ကလေးတွေပေါ်မှာ မိဘအုပ်ထိန်းမှု အကောင်း/အဆိုးရဲ့ သြဇာလွှမ်းမိုးမှု

0
321
- Advertisement -

သင့်ရဲ့ lifestyle အလေ့အကျင့်က သင့်ကလေးရဲ့ကျန်းမာရေးအပေါ် သက်ရောက်နိုင်တယ်ဆိုတာ သင်သဘောပေါက်ပါသလား? သင့်အိမ်ထောင်ဖက်နဲ့ အမြဲတမ်း ကတောက်ကဆဖြစ်ခြင်းက သင့်ကလေးရဲ့ယုံကြည်မှုနှင့် ဘဝအတွက် relationship အပေါ်ထားရှိသော သူ့အမြင်ကို ထိခိုက်စေနိုင်တယ်ဆိုတာ သင်သတိပြုမိပါသလား?

မိဘတွေဟာ မိမိတို့ကလေးတွေအတွက် စံပြပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ကလေးတွေဟာ မိဘတွေဆီကနေ ဘဝကျွမ်းကျင်မှုနှင့် အချို့သောတန်ဖိုးတွေကို လက်ဆင့်ကမ်းယူကြပါတယ်။ ကလေးတွေဟာ စိတ်ခံစားမှုကို ဘယ်လိုဖော်ပြရမယ်၊ မိဘတွေဆီကနေ ဘဝရဲ့ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ကို လေ့လာကြပါတယ်။ မိဘပါဝင်မှုမရှိခြင်းက ကလေးတစ်ယောက်အပေါ်မှာ ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ မိဘတွေနဲ့ ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိတဲ့ကလေးတစ်ယောက်ဟာ စိတ်ကျဝေဒနာခံစားရနိုင်ပါတယ်။ တိုတိုပြောရရင် ကလေးရဲ့ဘဝကို ပျက်ပြားစေနိုင်ပါတယ်။

မိဘအုပ်ထိန်းမှုက သင့်ကလေးအား အပြုသဘောလွှမ်းမိုးမှုနှင့် လှုံဆော်မှုဖြစ်စေနိုင်သလို သင့်ကလေးရဲ့ဘဝကို ပြင်လို့မရအောင် ရုပ်ပျက်ဆင်းပျက်ဖြစ်စေနိုင်တာကြောင့် အသွားနှစ်ဖက်နဲ့ လက်နက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မိဘတွေက ကလေးအပေါ်မှာ အကောင်း/အဆိုးလွှမ်းမိုးမှု ဘယ်လိုရှိနိုင်သလဲဆိုတာသိစေဖို့ မျှဝေပေးလိုက်ပါတယ်။

ကလေးတွေအပေါ်မှာ မိဘတွေရဲ့ အဆိုးလွှမ်းမိုးမှု

မကောင်းတဲ့ မိဘအုပ်ထိန်းမှုပုံစံဟာ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုနှင့် အပြုအမှုကို ထိခိုက်စေနိုင်ပါတယ်။ မကောင်းသော မိဘအုပ်ထိန်းမှုရဲ့ သားကောင်တွေဖြစ်လာတဲ့ ကလေးတွေဟာ အခြားသူတွေရဲ့ ရှေ့မှောက်မှာ ဆိုးသွမ်းစွာပြုမှုနိုင်ချေ နှစ်ဆပိုများပါတယ်။

၁။ ဘာသာစကား

ဇနီးမောင်နှံတွေအနေနဲ့ ရိုင်းပြသောဘာသာစကားကို သုံးခြင်းဖြင့် တစ်ယောက်ကိုတစ်ယောက် မလေးမစားပြုခြင်းကို ပြနိုင်ပါတယ်။ ကလေးတွေရှေ့မှာ မကြာခဏဆိုသလို ကျိန်ဆဲတတ်ကြပါတယ်။ ကလေးတစ်ယောက်ဟာ မိဘတွေကို အတုခိုးခြင်းဖြင့် ကျိန်ဆဲတတ်ဖို့ သင်ယူနိုင်ပါတယ်။

၂။ အကျင့်ဆိုးများ

မိဘတွေရဲ့ အကျင့်ဆိုးတွေဖြစ်သော အရက်၊ ဆေးလိပ်သောက်ခြင်းနှင့် လိမ်ပြောခြင်းက ကလေးတွေရဲ့ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာသော အစာစားခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကဲ့သို့သော စည်းကမ်းပြည့်ဝတဲ့ နေထိုင်မှုပုံစံကို လိုက်နာသော မိဘတွေရဲ့ ကလေးတစ်ယောက်ဟာ မိမိကိုယ်တိုင် လေ့ကျင့်ဖို့နှင့် ခံယူဖို့ ပိုများပါတယ်။

၃။ Relationship ပြဿနာ

လင်နှင့်မယားအကြား တင်းမာမှုနှင့် စကားများခြင်းဟာ ကလေးရဲ့ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကောင်းကျိုးချမ်းသာကို ထိခိုက်စေပါတယ်။ အိမ်မှာ တစ်ယောက်နဲ့တစ်ယောက်က ရန်ဆောင်နေရင် ကလေးတွေမှာ ယုံကြည်မှုနှင့် အလိုဆန္ဒတွေကို ချိုးနှိမ်တာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါက မိဘတွေနဲ့ သူတို့ရဲ့ သာတူညီမျှမှုကို ထိခိုက်စေရုံသာမက ယေဘုယျအားဖြင့် relationships အပေါ် မယုံကြည်မှုနှင့် သံသယတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

၄။ ဒေါသ

ကလေးတွေဟာ မကြာခဏဆိုသလို မိဘတွေရဲ့ဆိုးရွားသော စိတ်ခံစားချက်တွေကို ခံစားကြရပါတယ်။ ထိုသို့သော ကလေးတွေဟာ စိတ်ဓါတ်ရေးရာပြဿနာများ ဖြစ်လာနိုင်ပါတယ်။

ကလေးတွေအပေါ် မိဘရဲ့ကောင်းသော လွှမ်းမိုးမှု

ကောင်းမွန်သော အလေ့အကျင့်တွေနဲ့ အမူအကျင့်ကောင်းတွေ တိုးတတ်အောင် ကလေးအား အားပေးနိုင်တဲ့ အပြုသဘောဆောင်သော မိဘအုပ်ထိန်းမှုပုံစံများရှိပါတယ်။ မိဘအုပ်ထိန်းမှုပုံစံမှာ ရှင်းလင်းပြီး ကျိုးကြောင်းဆီလျော်သော မျှော်လင့်ချက်တွေအပြင် လေးစားမှုနှင့် အပြန်အလှန်အထောက်အကူပြုတဲ့ ပြောဆိုမှုများပါဝင်ပါတယ်။

၁။ စကားကို ရှင်းရှင်းလင်းလင်းပြောပါ

မိဘတွေအနေနဲ့ ကလေးတွေအား လုပ်ရမယ့်အရာ/မလုပ်ရမယ့်အရာကို ရှင်းရှင်းလင်းလင်းပြောထားဖို့ လိုအပ်ပါတယ်။ ဥပမာ- သင့်ကလေးအား အခန်းကို သန့်ရှင်းစေလိုရင် “အခန်းကို ရှုပ်ပွမနေစေနဲ့” လို့ပြောမယ့်အစား ” အခန်းကို သန့်ရှင်းအောင်လုပ်ပါ”လို့ပြောပါ။ ရှင်းလင်းသော ပြောဆိုဆက်ဆံမှုက သင့်ကလေးအား သင့်လျော်သော လှုံ့ဆော်မှုဖြစ်စေနိုင်ပါတယ်။

၂။ စံနာမှုနာကောင်းတစ်ယောက်ဖြစ်ပါ

Parenting with Dignity ကိုရေးသားသူ Mac Bledsoe ရဲ့အဆိုအရ ကလေးတွေအတွက် စံပြဖြစ်ခြင်းက ကလေးတွေကို ပိုမိုကောင်းမွန်စွာ ပြုမှုဖို့ လှုံ့ဆော်ပေးပါတယ်။ “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့”လို့သုံးမယ့်အစား သင့်မှာ ကောင်းတဲ့အရည်အသွေးတွေကို ထည့်သွင်းပါ။ မိဘတွေက ကလေးတစ်ယောက်ရဲ့လက်ဦးဆရာဖြစ်ကြောင်း သတိရပါ။

၃။ သင့်ကလေးကို နားလည်ပါ

Homes of Honor Parenting Manual ရဲ့စာအုပ်ကို ရေးသားသူဂယ်ရီ Smalleyက မိဘတွေအနေဖြင့် မိမိတို့ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးအမျိုးအစားနှင့် သူတို့ရဲ့ အပြန်အလှန်ဆက်သွယ်မှုကို လိုက်လျောညီထွေဖြစ်အောင် နားလည်ဖို့ တိုက်တွန်းထားပါတယ်။

မိဘတွေအနေဖြင့် မိမိတို့ရဲ့ ကလေးတွေအား သူတို့တာဝန်တွေပြီးတာနဲ့ ပွေ့ဖက်ပေးခြင်း၊ ခေါင်းလေးပွတ်ပေးခြင်းဖြင့် တန်ဖိုးထားသင့်ကြောင်း ပြောပါတယ်။ နှုတ်ဖြင့်မဟုတ်တဲ့ ပြောဆိုဆက်သွယ်မှုက ကလေးနှင့်မိဘအကြား နားလည်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ မိဘတွေရဲ့ သြဇာလွှမ်းမိုးမှုက တစ်သက်တာ ကြာရှည်ပြီး ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုနှင့် လူမှုရေးဆိုင်ရာ အပြုအမှုအပေါ် သက်ရောက်မှုရှိပါတယ်။

သင့်ကလေးက သင့်ရဲ့အပြုအမှုကို ကြည့်လေ့ရှိတာကြောင့် သူတို့ရဲ့ သူရဲကောင်းဖြစ်ဖို့ ကြိုးစားပါ။ သင်ဟာ ကလေးအတွက် ပြည့်စုံသော မိဘဖြစ်တယ်လို့ ခံစားရပါက သင့်ရဲ့မိဘအုပ်ထိန်းမှုဆိုင်ရာ အကြံပြုချက်တွေကို မျှဝေပေးပါ။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here