ကလေးတွေမှာ ပြောဆိုဆက်ဆံမှုစွမ်းရည်ရဲ့ အရေးပါမှုနှင့် ဖွံ့ဖြိုးလာအောင် ကလေးအား ပံ့ပိုးပေးဖို့ အကြံပြုချက်များ

0
229
- Advertisement -

Communication skill က ကလေးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတတ်မှုအပေါ် သိသိသာသာ သက်ရောက်မှုရှိတယ်လို့ စိတ်ပညာလေ့လာမှုများမှာ ပြသခဲ့ပါတယ်။ ကလေးဘဝအစောပိုင်းနှစ်အတွင်းမှာ မိဘတွေ၊ မိသားစုနှင့် ပညာပေးသူတွေဟာ ကလေးတွေရဲ့ ပြောဆိုဆက်ဆံမှုစွမ်းရည်တွေကို သင်ကြားပေးခြင်းမှာ အရေးပါသူတွေဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ဒါ့ကြောင့် မိဘတွေဟာ မိမိတို့ကလေးရဲ့ ပြောဆိုဆက်ဆံမှု ဖွံ့ဖြိုးရေးမှာ မဖြစ်မနေပါဝင်ဖို့ လိုအပ်ပါတယ်။

ဒီဆောင်းပါးလေးမှာ ချစ်မေမေတို့အတွက် ကလေးရဲ့ ပြောဆိုဆက်ဆံမှုစွမ်းရည်အရေးကြီးပုံနှင့် လိုအပ်တဲ့စွမ်းရည်တွေကို တိုးတတ်အောင် ဘယ်လိုကူညီပေးမလဲဆိုတဲ့ အကြံဉာဏ်လေးတွေကို မျှဝေပေးချင်ပါတယ်။

ကလေးတွေအတွက် ပြောဆိုဆက်ဆံမှုစွမ်းရည်ရဲ့ အရေးပါမှု

- Advertisement -

ထိရောက်သော ပြောဆိုဆက်ဆံမှုစွမ်းရည်က လူကြီးတွေလိုပဲ ကလေးတွေမှာလည်း အရေးပါပါတယ်။ ကလေးတွေအတွက် ဒီကျွမ်းကျင်မှုရဲ့ အရေးပါမှုက အောက်ပါအကြောင်းရင်းတွေကြောင့် အဓိကကျပါတယ်။

၁။ သူတို့ရဲ့ စိတ်ကူး၊ အတွေးအခေါ်၊ ခံစားချက်တွေကို ရှင်းလင်းစွာ ဖော်ပြဖို့ ကူညီပေးပါတယ်။

၂။ ရှင်းရှင်းလင်းလင်းနားလည်ပြီး သင်ယူမှုကို လွယ်ကူချောမွေ့စေပါတယ်။

၃။ ၎င်းက သင်ယူခြင်းနှင့် အဓိပ္ပာယ်ရှိသော သတင်းအချက်အလက်ဖလှယ်ခြင်းတို့မှာ အဓိကကျတာကြောင့် ကလေးအတွက် အရေးပါသော အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။

၄။ သင့်ကလေးရဲ့ လူမှုရေးကျွမ်းကျင်မှု (လူမှုရေးအိုင်ကျူ)ကို တိုးတတ်စေပါတယ်။ လူမှုဆက်ဆံရေးကျွမ်းကျင်မှုက ပုဂ္ဂိုလ်ရေးအရ ပေါင်းသင်းဆက်ဆံရေး ခိုင်မာမှုကို ဖွံ့ဖြိုးစေပါတယ်။

၅။ ယုံကြည်မှုနှင့် ကိုယ့်ကိုယ်ကို လေးစားမှုကို မြှင့်တင်ပေးပါတယ်။

ကလေးတစ်ယောက်အတွက် အခြေခံပြောဆိုဆက်ဆံမှု စွမ်းရည်များ

၁။ ယဉ်ကျေးစွာ နှုတ်ခွန်းဆက်ခိုင်းပါ- စကားမပြောခင်မှာ တခြားသူတွေကို နှုတ်ဆက်ခြင်းဖြင့် ကလေးရဲ့ ပြောဆိုဆက်ဆံမှုအလေ့အထကို ကျင့်သုံးပေးနိုင်ပါတယ်။ ဥပမာ- ဧည့်သည်တစ်ယောက်ကို တွေ့တာနဲ့ သူတို့ကိုပြုံးပြပြီး “မင်္ဂလာပါ၊အန်တီ နေကောင်းလား” (သို့) “မင်္ဂလာပါ..အန်တီ၊ မတွေ့ရတာကြာပြီ…နေကောင်းပါစေလို့ ဆုတောင်းပါတယ်” ကဲ့သို့သော နှုတ်ခွန်းဆက်သမှုမျိုး ဖြစ်ပါတယ်။

၂။ နားထောင်သူနှင့် မျက်လုံးချင်းဆုံခိုင်းပါ- ဒါက စကားပြောဆိုမှုအတွက် ကလေးရဲ့လေးစားမှုနှင့် စိတ်ဝင်စားမှုကို ထင်ဟပ်စေပါတယ်။ စကားစမြည်ပြောနေစဉ်မှာ အဝေးကို ကြည့်ခြင်းက စိတ်မဝင်စားမှုကို ပြသခြင်းဖြစ်ပြီး မကောင်းသော အမူအကျင့်ဟု မှတ်ယူကြပါတယ်။

၃။ ရှင်းရှင်းလင်းလင်းပြောခိုင်းပါ- နားထောင်သူတွေရဲ့ သက်တောင့်သက်သာဖြစ်မှုအတွက် လိုအပ်ပါတယ်။ ဗလုံးဗထွေးနဲ့ မရှင်းမလင်းပြောရင် နားထောင်သူအတွက် အဆင်မပြေပါဘူး။ ထို့အပြင် ရှင်းလင်းစွာ ပြောဆိုတတ်ခြင်းက ဟောပြောသူဟာ သူတို့ပြောနေတဲ့အရာအပေါ် ယုံကြည်မှုရှိကြောင်း ဖော်ပြပါတယ်။ သင့်ကလေးကို မိသားစုဝင်တွေနဲ့ စကားပြောခိုင်းခြင်းဖြင့် ဒီအလေ့အထကို လေ့ကျင့်ပေးပါ။

၄။ စာနာပြီး သဘောထားကွဲလွဲမှုကို လက်ခံခိုင်းပါ- စာနာမှုရဲ့ တန်ဖိုးကို နားလည်ဖို့ အရေးကြီးပါတယ်။ ဒါက သင့်ကလေးအား လူတစ်ယောက်ချင်းစီရဲ့ မတူကွဲပြားမှုနှင့် သူတို့မှာ ကွဲပြားသော အမြင်တွေရှိကြောင်းကို ကူညီပါလိမ့်မယ်။ ဒီကွဲပြားခြားနားမှုတွေကို အသိအမှတ်ပြုခြင်းက စကားပြောဆိုမှုစွမ်းရည် ဖွံ့ဖြိုးရေးအတွက်အထောက်အကူပြုနိုင်ပါတယ်။

၅။ စကားပြောနေရင် ဘယ်တော့မှ ကြားဖြတ်မပြောခိုင်းပါနဲ့- သင့်ကလေးက စကားပြောနေချိန်မှာ မကြာခဏ ကြားဖြတ်ပြောပါက self-regulation ညံ့ဖျင်းမှုကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ ကြားဖြတ်မပြောအောင် လေ့ကျင့်ပေးခြင်းဖြင့် နားထာင်ခြင်းရဲ့ အရေးပါမှုကို သင့်ကလေးအား သတိပြုစေပါ။

၆။ နားထောင်ပြီး သင့်လျော်စွာ တုံ့ပြန်ခိုင်းပါ- စိတ်ရှည်စွာ နားထောင်ခြင်းက ပြန်လည်တုံ့ပြန်ပြောဆိုတဲ့အခါ သတင်းအချက်အလက်တွေကို အချည်းနှီးမဖြစ်စေဘဲ စုဆောင်းနိုင်ပါတယ်။ ပြောဆိုဆက်ဆံမှု ထိရောက်မှုရှိစေရန် ဒါက အရေးကြီးပါတယ်။

ထိရောက်သော Communication Skill တွေ ဖွံ့ဖြိုးလာအောင် ကလေးအား ပံ့ပိုးပေးဖို့ အကြံပြုချက်များ

မိဘတစ်ယောက်အနေနဲ့ ကလေးရဲ့ ပြောဆိုဆက်ဆံမှုပြဿနာတွေကို ကျော်လွှားနိုင်အောင် အောက်ပါအကြံပြုချက်တွေကို လုပ်ပေးနိုင်ပါတယ်။ ဒီအသုံးဝင်သော အကြံပြုချက်တွေက သင့်ကလေးအား communication skill တိုးတတ်စေပါတယ်။

  • သူတို့ရဲ့ ခံစားချက်တွေ၊ အတွေးနှင့် အိုင်ဒီယာတွေကို မျှဝေနိုင်အောင် သင့်ကလေးအား ပြောဆိုဖို့ အားပေးပါ။
  • သင့်ကလေးရဲ့ စကားကို နားထောင်ပါ၊ နားလည်ပြီး အထိခိုက်မခံသောနည်းဖြင့် တုံ့ပြန်ပါ။
  • သူတို့ စကားပြောနေချိန်မှာ စကားဖြတ်ပြောတာကို ရှောင်ပါ။ စိတ်ရှည်စွာ ဘယ်လိုနားထောင်ရမယ်ဆိုတာ သူတို့ကိုသင်ပေးမယ်ဆိုရင် စိတ်ရှည်ရှည် နားထောင်ပေးရပါမယ်။
  • သင့်အတွက် အရေးမကြီးဟု ထင်ရတဲ့ ပြဿနာအချို့ဖြစ်နိုင်ပေမယ့် သင့်ကလေးအတွက် လေးနက်နိုင်တာကြောင့် ဘယ်တော့မှ ဝေဖန်အကဲဖြတ်တာ မလုပ်ပါနဲ့။
  • ခန္ဓာကိုယ်ဘာသာစကားနဲ့ လေသံကို အာရုံစိုက်ပါ။ ဒါက နှုတ်က မပြောတဲ့အရာတွေကို နားလည်စေဖို့ ကူညီပေးပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ ပြဿနာတွေ (အထူးသဖြင့် သူတို့ကို ရှက်ရွံ့စေတဲ့အရာ)ကို လျှို့ဝှက်ထားနိုင်ပါတယ်။
  • သူတို့ကို ကိုယ်ကျင့်တရားပိုင်းမှာ ပံ့ပိုးမှုပေးပြီး ကျောထောက်နောက်ခံအနေနဲ့ သင်ရှိကြောင်း သေချာသိစေပါတယ်။ ပြဿာတွေမှာ သူတို့နှင့်အတူ ပါဝင်ဖို့ ကြိုးစားပါ၊ မှန်ကန်တဲ့ ဥပမာတွေ ချမှတ်ခြင်းဖြင့် ဖြေရှင်းဖို့ သူတို့ကို ကူညီပေးပါ။

ကလေးတွေနဲ့ အပြန်အလှန်တုံ့ပြန်ပြောဆိုခြင်းက လူမှုရေးနှင့် ပြောဆိုဆက်ဆံမှု ပြဿနာတွေကို ကျော်လွှားဖို့ ကူညီပေးနိုင်ပါတယ်။ အကျိုးရှိရှိ စကားပြောဆိုခြင်း တန်ဖိုးကို သူတို့နားလည်သဘောပေါက်ဖို့ ကူညီပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here