ကလေးတွေနဲ့ ပက်သက်ပြီး မိဘတိုင်းသိထားသင့်တဲ့ စည်းကမ်းချမှတ်ခြင်း အနုပညာ

0
1413
- Advertisement -

မိဘတိုင်းကတော့ကိုယ့်သားသမီးတွေကို ချစ်ကြ တွယ်တာကြ သူတို့ဘဝတွေပိုမိုကောင်းမွန်တောက်ပစေချင်ကြတာပါပဲ။ သူ များတွေထက်သာလွန်ထူးခြားပြီးကို ဖြစ်မြောက်အောင်မြင်စေချင်ကြတာပဲမလား? အဲ့ဒီလိုဖြစ်တတ်တဲ့အတွက် ကလေးတွေကို တခုခုဆို မမှားရလေအောင်စည်းကမ်းတွေချမှတ်တတ်ကြပါတယ်။

ဒါပေမယ့်တချို့မိဘတွေကတော့ မှားယွင်းတဲ့နည်းလမ်းနဲ့စည်းကမ်းတွေချတတ်လို့ ကလေးတွေရောသူတို့ကိုယ်တိုင်ရောထိခိုက်တတ်ကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ စည်းကမ်းချမှတ်ခြင်းအနုပညာအကြောင်းလေးပြောပြထားပါတယ်။ ဖတ်ကြည့်လိုက်ပါဦးနော်..

ဒေါသနဲ့စည်းကမ်းတင်းကြပ်ခြင်း

- Advertisement -

ကလေးတွေကို ကောင်းမွန်စွာ နားလည်အောင်ပြောဆိုဆက်ဆံခြင်းမရှိပဲ ဒေါသနဲ့စည်းကမ်းတွေကိုချမှတ်တာဟာ ကလေးတွေအတွက်တော်တော်ထိခိုက်စေပါတယ်။

ဘာလို့လဲဆိုတော့ ကလေးတွေကိုကြောက်အောင် ပြောဆိုတာမှန်ပေမယ့် ကလေးတွေရဲ့စိတ်ထဲမှာ သူ့မိဘရဲ့ဒေါသတွေကို ခံစားနာကျင်ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှစကားလုံးတွေရဲ့နောက်ကွယ်မှာ ကလေးတွေဟာစိတ်ဒဏ်ရာ ရလာနိုင်ပါတယ်။

အသက်ကြီးလာတဲ့အချိန်မှာလည်း တစ်ခုခုဆိုကြောက်လန့်နေတတ်တဲ့လူကြီးကလေးတွေဖြစ်စေနိုင်သလို သူ့ရဲ့ချုပ်တည်းထားတဲ့စိတ်တွေကို လွှတ်ပေးလိုက်တဲ့အချိန်မှာစိတ်ကြမ်းကိုယ်ကြမ်း ကလေးတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်တစ်ခုခုဆိုကလေးတွေကို နားလည်အောင်အချိုသာဆုံးစကားနဲ့သာ စည်းကမ်းချမှတ်ပေးပါနော်။ မေတ္တာတရားဟာ နူးညံပီးအရာရာကိုကောင်းမွန်စေပါတယ်။ ဒေါသဟာရေရှည်မှာ အရာရာကို ပျက်စီးသွားစေတတ်ပါတယ်။

မာနကြောင့်စည်းကမ်းတင်းကြပ်ခြင်း

တော်တော်များများဖြစ်လေ့ဖြစ်ထရှိတဲ့အရာမျိုးပါ။ ကိုယ့်ကလေးကို အခြားလူတွေက ဘယ်လိုပြောမယ် ဘယ်လိုထင်မလဲ ငါ့ကလေးနဲ့ ငါ့မိသားစုကို လာမထိနဲ့မီးပွင့်သွားမယ် စတဲ့ မာနစိတ်တွေကို ကလေးတွေပေါ်ကို ပုံချလိုက်တာမျိုးဖြစ်ပြီး အဲ့ဒီမာနကနေ ကလေးတွေရဲ့ ရပိုင်ခွင့်တွေကို ပိတ်ပင်တဲ့ စည်းကမ်းချက်တွေကို ချမှတ်တော့တာပါပဲ။ ပိုက်ဆံရှိတဲ့ မိဘမှမဟုတ်ပါဘူး ဆင်းရဲတဲ့ မိဘတွေလည်း ဒီစိတ်ရှိတတ်ပါတယ်။

မာနတွေခေါင်ခိုက်ထားတဲ့ စည်းကမ်းတွေကြောင့် ကလေးတွေက လွတ်လပ်စွာမကစားရ မသွားရ မစားရ မပေါင်းရ ပဲ အထီး ကျန်ဘဝကိုရောက်သွားတတ်ပါတယ်။ အဲ့ဒီလိုကလေးတွေက ကြီးလာတဲ့အခါ လူ့ပတ်ဝန်းကျင်နဲ့မဆက်ဆံခဲ့ရတဲ့ အတွက် အ ပေါင်းအသင်းမှားတတ်ပါတယ်။

မိန်းကလေးတွေဆိုလည်း မာနနဲ့တင်းကြပ်ထားတဲ့စည်းကမ်းတွေက လွတ်တဲ့အချိန် စိတ်လွတ်ကိုယ်လွတ်ဖြစ်တတ်ပါတယ်။ ဒါကြောင့်ကိုယ့်မာနကို ဗဟိုပြုပြီး ကလေးတွေအပေါ် စည်းကမ်းတွေမချမှတ်ပဲ လိုအပ်တဲ့စည်းကမ်းတွေကို နားလည်အောင်သွ န်သင်ဆုံးမပီးချမှတ်ပေးပါ။

ကလေးရဲ့နှလုံးသားကို အနိုင်ယူမည့်အစား ရလာဒ်ကောင်းတစ်ခုရရှိဖို့သာစည်းကမ်းချမှတ်သင့်ပါတယ်

အရွယ်ရောက်တဲ့ကလေးတွေကိုထိန်းချုပ်ဖို့ မိဘတွေမှာPowerရှိပါတယ်။ အတင်းအကြပ်ထိန်းချုပ်ခြင်းကတော့မကောင်းပါဘူး။ သင့်ကလေးရဲ့နှလုံသားကို အနိုင်ယူပီး ကလေးကို ဝမ်းနည်းကြေကွဲစေမယ့် တင်းကြပ်ပြင်းထန်တဲ့စည်းကမ်းတွေက ရေ တိုအတွက် အဆင်ပြေနိုင်တယ်လို့ထင်ရပါတယ်။

သူ့ကိုဒါလုံးဝလုပ်မရဘူးလို့ပြင်းထန်မယ့်အစား ဒါကဒီလိုဖြစ်သင့်တယ် ဒီလိုလုပ်တာပိုကောင်းတယ်ဆိုတာမျိုးပေါ့။ ဆိုရရင် သူကအနုပညာကို ရူးသွပ်တယ် သင်က အနုပညာက အရူးတွေလုပ်တာထင်တယ်။ ဒါကိုနှိပ်ကွပ်မယ်ဆို သင့်ကလေးနှလုံးသားနာကျင်သွားစေနိုင်ပါတယ်။

တချိန်ချိန်မှာ ကျိန်းသေပါက်သင့်ကို ပုန်ကန်လာနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း သူ့ဘဝကိုစိတ်ဓါတ်ကျစွာဖြတ်သန်းသွားရပါလိမ့်မယ်။ ဒါကြောင့် လိုက်လျောညီထွေတဲ့ဆက်ဆံရေးတွေနဲ့ သင့်တင့်တဲ့စည်းကမ်းတွေကိုပဲချမှတ်တာကောင်းပါတယ်နော်.

ဘာတစ်ခုမှနားမထောင်ပဲအာဏာရှင်ဆန်ဆန်စည်းကမ်းချမှတ်ခြင်း

ကလေးတစ်ဦးရဲ့စကားကိုနားထောင်ပေးပါ။ သူတို့မှာပြောစရာစကားတွေရှိပါတယ်။ သူတို့စကားတွေကို နားမထောင်ပဲ သင်တို့ချချင်တဲ့စည်းကမ်းတွေပဲချနေမယ်ဆို သူတို့ရဲ့အနာဂါတ်ကလည်း ကောင်းလာနိုင်မှာမဟုတ်ပါဘူး။

ဆိုကြပါစို့ စောနကပြောသ လို သင့်ကလေးက အင်ဂျင်နီယာလုပ်ချင်တယ် သင်ကဆရာဝန်ဖြစ်ချင်တယ်။ ဒါကိုမဖြစ်မနေ အတင် းအကြပ်စည်းကမ်းတွေနဲ့ကလေးရဲ့ရင်တွင်းစကားတွေကိုနားမထောင်ဘူးဆိုသင်တရားပါ့မလား။ သူတို့ကရောတစ်ဘဝလုံးပျော်သွားမယ်ထင်လား?

ဆေးကျောင်းရောက်ပီးမှ ဆေးစွဲသွားတဲ့ကျောင်းသားတွေကို သင်တွေ့ဖူးသလား? တကယ်တော့မိဘအများစုက ကိုယ်လုပ်ချင်ခဲ့ ဖြစ်ခဲ့ချင်တာတွေကို ကလေးတွေကို စုပုံလုပ်ခိုင်းနေတာမျိုးမဟုတ်လား? ကဲ..ကလေးတွေကိုစည်းကမ်းချမှတ်ထားတဲ့အနု ပညာကိုChit May Mayပရိတ်သတ်တွေလည်း နားလည်လောက်ပီထင်ပါတယ်နော်..

Chit_May_May
Mg_Htet
REF_Forthefamily.org

LEAVE A REPLY

Please enter your comment!
Please enter your name here