ကလေးတွေမှာ ပင်ကိုလှုံ့ဆော်မှု (Intrinsic Motivation)က ဘာ့ကြောင့် အရေးကြီးတာလဲ?

0
80
- Advertisement -

ကလေးတွေမှာ ပင်ကိုလှုံ့ဆော်မှုက သူတို့ရဲ့ကိုယ်ပိုင်သင်ယူလိုစိတ်ကနေ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် အတွင်းကနေလာတဲ့ လှုံ့ဆော်မှုပါပဲ။ ပင်ကိုလှုံ့ဆော်မှုရှိခြင်းက ကျောင်းသားတွေကို ပိုမိုနက်ရှိုင်းတဲ့ ဗဟုသုတရှိလိုစိတ်ကို ဖြစ်ပေါ်စေပါတယ်။

ပင်ကိုလှုံ့ဆော်မှုရဲ့ ဆန့်ကျင်ဘက်ကတော့ ပြင်ပလှုံ့ဆော်မှုဖြစ်ပါတယ်။ ပြင်ပလှုံ့ဆော်မှုဆိုတာ ပြင်ပရင်းမြစ်ကနေ လာတဲ့အရာကို ရည်ညွှန်းပါတယ်။ တနည်းအားဖြင့် ကျောင်းသားတွေဟာ ကိုယ့်ကိုယ်ကို ကျေနပ်မှု (self-satisfaction) ထက် အခြားအကြောင်းပြချက်တွေအတွက်နဲ့ ညွှန်ကြားချက်တွေကို အာရုံစိုက်ခြင်း ၊ စာလေ့လာခြင်း၊ အိမ်စာလုပ်ခြင်းပေါ်မှာ focus ထားတာ ဖြစ်ပါတယ်။ ဥပမာ- ဆုရချင်လို့၊ အဆင့်ကောင်းလိုချင်လို့ ဖြစ်ပါတယ်။

ကျောင်းသားတွေကို ဘာက လှုံ့ဆော်ပေးသလဲ? သူတို့ကို ဘာတွေက လေ့လာသင်ယူစေချင်တာလဲ? လို့မေးလာရင် အဖြေကရှင်းပါတယ်။ ယေဘုယျအားဖြင့် ကျောင်းသားအများစုဟာ ရွေးချယ်စရာမရှိတဲ့အတွက် ၊ တခြားသူတွေလည်း ကျောင်းသွားကြရတဲ့အတွက် သူတို့လည်း ကျောင်းသွားရခြင်းဖြစ်ပါတယ်။ ဒါကသူတို့ ကျောင်းတတ်ရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ မိဘက အတင်းတိုက်တွန်းလို့ သွားရတဲ့ ပြင်ပလှုံ့ဆော်မှုနဲ့ ကလေးကိုယ်တိုင်က ကျောင်းတတ်ချင်၊ စာသင်ချင်တဲ့ ပင်ကိုလှုံဆော်မှုမှာ ဘယ်အရာကပိုကောင်းသလဲ? အဖြေက ရှင်းနေပါပြီနော်။

ဒါ့ကြောင့် ယနေ့ဆောင်းပါးကနေ ကျောင်းသွားခြင်း၊ သင်ယူလေ့လာခြင်းနှင့် ပတ်သတ်ပြီး ကလေးတွေရဲ့ ပင်ကိုယ်စိတ်လှုံ့ဆော်မှုရဲ့ အရေးကြီးပုံကို focus လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ပင်ကိုယ်လှုံ့ဆော်မှုနှင့် ကတိကဝတ်

ကလေးတွေမှာ ကတိကဝတ်နဲ့ ပတ်သတ်လာတဲ့အခါ ပင်ကိုယ်လှုံဆော်မှုက ပြင်ပလှုံ့ဆော်မှုထက် ပိုပြီးထိရောက်ပါတယ်။ ကိုယ့်ဘာသာဖြစ်လာတဲ့ လှုံ့ဆော်မှုက စစ်မှန်တဲ့ ကတိကဝတ်ကို ဖန်တီးနိုင်စွမ်းရှိတဲ့ လှုံ့ဆော်မှုတစ်ခုသာ ဖြစ်ပါတယ်။

စာသင်ခန်းတိုင်းမှာ စာသင်နေချိန် စိတ်ပါဝင်စားစွာနဲ့ စာသင်ယူနေတဲ့ ကျောင်းသားတွေ ပြည့်နေရင်တော့ ကောင်းတာပေါ့။ ဒါက တကယ်တော့ လက်တွေ့ဘဝနဲ့ အတော်လေး မအပ်စပ်ပါဘူး။ သို့သော် လက်တွေ့ဘဝနဲ့ မအပ်စပ်တာက ကျွန်မတို့ရဲ့ reality အတွင်း လမ်းညွှန်တစ်ခုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စိန်ခေါ်မှုက ကလေးတွေအတွက် ပင်ကိုလှုံ့ဆော်မှုကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ သို့မှသာ သူတို့ဟာ အမှန်တကယ် သင်ယူလိုတဲ့ ဆန္ဒကို ခံစားရပါလိမ့်မယ်။

ပင်ကို- ပြင်ပ အကဲဖြတ်ခြင်းနှင့် လှုံ့ဆော်မှု

ကလေးတွေအတွက် ပင်ကိုလှုံ့ဆော်မှုနဲ့ ပတ်သတ်လာရင် အကဲဖြတ်ခြင်းက အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ကျွန်မတို့ဟာ စာသင်နှစ်တစ်နှစ်အတွင်း သင်ကြားခြင်း- လေ့လာခြင်းဖြစ်စဉ်မှာ ကျောင်းသားတွေ တိုးတတ်ပြောင်းလဲပုံနှင့် ပတ်သတ်ပြီး feedback ပေးတာ၊ မှတ်ချက်ချတာပြုလုပ်ကြပါတယ်။ ဒီနေ့ရဲ့ လက်ရှိပညာရေးစနစ်က အဆင့်သတ်မှတ်ပေးဖို့အတွက် ဒီလိုအကဲဖြတ်မှုမျိုးတွေကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်၊ ဒါက သူတို့ကို အရည်အချင်းရှိရှိ သင်ယူမှုထက် သတ်မှတ်ချက်ပြည့်မီခြင်းပေါ်မှာသာ ပိုအာရုံစိုက်တဲ့ အကဲဖြတ်ခြင်းဖြစ်ပါတယ်။ ရလဒ်ကတော့ ကျောင်းသားတွေဟာ အစစ်အမှန်လမ်းအတွက် သင်ယူခြင်းမှာ သူတို့ကိုယ်သူတို့ ပါဝင်မလာတော့ပါဘူး။

ဒါ့ကြောင့် ကျောင်းတွေဟာ ကလေးတွေ မဖြစ်မနေ လုပ်ရမယ့် အလုပ်နေရာ ဝန်ထုပ်ဝန်ပိုး အဖြစ်သို့ ပြောင်းလဲသွားပါတယ်။ ကျွန်မတို့ဟာ ကျောင်းသားတွေရဲ့ ပင်ကိုယ်လှုံ့ဆော်မှုကို တိုးမြှင့်ဖို့နဲ့ ဒီထက် ပိုအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ကျောင်းသားတွေကို အောင်မြင်ခြင်း/ကျရှုံးခြင်းအပေါ်မှာ အာရုံစိုက်မယ့်အစား ဘာသာရပ်တစ်ခုကို အမှန်တကယ်ကျွမ်းကျင်အောင် အားပေးခြင်းက ပိုကောင်းပါတယ်။

စတင်ဖို့ အကောင်းဆုံးနည်းလမ်းက တတ်နိုင်သလောက် အဆင့်တွေကို ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ သင်ယူခြင်းကို အာရုံစိုက်တဲ့ အကဲဖြတ်မှုတွေပြုလုပ်ဖို့ မိမိကိုယ်ကို ရည်စူးထားသင့်ပါတယ်။ ထို့အပြင် အဆင့်ကောင်းတွေကိုသာ အားပေးခြင်းထက် စစ်မှန်ပြီး အဓိပ္ပာယ်ရှိသော တုံ့ပြန်ချက်တွေကိုသာ ပေးသင့်ပါတယ်။

Feedback ရဲ့အရေးပါမှု

ဆရာတွေဟာ စာသင်ခန်းထဲမှာ ကောင်းမွန်သော အခြေအနေကို ဖန်တီးနိုင်စွမ်းရှိရပါမယ်။ ဆရာကောင်းတစ်ယောက်ရဲ့ တာဝန်တစ်ခုက ကျောင်းသားတွေကို ယုံကြည်မှုရှိစေဖို့နဲ့ သင်ယူခြင်းဟာ သူတို့ရဲ့ အနာဂတ်အတွက် လက်တွေ့ကျသော နည်းလမ်းဖြင့် အရေးပါတယ်ဆိုတာကို ယုံကြည်ဖို့ သင်ကြားပေးခြင်း ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် ကျောင်းမှာ ပင်ကိုလှုံ့ဆော်မှုရှိတဲ့ ကျောင်းသားတွေသာလျှင် စစ်မှန်သော သင်ကြားခြင်း_ လေ့လာခြင်း အတွေ့အကြုံတွေ ရရှိမယ်ဆိုတာ သတိရပါ။ ထိုအခါမှသာ လေ့လာခြင်းဟာ သူတို့ရင်ဆိုင်သင့်တဲ့ စိန်ခေါ်မှုတစ်ခုလို့ ခံစားရပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-yourmom

Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here