ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ အပြုအမှုဆိုင်ရာကိစ္စ (၉)ခု

0
242
- Advertisement -

မိဘအုပ်ထိန်းခြင်းက ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်၊ ကလေးကို ပြုစုပျိုးထောင်ဖို့အတွက် သနားကြင်နာမှု၊ ချစ်ခင်မှုနှင့် စိတ်ရှည်သည်းခံမှုတွေ လိုအပ်ပါတယ်။ သို့သော် မိဘအများစု မကြာခဏ လျစ်လျူရှုလေ့ရှိတဲ့ အရာတစ်ခုကတော့ စည်းကမ်းချက်ပါပဲ။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုတဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့ဆိုရင် မရှိမဖြစ်လိုအပ်တာက “စည်းကမ်း”ဖြစ်ပါတယ်။

မေမေတို့ကလေးဟာ အကြောင်းအရာ မယ်မယ်ရရမရှိဘဲ ဒေါသထွက်တတ်ပါသလား? သူ မကြာခဏ လိမ်တတ်ပါသလား? ကလေးဟာ မကောင်းတဲ့ စကားလုံးတွေ စသုံးနေပြီလား? ဟုတ်တယ်ဆိုရင် ဒါကိုမြန်မြန်ဆန်ဆန်ကိုင်တွယ်ရမယ့်အချိန်ပါ။ ကလေးတွေဟာ သင်ယူမှုမြန်ဆန်သူတွေ ဖြစ်ပြီး သူတို့လေ့လာသိရှိသမျှ အများစုဟာ မိဘတွေဆီကနေဖြစ်ကြောင်း သတိရပါ။ သူတို့က မေမေတို့ရဲ့ အပြုအမှုနဲ့ အမူအရာတွေကို အမြဲတုပတတ်ကြပါတယ်၊ မေမေတို့ကို အမြဲကြည့်ရှုနေပါတယ်။ ဒါ့ကြောင့် ကောင်းတဲ့ လက္ခဏာမဖြစ်နိုင်တဲ့ ကလေးတွေရဲ့ အမူအကျင့်စရိုက်လေးတွေနဲ့ မေမေတို့ ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ အကြောင်းအရာလေးတွေကို ဒီနေ့မှာ မျှဝေပေးသွားပါမယ်။

၁။ အဆက်မပြတ် ငိုနေခြင်း (သို့) ဂဂျီဂဂျောင်ကျခြင်း

- Advertisement -

တကယ်လို့ မေမေတို့ ကလေးက အမြဲတစေ အာရုံစိုက်ခံရအောင် ငိုနေပြီး ရည်ရွယ်ချက်ရှိရှိ စိတ်အနှောက်အယှက်ပေးနေတာဆိုရင် မေမေတို့က သူ့ကို ရုပ်ပိုင်းဆိုင်ရာ ချစ်ခင်မှု၊ အယုအယ အလုံအလောက် မပေးထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက မေမေတို့ရဲ့ အခွင့်အရေးပါ။ အခွင့်အရေးရတိုင်း သူ့ကို နွေးနွေးထွေးထွေး ပွေ့ဖက်ပေးပါ။

၂။ မကြာခဏ လိမ်တတ်ခြင်း

ကလေးက အသေးအဖွဲကိစ္စတွေမှာတောင် လိမ်ညာတတ်နေရင် ဒါက သူ့အမှားတွေကို လွန်လွန်ကဲကဲ တုံ့ပြန်ခဲ့လို့ ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ စိတ်ထိခိုက်လွယ်တဲ့သူတွေဖြစ်ပြီး လိမ်ပြောခြင်းက အအော်ခံရမှာ ၊ အဆူခံရမှာကို ရှောင်ရှားတဲ့ နည်းလမ်းဖြစ်ပါတယ်။ သူတို့ကို စကားပြောပါ။ သူတို့အမှားလုပ်မိတာက အဆင်ပြေပါတယ်။

၃။ Self-Esteem နိမ့်ကျခြင်း

ကလေးဟာ မိမိကိုယ်ကို ယုံကြည်မှု ကင်းမဲ့ပြီး မိမိကိုယ်ကို မလေးစားဘူးလို့ ခံစားရရင် မေမေတို့က အားပေးစကားထက် အကြံဉာဏ်ပေးတာကြောင့် ဖြစ်နိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကလေးတွေဟာ မိဘဆီကနေ လှုံ့ဆော်မှု (motivation) ကိုမကြာခဏ ရှာဖွေလေ့ရှိပြီး မိဘဆီက motivation မရရင် စိတ်ဓါတ်ကျနိုင်ပါတယ်။

၄။ ကိုယ့်ဘာသာ မရပ်တည်နိုင်ခြင်း

ကလေးတွေဟာ သူတို့ကိုယ်သူတို့ advocate မလုပ်နိုင်ဘူးလို့ ခံစားရရင် ဒါက လူအများရှေ့မှာ ပုံမှန်အပြစ်ပေးလေ့ရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက သူငယ်ချင်းတွေ၊ မောင်နှမတွေ (သို့) ရပ်ဝေးက ဆွေမျိုးတွေရှေ့မှာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကြိုးစားပြီး ရှောင်ကြဉ်ပါ။ တစ်ခခုမှားနေတာကို သတိပြုမိရင် သူတစ်ယောက်တည်းရှိနေချိန်မှာ သူတို့ကို ဆုံးမပေးပါ။

၅။ သူများ ပစ္စည်းတွေယူခြင်း

မေမေတို့ရဲ့ ကလေးငယ်ဟာ သူတို့ကို ပစ္စည်းတွေ ဝယ်ပေးရဲ့သားနဲ့ သူများပစ္စည်းတွေ ယူလာတတ်တာကို သတိထားမိပါသလား? ဒါက သူတို့အတွက် ဝယ်ပေးတဲ့အရာတွေမှာ ရွေးချယ်မှုရှိသလို မခံစားရတာကြောင့်ပါ။ ရှင်းရှင်းပြောရရင် မိဘအမြင်နဲ့ ဝယ်လာပေးတဲ့ပစ္စည်းက သူတို့အကြိုက်မဟုတ်လို့ပါ။ ဒါ့ကြောင့် စျေးဝယ်တဲ့အခါ သူတို့ကို ပါဝင်စေရင် ဒီအလေ့အထ လုပ်နေတာကို ရပ်တန့်သွားစေရုံသာမက မေမေတို့ နှစ်ယောက်စလုံးအတွက်လည်း ပျော်စရာအချိန် ပိုထွက်လာပါလိမ့်မယ်။

၆။ သူတို့ အရမ်းကြောက်နေသလား?

မေမေတို့ကလေးတွေဟာ အလွယ်တကူ ကြောက်လန့်နေတတ်တယ်လို့ ခံစားရပါသလား။ မေမေတို့ရဲ့ ကာကွယ်ပေးချင်တဲ့ ဗီဇကြောင့် တစ်ခါတစ်ရံ သင်ဟာ သူတို့ရဲ့ အတားအဆီးအားလုံးကို သူတို့ရဲ့လမ်းကြောင်းကနေ ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက သူတို့ကို ယုံကြည်မှုနည်းသလို ခံစားရအောင် လုပ်နိုင်ပါတယ်၊ သူတို့က မေမေတို့အကူအညီမပါဘဲ ဘယ်အတားအဆီးမဆို မကျော်ဖြတ်နိင်ဘူးလို့ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် မေမေတို့ ကလေးငယ်တွေကို ယုံကြည်စိတ်ချထားပြီး သူတို့ကို တာဝန်ယူခွင့်ပြုပါ။

၇။ မနာလိုမှု ခံစားရခြင်း

မေမေတို့ကလေးမှာ မကြာခဏ မနာလိုတဲ့ ခံစားမှုမျိုး ရှိနေတယ်လို့ ထင်ပါသလား? မေမေတို့အနေနဲ့ ကလေးတွေကို အခြားသူတွေနဲ့ အဆက်မပြတ် နှိုင်းယှဉ်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့လေးတွေ ကောင်းဖို့အတွက်ဟု ဘယ်လောက်ပဲ စဉ်းစား စဉ်းစား အခြားကလေးတွေနဲ့ နှိုင်းယှဉ်တာမျိုးကို ရှောင်ပါ။

၈။ အာရုံစိုက်မှုရှာတတ်ခြင်း

တကယ်လို့ မေမေတို့ကလေးတွေဟာ အမြဲတမ်း ဝုန်းဒိုင်းကြဲနေတတ်ပြီး ဒေါသထွက်နေတယ်ဆိုရင် သူတို့မှာ တန်ဖိုးထားလေးစားမှု မခံစားရလို့ပါ။ များသောအားဖြင့် ကလေးတွေဟာ မိဘတွေရဲ့ အာရုံစိုက်မှုကို ရယူဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ခံစားရတာကြောင့် ဆိုးသွမ်းစွာ ပြုမှုတတ်ကြပါတယ်။

၉။ အခြားသူတွေရဲ့ ခံစားချက်တွေကို စာနာမှုမရှိခြင်း

မေမေတို့ ကလေးတွေဟာ ရွယ်တူချင်းရဲ့ ခံစားချက်တွေကို မလေးစားဘူးဟု မေမေတို့ ခံစားရရင် ဒါက သူတို့ရဲ့ ခံစားချက်တွေကို ဂရုမစိုက်ခြင်းရဲ့ ရလဒ်ဖြစ်ပါလိမ့်မယ်။ သူတို့ကို အမိန့်ပေးတာထက် ညင်သာစွာပြောတာက ပိုကောင်းပါတယ်။

တစ်ခါတစ်ရံမှာ ကျွန်မတို့ရဲ့လုပ်ရပ်တွေက ကောင်းကျိုးထက် ဆိုးကျိုးတွေကို ဖြစ်စေနိုင်တယ်ဆိုတာ ကျွန်မတို့ မရိပ်မိပါဘူး၊ ပြီးတော့ ကလေးတွေဆိုတာ နုနယ်ပြီး စိတ်အထိခိုက်မခံတဲ့သူတွေ ဖြစ်ကြပါတယ်၊ ဒါ့ကြောင့် ဒီအရာတွေကို စိတ်ထဲမှာ မှတ်ထားပါ၊ မေမေတို့ ကောင်းမွန်တဲ့ မိဘအုပ်ထိန်းသူတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်၊။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here