Home Parenting Mom and Baby ကလေးတွေက သူတို့မိဘတွေရဲ့ ရောင်ပြန်ဟပ်မှုဆိုတာ တကယ်ပဲလား?

ကလေးတွေက သူတို့မိဘတွေရဲ့ ရောင်ပြန်ဟပ်မှုဆိုတာ တကယ်ပဲလား?

0
ကလေးတွေက သူတို့မိဘတွေရဲ့ ရောင်ပြန်ဟပ်မှုဆိုတာ တကယ်ပဲလား?

” ကလေးတွေက သူတို့မိဘတွေရဲ့ ရောင်ပြန်ဟပ်မှု ဖြစ်တယ်” ဆိုတဲ့စကားအတွက် သင်စိုးရိမ်နိုင်ပါတယ်။ တကယ်တော့ သင့်ကလေးတွေက ရေမြှုပ်တွေလိုပါပဲ၊ သူတို့မြင်သမျှ၊ ကြားသမျှကို စုပ်ယူတတ်ကြပါတယ်။ ဒါ့ကြောင့် အိမ်မှာဖြစ်ပျက်သမျှအရာအားလုံးက သူတို့ရဲ့ ကြီးပြင်းလာမှုနဲ့ အပြုအမှုတို့ကို အကျိုးပြုဖို့ အရေးကြီးပါတယ်။

မိဘတစ်ဦးဖြစ်ခြင်းက တကယ့်စိန်ခေါ်မှုတစ်ခု ဖြစ်တာကြောင့် သင်ဟာ ကိုယ့်အချိန်ကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရုံသာမက ကိုယ်ပြောတဲ့၊ လုပ်တဲ့အရာတွေနှင့်အညီ လိုက်လျောညီထွေရှိဖို့ လိုအပ်ပါတယ်။ သင်သတိမထားမိရင်တောင် သင့်ကလေးတွေက သင့်လုပ်ရပ်တွေကို အမြဲစောင့်ကြည့်နေပြီး အတုယူနေပါတယ်။

ဟုတ်ပါတယ်၊ ကလေးတွေက သူတို့မိဘတွေလို ဖြစ်ချင်ကြပါတယ်။ ဒါ့ကြောင့် စံနမူနာကောင်းပြခြင်းက ကလေးတွေအား တန်ဖိုးတွေနဲ့ အခြေခံမှုတွေ သင်ကြားပေးဖို့ သော့ချက်ဖြစ်ပါတယ်။ မေမေတို့ကလေးတွေဟာ မေမေတို့ရဲ့ အမှုအရာ၊ အပြုအမှု၊ အပြောအဆိုနဲ့ အခြားသူတွေအား ဆက်ဆံပုံကိုတောင် မသိစိတ်ဖြင့် တုပကြပါတယ်။ ဒါက မေမေတို့ကြားမှာ စိတ်ပိုင်းဆိုင်ရာ နှောင်ကြိုးရှိတယ်ဆိုတဲ့ ရိုးရှင်းသော အချက်ကနေ လာတာပါ။

သားသမီးတွေက မိဘတွေရဲ့ ရောင်ပြန်ဟပ်မှုဖြစ်ရင် အဲဒါကို ဘယ်လိုကောင်းအောင်လုပ်နိုင်မလဲ?

၁။ အိမ်မှာ ယုံကြည်မှုနဲ့ ပွင့်လင်းတဲ့ ပြောဆိုဆက်ဆံရေး အငွေ့အသက်ကို ဖန်တီးပါ

ပြောဆိုဆက်ဆံရေးက မိသားစုမှာ အရေးကြီးပါတယ်။ ၎င်းက မိသားစုဝင်တွေကြားမှာ မပြိုကွဲနိုင်သော သံယောဇဉ်တွေကို ဖြစ်ပေါ်စေတဲ့ လုံခြုံမှုနဲ့ တန်ဖိုးတွေကို မြှင့်တင်ပေးတဲ့ ယုံကြည်မှုအငွေ့အသက်ကို ဖန်တီးပေးပါတယ်။

၂။ ကျန်းမာသော လူနေမှုပုံစံနဲ့ နေထိုင်ပါ

သားသမီးတွေက မိဘတွေရဲ့ ရောင်ပြန်ဟပ်မှုတွေ ဖြစ်တာကို သင်သိပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးငယ်တွေကို ကျန်းမာတဲ့ လူနေမှုပုံစံကို လိုက်လျှောက်စေချင်တယ်ဆိုရင် သင်ကိုယ်တိုင် စတင်ရပါမယ်။ သင့်ကလေးငယ်တွေကို လေ့ကျင့်ခန်းလုပ်ပြီး အသီးအရွက်စားစေချင်ရင် ရှေ့ကဦးဆောင်ပြီး နမူနာပြပါ။

ဥပမာတစ်ခုက စကားလုံးပေါင်း ထောင်ကျော်တန်တယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဒါကို သင့်နေ့စဉ်ဘဝမှာ အသုံးချပါ။ ဘာ့ကြောင့် ဒီလိုလုပ်ရမယ်ဆိုတဲ့အကြောင်း နေ့တိုင်း မပြောပါနဲ့။ သူတို့နှင့်အတူလုပ်ပါ။

၃။ အော်ဟစ်ခြင်းကို ရှောင်ပါ

အမေတစ်ယောက်ရဲ့အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့ ဘယ်လောက်ခက်တယ်ဆိုတာ သိပါတယ်။ အမြဲတမ်း စိတ်ရှည်သည်းခံနေနိုင်ဖို့က စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါပေမယ့်လည်း ကိုယ် စိတ်ဖိစီးနေချိန် (သို့) စိတ်ပျက်နေချိန်မှာ ကလေးတွေ (သို့) မိသားစုဝင်တွေကို အောင်ဟစ်ခြင်းမှ ရှောင်ကြဉ်ပါ။ သင်အော်ဟစ်ရင် သင့်ကလေးတွေက လက်ခံနိုင်တဲ့ အပြုအမှုလို့ ထင်ပါလိမ့်မယ်။ ‘မေမေလည်း ဒီလိုလုပ်တာပဲ’လို့ ပြောတဲ့အခါ သင်တုံ့ပြန်နိုင်မှာ မဟုတ်ပါဘူး။

၄။ ရိုးသားမှုကို အားပေးပါ

သားသမီးတွေကို မလိမ်စေချင်ရင် သင်လည်း မလိမ်ပါနဲ့၊ ဆင်ခြေမပေးပါနဲ့ ၊ ကတိတွေ တည်ပေးပါ။ ဒါက သူတို့မှာ ရိုးသားမှုကို တိုးပွားစေရုံသာမက သူတို့ရဲ့ စကားအတွက်လည်း တာဝန်ယူတတ်လာမှာ ဖြစ်ပါတယ်။

၅။ အကြမ်းဖက်တာကို ရှောင်ပါ

အကျင့်ဆိုးတွေဆိုတာ ကလေးတွေ အမြန်ဆုံးသင်ယူနိုင်တဲ့ အရာတွေပါ။ အကြမ်းဖက်မှုကို သင်ကြားရေးနည်းလမ်းအဖြစ် မသုံးပါနဲ့။ မလုပ်သင့်တာ တစ်ခုခုလုပ်ရင် သူတို့လုပ်ခဲ့တာတွေက မမှန်ဘူးဆိုတာ ရှင်းပြပါ။ ကလေးတွေကို ရိုက်နှက်တာမျိုး ရှောင်ကြဉ်ရင် သူတို့ဟာ ရန်လိုသူအဖြစ် ကြီးပြင်းလာဖို့ အလားအလာနည်းပါတယ်။ ဒီထက်ပိုပြီး သင်ဟာ အကြမ်းဖက်မှုကို မသုံးဘဲ ပဋိပက္ခကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို သင်ပေးပါလိမ့်မယ်၊။

ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုအနေနဲ့ ပြောဆိုဆက်ဆံရေးကို အားပေးတယ်ဆိုရင် မတူညီတဲ့ ရှုထောင့်ကနေ မြင်နိုင်တဲ့ စိတ်ရှည်သည်းခံသူတစ်ယောက်အဖြစ် ပျိုးထောင်ပေးပါလိမ့်မယ်။

၆။ လေးစားပါ ၊ လေးစားခံရသူဖြစ်ပါ

သင့်ပတ်ဝန်းကျင်ရှိသူတွေကို ကောင်းမွန်စွာ ဆက်ဆံပါ၊ သူတို့ကို ဝေဖန်ပြစ်တင်တာမျိုး (သို့) တံဆိပ်တပ်တာမျိုး ရှောင်ကြဉ်ပါ။ ထိုသိုပြုလုပ်ခြင်းဖြင့် သင့်ကလေးတွေကို အခြားသူတွေရဲ့တန်ဖိုးနဲ့ လေးစားမှုဖြင့် ပေါင်းသင်းဆက်ဆံရေးကောင်းတွေ ဘယ်လိုဖန်တီးကြောင်း သိမြင်လာစေအောင် သင်ကြားပေးမှာ ဖြစ်ပါတယ်။

၇။ သင်လိုချင်တဲ့အရာအတွက် တိုက်ပွဲဝင်ပါ

မိခင်တစ်ယောက်ဖြစ်ဖို့ဆိုတာ သင့်အိပ်မက်တွေနဲ့ ဆန္ဒတွေကို စွန့်လွှတ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်လိုချင်တာကို ပြီးမြောက်ဖို့ နေ့တိုင်း ကြံ့ခိုင်ပါ။ ကြံ့ခိုင်မှုက သင့်အား အမျိုးသမီးတစ်ဦးအနေဖြင့် ဖြည့်ဆည်းပေးရုံသာမက မိသားစုတစ်ခုလုံးအတွက် ခွန်အားနဲ့ စေတနာထားမှုရဲ့ စံနမူနာတစ်ခုလည်း ဖြစ်ပါလိမ့်မယ်။

၈။ ပျော်ရွင်ပါစေ

သေချာတာပေါ့၊ သင့်အနားမှာ ကလေးတွေရှိတာထက် သင့်ကို ပျော်ရွှင်စေမယ့်အရာ ဘာတစ်ခုမှ မရှိပါဘူး။ သူတို့ကို ပွေ့ဖက်၊ နမ်းရှုံ့ပြီး သူတို့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြခြင်းဖြင့် သူတို့က သင့်ကို အရမ်းပျော်ရွင်စေကြောင်း ပြသပါ။ သူတို့ကို ပိုင်ဆိုင်ရတာ ဘယ်လောက်ကံကောင်းကြောင်း ပြောပြပါ။

အချစ်တွေ ပေးရင် အချစ်ပြန်ရပါလိမ့်မယ်။ မေမေတို့ရဲ့ သားသမီးတွေက မေမေတို့ ပေးခဲ့တဲ့ ပွေ့ဖက်မှု၊ အနမ်းတွေ၊ ကြင်နာမှုတွေအားလုံးကို စိတ်နှလုံး အကြွင်းမဲ့ ပြန်ပေးပါလိမ့်မယ်။ သင်ပျော်ရုံသာမက အားလုံး အတူတူပျော်နေမယ်ဆိုရင် ပိုတောင်ကောင်းပါတယ်။

၉။ အမှားလုပ်မိမှာ မကြောက်ပါနဲ့

တစ်ခါတစ်ရံ အမှားတွေ လုပ်မိမှာ သေချာပါတယ်။ သို့သော် သင့်အမှားတွေကို သင်ပြင်ပေးလိုက်ရလို့ သင်ကျရှုံးခဲ့တယ်လို့ မဆိုလိုပါဘူး။ သင့်ကလေးတွေက သင့်အမှားတွေကို အသိအမှတ်ပြုနိုင်၊ သင်ယူနိုင်ပြီး သူတို့လည်း အတုယူရမယ့် သတ္တိရှိမှုကို မြင်တွေ့ရမှာပါ။

ဟုတ်ပါတယ်။ ကလေးတွေဟာ သူတို့မိဘတွေရဲ့ ရောင်ပြန်ဟပ်မှုပါပဲ… ဒါ့ကြောင့် သူတို့ကိုယ်သူတို့ ကြည့်နိုင်ပြီး သူတို့မြင်တာကို ဂုဏ်ယူနိုင်အောင် သူတို့ရဲ့ ကြည့်မှန်ဖြစ်ပေးပါ။

Chit_MayMay

Nandar

Source-steptohealth.c

LEAVE A REPLY

Please enter your comment!
Please enter your name here