Home Parenting Child Care ကလေးတွေမှာ မိမိဆန္ဒအမြင်ကို ထုတ်ဖော်ဖို့ ဝန်မလေးခြင်း (Self-assertion ); သူတို့ရဲ့ စိန်ခေါ်ခြင်းအပြုအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?

ကလေးတွေမှာ မိမိဆန္ဒအမြင်ကို ထုတ်ဖော်ဖို့ ဝန်မလေးခြင်း (Self-assertion ); သူတို့ရဲ့ စိန်ခေါ်ခြင်းအပြုအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?

0
ကလေးတွေမှာ မိမိဆန္ဒအမြင်ကို ထုတ်ဖော်ဖို့ ဝန်မလေးခြင်း (Self-assertion ); သူတို့ရဲ့ စိန်ခေါ်ခြင်းအပြုအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?

အသက် ၂နှစ်ဝန်းကျင်မှာ ကလေးတွေဟာ အံတုမှု သွင်ပြင်လက္ခဏာရှိသော အဆင့်တစ်ခုကို ဝင်ရောက်လာကြပါတယ်။ တကယ်တော့ သင့်မှာ ဒီအရွယ်ကလေးတစ်ယောက်ရှိတယ်ဆိုရင် အရာအားလုံးကို No လိုပြောတာ၊ သင့်ကို အဆက်မပြတ် စိန်ခေါ်နေတာကို တွေ့ရပါလိမ့်မယ်။ သူတို့ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ဒေါသ (သို့) မျက်ရည်တွေနဲ့ ထုတ်ဖော်ပြောဆိုတတ်ပါတယ်။ ဒီအပြုအမှုတွေက မိဘတွေ နားလည်ပြီး လိုက်နာရမယ့် မိမိကိုယ်ကို အတည်ပြုခြင်းရဲ့ ပုံမှန် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

နားလည်ဖို့ အရေးကြီးဆုံးအချက်က ဒီအပြုအမှုဟာ မကောင်းတဲ့ အရာမဟုတ်ပါဘူး။ ပုန်ကန်တတ်တဲ့ ၊ နာခံမှုမရှိတဲ့၊ လိုက်လျောညီထွေမရှိတဲ့ ဒီသဘောထားအသစ်က သူတို့ရဲ့ ဖွံဖြိုးတိုးတက်မှု အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုအပြုအမှုမျိုး ရှိနေတာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက သင့်အတွက် ပင်ပန်းနွမ်းနယ်စေ၊ စိတ်အနှောက်အယှက်ဖြစ်စေ၊ ဒေါသထွက်စေပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်အမှတ်အသားကို ကျန်းမာတဲ့နည်းလမ်းဖြင့် တည်ဆောက်နေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

ကလေးတွေမှာ မိမိဆန္ဒအမြင်ကို ထုတ်ဖော်ဖို့ ဝန်မလေးခြင်း (Self-assertion )

Self-assertion ဟာ လူသားတိုင်းမှာ ရှိပါတယ်။ ဒါက တစ်ဦးတစ်ယောက်ချင်းအဖြစ် သင့်ကိုယ်သင် ဖော်ပြခွင့်၊ သင့်ကို နားလည်ခွင့်ပေးမယ့် ဝိသေသဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သင်ဟာ ကိုယ့်ရဲ့အကျိုးစီးပွားနဲ့ အခွင့်အရေးတွေကို ကာကွယ်နိုင်ပြီး ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေနဲ့ စိတ်ခံစားချက်တွေကို ရိုးသားစွာ ဖော်ပြနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကို လေးစားမှုရဲ့ အခြေခံအစိတ်အပိုင်းဖြစ်သော self-assertion မရှိရင် သင်ဟာ မတုန်မလှုပ်သူ၊ နှိမ့်ချသူ၊ မှီခိုသူဖြစ်လာနိုင်ချေ ပိုများပါတယ်။

ကလေးတွေမှာဆိုရင် self-assertion ကို အပျက်သဘောအဖြစ် မြင်လာစေတဲ့ ဖြစ်စဉ်နှစ်ခု ဖြစ်ပေါ်လာပါတယ်။ တစ်ခုက အရွယ်မရောက်သေးသူတွေဟာ မေးခွန်းမမေးဘဲ လူကြီးအမိန့်ကို နာခံရမယ်လို့ ယုံကြည်ကြတာများပါတယ်။ တစ်ခုက အသက်နှစ်နှစ်မတိုင်ခင် ကလေးတွေဟာ ဒီလိုဖီဆန်တဲ့ သဘောထားမျိုး မပြတတ်ကြတာကြောင့် သူ့တို့ရဲ့ ရုတ်ချည်းအသွင်အပြင်က မိဘတွေကို အံ့အားသင့်စေကာ စိတ်ရှုပ်ထွေးစေနိုင်ပါတယ်။

တကယ်တော့ ကလေးဟာ သူတို့ရဲ့ပင်ကိုယ်စရိုက် မပြောင်းလဲပါဘူး။ သူတို့မှာ အပြုအမှုပြဿနာလည်းမရှိပါဘူး။ သူတို့က သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်တဲ့ အဆင့်ကို ဖြတ်သန်းနေကြတာပါ၊ မွေးကင်းစကလေးတွေဟာ သူတို့ကိုယ်သူတို့ individual ဖြစ်တယ်လို့ စမြင်လာတဲ့အချိန်က ၂၄လကနေ ၃၆လကြား အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်အထိ သူတို့ဟာ သူတို့ကိုယ်သူတို့နဲ့ external အကြား ခြားနားချက်ကို ရှင်းရှင်းလင်းလင်း မသိရှိကြပါဘူး။

ဒါက သူတို့ရဲ့ ထင်မြင်ချက်တွေ၊ ဆန္ဒတွေနှင့် ကိုယ်ပိုင်အမြင်တွေကို ထုတ်ဖော်ဖို့ မတူညီတဲ့လူတွေအဖြစ် သူတို့ကိုယ်သူတို့ assert လုပ်ချင်လာကြပါတယ်။ အရွယ်ရောက်ပြီးသူတွေကို ဆန့်ကျင်ခြင်းက ဒီအောင်မြင်မှုအတွက် သူတို့ရှာဖွေတွေ့ရှိတဲ့ အဓိကကိရိယာတွေထဲမှ တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေဆီကနေ တောင်းဆိုချက်(သို့) အကြံပြုချက်မှန်သမျှကို ငြင်းဆန်တာက ပုံမှန်ဖြစ်ပါတယ်။

ဝုန်းဒိုင်းကြဲခြင်း – self-assertion ရဲ့သရုပ်သကန်

Self-assertion ရဲ့ဖြစ်စဉ်မှာ ဝုန်းဒိုင်းကြဲခြင်းက အဖြစ်များပါတယ်။ သဘာဝကျပြီး ကျန်းမာသော စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်တွေဖြစ်ပါတယ်။ အမှန်တော့ ဒါက လသားကလေးအများစုမှာ ဖြစ်တတ်ပါတယ်။ တာဝန်ခံလူကြီးတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို မသိတဲ့အခါ အခက်အခဲဖြစ်ပေါ်လာပါတယ်။

မိဘတစ်ယောက်အနေနဲ့ သည်းခံနိုင်စွမ်း ဆုံးရှုံးသွားရင် ကလေးကို ဆူပူကြိမ်းမောင်းပြီး နာခံဖို့ အတင်းအကြပ် ခိုင်းစေနိုင်ပါတယ်။ သို့သော် ဒါက ဝုန်းဒိုင်းကြဲခြင်းကိုသာ အကြိမ်နှုန်း၊ ကြာချိန်နဲ့ ပြင်းထန်မှုကို တိုးစေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ သင်ဟာ ဝုန်းဒိုင်းကြဲခြင်းရဲ့ အခန်းကဏ္ဍနဲ့ သူတို့နောက်ကွယ်က လိုအပ်ချက်တွေကို နားလည်ရင် သက်ဆိုင်ရာအားလုံးအတွက် သူတို့ရဲ့ စွမ်းအင်ကို အပြုသဘောဆောင်တဲ့ ဦးတည်ချက်ဖြင့် ညွှန်ကြားနိုင်ပါတယ်။

စိန်ခေါ်မှု အပြုအမှုတွေကို စီမံခန့်ခွဲဖို့ သော့ချက်များ

  • သင့်ကလေးအား သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင်စေဖို့ အစွမ်းကုန်လုပ်ဆောင်ခွင့်ပြုပါ။ ဥပမာ- ကလေးက ဂျာကင်အင်္ကျီဝတ်ဖို့ သဘာတူရင် သူတို့ကြိုက်တဲ့ နွေရာသီအင်္ကျီကို ဝတ်ခွင့်ပြုပါ။ ဒီနည်းအားဖြင့် သင့်မှာ ရွေးချယ်ခွင့်ရှိပြီး သင့်စကားကို နားထောင်တယ်လို့ ခံစားရစေပါတယ်။ သူတို့ကို ဆန့်ကျင်ခြင်းဖြင့် သင့်ကိုယ်သင် assert လုပ်ဖို့ မလိုပါဘူး။
  • သင့်ကလေးရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြခွင့်ပြုပါ၊ သင်သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေဟာ လိုအပ်ပြီး လေးစားရမှာ ဖြစ်သော်လည်း ဒီကန့်သတ်ချက်တွေက သူတို့ရဲ့ ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တဲ့အခါ သင့်ကလေးအနေနဲ့ ဒေါသထွက်ခွင့်၊ ဝမ်းနည်းခွင့်ရှိပါတယ်။ ဒီလိုအခြေအနေမှာ သင့်အနေနဲ့ ဒီလိုစကားစုတွေကို သုံးနိုင်ပါတယ်။ “သား၊ ဒေါသခံစားရတာက ပုံမှန်ပဲ။ ဒါပေမယ့် ပစ္စည်းတွေကို ချိုးဖျက်ပစ်တာ၊ ပစ်ချတာက အဆင်မပြေဘူး။ သား..ဒီလိုခံစားရတဲ့အခါ မေမေ့ကို စကားပြောလို့ရတယ်၊ မေမေတို့ လမ်းလျှောက်ထွက်လို့ရတယ်”

သူတို့ ဘာ့ကြောင့် ဒီလိုခံစားရတယ်ဆိုတာကို နားလည်ကြောင်း၊ နားလည်မှု၊ လေးစားမှုတွေနဲ့ သူတို့ကို ဆက်ဆံကြောင်း အသိပေးပါ။

အတိုချုပ်ပြောရရင် ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်၊ ဆုံးဖြတ်ချက်တွေနဲ့ စိတ်ခံစားမှုတွေ ရှိနိုင်တယ်၊ ရှိသင့်တယ်ဆိုတာကို သတိရပါ။ သူတို့က မျက်စိစုံမှိတ်နာခံရမယ်၊ တသမတ်တည်း နာခံသင့်တယ်လို့ မယူဆပါနဲ့။ ဒါ့အပြင် သူတို့ရဲ့ ပုန်ကန်မှုနဲ့ ပုဂ္ဂိုလ်ရေးအရ ဆန့်ကျင်တဲ့ သဘောထားတွေကို ဗွေမယူပါနဲ့။ သူတို့က မိဘကို နှောက်ယှက်တာ (သို့) မထီမဲ့မြင်လုပ်နေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အထောက်အထားကိုသာ အတည်ပြုနေတာပါ။

Chit_MayMay

LM_Nandar

Source-exploringyourmind.

LEAVE A REPLY

Please enter your comment!
Please enter your name here