ကလေးတွေမှာ စိုးရိမ်သောကဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြသလဲ?

0
518
- Advertisement -

တွေ့ဆုံမေးမြန်းခဲ့တဲ့ ကလေးငယ် ၁၀၀၀၀ မှာ ၃၀%လောက်က အသက် ၁၈နှစ်မတိုင်ခင်မှာ စိုးရိမ်စိတ်ရောဂါ ဖြစ်ပွားခဲ့တယ်လို့ လေ့လာမှုတစ်ခုအရသိရပါတယ်။ ထိုအထဲက ၈၀ရာခိုင်နှုန်းဟာ ဘာကုစားမှုမှ မရခဲ့ပါဘူး။ ဒါက အကြောင်းရင်းများစွာရှိနိုင်ပြီး ၎င်းတို့ထဲမှ တစ်ခုက ကလေးရဲ့ စိုးရိမ်သောကကို အသိအမှတ်ပြု မခံရတာကြောင့် ဖြစ်နိုင်ပါတယ်၊ ဥပမာအားဖြင့် ကလေးက စိုးရိမ်ပူပန်မှုကို သာမန်ဗိုက်အောင့်တာနဲ့ ရောထွေးနိုင်ပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေမှာ စိုးရိမ်ပူပန်မှုကြုံတွေ့ရတဲ့အခါ အသိအမှတ်ပြုဖို့နဲ့ သူတို့ရဲ့ သောကကို ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုပါတယ်။

ကလေးမှာ ပူပန်သောကတွေ ရှိနိုင်ပါတယ်။ သို့သော် ပူပင်သောကကြီးက ဘာလဲဆိုတာ ကလေးမသိနိုင်ပါဘူး။ ကလေးတွေမှာ စိုးရိမ်ပူပန်မှု ဖြစ်လာတဲ့အခါ သူတို့ဗိုက်အောင့်တယ်လို့ပဲ ပြောလေ့ရှိကြပါတယ်။ မိဘတွေကလည်း ကလေးဗိုက်အောင့်နေတယ်လို့ပဲ ထင်မှတ်ထားကြပါတယ်။ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှု လက္ခဏာတွေက သိသာထင်ရှားနိုင်ပါတယ်။ ကလေးတွေဟာ သူတို့ဘာတွေ ခံစားနေရတယ်၊ သူတို့ဘာတွေ ဖြစ်နေတယ်ဆိုတာ နားမလည်နိင်တာကြောင့် သူတို့မိဘတွေကို ရုပ်ပိုင်းဆိုင်ရာအရ ဘယ်လိုခံစားနေရသလဲ ဆိုတာကိုသာ ပြောနိုင်ပါတယ်။

- Advertisement -

သင့်ကလေးမှာ စိုးရိမ်သောက ရှိကောင်းရှိနိုင်တဲ့ လက္ခဏာများ

ကလေးတွေဟာ perfect ဖြစ်ဖို့အတွက် ကြိုးစားကြပါတယ်။ သူတို့ကောင်းကောင်း မလုပ်နိုင်ဘူးလို့ ထင်ရင် မိဘကိုလုပ်ခိုင်းပါတယ်။ တခါတလေမှာ မိဘတွေက လျစ်လျူရှုထားတာကြောင့် သူတို့မှာ စိုးရိမ်သောကတွေ ခံစားရပါတယ်။

  • စိုးရိမ်စိတ်က အစာခြေစနစ်ကို နှေးကွေးစေတာကြောင့် သူတို့ဗိုက်ဆာမှာ မဟုတ်ပါဘူး။
  • ပန်ပန်းနွမ်းနေတယ်လို့ ခံစားရသော်လည်း အိပ်ပျော်ဖို့ ခက်ခဲနိုင်ပါတယ်။
  • ခေါင်းကိုက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်နာခြင်း၊ မူးဝေခြင်းနှင့် ချမ်းတုန်ခြင်းတွေက စိုးရိမ်သောက ဖြစ်နေတဲ့ လက္ခဏာများ ဖြစ်နိုင်ပါတယ်။
  • စိတ်တိုတာ၊ ငိုကြွေးတာ၊ ဝုန်းဒိုင်းကြဲတာ ပြုလုပ်နိုင်ပါတယ်။
  • ကျောင်းကိုသွားဖို့နှင့် ရွယ်တူချင်းတွေနဲ့ ပေါင်းသင်းဖို့ ငြင်းဆန်ပါတယ်။
  • ငနာမငြိမ်ဖြစ်ပြီး အာရုံမစိုက်နိုင်ပါဘူး။
  • အမြဲတမ်းစိုးရိမ်နေတတ်ကြပါတယ်။ မိဘတစ်ယောက် ဆုံးရှုံးသွားမှာ ၊ ဘေးအန္တရာယ်ဖြစ်ပျက်သွားမှာ ကဲ့သို့သော အကြောက်တရားအချို့ရှိနိုင်ပါတယ်။
  • သူတို့ဟာ ထိလွယ်ရှလွယ်ပါတယ်။
  • မိဘကို မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေပြီး တစ်ယောက်တည်းကျန်ခဲ့ရမှာကို မကြိုက်ကြပါဘူး။

စိုးရိမ်သောက ဖြစ်စေနိုင်တဲ့ အရာများ

အသက် ၆လမှ ၃နှစ်အကြား ကလေးငယ်တွေဟာ separation anxiety (ခွဲခွာရမှာကို ကြောက်တာ) ဖြစ်လေ့ရှိပါတယ်။ သူတို့ဟာ မိဘတွေကို မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်ပြီး မိဘတွေ ထွက်သားတဲ့အခါ ငိုနိုင်ပါတယ်။ မူကြိုထားဖို့ ၊ ကျောင်းထားဖို့ ခက်ခဲစေနိုင်ပါတယ်။

မူကြိုကလေးတွေဟာ တိရိစ္ဆာန်များ၊ အင်းဆက်ပိုးများ၊ သဘာဝဘေးအန္တရာယ်၊ သွေးနှင့် အမှောင်ကဲ့သို့သော အရာတွေကို ကြောက်ရွံ့ခြင်းလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ကလေးတွေအတွက် စိုးရိမ်သောက ဖြစ်စေနိုင်တဲ့ အခြားအခြေအနေများမှာ လူမှုရေး အပြန်အလှန်ဆက်သွယ်မှုများ၊ ကျောင်းအသစ်ကို ပြောင်းရွှေ့ခြင်း၊ စာမေးပွဲ (သို့) test တစ်ခု မစစ်ဆေးခင် စိတ်ဖိစီးမှု တို့ဖြစ်ပါတယ်။

သင့်ကလေးမှာ ဒီလက္ခဏာတွေကို သတိပြုမိပါသလား? ကလေးကို ဘယ်အရာက စိုးရိမ်ပူပန်စေပါသလဲ? ဒါကို ဘယ်လိုကိုင်တွယ်သလဲဆိုတဲ့ ကိုယ်ပိုင် အကြံဉာဏ်လေးတွေ မျှဝေပေးသွားလို့ရပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here