ကလေးတွေနဲ့အတူ ခရီးထွက်တဲ့အခါ မိဘတွေပြုလုပ်တတ်တဲ့ အမှားများ

0
25

လပေါင်းများစွာကြာအောင် လေယာဥ်လတ်မှတ်တွေဝယ်မယ်၊ ဟိုတယ်ဘိုကင်တင်မယ်၊ လည်ပတ်ဖို့နေရာတွေရှာမယ် စတဲ့ကိစ္စတွေနဲ့ အချိန်ကုန်ထားပြီး နောက်ဆုံးမှာတော့ မိသားစုနဲ့အတူ ခရီးထွက်ရမယ့် အချိန်ရောက်လို့လာပါပြီ။ ကလေးတွေကိုလက်ဆွဲပြီး လေယာဥ်ပေါ်၊ ကားပေါ်တက်ဖို့ ပြင်နေချိန်မှာ ရုတ်တရက်ကြီး ထငိုလို့ သူတို့အကြိုက်ကစားစရာတွေတောင်းမယ်၊ တက်ဘလက်နဲ့ ရုပ်ရှင်ကြည့်ချင်တယ်၊ အစားအသောက်တွေမကြိုက်ဘူး စသဖြင့် ပြဿနာပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့နေရပြီလား။

ဒီလိုပြဿနာတွေကို မိဘအများစု ကြုံတွေ့တတ်ကြပြီးတော့ တစ်ချို့သူတွေဆိုရင် နိုင်ငံခြားခရီးစဥ်ဖြစ်လို့ ပိုပြီးတော့တောင် ခေါင်းခြောက်ကြရပါတယ်။ အချိန်တွေ၊ ငွေတွေ အကုန်ခံထားရတဲ့ မိသားစုခရီးစဥ်မှာ ဒီလိုအနှောင့်အယှက်သေးသေးလေးတွေကြောင့် စိတ်ရှုပ်စရာမဖြစ်ရစေဖို့ မိဘတွေအနေနဲ့ ဒီလိုအမှားလေးတွေ မလုပ်မိအောင် ကြိုတင်သတိထားလိုက်ပါ။

၁။ ကလေးရဲ့အကြိုက်ဆုံးကစားစရာကို အိမ်မှာမေ့ကျန်ခဲ့ခြင်း

လူကြီးတွေအနေနဲ့တော့ နားလည်နိုင်မှာမဟုတ်ပေမယ့်လည်း ကလေးအများစုမှာတော့ သူတို့အင်မတန်ကြိုက်နှစ်သက်၊ သဘောကျရတဲ့ အရုပ်တစ်ခုက အမြဲရှိကြပါတယ်။ ဒီပစ္စည်းသာ သူတို့ဆီမှာမရှိခဲ့ဘူးဆိုရင် သူတို့လက်ထဲမရောက်သရွေ့ ကလေးတွေအနေနဲ့ ဂနာမငြိမ်တော့ဘဲ ဖင်တကြွကြွဖြစ်လာပါတော့တယ်။

အခုလိုအခြေအနေကြောင့် အော်ဟစ်ငိုကြွေးခြင်းဟာ ကလေးနဲ့ မိဘအပြင် ဘေးပတ်ဝန်းကျင်ရှိ လူတွေကိုပါ အနှောင့်အယှက်ဖြစ်လာစေနိုင်လို့ အရုပ်တွေရဲ့အရေးပါမှုကိုလည်း ပေါ့ပေါ့ဆဆတွေးတောလို့မရပါဘူး။

၂။ သရေစာမုန့်တွေ သယ်မသွားခြင်း

လေယာဥ် သို့မဟုတ် ကားစီးနေချိန်၊ ခရီးထွက်နေချိန် သို့မဟုတ် လမ်းလျှောက်နေချိန်ဆိုရင်တောင်မှ ကလေးတွေဟာ လူကြီးတွေထက် မကြာခဏ ဗိုက်ဆာနိုင်ပါတယ်၊၊ ဒီအခါ ဆာလောင်မှုကြောင့် စပြီးအောင်ငိုမယ်၊ ပတ်ပြေးသောင်းကျန်းခြင်းတွေ ပြုမလုပ်နိုင်အောင်လို့ စောစောစီးစီးကတည်းက သူတို့အကြိုက် သရေစာမုန့်လေးတွေ ထုပ်ပိုးသွားပါ။

၃။ လိုအပ်တဲ့ပစ္စည်းတွေ တပါတည်း မထုပ်ပိုးခြင်း

ပုံမှန်ဆိုရင်တော့ သွားပွတ်တံနဲ့ သွားတိုက်ဆေး၊ ဂျိုင်းလိမ်းတောင့်၊ ဘီးတို့လို့ ပစ္စည်းတွေက ရောက်တဲ့နေရာမှာ အလွယ်တကူဝယ်လို့ရတာကြောင့် အိတ်ပေါ့စေဖို့အတွက် ထားခဲ့ကြဖို့ လူအများစုက မကြာခဏအကြံပေးတတ်ကြပါတယ်။ သို့သော်လည်း ကလေးတွေပါတဲ့ မိဘတွေအနေနဲ့တော့ ဒီလိုမလုပ်ဖို့ အကြံပြုချင်ပါတယ်။

ကလေးတွေဆိုတာက မထင်ရင်မထင်သလို ကိစ္စပေါင်းများစွာကို ပြုလုပ်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုအနေနဲ့ Wet tissues များ၊ ခေါင်းစည်းကြိုးများ၊ ကလစ်များ၊ လက်သန့်ဆေး စသဖြင့်ကို လိုလိုမယ်မယ် သယ်သွားသင့်ပါတယ်။

၄။ လျှပ်စစ်ပစ္စည်းတွေကို ကြိုတင်အားမသွင်းထားခြင်း

ယနေ့အချိန်မှာတော့ မိဘအများစုက ကလေးတွေရဲ့ ဖုန်းတွေ၊ တက်ဘလက်တွေ အသုံးပြုချိန်တွေကို အတတ်နိုင်ဆုံး လျှော့ချဖို့ရန်အတွက် ကြိုးစားနေကြပါတယ်။ သို့သော်လည်း ခရီးသွားနေချိန်မှာတော့ ဒီလိုအခြေအနေလေးတွေကို ခဏလောက်မေ့ထားလိုက်ပါ။ ခရီးသွားတဲ့အခါတော့ ကလေးတွေအပျင်းပြေစေဖို့ သူတို့ကြိုက်မယ့် ကာတွန်းစာအုပ်တွေ၊ ကာတွန်းကားတွေကို တက်ဘလက်ထဲကြိုထည့်ထားပြီး ပြသပေးခြင်းဖြင့် လူကြားထဲ ပြဿနာအရှာခံရမယ့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ ထိုလျှပ်စစ်ပစ္စည်းတွေကို အိမ်ကမထွက်ခင်ကတည်းက ကြိုပြီးအားအပြည့်သွင်းထားဖို့ မမေ့ပါနဲ့။ ဒါမှသာ ကလေးတွေတောင်းတဲ့အချိန်တိုင်း ဖွင့်ပေးနိုင်မှာမို့လို့ပါ။

Chit_MayMay

Thinzar

Ref-parenting firstcry

Zawgyi

ကေလးေတြနဲ႔အတူ ခရီးထြက္တဲ့အခါ မိဘေတြျပဳလုပ္တတ္တဲ့ အမွားမ်ား

လေပါင္းမ်ားစြာၾကာေအာင္ ေလယာဥ္လတ္မွတ္ေတြဝယ္မယ္၊ ဟိုတယ္ဘိုကင္တင္မယ္၊ လည္ပတ္ဖို႔ေနရာေတြရွာမယ္ စတဲ့ကိစၥေတြနဲ႔ အခ်ိန္ကုန္ထားၿပီး ေနာက္ဆုံးမွာေတာ့ မိသားစုနဲ႔အတူ ခရီးထြက္ရမယ့္ အခ်ိန္ေရာက္လို႔လာပါၿပီ။ ကေလးေတြကိုလက္ဆြဲၿပီး ေလယာဥ္ေပၚ၊ ကားေပၚတက္ဖို႔ ျပင္ေနခ်ိန္မွာ ႐ုတ္တရက္ႀကီး ထငိုလို႔ သူတို႔အႀကိဳက္ကစားစရာေတြေတာင္းမယ္၊ တက္ဘလက္နဲ႔ ႐ုပ္ရွင္ၾကည့္ခ်င္တယ္၊ အစားအေသာက္ေတြမႀကိဳက္ဘူး စသျဖင့္ ျပႆနာေပါင္းစုံကို ရင္ဆိုင္ႀကဳံေတြ႕ေနရၿပီလား။

ဒီလိုျပႆနာေတြကို မိဘအမ်ားစု ႀကဳံေတြ႕တတ္ၾကၿပီးေတာ့ တစ္ခ်ိဳ႕သူေတြဆိုရင္ ႏိုင္ငံျခားခရီးစဥ္ျဖစ္လို႔ ပိုၿပီးေတာ့ေတာင္ ေခါင္းေျခာက္ၾကရပါတယ္။ အခ်ိန္ေတြ၊ ေငြေတြ အကုန္ခံထားရတဲ့ မိသားစုခရီးစဥ္မွာ ဒီလိုအေႏွာင့္အယွက္ေသးေသးေလးေတြေၾကာင့္ စိတ္ရႈပ္စရာမျဖစ္ရေစဖို႔ မိဘေတြအေနနဲ႔ ဒီလိုအမွားေလးေတြ မလုပ္မိေအာင္ ႀကိဳတင္သတိထားလိုက္ပါ။

၁။ ကေလးရဲ႕အႀကိဳက္ဆုံးကစားစရာကို အိမ္မွာေမ့က်န္ခဲ့ျခင္း

လူႀကီးေတြအေနနဲ႔ေတာ့ နားလည္ႏိုင္မွာမဟုတ္ေပမယ့္လည္း ကေလးအမ်ားစုမွာေတာ့ သူတို႔အင္မတန္ႀကိဳက္ႏွစ္သက္၊ သေဘာက်ရတဲ့ အ႐ုပ္တစ္ခုက အၿမဲရွိၾကပါတယ္။ ဒီပစၥည္းသာ သူတို႔ဆီမွာမရွိခဲ့ဘူးဆိုရင္ သူတို႔လက္ထဲမေရာက္သေ႐ြ႕ ကေလးေတြအေနနဲ႔ ဂနာမၿငိမ္ေတာ့ဘဲ ဖင္တႂကြႂကြျဖစ္လာပါေတာ့တယ္။

အခုလိုအေျခအေနေၾကာင့္ ေအာ္ဟစ္ငိုေႂကြးျခင္းဟာ ကေလးနဲ႔ မိဘအျပင္ ေဘးပတ္ဝန္းက်င္ရွိ လူေတြကိုပါ အေႏွာင့္အယွက္ျဖစ္လာေစႏိုင္လို႔ အ႐ုပ္ေတြရဲ႕အေရးပါမႈကိုလည္း ေပါ့ေပါ့ဆဆေတြးေတာလို႔မရပါဘူး။

၂။ သေရစာမုန႔္ေတြ သယ္မသြားျခင္း

ေလယာဥ္ သို႔မဟုတ္ ကားစီးေနခ်ိန္၊ ခရီးထြက္ေနခ်ိန္ သို႔မဟုတ္ လမ္းေလွ်ာက္ေနခ်ိန္ဆိုရင္ေတာင္မွ ကေလးေတြဟာ လူႀကီးေတြထက္ မၾကာခဏ ဗိုက္ဆာႏိုင္ပါတယ္၊၊ ဒီအခါ ဆာေလာင္မႈေၾကာင့္ စၿပီးေအာင္ငိုမယ္၊ ပတ္ေျပးေသာင္းက်န္းျခင္းေတြ ျပဳမလုပ္ႏိုင္ေအာင္လို႔ ေစာေစာစီးစီးကတည္းက သူတို႔အႀကိဳက္ သေရစာမုန႔္ေလးေတြ ထုပ္ပိုးသြားပါ။

၃။ လိုအပ္တဲ့ပစၥည္းေတြ တပါတည္း မထုပ္ပိုးျခင္း

ပုံမွန္ဆိုရင္ေတာ့ သြားပြတ္တံနဲ႔ သြားတိုက္ေဆး၊ ဂ်ိဳင္းလိမ္းေတာင့္၊ ဘီးတို႔လို႔ ပစၥည္းေတြက ေရာက္တဲ့ေနရာမွာ အလြယ္တကူဝယ္လို႔ရတာေၾကာင့္ အိတ္ေပါ့ေစဖို႔အတြက္ ထားခဲ့ၾကဖို႔ လူအမ်ားစုက မၾကာခဏအႀကံေပးတတ္ၾကပါတယ္။ သို႔ေသာ္လည္း ကေလးေတြပါတဲ့ မိဘေတြအေနနဲ႔ေတာ့ ဒီလိုမလုပ္ဖို႔ အႀကံျပဳခ်င္ပါတယ္။

ကေလးေတြဆိုတာက မထင္ရင္မထင္သလို ကိစၥေပါင္းမ်ားစြာကို ျပဳလုပ္ႏိုင္တာေၾကာင့္ ႀကိဳတင္ျပင္ဆင္မႈအေနနဲ႔ Wet tissues မ်ား၊ ေခါင္းစည္းႀကိဳးမ်ား၊ ကလစ္မ်ား၊ လက္သန႔္ေဆး စသျဖင့္ကို လိုလိုမယ္မယ္ သယ္သြားသင့္ပါတယ္။

၄။ လွ်ပ္စစ္ပစၥည္းေတြကို ႀကိဳတင္အားမသြင္းထားျခင္း

ယေန႔အခ်ိန္မွာေတာ့ မိဘအမ်ားစုက ကေလးေတြရဲ႕ ဖုန္းေတြ၊ တက္ဘလက္ေတြ အသုံးျပဳခ်ိန္ေတြကို အတတ္ႏိုင္ဆုံး ေလွ်ာ့ခ်ဖို႔ရန္အတြက္ ႀကိဳးစားေနၾကပါတယ္။ သို႔ေသာ္လည္း ခရီးသြားေနခ်ိန္မွာေတာ့ ဒီလိုအေျခအေနေလးေတြကို ခဏေလာက္ေမ့ထားလိုက္ပါ။ ခရီးသြားတဲ့အခါေတာ့ ကေလးေတြအပ်င္းေျပေစဖို႔ သူတို႔ႀကိဳက္မယ့္ ကာတြန္းစာအုပ္ေတြ၊ ကာတြန္းကားေတြကို တက္ဘလက္ထဲႀကိဳထည့္ထားၿပီး ျပသေပးျခင္းျဖင့္ လူၾကားထဲ ျပႆနာအရွာခံရမယ့္ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။

တစ္ခုရွိတာကေတာ့ ထိုလွ်ပ္စစ္ပစၥည္းေတြကို အိမ္ကမထြက္ခင္ကတည္းက ႀကိဳၿပီးအားအျပည့္သြင္းထားဖို႔ မေမ့ပါနဲ႔။ ဒါမွသာ ကေလးေတြေတာင္းတဲ့အခ်ိန္တိုင္း ဖြင့္ေပးႏိုင္မွာမို႔လို႔ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here