လူကြီးတွေမှာသာ sleep disorders(အိပ်စက်ခြင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ ပြဿနာ) ရှိတာမဟုတ်ပါဘူး။ ကလေးတွေမှာလည်း တွေ့ကြုံခံစားရနိုင်ပါတယ်။ဒီဆောင်းပါးမှာ ကလေးတွေ အလုံအလောက် အိပ်ပျော်မှု မရှိတဲ့အခါ သူတို့ရဲ့ ကြီးထွားမှု၊ စိတ်ခံစားမှုနှင့် စပ်လျဉ်းပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို မျှဝေပေးချင်ပါတယ်။

ကလေးတွေမှာ အိပ်စက်ခြင်းဆိုင်ရာ မူမမှန်တဲ့ ပြဿနာ
ကလေးသူငယ် လေးပုံတစ်ပုံခန့်မှာ အိပ်စက်မှုနှင့် ပတ်သတ်တဲ့ ကိစ္စတွေရှိပါတယ်။ တကယ်တော့ ဒါက မိဘတွေအကြား အဖြစ်များတဲ့ စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပါတယ်။
ဒီရောဂါက မိသားစုအလေ့အကျင့်မကောင်းတာ နှင့် စည်းကမ်းကန့်သတ်မှု မရှိခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ ဒီအဖြစ်အပျက်က မိဘတွေ အိပ်ရာဝင်တဲ့အခါ နောက်ကျတာ၊ ကလေးကို အိပ်ရာမဝင် တီဗီ၊ ဖုန်းကြည့်တဲ့အချိန်ကို ကန့်သတ်မပေးထားတာ တို့ကြောင့် ဖြစ်ပါတယ်။ အိပ်မပျော်တာက ဘယ်အသက်အရွယ်မဆို အန္တရာယ်ရှိပေမယ့် ကလေးတွေမှာဆိုရင် ပိုပြီးဆိုးပါတယ်။ သူတို့ကောင်းကောင်း အိပ်မထားဘူးဆိုရင် သူတို့ရဲ့ ဇီဝနာရီဟာ မညီမျှမှု ဖြစ်လာပါတယ်။ ဒီအဓိပ္ပာယ်က သူတို့ ကောင်းကောင်း မဖွံ့ဖြိုးနိုင်ဘူးလို့ ဆိုလိုပါတယ်။
မမွေးခင်ကတည်းက လူတွေမှာ အိပ်ချိန်နှင့် နိုးချိန်ကို ထိန်းညှိပေတဲ့ အထူးအာရုံခံတွေ ရှိပါတယ်။ အဲ့ဒီအထူးအာရုံခံတွေက ပထမဆုံးရက်သတ္တပတ်မှာ ပိုပြီး အိပ်စက်ဖို့လိုအပ်တဲ့ ကလေးငယ်အတွက် ဇီဝနာရီကို ထိန်းချုပ်ထားပေးပါတယ်။

ဒါက ဇီဝဆိုင်ရာပြဿနာတစ်ခုသာမဟုတ်ပါဘူး။ အချို့သော ပြင်ပအခြေအနေများပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ဥပမာ- ပတ်ဝန်းကျင်မှာ အလင်းရောင်အရမ်းများလွန်းတဲ့အခါ ဦးနှောက်က နိုးထဖို့အချိန်ဖြစ်တယ်လို့ ထင်ပါတယ်။ မီးလင်းနေရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘူးဆိုတာ ဒါ့ကြောင့်ပါပဲ။
ကလေးတွေဟာ သူတို့အသက်အရွယ်အရ အိပ်စက်ချိန် ဘယ်လောက်ရရှိသင့်သလဲ?

မွေးကင်းစကလေးဟာ အများဆုံး ၄နာရီခန့်စီ ပိုင်းခြားပြီး တနေ့ကို ၁၆နာရီလောက် အိပ်ချိန်ရှိသင့်ပါတယ်။ ၃လသားကျော်လာရင် ညဘက်နိုးတဲ့ ကြာချိန်ကို လျော့နည်းစေပါတယ်။ နည်းနည်းခြင်းဖြင့် သူတို့ဟာ အဆက်မပြတ်ပိုပြီး အိပ်ပျော်လာပါတယ်။
အသက်၂နှစ်မှာ ကလေးဟာ ၁၀နာရီခန့် အိပ်ပါတယ်။ ၅နှစ်မှာ သူတို့ရဲ့ အိပ်စက်ခြင်းသံသရာဟာ ညဘက်အတွင်းမှာ နိုးထဖို့ မလိုအောင် ကျင့်သားရသွားပါတယ်။ ဒါ့အပြင် သူတို့ဟာ နေ့လယ်တွေမှာဖြစ်စေ တရေးတမောအိပ်ဖို့ မလိုတော့ပါဘူး။
ကြီးကောင်ဝင်ချိန်မှာ ကလေးတွေပိုပြီး အိပ်တာကို သတိပြုမိပါလိမ့်မယ်။ ဒါက ဇီဝစက်ဝန်းအတွင်း ဝင်ရောက်စွက်ဖက်တဲ့ ဟော်မုန်း အပြောင်းအလဲများကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ညဘက်မှာ ပျမ်းမျှအားဖြင့် ၈နာရီလောက် အနားယူဖို့ လိုအပ်ပါတယ်။
အိပ်ချိန်မလုံလောက်တဲ့အခါ ကလေးတွေမှာ ဖြစ်လာတဲ့ အကျိုးဆက်များ

ကလေးတွေဟာ တစ်နေ့ကို အိပ်ချိန်နာရီအလုံအလောက်မရဘူးဆိုရင် ရောဂါလက္ခဏာတွေ လျှင်မြန်စွာ ပေါ်လာပါလိမ့်မယ်။ တချို့က တခြားအရာတွေထက် ပိုပြီးမြင်နိုင်၊ သတိထားမိပါလိမ့်မယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ အနီးကပ်ဂရုစိုက်ရပါမယ်။

စိတ်တိုတာ။ စိတ်ဆိုးခြင်း၊ ငိုခြင်း သို့မဟုတ် တခါတရံ အသားကုန်အော်ငိုခြင်း။
ဂနာမငြိမ်တာ။ Hyperactivity
စိတ်ဓါတ်ကျတာ။ သူတို့ဟာ အပြင်မထွက်ချင်တာ၊ မကစားချင်တာ ဖြစ်လာပါတယ်။
မှတ်ဉာဏ်ပြဿနာများ။ သူတိုဟာ အခြေခံအရာတွေကိုတောင် သတိမရတော့ပါဘူး။
ကျောင်းလုပ်ဆောင်ချက်တွေ လျော့ကျတာ။ အဆင့်မကောင်းခြင်း၊ မှတ်ဉာဏ်မကောင်းခြင်းနှင့် သင်ခန်းစာတွေ နားမလည်ခြင်းပြဿနာများ။
ရောဂါတွေ ပိုမိုကျရောက်တာ။ အိပ်စက်ခြင်းမရှိတာက ကိုယ်ခံစွမ်းအားစနစ်ကို အားနည်းစေပါတယ်။
ကြီးထွားမှုနှုှန်း နှေးကွေးတာ။ အိပ်စက်ခြင်းမရှိတာဟာ ခန္ဓာကိုယ် ကြီးထွားမှုနှုန်းကို နှေးကွေးစေပါတယ်။
ကလေးတွေအတွက် အိပ်ချိန်အလုံအလောက်ရရှိစေဖို့ အရမ်းအရေးကြီးပါတယ်။ ဒီပုံမှန်လည်ပတ်မှုကို အရွယ်ရောက်တဲ့အထိ သယ်ဆောင်သွားဖို့လည်း အရေးကြီးပါတယ်။
ကလေးတွေ ကောင်းကောင်း အိပ်ပျော်အောင် ဘယ်လိုလုပ်မလဲ?
ပထမအဆင့်အနေနဲ့ ကျောင်းပိတ်ရက် အပါအဝင် ညစဉ်ပုံမှန်အိပ်ချိန်ကို သတ်မှတ်ပေးဖို့ ဖြစ်ပါတယ်။
ကလေးကို နေ့ခင်းဘက်မှာ တရေးတမော အိပ်စေမယ်ဆိုရင် (အများဆုံး တစ်နာရီလောက်) ပေးအိပ်ဖို့ အကြံပြုပါတယ်။ လေးနာရီနောက်ပိုင်းကို ပေးမအိပ်ပါနဲ့။ ဒီနည်းလမ်းက သူတို့ရဲ့ ညစဉ်အိပ်စက်မှုစက်ဝန်းကို အနှောက်အယှက်ဖြစ်တော့မှာ မဟုတ်ပါဘူး။
ဒါ့အပြင် အစားအသောက်ကလည်း အိပ်စက်မှုကို သက်ရောက်စေပါတယ်။ ညစာကို အများကြီးမစားသင့်သလို ဟင်းသီးဟင်းရွက်ကို ပိုပြီး စားသုံးသင့်ပါတယ်။ ကြော်ထားတဲ့ ဟင်းတွေ၊ သကြားတွေ၊ ဂျုံမုန့်တွေက အစာကြေတာကို နှေးကွေးစေပြီး အိပ်ပျော်ဖို့ ပိုပြီး ခက်ခဲစေပါတယ်။
အိပ်ရာမဝင်ခင် တီဗီ၊ ကွန်ပြူတာကြည့်တာ၊ ဖုန်းသုံးတာတွေကို နည်းနိုင်သမျှ နည်းအောင် ရှောင်ကြဉ်ပါ။ ဒီdevices တွေကထုတ်လွှင့်တဲ့ အလင်းတွေက ဦးနှောက်ကို alert ဖြစ်စေပါတယ်။ ကလေးကို စာအုပ်ဖတ်ခိုင်းတာ၊ တိတ်တဆိတ် ကစားခိုင်းတာက ပိုကောင်းပါတယ်။
LM_Nandar
Chit_MayMay
ZawGyi
ကေလးေတြမွာ လံုေလာက္တဲ့ အိပ္ခ်ိန္မရွိတဲ့အခါ ျဖစ္ေပၚလာႏိုင္တဲ့ အက်ိဳးဆက္မ်ား
လူႀကီးေတြမွာသာ sleep disorders(အိပ္စက္ျခင္းဆိုင္ရာ ပံုမွန္မဟုတ္တဲ့ ျပႆနာ) ရွိတာမဟုတ္ပါဘူး။ ကေလးေတြမွာလည္း ေတြ႕ႀကံဳခံစားရႏိုင္ပါတယ္။ဒီေဆာင္းပါးမွာ ကေလးေတြ အလံုအေလာက္ အိပ္ေပ်ာ္မႈ မရွိတဲ့အခါ သူတို႔ရဲ႕ ႀကီးထြားမႈ၊ စိတ္ခံစားမႈႏွင့္ စပ္လ်ဥ္းၿပီး ျဖစ္ေပၚလာႏိုင္တဲ့ အက်ိဳးဆက္ေတြကို မွ်ေဝေပးခ်င္ပါတယ္။
ကေလးေတြမွာ အိပ္စက္ျခင္းဆိုင္ရာ မူမမွန္တဲ့ ျပႆနာ
ကေလးသူငယ္ ေလးပံုတစ္ပံုခန္႔မွာ အိပ္စက္မႈႏွင့္ ပတ္သတ္တဲ့ ကိစၥေတြရွိပါတယ္။ တကယ္ေတာ့ ဒါက မိဘေတြအၾကား အျဖစ္မ်ားတဲ့ စိုးရိမ္ပူပန္မႈတစ္ခုျဖစ္ပါတယ္။
ဒီေရာဂါက မိသားစုအေလ့အက်င့္မေကာင္းတာ ႏွင့္ စည္းကမ္းကန္႔သတ္မႈ မရွိျခင္းတို႔နဲ႔ ဆက္စပ္ေနပါတယ္။ ဒီအျဖစ္အပ်က္က မိဘေတြ အိပ္ရာဝင္တဲ့အခါ ေနာက္က်တာ၊ ကေလးကို အိပ္ရာမဝင္ တီဗီ၊ ဖုန္းၾကည့္တဲ့အခ်ိန္ကို ကန္႔သတ္မေပးထားတာ တုိ႔ေၾကာင့္ ျဖစ္ပါတယ္။ အိပ္မေပ်ာ္တာက ဘယ္အသက္အရြယ္မဆို အႏၱရာယ္ရွိေပမယ့္ ကေလးေတြမွာဆိုရင္ ပိုၿပီးဆိုးပါတယ္။ သူတို႔ေကာင္းေကာင္း အိပ္မထားဘူးဆိုရင္ သူတို႔ရဲ႕ ဇီဝနာရီဟာ မညီမွ်မႈ ျဖစ္လာပါတယ္။ ဒီအဓိပၸာယ္က သူတို႔ ေကာင္းေကာင္း မဖြံ႕ၿဖိဳးႏိုင္ဘူးလို႔ ဆိုလိုပါတယ္။
မေမြးခင္ကတည္းက လူေတြမွာ အိပ္ခ်ိန္ႏွင့္ ႏိုးခ်ိန္ကို ထိန္းညိွေပတဲ့ အထူးအာရံုခံေတြ ရွိပါတယ္။ အဲ့ဒီအထူးအာရံုခံေတြက ပထမဆံုးရက္သတၱပတ္မွာ ပိုၿပီး အိပ္စက္ဖို႔လိုအပ္တဲ့ ကေလးငယ္အတြက္ ဇီဝနာရီိကို ထိန္းခ်ဳပ္ထားေပးပါတယ္။
ဒါက ဇီဝဆိုင္ရာျပႆနာတစ္ခုသာမဟုတ္ပါဘူး။ အခ်ိဳ႕ေသာ ျပင္ပအေျခအေနမ်ားေပၚမွာလည္း အမ်ားႀကီးမူတည္ပါတယ္။ ဥပမာ- ပတ္ဝန္းက်င္မွာ အလင္းေရာင္အရမ္းမ်ားလြန္းတဲ့အခါ ဦးေႏွာက္က ႏိုးထဖို႔အခ်ိန္ျဖစ္တယ္လို႔ ထင္ပါတယ္။ မီးလင္းေနရင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မေပ်ာ္ဘူးဆိုတာ ဒါ့ေၾကာင့္ပါပဲ။
ကေလးေတြဟာ သူတို႔အသက္အရြယ္အရ အိပ္စက္ခ်ိန္ ဘယ္ေလာက္ရရွိသင့္သလဲ?
ေမြးကင္းစကေလးဟာ အမ်ားဆံုး ၄နာရီခန္႔စီ ပိုင္းျခားၿပီး တေန႔ကို ၁၆နာရီေလာက္ အိပ္ခ်ိန္ရွိသင့္ပါတယ္။ ၃လသားေက်ာ္လာရင္ ညဘက္ႏိုးတဲ့ ၾကာခ်ိန္ကို ေလ်ာ့နညး္ေစပါတယ္။ နည္းနည္းျခင္းျဖင့္ သူတို႔ဟာ အဆက္မျပတ္ပိုၿပီး အိပ္ေပ်ာ္လာပါတယ္။
အသက္၂ႏွစ္မွာ ကေလးဟာ ၁၀နာရီခန္႔ အိပ္ပါတယ္။ ၅ႏွစ္မွာ သူတို႔ရဲ႕ အိပ္စက္ျခင္းသံသရာဟာ ညဘက္အတြင္းမွာ ႏိုးထဖို႔ မလိုေအာင္ က်င့္သားရသြားပါတယ္။ ဒါ့အျပင္ သူတို႔ဟာ ေန႔လယ္ေတြမွာျဖစ္ေစ တေရးတေမာအိပ္ဖို႔ မလိုေတာ့ပါဘူး။
ႀကီးေကာင္ဝင္ခ်ိန္မွာ ကေလးေတြပိုၿပီး အိပ္တာကို သတိျပဳမိပါလိမ့္မယ္။ ဒါက ဇီဝစက္ဝန္းအတြင္း ဝင္ေရာက္စြက္ဖက္တဲ့ ေဟာ္မုန္း အေျပာင္းအလဲမ်ားေၾကာင့္ ျဖစ္ပါတယ္။ သူတို႔ဟာ ညဘက္မွာ ပ်မ္းမွ်အားျဖင့္ ၈နာရီေလာက္ အနားယူဖို႔ လိုအပ္ပါတယ္။
အိပ္ခ်ိန္မလံုေလာက္တဲ့အခါ ကေလးေတြမွာ ျဖစ္လာတဲ့ အက်ိဳးဆက္မ်ား
ကေလးေတြဟာ တစ္ေန႔ကို အိပ္ခ်ိန္နာရီအလံုအေလာက္မရဘူးဆိုရင္ ေရာဂါလကၡဏာေတြ လွွ်င္ျမန္စြာ ေပၚလာပါလိမ့္မယ္။ တခ်ိဳ႕က တျခားအရာေတြထက္ ပိုၿပီးျမင္ႏိုင္၊ သတိထားမိပါလိမ့္မယ္။ ဒါ့ေၾကာင့္ မိဘေတြအေနနဲ႔ အနီးကပ္ဂရုစိုက္ရပါမယ္။
စိတ္တိုတာ။ စိတ္ဆိုးျခင္း၊ ငိုျခင္း သို႔မဟုတ္ တခါတရံ အသားကုန္ေအာ္ငိုျခငး္။
ဂနာမၿငိမ္တာ။ Hyperactivity
စိတ္ဓါတ္က်တာ။ သူတို႔ဟာ အျပင္မထြက္ခ်င္တာ၊ မကစားခ်င္တာ ျဖစ္လာပါတယ္။
မွတ္ဥာဏ္ျပႆနာမ်ား။ သူတိုဟာ အေျခခံအရာေတြကိုေတာင္ သတိမရေတာ့ပါဘူး။
ေက်ာင္းလုပ္ေဆာင္ခ်က္ေတြ ေလ်ာ့က်တာ။ အဆင့္မေကာင္းျခင္း၊ မွတ္ဥာဏ္မေကာင္းျခင္းႏွင့္ သင္ခန္းစာေတြ နားမလည္ျခင္းျပႆနာမ်ား။
ေရာဂါေတြ ပိုမိုက်ေရာက္တာ။ အိပ္စက္ျခငး္မရွိတာက ကိုယ္ခံစြမ္းအားစနစ္ကို အားနညး္ေစပါတယ္။
ႀကီးထြားမႈႏႈွန္း ေႏွးေကြးတာ။ အိပ္စက္ျခငး္မရွိတာဟာ ခႏၶာကိုယ္ ႀကီးထြားမႈႏႈန္းကို ေႏွးေကြးေစပါတယ္။
ကေလးေတြအတြက္ အိပ္ခ်ိိန္အလံုအေလာက္ရရွိေစဖို႔ အရမ္းအေရးႀကီးပါတယ္။ ဒီပံုမွန္လည္ပတ္မႈကို အရြယ္ေရာက္တဲ့အထိ သယ္ေဆာင္သြားဖို႔လည္း အေရးႀကီးပါတယ္။
ကေလးေတြ ေကာင္းေကာင္း အိပ္ေပ်ာ္ေအာင္ ဘယ္လိုလုပ္မလဲ?
ပထမအဆင့္အေနနဲ႔ ေက်ာင္းပိတ္ရက္ အပါအဝင္ ညစဥ္ပံုမွန္အိပ္ခ်ိန္ကို သတ္မွတ္ေပးဖို႔ ျဖစ္ပါတယ္။
ကေလးကို ေန႔ခင္းဘက္မွာ တေရးတေမာ အိပ္ေစမယ္ဆိုရင္ (အမ်ားဆံုး တစ္နာရီေလာက္) ေပးအိပ္ဖို႔ အႀကံျပဳပါတယ္။ ေလးနာရီေနာက္ပိုင္းကို ေပးမအိပ္ပါနဲ႔။ ဒီနည္းလမ္းက သူတို႔ရဲ႕ ညစဥ္အိပ္စက္မႈစက္ဝန္းကို အေႏွာက္အယွက္ျဖစ္ေတာ့မွာ မဟုတ္ပါဘူး။
ဒါ့အျပင္ အစားအေသာက္ကလည္း အိပ္စက္မႈကို သက္ေရာက္ေစပါတယ္။ ညစာကိို အမ်ားႀကီးမစားသင့္သလို ဟင္းသီးဟင္းရြက္ကို ပိုၿပီး စားသံုးသင့္ပါတယ္။ ေၾကာ္ထားတဲ့ ဟင္းေတြ၊ သၾကားေတြ၊ ဂ်ံဳမုန္႔ေတြက အစာေၾကတာကို ေႏွးေကြးေစၿပီး အိပ္ေပ်ာ္ဖို႔ ပိုၿပီး ခက္ခဲေစပါတယ္။
အိပ္ရာမဝင္ခင္ တီဗီ၊ ကြန္ျပဴတာၾကည့္တာ၊ ဖုန္းသံုးတာေတြကို နည္းႏိုင္သမွ် နည္းေအာင္ ေရွာင္ၾကဥ္ပါ။ ဒီdevices ေတြကထုတ္လႊင့္တဲ့ အလင္းေတြက ဦးေႏွာက္ကို alert ျဖစ္ေစပါတယ္။ ကေလးကို စာအုပ္ဖတ္ခိုင္းတာ၊ တိတ္တဆိတ္ ကစားခိုင္းတာက ပိုေကာင္းပါတယ္။