တစ်ယောက်တည်း ကိုယ့်ကိုယ်ကိုယ်စကားပြောနေတဲ့ကလေးတွေဟာ တစ်ချို့သောရောဂါတွေကို ခံစားနေကြရတယ်လို့ ဆိုကြပါတယ်။ မကြာခဏဆိုသလို စိတ်ပျက်လက်ပျက်ဖြစ်နေတတ်ပြီး သူတို့ဟာ တစ်ခုခုဖြစ်ပျက်ခဲ့ဖူးသလိုမျိုး မကြာခဏပြောဆိုလေ့ရှိကြပါတယ်။
သို့ပေမယ့် တကယ့်လက်တွေ့ကတော့ အဲသလိုမဟုတ်ပါဘူး။ လုံးဝကွဲပြားပါတယ်။ သူတို့ဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းမွန်ရုံသာမကဘဲ အလွန်ကောင်းမွန်သော ဉာဏ်ရည်ဉာဏ်စွမ်းတွေရှိကြသူတွေပါ။ စိတ်ပညာရှင် Luis Rojas Marcos ရဲ့ လေ့လာမှုတွေအရ မိမိကိုယ်ကိုယ်စကားပြောခြင်းနှင့် ကျယ်ကျယ်လောင်လောင်ထုတ်ဖော်ပြောဆိုခြင်းက အတွေးတွေကို ပိုမိုတိကျမှန်ကန်စေဖို့ ကူညီပေးပါတယ်တဲ့။ တစ်နည်းအားဖြင့် စဉ်းစားခြင်းကို ကူညီပေးခြင်းပါ။ ဒီလိုနည်းနဲ့ ဆုံးဖြတ်ချက်တွေဟာ ပိုမိုထိရောက်နိုင်ပါတယ်။ အတွေးတွေကို အစီအစဉ်တကျဖွဲ့စည်းထားပြီး ပုဂ္ဂိုလ်ရေးတိုးတက်မှုတွေရှိနိုင်ပါတယ်။ အဓိကအကျဆုံးအချက်ကတော့ မေမေတို့ရဲ့ ကလေးလေးဟာ သူ့ကိုယ်သူစကားပြောနေပြီဆိုရင် လုံးဝစမတ်ကျအဆင်ပြေနေပြီလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်စကားပြောခြင်းက ဘာကြောင့်ကောင်းတာလဲ
မိဘတော်တော်များများဟာ ကလေးတွေ တစ်ယောက်တည်းကစားပြီး သူတို့ကိုယ်တိုင်စကားပြောနေတာကို တွေ့မြင်ရပြီဆိုရင် ဒါဟာ အရွယ်ရောက်လာတာဖြစ်နိုင်ပါတယ်။ လူတော်တော်များများဟာ အမျိုးမျိုးသော လှုပ်ရှားမှုတွေ လုပ်ချိန်မှာ မိမိကိုယ်ကိုယ်စကားပြောလေ့ရှိပါတယ်။ ဒါက ကျိန်းသေကိုပဲ ဉာဏ်ရည်ဉာဏ်စွမ်းမြင့်မာခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။
ကလေးတွေ ကိုယ့်ကိုယ်ကိုယ်စကားပြောခြင်းနဲ့ ပတ်သက်ပြီး အခြေအနေသုံးမျိုးရှိပါတယ်။ တစ်ခုခုမလုပ်ခင်၊ လုပ်နေဆဲနှင့် လုပ်ပြီးချိန်စသော အခြအနေတွေဖြစ်ပါတယ်။ ဒီအခြေအနေတွေမှာ ကစားပွဲတစ်ခုရဲ့ အစီအစဉ်တွေကို ခွဲခြားစိတ်ဖြာနေတာဖြစ်ပါတယ်။ ကစားနေချိန် ဒါမှမဟုတ် တာဝန်တွေထမ်းဆောင်ချိန်မှာ ကိုယ့်ကိုယ်ကိုယ်စကားပြောနေတာဖြစ်နိုင်ပါတယ်။

၎င်းက အာရုံခံဆဲလ်တွေကို တက်ကြွစေရုံသာမက ကလေးတွေအတွက် အရေးကြီးတဲ့ ဖျော်ဖြေမှုတွေကိုလည်း ရရှိစေနိုင်ပါတယ်။ သူတို့ကိုယ်သူတို့စကားပြောတဲ့ကလေးတွေဟာ သူတို့ကိုယ်တိုင်လှုံ့ဆော်နိုင်ကြပါတယ်။ သူတို့ရဲ့ အနာဂတ်မှာ ကြီးမားတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ သင်ယူနေခြင်းလည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်စကားပြောခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ပိုဆက်သွယ်နိုင်ကြပါတယ်။ အထူးသဖြင့် ကလေးတစ်ဦး မိမိကိုယ်ကိုယ်စကားပြောနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်လှုံ့ဆော်နေပြီး အမြဲတိုးတက်နေပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်စကားပြောတဲ့ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေကို ပြောပြဖို့၊ စိတ်ကူးယဉ်သူငယ်ချင်းတွေနဲ့ စကားပြောဖို့ ၊ လက်တွေ့ကမ္ဘာမှာမရှိတဲ့အရာတွေကိုတောင် ပြောဆိုဖို့ အခွင့်အရေးရှိပါတယ်။ ဒီနေရာမှာ သူတို့အိပ်မက်တွေကိုလည်း ဖွင့်ပြောတတ်ကြပါတယ်။

ဒါ့ကြောင့် မိမိကိုယ်ကိုယ်စကားပြောခြင်းက Self-Control လုပ်နိုင်ခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးကိရိယာတစ်ခုဖြစ်ပါတယ်။
Chit_May_May
Nyein_Thu
Ref-youaremom