ဉာဏ်ရည်မသန်စွမ်းမှု-Intellectual Disability (ID) ဟာ ကလေးတစ်ယောက်ရဲ့ အသိဉာဏ်စွမ်းရည် ပျမ်းမျှအောက် နိမ့်ကျသော အခြေအနေတစ်ခုဖြစ်ပြီး ပုံမှန်နေ့စဉ်လှုပ်ရှားမှုတွေကို (လိုက်လျောညီထွေဖြစ်အောင် စွမ်းဆောင်နိုင်မှု) ကိုကန့်သတ်ထားပါတယ်။ IQ 70 အောက်ရှိခြင်းက လမစေ့ခင်မွေးဖွားတဲ့ ကလေးတွေမှာ တွေ့ရှိနိုင်သော ဉာဏ်ရည်မသန်စွမ်းရဲ့ စံသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။
ဉာဏ်ရည်မသန်စွမ်းမှုကြောင့် ဦးနှောက်ရဲ့ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေကြောင့် neurodevelopmental ရောဂါဖြစ်ပေမယ့် သူက စိတ်ကျန်းမာရေးရောဂါတစ်ခုမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက သေချာဂရုစိုက်ပေးခြင်းဖြင့် ဉာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းမှု အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ တကယ်လို့ ဉာဏ်ရည်ပိုင်းဆိုင်ရာမှာ မသန်စွမ်းဘဲ မွေးလာခဲ့ရင်လည်း အစောပိုင်းအထူးပညာရေးနှင့် ဆေးကုသမှုက ကလေးတွေကို လိုက်လျောညီထွေရှိမှု စွမ်းရည်တွေ သင်ယူရာမှာ ကူညီနိုင်ပါတယ်။

မိဘတိုင်းက ကိုယ်မွေးဖွားလာမယ့် ရင်သွေးလေးတွေကို အပြစ်အနာအဆာမရှိ ၊ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေပဲ လိုချင်ကြပါတယ်။ ဒါ့ကြောင့် ဉာဏ်ရည်မသန်စွမ်းတဲ့ ကလေးတွေ မွေးဖွားလာခြင်းမှ ကာကွယ်နိုင်အောင် ဉာဏ်ရည်မသန်စွမ်းတဲ့ ကလေးတွေ မွေးဖွားရတဲ့ အကြောင်းရင်းတွေနဲ့ ရောဂါလက္ခဏာတွေအကြောင်းကို ဒီဆောင်းပါးလေးကနေ မျှဝေပေးချင်ပါတယ်။
‘ဉာဏ်ရည်မသန်စွမ်းတဲ့ ကလေးတွေ ဘယ်လောက်များသလဲ?’
ကမ္ဘာ့လူဦးရေရဲ့ ၁ရာခိုင်နှုန်းမှ ၃ရာခိုင်နှုန်း (သို့) သန်း ၂၀၀ နီးပါးဟာ ဉာဏ်ရည်မသန်စွမ်းမှုတွေ ရှိပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းမှာပင် ဉာဏ်ရည်ချို့တဲ့သူ ၆.၅ သန်းရှိပါတယ်။ ဝင်ငွေနိမ့်သော နိုင်ငံတွေမှာ လူ ၁၀၀၀လျှင် ၁၆.၄၁ယောက် ကို သက်ရောက်ပါတယ်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ ခန့်မှန်းချက်အရ မသန်စွမ်းသူ ၈၀ ရာခိုင်နှုန်းဟာ ဝင်ငွေနည်းနိုင်ငံတွေမှာရှိတယ်လို့ သိရပါတယ်။
“ကလေးတွေမှာ ဉာဏ်ရည်မသန်စွမ်းမှုရဲ့ ရောဂါလက္ခဏာများ”
ကလေးသူငယ်အများစုတွင် မူကြိုအရွယ်မတိုင်ခင်အထိ ဉာဏ်ရည်မသန်စွမ်းမှု လက္ခဏာတွေကို သတိမပြုမိနိုင်ပါဘူး။ ပြင်းထန်သော မသန်စွမ်းမှုပုံစံရှိတဲ့ ကလေးတွေမှသာ လက္ခဏာကို စောစီးစွာ တွေ့နိုင်တာပါ။

အောက်ပါရောဂါလက္ခဏာတွေက ကလေးငယ်တွေမှာ ဉာဏ်ရည်မသန်စွမ်းမှုနှင့် ဆက်စပ်လေ့ရှိပါတယ်။
- ပုံမှန်မဟုတ်သော မျက်နှာအသွင်အပြင်များ
- မက်ခရိုစီလေး( ဦးခေါင်းအရမ်းကြီးလွန်းခြင်း)
- မိုက်ခရိုစီလေး( ဦးခေါင်းအရမ်းသေးငယ်လွန်းခြင်း)
- လက်နဲ့ခြေထောက် ပုံပျက်ခြင်း
အချို့ကလေးတွေမှာ ရုပ်ပိုင်းဆိုင်ရာ ဘာလက္ခဏာမှ ရှိမှာမဟုတ်သော်လည်း ပြင်းထန်သော ပြဿနာတွေရဲ့ လက္ခဏာတွေကို ပြသနိုင်ပါတယ်။
- အတတ်ရောဂါ
- လူစဉ်မမီခြင်း
- သွားရည်တများများ ကျခြင်း
- လျှာတစ်လစ်ထွက်ခြင်း
- ထုံထိုင်းခြင်း
- ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း
- အော့အန်ခြင်း

အောက်ပါအပြုအမှုလက္ခဏာတွေကို ဉာဏ်ရည်မသန်စွမ်းတဲ့ ကလေးတွေမှာ မကြာခဏ တွေ့ရပါတယ်။
- တုံ့ပြန်မှုတွေ နှေးကွေးခြင်း
- ဆုံးဖြတ်ချက် ချနိုင်စွမ်းမရှိခြင်း
- တောင်းဆိုချက်တွေ ငြင်းပယ်တဲ့အခါ (သို့) နှောင့်နှေးတဲ့အခါ ရန်လိုတဲ့ တုံ့ပြန်မှု ရှိခြင်း
- မှတ်ဉာဏ်ပြဿနာများ
- ပြဿနာတွေကို ဖြေရှင်းဖို့ ခက်ခဲခြင်း
- အာရုံစိုက်မှု မရှိခြင်း (သို့) ညံ့ဖျင်းခြင်း
- လူမူဆက်ဆံရေးမှာ အခက်အခဲရှိခြင်း
ဉာဏ်ရည်ချို့တဲ့သော ကလေးငယ်တွေဟာ အစောပိုင်းမော်တာကျွမ်းကျင်မှုကို သင်ယူဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဥပမာ- လှိမ့်ခြင်း၊ ထိုင်ခြင်း (သို့) တစ်နှစ်သားအရွယ်မှာ မတ်တပ်ရပ်ခြင်း တို့ဖြစ်ပါတယ်။ ဘာသာစကားဖွံ့ဖြိုးမှု နှောင့်နှေးခြင်းက ဉာဏ်ရည်ချို့တဲ့မှုရှိသော ကလေးတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပြီး မူကြိုအရွယ်မှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။

ဘာသာစကားအခက်အခဲနဲ့ သိမြင်မှု ချို့ယွင်းချက်တွေကြောင့် ကလေးတွေဟာ ဝါကျတွတေကို အပြည့်အဝ မပြောနိုင်ပါဘူး။ ဒေါသပေါက်ကွဲခြင်း၊ ရန်လိုခြင်း (သို့) မိမိကိုယ်ကို အနာတရဖြစ်စေခြင်း အပြုအမှုတွေ၊ ပေါက်ကွဲခြင်းတွေ စတဲ့အပြုအမှုတွေက IDရှိကလေးတွေမှာ သာမာန်ကလေးတွေထက် ပိုတွေ့ရပါတယ်။ ထိုအမူအကျင့်ဆိုင်ရာ ပြဿနာတွေက communication skills (သို့) motor skills အားနည်းမှုကနေ စိတ်ပျက်စရာတွေ ဖြစ်လာနိုင်ပါတယ်။
“ကလေးတွေမှာ ဉာဏ်ရည်မသန်စွမ်းရတဲ့ အကြောင်းရင်းများ’
ပတ်ဝန်းကျင်၊ မျိုးရိုးဗီဇဆိုင်ရာအချက်များက ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားချိန် (သို့) မွေးဖွားပြီးတဲ့ ကလေးတွေမှာ ဉာဏ်ရည်မသန်စွမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ထိခိုက်မှုဖြစ်စေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို မကြာခဏ နှောင့်ယှက်နိုင်ပါတယ်။
မျိုးရိုးလိုက်ရောဂါနှင့် ခရိုမိုဇုန်းပုံမှန်မဟုတ်ခြင်း ကဲ့သို့သော အောက်ပါမျိုးရိုးဗီဇအချက်များက ဉာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းမှု အန္တရာယ်တွေကို မြင့်တတ်စေနိုင်ပါတယ်။
- ဒေါင်းန်ဆင်ဒရုန်း
- Fragile X syndrome
- Phenylketonuria (PKU) လို့ခေါ်တဲ့ မျိုးဗီဇရောဂါ
- Tay-Sachs ရောဂါ
- Neurofibromatosis (အာရုံကြောတစ်ရှူးများတွင် အလုံးအကျိတ်ဖြစ်သော မျိုးဗီဇရောဂါ)
- မွေးရာပါ လည်ပင်းကြီးဟော်မုန်းနည်းရောဂါ
အောက်ဖော်ပြပါ မိခင်ပြဿနာတွေ (သို့) ကိုယ်ဝန်ဆောင်နေစဉ် အခြေအနေတွေက ကလေးတွေမှာ ID ရောဂါအန္တရာယ်ကို မြင့်တတ်စေနိုင်ပါတယ်။

- အာဟာရချို့တဲ့ခြင်း
- အရက်သုံးစွဲခြင်း
- မီသိုင်းမာကျူရီနှင့် ခဲကဲ့သို့သော အဆိပ်များနှင့် ထိတွေ့ခြင်း
- Preeclampsia (ကိုယ်ဝန်ဆိပ်တတ်ခြင်း)
- နှစ်မွှာ (သို့) သုံးမွှာပူးမွေးခြင်း ကဲ့သို့သော အများအပြားမွေးဖွားခြင်း
- valproate, phenytoin စတဲ့ ဓါတုကုထုံးဆိုင်ရာ တစ်ချို့ဆေးဝါးများနှင့် ထိတွေ့ခြင်း
- cytomegalovirus, toxoplasma gondii , ဇီကာဗိုင်းရပ်စ်၊ ဂျိုက်သိုးရောဂါ၊ herpes simplex virus (ရေယုန်ရောဂါ) (သို့) အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခြင်း။
အောက်ဖော်ပြပါအချက်တွေက မွေးဖွားချိန်မှာ ဉာဏ်ရည်ချို့တဲ့မှု အန္တရာယ်ကို မြှင့်တတ်စေပါတယ်။
- မွေးဖွားစဉ် အချိန်ကြာကြာ အောက်စီဂျင် အလုံအလောက်မရခြင်း
- အချိန်မတန်ခင် မွေးဖွားခြင်း
အောက်ပါအချက်တွေက မွေးဖွားပြီးနောက်မှာ ဉာဏ်ရည်မသန်စွမ်းမှုအန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။
- Meningitis (ဦးနှောက်အမြှေးရောင်ရောဂါ)
- Encephalitis (ဦးနှောက်ရောင် ရောဂါ)
- ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာရခြင်း
- ရေမွန်းခြင်း (ရုတ်တရက် ရေနစ်ခြင်း)
- အာဟာရချို့တဲ့ခြင်း
- စိတ်ခံစားမှု အနိုင်ကျင့်ခံရခြင်း(သို့) လျစ်လျူရှုခံရခြင်း
- ခဲ (သို့) ပြဒါး အဆိပ်သင့်ခြင်း
- ဦးနှောက် အကျိတ်ဖြစ်ခြင်း ကလေးတွေမှာ ဉာဏ်ရည်မသန်စွမ်းမှုကို ကာကွယ်ခြင်း
အောက်ဖော်ပြပါ ဆောင်ရွက်ချက်တွေက ကလေးတွေမှာ ဉာဏ်ရည်မသန်စွမ်းခြင်း အန္တရာယ်ကို ကာကွယ်ဖို့ အထောက်အကူပြုပါတယ်။

- ကိုယ်ဝန်ဆောင်ချိန်မှာ အချိန်မတန်မီ မွေးဖွားခြင်းနှင့် အာရုံကြောပြွန်ချို့ယွင်းချက်တွေရဲ့ အန္တရာယ်ကို လျော့နည်းစေနိုင်တဲ့ ဖောလိတ်ဗီတာမင် ဖြည့်စွက်ဆေးသောက်ခြင်း
- ကိုယ်ဝန်ဆောင်နေစဉ်အတွင်း လုံလောက်တဲ့ အာဟာရဓါတ်တွေ စားပေးပါ။
- ကိုယ်ဝန်ဆောင် စမ်းသပ်ခြင်း
- ကိုယ်ဝန်ဆောင်နေစဉ် အရက်မသောက်ပါနဲ့
- ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးပါ။
- အချို့သောဆေးတွေက သန္ဓေသားရဲ့ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို သက်ရောက်စေနို်ငတာကြောင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်မဆောင်ခင်မှာ ဆေးညွှန်းဖတ်ပြီးမှ ဆေးသောက်ပါ။
- သင့်လျော်သော မွေးကင်းစကလေးစောင့်ရှောက်မှုနှင့် အာဟာရများက မွေးဖွားပြီး ID ဖြစ်ခြင်းအန္တရာယ်ကို လျော့နည်းစေနိုင်ပါတယ်။
- အချို့သော အခြေအနေတွေနဲ့ မိဘတွေအနေနဲ့ ဉာဏ်ရည်ချို့တဲ့တဲ့ ကလေးတွေမွေးဖွားခြင်းအန္တရာယ်ကို ကာကွယ်ဖို့ အကြံဉာဏ်များ ရယူနိုင်ပါတယ်။
ဉာဏ်ရည်မသန်စွမ်းသူ ၃၅.၄ရာခိုင်နှုန်းခန့်ဟာ စိုးရိမ်စိတ်နှင့် စိတ်ဓါတ်ကျခြင်း ကဲသို့သော စိတ်ကျန်းမာရေးရောဂါတွေကို ခံစားကြရပါတယ်။ ရွယ်တူတွေနှင့် ပတ်ဝန်းကျင်ရှိ လူများထံမှ အနိုင်ကျင့်ခံရခြင်းက ဒီစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။
Chit_MayMay
LM_Nandar
Source-momjunction
Chit Maymay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။