လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်းပဲ တချို့ကလေးတွေက လူအများနဲ့ပေါင်းသင်းဆက်ဆံရတာ ကြိုက်ကြပါတယ်။ တချိူ့ကလေးတွေကျတောာ့ တစ်ယောက်တည်းနေရတာကို နှစ်သက်တတ်ကြပါတယ်။ ဒါကို မိဘတွေ စိတ်ထဲမှာ ကလေးကတခုခုချို့တဲ့နေတာလား စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုနည်းတာလား ထင်ပြီး အတင်းအကြပ်ပြောင်းလဲတတ်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲ့ဒီလို အတင်းအကြပ်ပြောင်းလဲ သင့်မသင့် ဆွေးနွေးသွားပါ့မယ်
သင့်ကလေးစရိုက်ကိုကြည့်ပါ.

.သင့်ကလေးက တစ်ယောက်တည်း အနေများတယ် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ မကြိုက်ဘူးဆို INTROVERTSတစ်ယောက်ဖြစ်နေနိုင်ပါတယ်။ INTROVERTSဆိုတာ တယောက်တည်း တကိုယ်တော် ပရော်ဖက်ရှင်နယ်နယ်နေတတ်သူတွေ စိတ်စွမ်းအားကို အတွင်းကရသူမျိုးတွေပါ။
သူတို့တွေ လူတွေနဲ့ပေါင်းသင်းဆက်ဆံရမှာ မကြိုက်ကြပါဘူး။ သူတို့ ဗီဇအရကို သွေးထဲကဖြစ်နေတာမျိုးမို့ပါ။ INTRO VERTSတွေက များသောအားဖြင့် သိပ္ပံပညာရှင်တွေ နည်းပညာရှင်တွေဖြစ်တတ်ပါတယ်။ သူတို့ကို အတင်း ပြောင်းလဲဖို့ ကြိုးစားရင် သူတို့ရဲ့ ပင်ကိုယ် အရည်အချင်းပျောက်သွားတတ်ပြီး ပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် INTROVERTSတွေက ဘယ်လိုပုံစံရှိလဲဆိုတာ ကြည့်ပါ။ ပံပိုးပေးပါ။INTROVERTSတွေက များသောအားဖြင့် လုအုပ်ကြီးကို ရှောင်ကြပါတယ်၊ နက်နက်နဲနဲတွေးတဲ့သူတွေဖြစ်နေတတ်ပါတယ်။
ဘုရားကပေးတဲ့ ပါရမီရှင်

တချို့တွေကျတော့ ပါရမီရှင်ကလေးတွေ ဖြစ်နေတတ်ပါတယ်။ သူတို့က ဿမန်နဲ့ မတူတဲ့ သီးခြားပုံစံနေတတ်တာပါ။ သူတို့ကို အတင်း ပြုပြင် ပြောင်းလဲလို့မရပါဘူး။ ပြောင်းလဲလိုက်ရင် သူတို့လမ်းကြောင်းမှားသွားတတ်ပါတယ်. သူတို့က စူးစမ်းမယ်။ နက်နက်နဲနဲတွေးမယ်။ သူတို့ထက် ငယ်တာတွေနနဲ့ မပေါင်းဘူး။ လူကြီးတွေ နဲ့ပေါင်းရတာ ကြိုက်တယ်။ အဲ့ဒီလို ပုံစံမျိုးပါ။
ချို့ယွင်းနေတဲကလေးတွေ

မိဘတွေအနေနဲ့ ပြောင်းလဲရမှာ အရာရာကို ရှက်ကြောက်နေတော ဿမန်ထက် လွန်ကဲနေတာမျိုးကလေးတွေဆို ပြောင်းလဲပေးရပါ့မယ်။ သူတို့နဲ့ အတူကစားပေးတာ။ အပေါင်းအသင်းတွေနဲ့ အပြင်ကို ခေါ်သွားတာမျိုးတွေလုပ်ရပါတယ်။ သူတို့ကစိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေဖြစ်နေတတ်လို့ သူတို့ကို အပြစ်တင်တာ ရှုတ်ချတာမျိုးတွေ မလုပ်တာ အကောင်းဆုံးပါပဲ။ကဲ..ဒီတော့ ကလေးတစ်ယောက်က တခြားကလေးတွေနဲ့ မတူတိုင်း ချို့တဲ့နေတာမဟုတ်ဘူးဆိုတာ သိလောက်ပီထင်ပါတယ်။ သူတို့က ထူးခြားနေတာပါ။ သူတို့ကို ပံပိုးပေးပါ။ အတင်းအကြပ် မပြောင်းလဲခိုင်းပါနဲ့။
#Chit_May_May
#Mg_Htet
REF_Power of Possitivity