
မေမေတို့ကလေးကို Motivate ဖြစ်ဖို့ ရုန်းကန်ခဲ့ရဖူးပါသလား? အရာရာကို ငါကြိုးစားပြီးပြီလို့ ခံစားရပါသလား? ဒါပေမယ့် သူတို့က အချိန်တွေဆွဲပြီး သူတို့စတင်ခဲ့သမျှကို စွန့်လွှတ်နေတုန်းပဲလား? ဇွဲရှိခြင်းက အထူးသဖြင့် ကလေးတွေအား သင်ကြားပေးရမယ့် အဓိကအရည်အသွေးတစ်ခုဖြစ်ပါတယ်။ ဒီအရည်အသွေးက မှန်ကန်တဲ့ ဘဝအောင်မြင်မှုဆီကို ပို့ဆောင်ပေးနိုင်ပါတယ်။ အဓိကက မဆုတ်မနစ်ကြိုးပမ်းမှုကို အပြုသဘောဖြင့် ဘယ်လိုအားပေးရမယ်ဆိုတာကို သိခြင်းပဲဖြစ်ပါတယ်။
မကောင်းတဲ့ နည်းဗျူဟာတွေသုံးပြီး သူတို့ကို ကူညီဖို့ ကြိုးစားတဲ့အခါ ကလေးကို ထိခိုက်နာကျင်စေတာထက် ပိုဆိုးတာ မရှိပါဘူး။ ဒီတော့မကောင်းတဲ့နည်းတွေကို ဘယ်လိုရှောင်မလဲ? သင့်ကလေးအတွက် ဆရာကောင်းတစ်ယောက်ဖြစ်လာအောင် သင်ဘယ်လိုလုပ်ဆောင်နိုင်မလဲ?
ဇွဲလုံ့လက ဘာ့ကြောင့်အရေးကြီးတာလဲ?
သုံးဆက်မြောက် အမေရိကန်သမ္မတ Calvin Coolidge က ဒီကမ္ဘာပေါ်မှာ ဘယ်အရာကမှ ဇွဲလုံ့လကို အစားထိုးမရနိုင်ကြောင်း ပြောခဲ့ဖူးပါတယ်။ သူ့အမြင်အရ ဇွဲလုံ့လနဲ့ ဆုံးဖြတ်ချက်က အစွမ်းထက်ပါတယ်။ ဇွဲရှိခြင်းက အောင်မြင်မှုရဲ့ သော့ချက်ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ထက်မြက်ပြီး အရည်အချင်းရှိပြီး တော်နေပါစေ၊ အရှုံးပေးလိုက်ပြီဆိုရင် ဘာကိုမှ မရတော့ပါဘူး။ သင့်ကလေးက ထက်မြက်တယ်ဆိုရင် သူတို့ ခဏလောက် ထူးချွန်နိုင်မှာ ဖြစ်ပေမယ့် အလုပ်မရှိရင် နောက်ကျကျန်နေခဲ့မှာ ဖြစ်ပါတယ်။ တကယ်လို့ မေမေတို့ကလေးက ထူးချွန်ထက်မြက်တဲ့ စစ်တုရင်ကစားသမားတစ်ယောက်ဆိုပါစို့၊ သူတို့က နှစ်အနည်းငယ်ကြာအောင်ပဲ ကောင်းမွန်စွာ စွမ်းဆောင်နိုင်မှာပါ။ ပြိုင်ဘက်တွေလို အရှိန်အဟုန်နဲ့ သင်ယူတာမျိုး မလုပ်ရင် သူတို့ရဲ့အားနည်းချက် ဖြစ်လာပါလိမ့်မယ်။

မဆုတ်မနစ်ကြိုးစားခြင်းက မိမိကိုယ်ကို တိုးတက်အောင်မြင်ဖို့ အကောင်းဆုံးလက်နက်ဖြစ်ပါတယ်။ မေမေတို့ကလေးကို သူတို့ရဲ့ ရွယ်တူတွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်စေလိုရင် သူတို့ကို ဇွဲရှိအောင် သင်ပေးပါ။ ဒါကတော့ ကလေးတွေမှာ ဇွဲရှိဖို့၊ မဆုတ်မနစ်ကြိုးစားဖို့ အားပေးရမယ့် အပြုသဘောဆောင်သော နည်းလမ်း ၃ခုပါ။
၁။ ပန်းတိုင်သတ်မှတ်ခြင်း လုပ်ငန်းစဉ်မှာ သူတို့ကို ပါဝင်ခိုင်းပါ
စိတ်သဘောထားအသစ်တစ်ခုကို သင်ကြားဖို့ အကောင်းဆုံးနည်းလမ်းက ‘နမူနာရဲ့စွမ်းအား’ကို အသုံးပြုခြင်းပါ။ သူတို့ကို တိကျတဲ့ပုံစံနဲ့ ပြုမူစေချင်ရင် သူတို့ကို ဘယ်လိုပုံစံနဲ့ပြမလဲ?
သင်လုပ်ဆောင်ရမယ့် တစ်ချို့သောအလုပ်တွေမှာ သူတို့ကို ပါဝင်စေပါ။ တကယ်လို့ သင့်ပန်းတိုင်က အစားအသောက်တစ်ခုခုကို ချက်ဖို့ဆိုရင် ကုန်ခြောက်စျေးဝယ်တာကနေ အစားအသောက်ပြင်ဆင်တာ၊ စားပွဲခင်းတာ၊ စားပြီး သန့်ရှင်းရေးလုပ်တာအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို သင်နှင့်အတူ ပါဝင်စေပါ။ ခြေလှမ်းတိုင်း၊ သင်လုပ်ခဲ့တဲ့အတိုင်း သင်ဘာကြောင့်လုပ်ခဲ့သလဲ၊ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ရှင်းပြပါ။ သူတို့ကို လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေခြင်းဟာ သူတို့အား ပါဝင်ပတ်သက်မှုနဲ့ လေးစားမှုကို ခံစားရစေမှာပါ။ အာရုံစူးစိုက်မှုနဲ့ သင်ယူဖို့ အမှန်တကယ် မက်လုံးတွေ ရှိလာပါမယ်။ အရေးပါမှုကို ခံစားရတဲ့အတွက် အလုပ်ကို ကောင်းကောင်းလုပ်ပါလိမ့်မယ်။

၂။ သူတို့ကို တာဝန်တွေပေးပါ
မိဘတွေက သူတို့ကလေးငယ်တွေ တစ်ယောက်တည်း မအောင်မြင်နိုင်ဘူးလို့ ထင်ရတဲ့အရာအားလုံးကို သိမ်းပိုက်တတ်ကြပါတယ်။ အလုပ်တာဝန်တစ်ခုမှာ ကလေးအခက်တွေ့တဲ့အခါတိုင်း ကူညီဖို့ ချက်ချင်းရောက်လာပါတယ်။ ဒါက အထောက်အကူမဖြစ်ပါဘူး။ ပိုဆိုးတာက မိဘတွေဟာ သားသမီးတွေရဲ့ အရည်အချင်းကို တစ်ခါတရံမှာ ယုံကြည်မှုကင်းမဲ့တာပါ။ မေမေတို့ကလေးက အမြဲတစေ သင်ယူတတ်မြောက်ကြောင်း သေချာစေဖို့ သူတို့အား ယုံကြည်ကြောင်း ပြသပြီး တာဝန်တွေ ပေးအပ်ထားပါ။
ငယ်ရွယ်တဲ့ ကလေးတွေဆိုရင် အိမ်မွေးတိရိစ္ဆာန်တွေကို အစာကျွေးခိုင်းတာမျိုးကဲ့သို့သော ထူးခြားတဲ့ အလုပ်အသေးစားတွေက ဇွဲလုံ့လကို ပြုစုပျိုးထောင်ရာမှာ ခရီးရောက်နိုင်ပါတယ်။ ဒါကို အိမ်မှုကိစ္စတစ်ခုအနေနဲ့ ဘောင်မခတ်သင့်ပါဘူး။ ကလေးတွေက အိမ်အလုပ်လုပ်ရမှာကို မုန်းပါတယ်။

ကလေးအကြီးတွေအတွက်တော့ အနည်းငယ် ကွဲပြားပါလိမ့်မယ်၊ သူတို့အရွယ်ရောက်လာတာနှင့်အမျှ သူတို့တာဝန်တွေက အရေးပါလာနိုင်ပါတယ်။ ဆယ်ကျော်သက်တွေဆိုရင် ပိုရှုပ်ထွေးတဲ့ အလုပ်တာဝန်တွေမှာ ပါဝင်လာနိုင်ပါတယ်။ သူတို့က တစ်ပတ်လျှင် တစ်ကြိမ် ညစာချက်ပြုတ်ဖို့ တာဝန်ယူနိုင်ပါတယ်။ ညီငယ်တွေကို ကျောင်းပို့ဖို့ တာဝန်ယူနိုင်ပါတယ်။ ဒီတာဝန်ဝတ္တရားတွေကို သင်ဘယ်လိုသတ်မှတ်လဲဆိုတာကို သတိထားပါ။ ” သမီးက အိမ်မှာအကြီးဆုံးပဲ ၊အိမ်အလုပ် ဝိုင်းလုပ်ရမှာပေါ့”လို့ပြောမယ့်အစား ” သမီးက အရွယ်ရောက်လာပြီ၊ နောက်ဆိုရင် အမေ့တာဝန်တွေ ယူရတော့မှာမို့ အခုထဲက သင်ထားတော့” ဆိုတာမျိုးပါ။
- သူတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် အသိအမှတ်ပြုကြောင်းပြပါ
သူတို့ရဲ့ အကူအညီကို သင်ဘယ်လောက်တန်ဖိုးထားကြောင်း ကလေးတွေအား အမြဲပြောပေးပါ။ သူတို့လုပ်ခဲ့တာတွေကို ဂုဏ်ယူပါစေ။ ဒါက ဇွဲလုံလကို ဘယ်လိုကူညီပေးသလဲ? သင့်ကလေးအား တာဝန်သိတတ်စေဖို့ သင်ကြားပေးခြင်းဖြင့် သူတို့ဟာ လုပ်ရိုးလုပ်စဉ်တစ်ခုကို ထိထိရောက်ရောက် ဘယ်လို juggle လုပ်ရမယ်ဆိုတာ သင်ယူမှာဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်က ဘယ်လောက်အရေးကြီးလဲလို့ ခံစားမိပါစေ။ အလုပ်နဲ့ တန်ဖိုးထားခံရခြင်းကြား ချိတ်ဆက်မှုကို ထိရောက်စွာ ဖန်တီးလိုက်တဲ့အခါ သူတို့ အလုပ်ပိုလုပ်ချင်လာပါလိမ့်မယ်။ အပြုသဘောဆောင်တဲ့ ခံစားချက်တွေနဲ့ အလုပ်တွဲလုပ်နိုင်အောင် ကူညီပေးပါ။ ဒီနည်းဖြင့် သူတို့ဟာ ထိုကျေနပ်မှုကို ရရှိဖို့ သူတို့လုပ်ဆောင်နေတဲ့ အလုပ်အားလုံးကို ပြီးမြောက်အောင် လုပ်လာမှာပါ။

ဆုံးဖြတ်ချက်ခိုင်မာပြီး တာဝန်ယူတတ်တဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ဝါသနာကို ပျိုးထောင်ပေးတာပါ။ ဝါသနာတစ်ခုဆိုတာ ကြီးမားတဲ့ တာဝန််ကို ရည်ညွှန်းပါတယ်။ အရေးကြီးတာက သူတို့ကိုယ်တိုင်ဝါသနာပါတာကိုပါ၊ ဝါသနာတစ်ခုကို ပြုစုပျိုးထောင်တဲ့အခါမှာ သေးသေးလေးတွေနဲ့ စတင်ပါ၊ ပြီးတော့ သူတို့လုပ်ချင်တာကို ရွေးပါစေ၊ အားကစား၊ အနုပညာ၊ လက်မှုပညာ ဘယ်ဟာပဲဖြစ်ဖြစ် သူတို့လုပ်ချင်တာကို လုပ်ခွင့်ပေးပါ။ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုထဲကို အတင်းအကျပ် မလုပ်ခိုင်းပါနဲ့။ သင်္ချာမကြိုက်ရင် လက်ခံပါ။ သူတို့ပန်းချီဆွဲရတာကို ကြိုက်နိုင်ပါတယ်။ အဲဒီနေရာမှာ သူတို့ကို ပံ့ပိုးပေးပါ။ သူတို့လုပ်ချင်တာကို လုပ်ခွင့်ပေးခြင်းဖြင့် သူတို့မှာကြိုးစားဖို့ ကိုယ်ပိုင်ပန်းတိုင်တွေ ရှိလာပါမယ်။ အိပ်မက်တွေက သူတို့ကို ဇွဲရှိစေပါလိမ့်မယ်။ သူတို့ကိုယ်တိုင်ရွေးချယ်တာဖြစ်တဲ့အတွက် ကောင်းကောင်းလုပ်မယ်လို့ ဆုံးဖြတ်ထားပါလိမ့်မယ်။ သူတို့ကို လမ်းညွှန်မှုနဲ့ လိုအပ်တဲ့ လွတ်လပ်မှုကို ပေးပါ။ ဆုံးဖြတ်ချက် ခိုင်မာတဲ့လူတွေ ဖြစ်လာပါလိမ့်မယ်။

၃။ စိတ်ခံစားမှုဆိုင်ရာ ပံ့ပိုးမှုပေးပါ
ဇွဲလုံ့လနဲ့ ပတ်သတ်ပြီး လူအများ နားမလည်တာက ‘ကျရှုံးမှုဆိုတာ ခရီးရဲ့တစ်စိတ်တစ်ပိုင်း’ ဆိုတာပါ။ ဘယ်သူကမှ မွေးရာပါ စိတ်ပိုင်းဖြတ်ထားသူတွေ မဟုတ်ပါဘူး။ လူတွေဟာ ဘဝမှာ ဇွဲရှိချင်တယ်ဆိုရင် အဆင်မပြေမှုတွေကို ရင်ဆိုင်ဖို့ သင်ယူရပါမယ်။ ဘဝမှာ တစ်ချို့အရာတွေနဲ့ ရုန်းကန်ရတာ အဆင်ပြေကြောင်း ကလေးတွေကို ပြသရပါမယ်။ ရလဒ်က အရေးကြီးတယ်လို့ ကလေးကို မသင်ပေးပါနဲ့။အရေးကြီးဆုံးက မလွှဲမရှောင်သာ အတားအဆီးတွေနဲ့ သူတို့ရင်ဆိုင်ရတဲ့အခါ သူတို့အတွက် ရှိနေပါစေ။

တစ်ခုခုကိုလက်လွတ်လိုက်ရင် သူတို့ရဲ့ အကြောင်းပြချက်ကို နားထောင်ပါ။ သူတို့ကို ဝမ်းနည်းခွင့်ပေးပါ။ အချိန်တန်ရင် အသစ်တစ်ခုခု စတင်ဖို့ လမ်းညွှန်ပါ။ ဇွဲရှိဖို့ဆိုတာက ကိုယ်ပြီးဆုံးအောင် ဆောင်ရွက်ချင်တဲ့ အရာကို ရှာမတွေ့မချင်း လိုအပ်သလောက် များများကြိုးစားဖို့ ဖြစ်ပါတယ်။ ပြီးတော့ ထူးထူးခြားခြား တစ်ခုကို တွေ့တဲ့အခါ တတ်နိုင်သမျှ ကောင်းအောင် ဆက်ပြီးလုပ်ရမယ့် အချိန်ပါပဲ။ သူတို့ပြီးဆုံးအောင်လုပ်ချင်တဲ့အရာကို ရှာတွေ့တဲ့အခါ ဂုဏ်ယူပေးလိုက်ပါ။ သူတို့ရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူနေပါစေ၊ ပန်းတိုင်တစ်ခုရောက်တဲ့အခါ သူတို့ကို ဆုချပါ။ ဒါတွေက အဆင်မပြေမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ စိတ်ဖိစီးမှုအားလုံးကို ဘယ်လိုစီမံရမဆယ်ဆိုတာ သင်ကြားပေးတဲ့ ကျန်းမာသောနည်းလမ်း ဖြစ်ပါတယ်။
Chit_MayMay
Nandar
Source-powerofpositivity