်က သင့်ကိုယ်ပိုင်စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ကြောင်း ပြသနေတယ်

ငြင်းပယ်မှု၊ စိတ်ပျက်မှုနှင့် မကျေနပ်မှုတွေက မိဘတွေရဲ့ စည်းကမ်းထိန်းသိမ်းရေးလက်နက်ကိရိယာထဲမှာ တော်တော်လေး အင်အားကြီးမားတဲ့ လက်နက်တွေဖြစ်ပါတယ်။ သို့ပေမယ့် အော်ဟစ်ခြင်းက သင့်ကလေးကို သင်မထိန်းချုပ်နိုင်ကြောင်းပြသနေခြင်းဖြစ်ပါတယ်။

၇။ အော်ဟစ်ခြင်းက ကျွန်တော်တို့ထင်တာထက် ပိုအန္တရာယ်များတယ်

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်တွေအရ အော်ဟစ်ခြင်းဟာ ရိုက်တာရိုက်ခြင်းကဲ့သို့ပင် အန္တရာယ်ရှိနိုင်တယ်လို့ဖော်ပြပါတယ်။ သုတေသီတွေက အော်ဟစ်စော်ကားခြင်း၊ ကြမ်းတမ်းစွာ ပြောဆိုခြင်း အပါအဝင်ကြမ်းတမ်းသော နှုတ်ဖြင့် ဆုံးမပဲ့ပြင်ခြင်းက ကလေးတွေကို ရိုက်နှက်ခြင်းလိုပဲ ထိခိုက်နစ်နာစေနိုင်တယ်လို့ Pittburgh တက္ကသိုလ်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မိဘတွေထံမှ ကြမ်းတမ်းသော နှုတ်ဖြင့် ဆုံးမပဲ့ပြင်ခြင်းကို ခံစားရတဲ့ကလေးတွေဟာ လူမှုရေး (သို့) အမူအကျင့်ဆိုင်ရာပြဿနာတွေကို စိတ်ဓာတ်ကျခြင်းတွေကို ပိုမိုကြုံတွေ့ရနိုင်ကြောင်း သူတို့တွေ့ရှိခဲ့ပါတယ်။

#Chit_May_May

#Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here