ကလေးတွေကျောင်းမနေခင်အရွယ်မှာ မိဘတွေ ပြုစုပျိုးထောင်ပေးတဲ့ အလေ့အကျင့်များ

0
1035
- Advertisement -

ကလေးတွေကျောင်းစနေတဲ့အချိန်ဟာတော်တော်လေးအရေးကြီးတဲ့အချိန်လို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအချိန်ဆိုတာ ကလေးတွေအတွက် အတွေ့အကြုံသစ်တွေ အထူးသဖြင့် စိတ်လှုပ်ရှားစရာတွေနဲ့ စိန်ခေါ်မှုအသစ်တွေကို သူတို့ကြုံ တွေ့ရမှာမို့ပါ။ ကလေးတွေဟာ ဒီအချိန်မှာ စိတ်ခံစားမှုအသစ်တွေများစွာကို စတင်ခံစားရတော့မှာဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ သူတို့လေးတွေကျောင်းမနေခင်မှာတည်းက ဒီအလေ့အကျင့်တွေ ကစားနည်းတွေကို ပြုစုပျိူးထောင်ပေးသင့်ပါတယ်.

အနုပညာတခုခုကိုအတူတူလုပ်ပေးခြင်း

ဆိုကြပါစို့ ပန်းချီဆွဲတာမျိုး နဲ့ ပုံဆွဲတာမျိုးကိုကလေးနဲ့အတူလုပ်ပေးပါ။ ဒါဟာ တချိန်ကြုံတွေ့ရနိုင်တဲ့ စိတ်ပျက်မှုနဲ့ ဝမ်းနည်းမှုတွေကို အကောင်းဆုံးထိန်းကျောင်းနိုင်မယ့်နည်းဖြစ်သလို စိတ်ငြိမ်သက် တည်ကြည်မှုကို ရနိုင်တဲ့နည်းလည်းဖြစ်ပါတယ်။

သီချင်းဖွင့်ပီးပျော်စရာကစားနည်းတခုခုကစားခြင်း

ဥပမာ သီချင်းတေးသွားနဲ့အညီ ကခုန်တာ သီချင်းတွေကို အတူတူဖန်တီးကြတာ ဒါမှမဟုတ် တူရိယာတခုခုကိုတီးမှုတ်ဖို့ သင် ကြားတာ။ ဒါမျိုးကဦးနှောက်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်စေပြီး တီထွင်ဖန်တီးမှုနဲ့ လေးနက်တဲ့ စိတ်ခံစားမှု အတွေ့အကြုံကိုပေးပါတယ်။

အပြင်သွားပီးကစားခြင်း

ပန်းခြံတစ်ခုခုကိုသွားပီး လိုက်တမ်းပြေးတာကစားတာ ဘောလုံးပစ်တမ်းကစားတာ ဂေါက်သီးရိုက်တာ ဘောလုံးကန်တာ ကြက်တောင်ရိုက်တာ စတာတွေအတူကစားပေးပါ။ ဒါတွေက အလေ့အကျင့်ဖြစ်သွားရင် စိတ်ဖိစီးမှုတွေကို စေပီး ကျန်းမာဖျတ်လတ်နေစေပါတ ယ်။ ဒီကစားနည်းတွေမှာ အရှုံးအနိုင်တွေပါတဲ့အတွက် အရှုံးတွေ အနိုင်တွေဆိုတာ သူတို့နဲ့မစိမ်းတော့ပဲ တချိန်မှာ အတွေ့ အကြုံအဖြစ်သူတို့ ပြန်သုံးနိုင်ပါတယ်။

သုတရသပုံပြင်များဖတ်ပြခြင်း

အတွေးအခေါပုံပြင်တွေနဲ့ရသပုံပြင်တွေကိုဖတ်ပြတာ ပိုကောင်းပါတယ်။ ဒါတွေက သင့်ကလေးကို အတွေးအသစ်တွေနဲ့ စဉ် းစားတွေးခေါ်မှုကို ပိုတိုးတက်စေနိုင်မှာဖြစ်ပါတယ်။ ဒါတွေကို ကျောင်းမနေခင် ဘာကြောင့်လုပ်ဖို့လိုအပ်လဲဆိုတာကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း ကျောင်းနေတဲ့ အချိန်တွေမှာ သူတို့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် ၃ ပုံ ၁ ပုံလောက်ပြင်ဆင်ထားခြင်းပဲဖြစ်ပါတယ်။ ကဲ..ဒီလောက်ဆို သားသားမီးမီးလေးတွေကျောင်းမနေခင် အချိန်တည်းက မိဘတွေကြိုပီး ကူညီလို့ရနိုင်တာလေးတွေသိလောက်ပီထင်ပါတယ်နော်..

#Chit_May_May

#Mg_Htet

REF_Raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here