ကလေးတွေသူတို့ရဲ့အမေတွေအနီးနားမှာ လိုက်လျောညီထွေဖြစ်အောင် ပြုမူနေထိုင်လေ့မရှိဘူးဆိုတာ အားလုံးနီးပါးသိပြီးသားဖြစ်ပါတယ်။ ဒါဟာ ဘယ်ကြောင့်ဒီလိုဖြစ်ရတာလဲ။ ဒီအတွက် သိပ္ပံနည်းကျအကြောင်းပြချက်တွေရှိပါသလား။ တကယ်တော့ ဒါဟာ သင့်စိတ်ကူးစိတ်သန်းရဲ့ ရလဒ်တစ်ခုမဟုတ်ပါဘူး။ တကယ်တော့ ဒီခေါင်းစဥ်ကို နက်နက်နဲနဲနက်နက်ရှိုင်းရှိုင်းလေ့လာနိုင်တဲ့ သုတေသနတွေရှိပါတယ်။ လူတွေ (အထူးသဖြင့် မိခင်တွေ) ဒီဖြစ်စဥ်ကို ပိုမိုနားလည်နိုင်ဖို့ဖြစ်ပါတယ်။
မိခင်တစ်ယောက်အနေနဲ့ သင့်ကလေးရဲ့စိတ်ကို ဘယ်လိုကောင်းကောင်းအလုပ်လုပ်တယ်ဆိုတာ ပိုမိုနားလည်နိုင်ဖို့ အရေးကြီးပါတယ်။ သင်နှင့်အတူတူအခန်းထဲမှာရှိနေတဲ့အခါ သင့်ကလေးက အဆတစ်သန်းမျှ ပိုဆိုးတယ်လို့ ဘာကြာင့်ထင်ရတာပါလဲ။

ပျော်ရွှင်သောအိမ်ပတ်ဝန်းကျင်မှာ ကလေးတစ်ယောက်ကြီးပြင်းလာတာနှင့်အမျှ အိမ်ဆိုတာ အမြဲရှင်သန်ဖို့အကောင်းဆုံးနေရာတစ်ခုအဖြစ် ကလေးမှတ်ယူကြပါတယ်။ သူတို့က အိမ်ထောင်စုဆိုတာ ဘေးကင်းလုံခြုံရာနေရာအဖြစ် သတ်မှတ်ကောင်းသတ်မှတ်နိုင်ပါတယ်။
တကယ်တော့ ဒီကလေးတွေဟာ မကောင်းတဲ့အပြုအမူတွေနဲ့ ပတ်သက်ပြီးတော့ ဂယက်ရိုက်ခတ်မှုတွေရှိနေနိုင်တယ်ဆိုတာ သူတို့သိပါတယ်။ ဧည့်ခန်းကြမ်းပြင်တစ်ဝိုက်မှာ ကစားစရာတွေကို ပြန့်ကျဲနေအောင် ထားမယ်ဆိုရင် သူတို့အပြစ်တင်မဆုံးခံရနိုင်တယ်ဆိုတာ သိပါတယ်။ မွေးချင်းတစ်ဦးကို ကာယရေးနဲ့ ထိခိုက်စေခြင်းက မိဘတွေထံမှ ဆူပူခံရနိုင်တာကိုလည်း သူတို့နားလည်ကောင်းနားလည်ပါလိမ့်မယ်။

သို့ပေမယ့် ဒီအရာတွေကြားက ကလေးတစ်ဦးက အိမ်တစ်လုံးက လုံခြုံစိတ်ချရသော ခံစားခွင့်ရှိသောနေရာတစ်ခုဖြစ်ကြောင်း အမြဲတမ်းသိနေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သင်က သူတို့ကိုချစ်မြတ်နိုးနေမယ်ဆိုတာ သူတို့အမြဲသိကြပါလိမ့်မယ်။
ဒါ့ကြောင့်လည်း ကလေးတစ်ယောက်ဟာ သင့်ပတ်ဝန်းကျင်မှာ မတော်မတရားပြုကြတာဖြစ်ပါတယ်။ သူတို့က လုံခြုံမှုကို ပိုခံစားရပြီးတဲ့နောက်ပိုင်း ကြောက်ရွှံ့မှုဆိုတာ အရေးမပါတော့ဘူး။ ဥပမာအားဖြင့် ကလေးတစ်ဦးကို ကျောင်းရောက်နေတဲ့အခါ ပုံမှန်အခြေအနေလိုမျိုး၊ အကျွမ်းတဝင်မရှိတဲ့နေရာတွေကို လက်ခံနိုင်ဖို့ သူတို့ရဲ့စိတ်မရှည်မှုတွေကို နှိမ်နင်းဖို့ အတတ်နိုင်ဆုံးကြိုးစားပါလိမ့်မယ်။ ရိုးရိုးရှင်းရှင်းပြောရရင် သူတို့အတန်းဖော်တွေ၊ ဆရာတွေလို လူတွေဆီက မှားယွင်းတဲ့တုံ့ပြန်မှုတွေကို ခံနိုင်ဖို့ အတတ်နိုင်ဆုံံးကြိုးစားကြပါတယ်။

ဒီလိုဝန်းကျင်ကို လက်ခံနိုင်ဖို့ သူတို့ကြိုစားလုပ်ဆောင်ရမယ်ဆိုတာ သူတို့သိကြပါတယ်။ လူမှုရေးပတ်ဝန်းကျင်အမျိုးမျိုးမှာ နေထိုင်ဖို့ (သို့) စွန့်ပစ်ခံရမယ့်သူဖြစ်မယ်ဆိုရင် ၎င်းတို့ဖြည့်ဆည်းဖို့လိုအပ်တဲ့ မျှော်လင့်ချက်တစ်ချို့ရှိနေတယ်ဆိုတာ ကလေးတွေက နားလည်ကြပါတယ်။ ဒါပေမယ့် သူတို့အိမ်ပြန်ရောက်တဲ့အခါ သူတို့အိမ်ဆိုတာ သူတို့အတွက်အမြဲရှိနေတယ်ဆိုတာ သူတို့သိကြတယ်။ ရှည်လျားသောအချိန်ကာလတစ်ခုအတွင်း သူတို့ရဲ့လှုံ့ဆော်မှုတွေကို ထိန်းချုပ်ဖို့အတွက် တကယ့်ကြီးမားသောစိန်ခေါ်မှုတွေဖြစ်ပါတယ်။

သို့ပေမယ့် သူတို့က သင့်အနီးအနားရှိနေတဲ့အချိန်မှာ သူတို့ကဒီတွန်းအားတွေကို ထိန်းချုပ်ဖို့မလိုအပ်တော့ဘူး။ သူတို့ဘယ်လိုပြုမူရမယ်ဆိုတာ အမှန်တကယ်ဘယ်သူတွေဖြစ်တယ်ဆိုတာ လက်ခံဖို့ သင့်ကို ယုံကြည်စေချင်တာဖြစ်ပါတယ်။ သူတို့ရဲ့ မပြည့်စုံမှုတွေကို ထွန်းလင်းစေနိုင်တဲ့ သင်က သူတို့ကိုချစ်နေတုန်းပဲဆိုတာ သူတို့ယုံကြည်ကြတာဖြစ်ပါတယ်။
သူတို့မိခင်တွေကို မြင်တဲ့အခါ ကလေးတွေက အနည်းငယ်အနားယူနိုင်ပါလိမ့်မယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ များများစားစားထိန်းချုပ်ဖို့လိုတယ်လို့ မခံစားရတော့ဘူး။ သူတို့ရဲ့ စိတ်ဆန္ဒတွေ၊ သူတို့ကိုစိတ်ဆိုးနေရင်တောင် သင်တို့ကို ချစ်နေဆဲပါ။ သူတို့က များသောအားဖြင့် ဒီအချက်မှာ လုံးဝသေချာပါတယ်။

ဒါကြောင့် ဒီအခြေအနေတွေကို ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သိချင်တယ်ဆိုရင် လိုက်နာပါ။ သူတို့ကိုခဏထားပါ။ သူတို့ကို လွှတ်ပေးရေးပုံစံတစ်ခုကို သူတို့ကိုခွင့်ပြုပါ။ ၎င်းတို့က အိမ်အပြင်ဘက်ရှိတိုင်း သူတို့ကိုယ်တိုင်ဖိအားပေးမှုကို သက်သာစေပါတယ်။ ကလေးတွေက ၎င်းတို့ပတ်ဝန်းကျင်ကို အမြဲချိန်ညှိတတ်ပါတယ်။ ကိုယ့်ကိုယ်ကို သတိပေးပါ။ သင့်ကလေးကို သူတို့အမှန်တကယ်တည်ရှိမှုအတွက် အားပေးခြင်းအားဖြင့် သင်မှန်တာကိုလုပ်နေတယ်ဆိုတာ သတိရပါ။ သို့ပေမယ့်လည်း မျက်နှာထားတင်းတင်းနှင့် စည်းကမ်းသတ်မှတ်ထားတဲ့အနေအထားမျိုးနဲ့ နေထိုင်ဖို့ သေချာပါစေ။

သင့်အနေနဲ့ သင့်ကလေးက သင့်အပေါ်မှာ ”ခွေးလေးခင်လျှင် ပါးလျက်နားလျက်ဆိုတာမျိုး”ဖြစ်စေချင်မှာမဟုတ်ပါဘူး။ တကယ်တော့ ဒါဟာရပိုခွင့်အခွင့်အရေးတစ်ခုရဲ့ မှားယွင်းတဲ့အဓိပ္ပာယ်ကို ဖြစ်ပေါ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ မိဘအုပ်ထိန်းရခက်ခဲပါလိမ့်မယ်။ သို့ပေမယ့် သင့်မှာစောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်။ ဒါဟာ အမြဲတမ်းသင်ယူမှုဖြစ်စဥ်တစ်ခုဖြစ်ပြီးတော့ သင်ထင်ထားတဲ့ ပိုမိုလွယ်ကူတဲ့အရာတွေထက် ပိုဆိုးပါလိမ့်မယ်။
Chit_May_May
Nyein_Thu
Ref-rerules