ကလေးတွေမှာ စာဖတ်ခြင်း ခက်ခဲတဲ့ ပြဿနာ (၅)ခု
0
402
- Advertisement -
စာဖတ်ခြင်းဟာ အရေးဘာသာစကားမှတဆင့် တချို့ informationတွေကို နားလည်စေတဲ့ လုပ်ငန်းစဥ် ဖြစ်ပါတယ်။ သို့သော်လည်း တခါတရံမှာ ကလေးတွေဟာ ဒီ information တွေကို မည်မည်ရရနားမလည်ကြပါဘူး။ ဒါက စာဖတ်ခြင်းခက်ခဲတဲ့ ပြဿနာကြောင့် ဖြစ်ပါတယ်။
ဒီပြဿနာတွေက အကြောင်းအရာအတော်များများကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ- သဘာဝ ပတ်ဝန်းကျင်၊ ဘာသာစကား၊ သို့မဟုတ် စကားပြော ပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ စာဖတ်ခြင်းခက်ခဲတဲ့ ပြဿနာအများစုက ဘာတွေလဲ? မိဘတွေ ဘယ်လိုကူညီနိုင်မလဲ?
ကလေးမှာ စာဖတ်ခြင်းပြဿနာတွေ ရှိတယ်ဆိုတာကို ညွန်ပြနေတဲ့ လက္ခဏာများ
သင့်ကလေးမှာ စာဖတ်ခြင်း ပြဿနာတွေ ရှိနေကြောင်း ညွန်ပြနိုင်တဲ့ လက္ခဏာတွေ ရှိပါတယ်။ ဥပမာ- သူကြားလိုက်သည့် အကြောင်းအရာတွေကို နားလည်နိုင်စွမ်း၊ မှတ်မိနိုင်စွမ်းနှင့် တွေးခေါ်နိုင်စွမ်းတို့ခက်ခဲခြင်းတို့ ဖြစ်ပါတယ်။ သူဟာ စာဖတ်ခြင်း၊ စာလုံးပေါင်းခြင်းနှင့် စာရေးသားခြင်းကဲ့သို့သော အဓိကကျွမ်းကျင်မှုတွေမှာလည်း ခက်ခဲပါလိမ့်မယ်။
ဒါ့အပြင် ဒီကလေးဟာ သူတို့ရဲ့ဒေါသကို ထိန်းချုပ်ခြင်းနှင့် စကားလုံးတွေ ဖော်ထုတ်တဲ့နေရာမှာ ဒုက္ခတွေ ရှိပါတယ်။ တစ်ချို့ကိစ္စတွေမှာ သူတို့ဟာ စကားလုံးတွေကို ပြောင်းပြန်ရေးတာ သို့မဟုတ် ကိန်းဂဏန်းတွေကို ရေးဖို့ tendency ရှိနိုင်ပါတယ်။
- Advertisement -
ကလေးတွေမှာ အဓိက စာဖတ်ခြင်းခက်ခဲတဲ့ ပြဿနာတွေက ဘာတွေလဲ?
ကလေးရဲ့ စာဖတ်ခြင်း စွမ်းရည်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိနေပါတယ်။ စာဖတ်ခြင်းမှာ အခက်အခဲရှိတဲ့ ပြဿနာအများစုကတော့-
၁၊ Dyslexia (စာရေးစာဖတ် ခက်ခဲသောရောဂါ)
ဒီခက်ခဲစွာ သင်ယူခြင်းက အလွန်အဖြစ်များပါတယ်။ Dyslexia ရောဂါဟာ ကလေးအများစုမှာ ဖြစ်လေ့ရှိပါတယ်။ ဒီအခြေအနေရှိတဲ့ ကလေးတွေဟာ အက္ခရာစာလုံးတွေကို မှတ်တဲ့နေရာမှာ အခက်အခဲရှိပါတယ်။ ဒါ့အပြင် စကားလံုးအသစ်တွေကို အသံထွက်ခြင်းနှင့် ကဗျာကာရန် သင်ကြားခြင်းတွေမှာ ပြဿနာရှိနိုင်ပါတယ်။ သူတို့ဟာ ယခင်ကမြင်ဖူးတဲ့ စကားလုံးတွေကိုလည်း မေ့လျော့စေနိုင်ပါတယ်။
Dyslexia ကစာရေးခြင်း၊ စာလုံးပေါင်းခြင်းနှင့် စကားပြောခြင်း ကျွမ်းကျင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ သို့သော် ဒီပြဿနာခံစားရတဲ့ ကလေးဟာ ဥာဏ်မကောင်းလို့ မဟုတ်ပါဘူး။ တကယ်တော့ ဒီရောဂါရှိတဲ့ လူအတော်များများဟာ ဘဝမှာအရမ်းအောင်မြင်တဲ့သူတွေ များပါတယ်။
၂။ ADHD (အာရုံစူးစိုက်မှု အားနည်းသောရောဂါ)
ဒီပြဿနာကို Attention Deficit Hyperactive Disorder (ADHD)လို့သိကြပါတယ်။ ဒါက စာဖတ်ခြင်းအပေါ်မှာ အာရုံစူးစိုက်ဖို့ ကလေးတွေအတွက် ခက်ခဲစေနိုင်ပါတယ်။
ဒါ့အပြင် ဒီပြဿနာရှိတဲ့ ကလေးတွေဟာ ငနာမငြိမ်ဖြစ်ခြင်းနှင့် သူတို့မှာ စိတ်မကျေနပ်မှုတွေ ခံစားနေရတာကြောင့် တွေ့ရာမြင်ရာအကုန် ဆော့ကစားနေနိုင်ပါတယ်။ သူတို့ဟာ သင်ခန်းစာတွေမှာ အာရုံစိုက်ဖို့ ခက်ခဲတာ၊ ဆရာမ ခိုင်းတာတွေကို လိုက်နာဆောင်ရွက်ဖို့ခက်ခဲတာ၊ အရမ်းစကားများတာ ဖြစ်နိုင်ပြီး အခြားသူတွေကို နှောင့်ယှက်တာတွေ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ အလုပ်တာဝန်တစ်ခုကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိတဲ့အချက်ကို ဖုံးကွယ်ဖို့ စာသင်ခန်းထဲမှာ ဆိုးဆိုးရွားရွား ပြုမှုနိုင်ပါတယ်။
၃။ APD (အကြားအာရုံ ချို့ယွင်းခြင်းရောဂါ)
ဒါကတော့ Auditory Processing Disorder (အကြားအာရုံ ချို့ယွင်းတဲ့ ရောဂါ) ဖြစ်ပါတယ်။ ၎င်းက သူတို့ကြားလိုက်တဲ့ informationကို စီမံဆောင်ရွက်ဖို့ ကလေးရဲ့ စွမ်းရည်ကို သက်ရောက်မှုရှိစေပါတယ်။ ဒါ့ကြောင့် တခြားသူ ဘာပြောပြော သူတို့နားမလည်တာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီရောဂါရှိတဲ့ ကလေးတွေဟာ စကားလုံးအသစ်တွေကို အသံထွက်ခြင်းမှာ အခက်အခဲရှိပါတယ်။ ဒါ့အပြင် သူတို့မှာ B နဲ့ D အက္ခရာရဲ့ အသံကို မခွဲခြားတတ်တဲ့ ဒုက္ခတွေလည်း ရှိလာပါတယ်။
၄။ စာဖတ်နှေးခြင်း
ယေဘုယျအားဖြင့် ၎င်းက အသက် ၆နှစ်နဲ့ ၈နှစ်အကြား ကလေးတွေမှာ ဖြစ်ပေါ်ပါတယ်။ စာရေး၊ စာဖတ်ခြင်းအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုနှင့် စွမ်းရည်တွေ နောက်ကျတာ၊ နှောင့်နှေးတာတို့ ဖြစ်ပေါ်ပါတယ်။
၅။ အမြင်အာရုံ အခက်အခဲရှိခြင်း
ဒီရောဂါရှိတဲ့ ကလေးတွေဟာ အက္ခရာတွေနှင့် ပုံစံတွေ ခွဲခြားခြင်းမှာ အခက်အခဲရှိပါတယ်။
ကလေးမှာ စာဖတ်ခြင်း ပြဿနာတွေရှိတယ်ဆိုတာ ဘယ်လို အသိအမှတ်ပြုမလဲ?
ကလေးမှာ စာဖတ်ခြင်း ပြဿနာတွေရှိတယ်ဆိုတာ သိစေဖို့
ကလေးမှာ သူရဲ့လေ့လာသင်ယူမှုကို ထိခိုက်စေတဲ့ အခက်အခဲတွေ ရှိတယ်ဆိုတာ ဆရာမကို ပြောြပနိုင်ပါတယ်။
ကလေးရဲ့ ပညာရေးနှင့်ပတ်သတ်သော အကဲဖြတ်မှတ်တမ်းကို တောင်းဆိုပါ။ သင့်ကလေးဟာ အစိုးရစာသင်ကျောင်း တတ်နေသူဖြစ်ရင် စာဖတ်ခြင်း ခက်ခဲတာကို ကူညီဖို့ ကလေးရဲ့ လစဥ်အကဲဖြတ်မှတ်တမ်းတွေကို ရယူနိုင်ပါတယ်။
အထူးကု ဆရာဝန်တစ်ယောက်နှင့် ပြသပါ
သင့်ကလေးရဲ့ အမှုအရာနှင့် ပတ်သတ်ပြီး ဆရာမက ဘာကိုသတိထားမိသလဲ၊ အိမ်မှာ သင်ဘာမြင်သလဲဆိုတာကို ဆရာဝန်အား ပြောြပနိုင်ပါတယ်။ ဆရာဝန်က ကလေးမှာ သင်ယူမှု၊ အာရုံစူးစိုက်မှုမှာ အခက်အခဲ ရှိ/မရှိဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။
သင့်ကလေးကို ဘယ်လိုကူညီမလဲ?
သင့်ကလေးမှာ စာဖတ်ခြင်းပြဿနာတွေ ရှိ/မရှိဆိုတာ မသေချာရင်တောင် သင်ကူညီနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
ဥပမာ- သင့်ကလေးရဲ့ အပြုအမူကို ဂရုတစိုက် စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ စာဖတ်တဲ့အခါ အတူတူ အသံကျယ်ကျယ်အော်ဖတ်ဖို့ အကြံပြုပါတယ်။ ဒါက သူ့ရဲ့ကျွမ်းကျင်မှုတွေကို အားဖြည့် ကူညီပါလိမ့်မယ်။
ဒါ့အပြင် သင့်ကလေးရဲ့ ခက်ခက်ခဲခဲကြိုးစားနေမှုအတွက် ဂုဏ်ပြုပေးပါ။ ဆက်လက် လေ့ကျင့်ခြင်းရဲ့ အရေးပါမှုကို နားလည်အောင် ကူညီပါ။ နောက်ဆုံးအနေနဲ့ သင့်ကလေးနှစ်သက်တဲ့စာအုပ်တွေ၊ မဂ္ဂဇင်းတွေကို အိမ်မှာ ဝယ်သိမ်းထားပေးပါ။
နိဂုံးချုပ်အနေနဲ့ ကလေးမှာ စာဖတ်ခြင်းပြဿနာရှိတာက အလွန်စိတ်ပျက်စရာကောင်းနိုင်ပါတယ်။ ဒါပေမယ့် မိဘတွေရဲ့ အကူအညီနှင့် ထောက်ပံ့မှုက သင့်ကလေးကို ဒီအခက်အခဲတွေ ကျော်လွှားနိုင်ပြီး စာဖတ်ကောင်းသူ ဖြစ်လာစေမှာပါ။
Chit_MayMay
LM_Nandar
ZawGyi
၎။ စာဖတ်နှေးခြင်း
ကလေးမှာ သူရဲ့လေ့လာသင်ယူမှုကို ထိခိုက်စေတဲ့ အခက်အခဲတွေ ရှိတယ်ဆိုတာ ဆရာမကို ပြောပြနိုင်ပါတယ်။
Chit_MayMay
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here