ကလေးတွေတစ်ယောက်တည်းဖြစ်နေလို့ ကြောက်ရွံ့နေတဲ့အခါ ဘယ်လိုလုပ်မလဲ

0
251
- Advertisement -

ကလေးတွေဟာ အကြောက်တရားအမျိုးမျိုးကို ကြုံတွေ့ရလေ့ရှိပါတယ်။ ကလေးတွေအကြား အတွေ့ရအများဆုံးအကြောက်တရားတစ်ခုကတော့ တစ်ယောက်တည်းဖြစ်နေခြင်းပါပဲ။ သို့ပေမယ့် ကလေးတွေရင့်ကျက်လာတာနဲ့အမျှ နှစ်အနည်းငယ်အကြာမှာ ခံစားချက်တွေတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။

စိတ်လှုပ်ရှားမှုတွေဟာ ကျွန်မတို့ကလေးဘဝတွေမှာ စတင်ပေါ်ပေါက်လာပြီး ကျွန်မတို့ဘဝတစ်လျှောက်လုံးအတူရှိနေတတ်ပါတယ်။ တစ်ယောက်တည်းဖြစ်နေမှာကို ကြောက်တာဟာ ကလေးတော်တော်များများကြုံရတဲ့ ပြဿနာတစ်ခုပါပဲ။ မိဘတွေကို သူတို့အနားမှာရှိနေစေတယ်၊ သူတို့ဂရုစိုက်တာလိုချင်တယ်။

အခြေခံစိတ်ခံစားချက်တွေဟာ လူသားဖြစ်တည်လာကတည်းက မွေးရာပါခံစားချက်တွေဖြစ်ပါတယ်။ ကြောက်ရွှံ့တယ်ဆိုတာကလည်း စိတ်ခံစားချက်တစ်မျိုးပါပဲ။ ပထမပိုင်းမှာတော့ ရှုပ်ထွေးကောင်းရှုပ်ထွေးပါလိမ့်မယ်။ ဒါပေမယ့် ဒီခံစားချက်ဟာ ရှင်သန်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ စိတ်ခံစားချက်ပါ။

- Advertisement -

အဓိကအကြောင်းပြချက်ကတော့ ကြောက်ရွှံ့ခြင်းဆိုတာ ကျွန်မတို့ဘဝထဲကို ရောက်လာတဲ့အန္တရာယ်တွေကနေ ကျွန်မတို့ကို ကယ်တင်ဖို့ လှုံ့ဆော်ပေးတဲ့ ခံစားချက်တစ်မျိုုးဖြစ်ပါတယ်။ အသက်အရွယ်နှင့် ပင်ကိုယ်စရိုက်အပေါ်မူတည်ပြီး ကြောက်စိတ်တွေက ကွဲပြားနိုင်ပါတယ်။ တစ်ချို့ကလေးတွေဟာ အခြားကလေးတွေထက် ပိုကြောက်ရွှံ့တတ်ကြပါတယ်။

သာမန်အားဖြင့် အသက် (၂) ကနေ (၄) နှစ်အကြား အရွယ်မှာ တစ်ယောက်တည်းနေရတာကို ကြောက်ရွှံ့တတ်လာတယ်။ ဒီကြောက်ရွှံ့မှုဟာ တိရစ္ဆာန်တွေ၊ မျက်နှာဖုံးတွေ၊ ဝတ်စုံတွေ၊ အမှောင်တွေ စတဲ့အရာတွေကို ကြောက်ရွှံ့ခြင်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။

တစ်ယောက်တည်းဖြစ်နေခြင်းကို မကြောက်ဖို့ ဘယ်လိုလုပ်ရမလဲ

အထီးကျန်ကာလတွေကို ပျော်မွေ့တတ်ဖို့ သင်ပေးသင့်ပါတယ်။ တစ်နည်းအားဖြင့် တဖြည်းဖြည်းကလေးကို တိုတောင်းတဲ့အထီးကျန်ကာလလေးတွေ ဖန်တီးပေးပါ။ သို့ပေမယ့် အချိန်အကြာကြီးမဖြစ်သင့်ပါဘူး။ ဒါဟာ ကလေးအတွက်စိုးရိမ်ရပါတယ်။ စာရင်းတစ်ခုမျှဝေပေးထားပါတယ်။

  • ကျွန်မတို့ဟာ သူ့ရဲ့ တစ်နေ့တာအခန်းကဏ္ဍမှာတစ်ချိန်လုံးအတူရှိမနေဘဲ သူ့ကို တစ်ယောက်တည်းကစားခွင့်ပေးပါ။
  • သင့်ကလေးကို ရိုးရှင်းတဲ့လုပ်ငန်းလေးတွေ သူ့ဘာသာလုပ်ဖို့ ခွင့်ပြုပါ။ ဥပမာ- စတိုးဆိုင်တစ်ဆိုင်ဆိုင်မှာ ပစ္စည်းလေးတွေဝယ်ယူခြင်းနှင့် ကျောင်းကိုတစ်ယောက်တည်းလမ်းလျှောက်သွားစေခြင်းတို့ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက သူတို့မှာ သင့်ရဲ့ထောက်ပံ့မှုတွေရှိတယ်ဆိုတာ သူတို့သိဖို့ လိုအပ်ပါတယ်။
  • အတွေ့အကြုံအသစ်တွေအတွက် ကလေးကို ပြင်ဆင်ထားပေးပါ။ ဥပမာ – ပုံပြင်တွေပြောပြတာမျိုးပေါ့။
    -သင့်ကလေးကို သူတို့ရဲ့ ကြောက်ရွှံ့မှုတွေ ၊ စိုးရိမ်ပူပန်မှုတွေကို ပြောပြစေပြီး ဂရုတစိုက်နားထောင်ပေးပါ။
  • သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန်ထိန်းချုပ်တတ်ဖို့ သင်ပေးပါ။
    -သူတို့ရဲ့ ကြောက်ရွှံ့မှုတွေနဲ့ ပတ်သက်ပြီး အတင်းအကျပ်ရင်ဆိုင်ဖို့ ဖိအားမပေးပါနဲ့။ ဒီအရာက စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဆင်းရဲခြင်းတွေကို ဖြစ်စေပါလိမ့်မယ်။
    -သင့်ကလေးကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေကို အသေးဆုံးကိစ္စလေးအဖြစ် မဆွဲချလိုက်ပါနဲ့။ ဒီအချက်ကို သတိရဖို့ အရေးကြီးပါတယ်။ သင့်ကလေးဟာ စိတ်ခံစားချက်တွေကို ခံစားရုံတင်မကဘဲ သိမ်းထားတာမျိုး မဖြစ်သင့်ပါဘူး။ လူသားဖြစ်တည်ခြင်းနဲ့အတူ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို မှန်မှန်ထုတ်ဖော်တတ်ဖို့ အရေးကြီးပါတယ်။ ကြောက်ရွှံ့ခြင်းအပါအဝင်ပေါ့။

ကြောက်ရွှံ့ခြင်းကို တုံ့ပြန်တဲ့ ကလေးတွေကို ဘယ်လိုလုပ်မလဲ

ကလေးတွေဟာ ကြောက်လာတဲ့အခါ သူတို့ဟာ မကြာခဏဆိုသလို တုန်လှုပ်ပြီး ငိုကြွေးနေတတ်ကြပါတယ်။ နောက်ပိုင်းမှာ ငိုကြွေးခြင်းတွေသာမက ကြောက်ရွှံ့မှုတွေဖြစ်စေတဲ့ အရာအားလုံးကို ရှောင်ကြဉ်လာပါလိမ့်မယ်။ ဒါ့အပြင် သူတို့ဟာ သူတို့ကို ကာကွယ်ဖို့ အရွယ်ရောက်ပြီးသူတစ်ယောက်ကို သူငယ်ချင်းလုပ်ဖို့ ကြိုးစားနိုင်ပါတယ်။

တစ်ခါတရံမှာ ကလေးငယ်တွေဟာ သူတို့ရဲ့ ပုံမှန်အပြုအမူတွေကို ပြောင်းလဲဖို့လည်း ကြုံလာရနိုင်ပါတယ်။ ရန်လိုတတ်လာခြင်း၊ အိပ်ရာပေါ်မှာ ရှူးပေါက်ခြင်း၊ ကြောက်ရွှံ့မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါ သူတို့ရဲ့ လက်မတွေကို စုပ်ခြင်းတွေဖြစ်လာကြပါတယ်။ ကလေးတွေရဲ့ ကြောက်ရွှံ့ခြင်းဟာ မိဘတွေအတွက် စိုးရိမ်စရာအချက်ဖြစ်ဖို့ မလိုအပ်ပါဘူး။ သို့ပေမယ့် သင့်ကလေးမှာ ဒီလိုလက္ခဏာတွေပြလာပြီဆိုရင် ကျွမ်းကျင်တဲ့ပညာရှင်နဲ့ ဆွေးနွေးသင့်ပါတယ်။

  • အပြင်းအထန် နှင့် အမြဲလိုလိုကြောက်နေခြင်း
  • သင့်ကလေးရဲ့ ကြောက်စိတ်တွေဟာ သူ/သူမရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်ခြင်း
  • သင့်ကလေးရဲ့ ကြောက်ရွှံ့မှုတွေဟာ သူ/သူမရဲ့ နေ့စဉ်ဘဝ၊ လေ့လာမှု၊ မိသားစု စသည့်အရာတွေပေါ်မှာ ဆိုးကျိုးသက်ရောက်လာခြင်း
  • သင်နဲ့ သင့်ကလေးဟာအခြေအနေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိရှိဖို့ ခက်ခဲခြင်း
  • တစ်ယောက်တည်းဖြစ်နေရတာကို ကြောက်ရွှံ့ခြင်းဟာ ကလေးတွေအတွက် အောင်မြင်ဖို့ခက်ခဲနိုင်ပါတယ်။ သို့ပေမယ့် သူတို့ကိုယ်ပိုင်ပြဿနာတွေကို သူတို့ဘာသာဖြေရှင်းဖို့ လိုအပ်လာတဲ့အခါ သူတို့နားလည်ဖို့ကြိုးစားပါလိမ့်မယ်။ ဒါဟာ အရွယ်ရောက်လာတဲ့ကလေးတစ်ယောက်အတွက် အခြေခံကျတဲ့ သင်ယူတတ်မြောက်မှုပါပဲ။

သို့ပေမယ့် တစ်စုံတစ်ယောက်က သူတို့အတွက်အရာရာတိုင်းလုပ်ပေးနေမယ်ဆိုရင် သူတို့ဟာ အမြဲတမ်းလိုလို တစ်ခြားလူတွေကပဲ သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ မျှော်လင့်တတ်ကြပါတယ်။

ကလေးတွေအတွက် ကြောက်ရွှံ့ခြင်းဆိုတာ အချိန်ကြာလာတာနဲ့အမျှ ကလေးတွေအတွက် ပိုကောင်းတဲ့အတွေ့ကြုံတစ်ခုဖြစ်လာနိုင်ပါတယ်။ ကြောက်ရွှံ့မှုတွေ တဖြည်းဖြည်းပျောက်ကွယ်သွားတာနဲ့အမျှ သူတို့မှာ ခွန်အားတွေနှင့် ကျွမ်းကျင်မှုတွေ ရရှိလာပါလိမ့်မယ်။ ကလေးတွေအနေနဲ့ သူတို့ကြုံတွေ့ရနိုင်တဲ့ ဘယ်လိုအခြေအနေမှာမဆို ရင်ဆိုင်နိုင်မယ့် အရင်းအမြစ်တွေ ရရှိလာပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here