ကလေးတွေကို ၆လမပြည့်ခင်မှာ ဘာ့ကြောင့် ရေမတိုက်သင့်တာလဲ?

0
617
- Advertisement -

ကလေးတွေ ၆လမပြည့်ခင်ထိ ရေတိုက်သင့်သလား? မတိုက်သင့်ဘူးဆိုတဲ့ အဖြေက သိသာနေရင် ကျွန်တော်တို့ ဒီမေးခွန်းကို မေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် မသိသေးတဲ့ မိခင်တွေရှိပါတယ်။
ရေက သက်ရှိသတ္တဝါအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ကြောင်း လူတိုင်းသိကြပါတယ်။ သို့သော် အသက် ၆လအောက် ကလေးငယ်တွေကို ရေမတိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။ မွေးပြီးပြီးချင်း ကလေးငယ်တွေအတွက် မိခင်နို့ရည်က အခြေခံအာဟာရ အရင်းအမြစ် ဖြစ်ပြီး ၆လမပြည့်ခင်ထိ လပေါင်းများစွာ ဆက်တိုက်ဖို့ လိုပါတယ်။

ဆေးပညာကျွမ်းကျင်သူများက ကလေးငယ်တွေလိုအပ်တဲ့ ရေဓါတ်နှင့် အာဟာရအားလုံးကို မိခင်နို့တိုက်ကျွေးခြင်းမှတဆင့် ထောက်ပံ့ပေးတယ်လို့ ယုံကြည်ကြပါတယ်။ မိခင်နို့မှာ ရေဓါတ်(၈၈) ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် မိခင်နို့ တစ်မျိုးတည်းနဲ့ လုံလောက်ပါတယ်။ သူတို့ကို ဖြည့်စွက်အာဟာရတွေ စကျွေးတဲ့အချိန်မှသာ ရေစတိုက်နိုင်ပါတယ်။

ဘာ့ကြောင့် ကလေးတွေ ၆လမပြည့်ခင်ထိ ရေမသောက်သင့်တာလဲ?

ကလေးတွေကို ၆လမတိုင်ခင်ထိ ရေမတိုက်သင့်တဲ့ အဓိကအကြောင်းရင်းက မလိုအပ်လို့ ဖြစ်ပါတယ်။ တကယ်တော့ သူတို့ကို ရေတိုက်ရင်တောင် သူတို့ငြင်းပယ်နိုင်ပါတယ်။ ကလေးကို ရေသောက်ဖို့ ဖိအားမပေးသင့်ပါဘူး။ ကလေးငယ်တွေ ရေမသောက်ခြင်းက ပုံမှန်ပဲဖြစ်ပါတယ်။ ဆိုးကျိုးမရှိပါဘူး။

မိခင်နို့တိုက်ကျွေးနေတဲ့ ကလေးငယ်တွေဟာ ရေငတ်တယ်လို့ မခံစားရပါဘူး။ကျွမ်းကျင်သူများအဆိုအရ ကလေးငယ်တွေကို ၆လအရွယ်မရောက်ခင်အထိ မိခင်နို့်တိုက်ကျွေးရပါမယ်။ သင့်ကလေးအား ၆လမပြည့်ခင်ထိ တခြားဘာအစားအစာမှ (သို့) အရည်ကိုမှ မပေးသင့်ပါဘူး။ ဒီအချိန်မှာ အာဟာရနှင့် ရေဓါတ်ကို နို့ရည်မှတဆင့် ရရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၆လအောက်ကလေးငယ်တွေကို ရေမတိုက်သင့်တဲ့ အကြောင်းရင်း (၂)ရပ်ကိုဖော်ပြထားပါတယ်။ ပထမအကြောင်းရင်းက သူတို့မလိုအပ်တာကြောင့် ဖြစ်ပြီး ဒုတိယအကြောင်းပြချက်က သူတို့နို့စို့ရာကနေ ရရှိနိုင်တာကြောင့် ဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးကို ရေတိုက်မယ်ဆိုရင် သူမျိုချလိုက်တဲ့ မိခင်နို့ပမာဏကို လျော့နည်းသွားစေနိုင်ပါတယ်။

တစ်ချို့မိဘတွေဟာ ကလေးကို ၆လမပြည့်ခင် ရေတိုက်တာ ပြုလုပ်တတ်ကြပါတယ်။ ဒါက နေမကောင်းဖြစ်ခြင်းနှင့် အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာတွေအပြင် ဆိုးကျိုးများစွာကို ဖြစ်စေနိုင်ပါတယ်။ မလိုအပ်ဘူးဆိုတဲ့ ဗဟုသုတ နည်းပါးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့ဗဟုသုတနည်းပါးတဲ့ မိခင်တွေဆိုရင် လသားကလေးကို ထမင်းကျွေးတာ ပြုလုပ်တာကြောင့် အသက်သေဆုံးရတာတွေ တကယ်ရှိပါတယ်။

တကယ်လို့ ကလေးကို ရေတိုက်ဖို့ လိုအပ်ပါက သတ်မှတ်ချက်အချို့ကို ထည့်စဉ်းစားရပါမယ်။ဥပမာ- ဖလိုရိုဒ်အနည်းငယ်မှ မပါဝင်တဲ့ ရေဖြစ်သင့်ပါတယ်။ ခဲပိုက်တွေကနေလာတဲ့ ရေမဖြစ်သင့်ပါဘူး။ ရေကို ကျိုချက်ပါ၊ အေးသွားတဲ့အထိ စောင့်ပြီးမှ ကလေးကို အနည်းငယ်သာတိုက်ပါ။ တကယ်လို့ ရေပုလင်းနဲ့ တိုက်မယ်ဆိုရင်လည်း ဖရိုရိုက်၊ အိုင်အိုဒင်းနှင့် နိုက်ထရိတ်ပမာဏ အနည်းအများကို စစ်ဆေးရပါမယ်။ ဓါတ်သတ္တုပါဝင်မှု အနိမ့်ဆုံးကိုလည်း စစ်ဆေးသင့်ပါတယ်။ မိခင်တစ်ချို့ကတော့ ရေပုလင်းကို ရေပူနဲ့ ပြုတ်ပြီးမှ သုံးလေ့ရှိပါတယ်။

၆လပြည့်ပြီးတဲ့ ကလေးတစ်ယောက်ကို ဖြည့်စွက်အစားအစာ စကျွေးတဲ့အခါ သူစစားတဲ့ အစားအစာထဲမှလည်း ရေရရှိပါတယ်။ ဟင်းချို၊ ဖျော်ရည်တွေက ကလေးအား လိုအပ်တဲ့ ရေဓါတ်ကို ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် မိခင်နို့လည်း ဆက်တိုက်ပေးရပါမယ်။ ရေတိုက်မယ်ဆိုလည်း အနည်းငယ်သာဖြစ်သင့်ပါတယ်။ ရေအနည်းငယ်က သူစားနေတဲ့ အစားအစာကြောင့်ဖြစ်ပေါ်သော ရေငတ်ပြေစေဖို့ လုံလောက်ပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

Source- youaremom

ကေလးေတြကို ၆လမျပည့္ခင္မွာ ဘာ့ေၾကာင့္ ေရမတိုက္သင့္တာလဲ?
ကေလးေတြ ၆လမျပည့္ခင္ထိ ေရတိုက္သင့္သလား? မတိုက္သင့္ဘူးဆိုတဲ့ အေျဖက သိသာေနရင္ ကြၽန္ေတာ္တို႔ ဒီေမးခြန္းကို ေမးမွာမဟုတ္ပါဘူး။ ဒါေပမယ့္ မသိေသးတဲ့ မိခင္ေတြရွိပါတယ္။
ေရက သက္ရွိသတၱဝါအားလုံးအတြက္ မရွိမျဖစ္လိုအပ္တဲ့အရာျဖစ္ေၾကာင္း လူတိုင္းသိၾကပါတယ္။ သို႔ေသာ္ အသက္ ၆လေအာက္ ကေလးငယ္ေတြကို ေရမတိုက္တာက အေကာင္းဆုံးျဖစ္ပါတယ္။ ေမြးၿပီးၿပီးခ်င္း ကေလးငယ္ေတြအတြက္ မိခင္ႏို႔ရည္က အေျခခံအာဟာရ အရင္းအျမစ္ ျဖစ္ၿပီး ၆လမျပည့္ခင္ထိ လေပါင္းမ်ားစြာ ဆက္တိုက္ဖို႔ လိုပါတယ္။

ေဆးပညာကြၽမ္းက်င္သူမ်ားက ကေလးငယ္ေတြလိုအပ္တဲ့ ေရဓါတ္ႏွင့္ အာဟာရအားလုံးကို မိခင္ႏို႔တိုက္ေကြၽးျခင္းမွတဆင့္ ေထာက္ပံ့ေပးတယ္လို႔ ယုံၾကည္ၾကပါတယ္။ မိခင္ႏို႔မွာ ေရဓါတ္(၈၈) ရာခိုင္ႏႈန္းေက်ာ္ ပါဝင္တာေၾကာင့္ မိခင္ႏို႔ တစ္မ်ိဳးတည္းနဲ႔ လုံေလာက္ပါတယ္။ သူတို႔ကို ျဖည့္စြက္အာဟာရေတြ စေကြၽးတဲ့အခ်ိန္မွသာ ေရစတိုက္ႏိုင္ပါတယ္။

ဘာ့ေၾကာင့္ ကေလးေတြ ၆လမျပည့္ခင္ထိ ေရမေသာက္သင့္တာလဲ?

ကေလးေတြကို ၆လမတိုင္ခင္ထိ ေရမတိုက္သင့္တဲ့ အဓိကအေၾကာင္းရင္းက မလိုအပ္လို႔ ျဖစ္ပါတယ္။ တကယ္ေတာ့ သူတို႔ကို ေရတိုက္ရင္ေတာင္ သူတို႔ျငင္းပယ္ႏိုင္ပါတယ္။ ကေလးကို ေရေသာက္ဖို႔ ဖိအားမေပးသင့္ပါဘူး။ ကေလးငယ္ေတြ ေရမေသာက္ျခင္းက ပုံမွန္ပဲျဖစ္ပါတယ္။ ဆိုးက်ိဳးမရွိပါဘူး။

မိခင္ႏို႔တိုက္ေကြၽးေနတဲ့ ကေလးငယ္ေတြဟာ ေရငတ္တယ္လို႔ မခံစားရပါဘူး။ကြၽမ္းက်င္သူမ်ားအဆိုအရ ကေလးငယ္ေတြကို ၆လအ႐ြယ္မေရာက္ခင္အထိ မိခင္ႏို႔္တိုက္ေကြၽးရပါမယ္။ သင့္ကေလးအား ၆လမျပည့္ခင္ထိ တျခားဘာအစားအစာမွ (သို႔) အရည္ကိုမွ မေပးသင့္ပါဘူး။ ဒီအခ်ိန္မွာ အာဟာရႏွင့္ ေရဓါတ္ကို ႏို႔ရည္မွတဆင့္ ရရွိပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕က ၆လေအာက္ကေလးငယ္ေတြကို ေရမတိုက္သင့္တဲ့ အေၾကာင္းရင္း (၂)ရပ္ကိုေဖာ္ျပထားပါတယ္။ ပထမအေၾကာင္းရင္းက သူတို႔မလိုအပ္တာေၾကာင့္ ျဖစ္ၿပီး ဒုတိယအေၾကာင္းျပခ်က္က သူတို႔ႏို႔စို႔ရာကေန ရရွိႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ တကယ္လို႔ သင့္ကေလးကို ေရတိုက္မယ္ဆိုရင္ သူမ်ိဳခ်လိုက္တဲ့ မိခင္ႏို႔ပမာဏကို ေလ်ာ့နည္းသြားေစႏိုင္ပါတယ္။

တစ္ခ်ိဳ႕မိဘေတြဟာ ကေလးကို ၆လမျပည့္ခင္ ေရတိုက္တာ ျပဳလုပ္တတ္ၾကပါတယ္။ ဒါက ေနမေကာင္းျဖစ္ျခင္းႏွင့္ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း ျပႆနာေတြအျပင္ ဆိုးက်ိဳးမ်ားစြာကို ျဖစ္ေစႏိုင္ပါတယ္။ မလိုအပ္ဘူးဆိုတဲ့ ဗဟုသုတ နည္းပါးတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ တစ္ခ်ိဳ႕ဗဟုသုတနည္းပါးတဲ့ မိခင္ေတြဆိုရင္ လသားကေလးကို ထမင္းေကြၽးတာ ျပဳလုပ္တာေၾကာင့္ အသက္ေသဆုံးရတာေတြ တကယ္ရွိပါတယ္။

တကယ္လို႔ ကေလးကို ေရတိုက္ဖို႔ လိုအပ္ပါက သတ္မွတ္ခ်က္အခ်ိဳ႕ကို ထည့္စဥ္းစားရပါမယ္။ဥပမာ- ဖလို႐ိုဒ္အနည္းငယ္မွ မပါဝင္တဲ့ ေရျဖစ္သင့္ပါတယ္။ ခဲပိုက္ေတြကေနလာတဲ့ ေရမျဖစ္သင့္ပါဘူး။ ေရကို က်ိဳခ်က္ပါ၊ ေအးသြားတဲ့အထိ ေစာင့္ၿပီးမွ ကေလးကို အနည္းငယ္သာတိုက္ပါ။ တကယ္လို႔ ေရပုလင္းနဲ႔ တိုက္မယ္ဆိုရင္လည္း ဖ႐ို႐ိုက္၊ အိုင္အိုဒင္းႏွင့္ ႏိုက္ထရိတ္ပမာဏ အနည္းအမ်ားကို စစ္ေဆးရပါမယ္။ ဓါတ္သတၱဳပါဝင္မႈ အနိမ့္ဆုံးကိုလည္း စစ္ေဆးသင့္ပါတယ္။ မိခင္တစ္ခ်ိဳ႕ကေတာ့ ေရပုလင္းကို ေရပူနဲ႔ ျပဳတ္ၿပီးမွ သုံးေလ့ရွိပါတယ္။

၆လျပည့္ၿပီးတဲ့ ကေလးတစ္ေယာက္ကို ျဖည့္စြက္အစားအစာ စေကြၽးတဲ့အခါ သူစစားတဲ့ အစားအစာထဲမွလည္း ေရရရွိပါတယ္။ ဟင္းခ်ိဳ၊ ေဖ်ာ္ရည္ေတြက ကေလးအား လိုအပ္တဲ့ ေရဓါတ္ကို ထိန္းသိမ္းေပးပါတယ္။ ဒါ့အျပင္ မိခင္ႏို႔လည္း ဆက္တိုက္ေပးရပါမယ္။ ေရတိုက္မယ္ဆိုလည္း အနည္းငယ္သာျဖစ္သင့္ပါတယ္။ ေရအနည္းငယ္က သူစားေနတဲ့ အစားအစာေၾကာင့္ျဖစ္ေပၚေသာ ေရငတ္ေျပေစဖို႔ လုံေလာက္ပါလိမ့္မယ္။

Lifestyle_Myanmar

LM_Nandar

Source- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here