ကလေးတွေနဲ့အတူ ခရီးထွက်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ပြီး ထုပ်ပိုးသွားရမလဲ

0
128
- Advertisement -

တစ်ကျော့ပြန်ပြီးတော့ ခရီးသွားရာသီကို ရောက်လာပြန်ပါပြီ။ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ ဘယ်လိုရာသီမျိုးပဲဖြစ်ဖြစ် လူအများစုကတော့ ခရီးထွက်နေကြတာပါပဲ။ ဘယ်လိုအချိန်ပဲဖြစ်ဖြစ် ခရီးတစ်ခုထွက်တော့မယ်ဆိုရင် ပြင်ရဆင်ရ၊ စီစဥ်စရာရှိတာ စီစဥ်ရတာက အရမ်းဒုက္ခရောက်ပါတယ်။ ကိုယ့်ဘာသာသွားမယ်ဆိုရင်တောင် မနည်းစီစဥ်ရတဲ့အချိန်မှာ ကလေးတွေနဲ့အတူတူ ခရီးထွက်မယ်ဆိုရင်တော့ နဂိုပုံမှန်ထက်ကို ပိုပြီးအာရုံစိုက်ရတော့မှာဖြစ်ပါတယ်။ လမ်းခရီးတစ်ခုလုံးအဆင်ပြေအောင်၊ ပျော်စရာကောင်းအောင်၊ အခက်အခဲမရှိအောင် ဘယ်လိုအချက်လေးတွေကို သိထားရမလဲဆိုတာ အခုပဲ ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

၁။ စိတ်ရှည်၊ သည်းခံပါ

ပုံမှန်အချိန်လိုမျိုး ကလေးတွေက ပြောစကားနားမထောင်၊ တအားဆော့တဲ့အခါ ငြိမ်သွားဖို့အတွက် အော်ငေါက်ဆူချင်ပေမယ့်လည်း လမ်းခရီးသွားချိန်မှာတော့ စိတ်ရှည်ရှည်ထားပါ။ ကိုယ်က ဒေါသထွက်၊ စိတ်တိုပုံပြလိုက်မယ်ဆိုရင် ကလေးတွေကလည်း တစ်ပုံစံတည်းအတူတူ လိုက်လုပ်ကြတဲ့အခါ အခြေအနေက ထိန်းမနိုင်သိမ်းမရနဲ့ ပိုပြီးဆိုးရွားသွားနိုင်ပါတယ်။

၂။ ကလေးတွေကိုလည်း အရာသွင်းပါ

ကိုယ်ကခရီးထွက်ဖို့အတွက် ပြင်ဆင်နေပြီဆိုရင် ကိုယ့်စိတ်တိုင်းကျလုပ်တာမျိုးမဟုတ်ဘဲ သူတို့လေးတွေလည်း စိတ်လှုပ်ရှားရလေအောင် အထုပ်အပိုင်းတွေကို ကူပြီးပြင်ခိုင်းပါ။ အခုလိုလုပ်ပေးခြင်းက ခရီးအပေါ်မှာ ပိုပြီးတော့ စိတ်ပါဝင်စားမှုရှိစေမှာဖြစ်ပါတယ်။

၃။ ပေါ့ပေါ့ပါးပါးပဲ ထုပ်ပိုးပါ

ကိုယ့်ကလေးက အတန်ငယ်သွက်တဲ့အထဲ ပါတယ်ဆိုရင်တော့ အထုပ်အပိုးတွေအများကြီး သယ်လို့ဖြစ်မှာမဟုတ်ပါဘူး။ အများကြီးသယ်မိတဲ့အခါ အရာအားလုံး ထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးနဲ့ လိုတာလေးတွေပဲ အဓိကသယ်ပါ။

၄။ အရုပ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုလိုမယ်မယ် ထည့်သွားပါ

ကလေးတွေစိတ်ရှုပ်လာချိန် သို့မဟုတ် ပျင်းလာချိန်မှာ ဆူပူသောင်းကျန်းတာမျိုး မဖြစ်စေဖို့အတွက် စာအုပ်တွေ၊ အရုပ်တွေကို လိုလိုမယ်မယ် ထည့်သွားပါ။

၅။ သရေစာမုန့်လေးတွေလည်း မမေ့ပါနဲ့

ကလေးတွေက လွယ်လင့်တကူ ဗိုက်ဆာတတ်တဲ့အတွက်ကြောင့် သရေစာမုန့်တွေနဲ့ ရေကို ထုပ်ပိုးသွားမယ်ဆိုရင် လမ်းခရီးတစ်လျှောက်လုံး ဆာလောင်လို့ ပြဿနာရှာတာကို ခံရတော့မှာမဟုတ်ပါဘူး။

၆။ အဝတ်ပိုတွေလည်းထည့်ပါ

မတော်တဆ အစားအသောက်တွေတွေ ပေကျံကုန်တာ၊ အော့အန်တာ သို့မဟုတ် အပေါ့သွားမိတာလိုမျိုး မတော်တဆအခြေအနေတွေ ကြုံလာရတဲ့အခါ ပြင်ဆင်ပြီးသားဖြစ်အောင်လို့ အဝတ်အစားပိုလေးတွေကိုလည်း လိုလိုမယ်မယ် ထည့်ဖို့ မမေ့ပါနဲ့။

Chit_May_May

Thinzar

Source-iloveqatar

Zawgyi

ကေလးေတြနဲ႔အတူ ခရီးထြက္ေတာ့မယ္ဆိုရင္ ဘာေတြျပင္ဆင္ၿပီး ထုပ္ပိုးသြားရမလဲ

တစ္ေက်ာ့ျပန္ၿပီးေတာ့ ခရီးသြားရာသီကို ေရာက္လာျပန္ပါၿပီ။ ေႏြရာသီ၊ မိုးရာသီ၊ ေဆာင္းရာသီ ဘယ္လိုရာသီမ်ိဳးပဲျဖစ္ျဖစ္ လူအမ်ားစုကေတာ့ ခရီးထြက္ေနၾကတာပါပဲ။ ဘယ္လိုအခ်ိန္ပဲျဖစ္ျဖစ္ ခရီးတစ္ခုထြက္ေတာ့မယ္ဆိုရင္ ျပင္ရဆင္ရ၊ စီစဥ္စရာရွိတာ စီစဥ္ရတာက အရမ္းဒုကၡေရာက္ပါတယ္။ ကိုယ့္ဘာသာသြားမယ္ဆိုရင္ေတာင္ မနည္းစီစဥ္ရတဲ့အခ်ိန္မွာ ကေလးေတြနဲ႔အတူတူ ခရီးထြက္မယ္ဆိုရင္ေတာ့ နဂိုပုံမွန္ထက္ကို ပိုၿပီးအာ႐ုံစိုက္ရေတာ့မွာျဖစ္ပါတယ္။ လမ္းခရီးတစ္ခုလုံးအဆင္ေျပေအာင္၊ ေပ်ာ္စရာေကာင္းေအာင္၊ အခက္အခဲမရွိေအာင္ ဘယ္လိုအခ်က္ေလးေတြကို သိထားရမလဲဆိုတာ အခုပဲ ဗဟုသုတအေနနဲ႔ ေျပာျပေပးခ်င္ပါတယ္။

၁။ စိတ္ရွည္၊ သည္းခံပါ

ပုံမွန္အခ်ိန္လိုမ်ိဳး ကေလးေတြက ေျပာစကားနားမေထာင္၊ တအားေဆာ့တဲ့အခါ ၿငိမ္သြားဖို႔အတြက္ ေအာ္ေငါက္ဆူခ်င္ေပမယ့္လည္း လမ္းခရီးသြားခ်ိန္မွာေတာ့ စိတ္ရွည္ရွည္ထားပါ။ ကိုယ္က ေဒါသထြက္၊ စိတ္တိုပုံျပလိုက္မယ္ဆိုရင္ ကေလးေတြကလည္း တစ္ပုံစံတည္းအတူတူ လိုက္လုပ္ၾကတဲ့အခါ အေျခအေနက ထိန္းမႏိုင္သိမ္းမရနဲ႔ ပိုၿပီးဆိုး႐ြားသြားႏိုင္ပါတယ္။

၂။ ကေလးေတြကိုလည္း အရာသြင္းပါ

ကိုယ္ကခရီးထြက္ဖို႔အတြက္ ျပင္ဆင္ေနၿပီဆိုရင္ ကိုယ့္စိတ္တိုင္းက်လုပ္တာမ်ိဳးမဟုတ္ဘဲ သူတို႔ေလးေတြလည္း စိတ္လႈပ္ရွားရေလေအာင္ အထုပ္အပိုင္းေတြကို ကူၿပီးျပင္ခိုင္းပါ။ အခုလိုလုပ္ေပးျခင္းက ခရီးအေပၚမွာ ပိုၿပီးေတာ့ စိတ္ပါဝင္စားမႈရွိေစမွာျဖစ္ပါတယ္။

၃။ ေပါ့ေပါ့ပါးပါးပဲ ထုပ္ပိုးပါ

ကိုယ့္ကေလးက အတန္ငယ္သြက္တဲ့အထဲ ပါတယ္ဆိုရင္ေတာ့ အထုပ္အပိုးေတြအမ်ားႀကီး သယ္လို႔ျဖစ္မွာမဟုတ္ပါဘူး။ အမ်ားႀကီးသယ္မိတဲ့အခါ အရာအားလုံး ထိန္းမႏိုင္သိမ္းမရျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ အတတ္ႏိုင္ဆုံး ေပါ့ေပါ့ပါးပါးနဲ႔ လိုတာေလးေတြပဲ အဓိကသယ္ပါ။

၄။ အ႐ုပ္ေတြနဲ႔ အသုံးအေဆာင္ပစၥည္းေတြ လိုလိုမယ္မယ္ ထည့္သြားပါ

ကေလးေတြစိတ္ရႈပ္လာခ်ိန္ သို႔မဟုတ္ ပ်င္းလာခ်ိန္မွာ ဆူပူေသာင္းက်န္းတာမ်ိဳး မျဖစ္ေစဖို႔အတြက္ စာအုပ္ေတြ၊ အ႐ုပ္ေတြကို လိုလိုမယ္မယ္ ထည့္သြားပါ။

၅။ သေရစာမုန႔္ေလးေတြလည္း မေမ့ပါနဲ႔

ကေလးေတြက လြယ္လင့္တကူ ဗိုက္ဆာတတ္တဲ့အတြက္ေၾကာင့္ သေရစာမုန႔္ေတြနဲ႔ ေရကို ထုပ္ပိုးသြားမယ္ဆိုရင္ လမ္းခရီးတစ္ေလွ်ာက္လုံး ဆာေလာင္လို႔ ျပႆနာရွာတာကို ခံရေတာ့မွာမဟုတ္ပါဘူး။

၆။ အဝတ္ပိုေတြလည္းထည့္ပါ

မေတာ္တဆ အစားအေသာက္ေတြေတြ ေပက်ံကုန္တာ၊ ေအာ့အန္တာ သို႔မဟုတ္ အေပါ့သြားမိတာလိုမ်ိဳး မေတာ္တဆအေျခအေနေတြ ႀကဳံလာရတဲ့အခါ ျပင္ဆင္ၿပီးသားျဖစ္ေအာင္လို႔ အဝတ္အစားပိုေလးေတြကိုလည္း လိုလိုမယ္မယ္ ထည့္ဖို႔ မေမ့ပါနဲ႔။ကလေးတွေနဲ့အတူ ခရီးထွက်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ပြီး ထုပ်ပိုးသွားရမလဲ

LEAVE A REPLY

Please enter your comment!
Please enter your name here