ကလေးတွေမှာ သွားပိုးစားတာမဖြစ်လေအောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်း (၃) ရပ်

0
320
- Advertisement -

ခေးမေမေတို့ ကလေးငယ်ရဲ့ သွားလေးတွေ ကျန်းမာရေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ချိုတဲ့ အစားအစာတွေ၊ ဖျော်ရည်တွေက ပျော်ဝင်နိုင်တဲ့ အက်ဆစ်တွေထုတ်ပေးပြီး သင့်ရဲ့ သွားလေးတွေကို ယိုယွင်းပျက်စီးစေပါတယ်။ အချိုတွေ အများကြီး စားသုံးခြင်းကြောင့် သွားကြွေလွှာတွေဟာ ပျက်စီးယိုယွင်းနိုင်ပြီး ခံတွင်းရောဂါအထိ ဖြစ်စေပါတယ်။ ဒါ့ကြောင့် သွားလေးတွေကို ပျက်စီးယိုယွင်းပြီး သွားပိုးပေါက်ဖြစ်စေနိုင်သလို သင့်ကလေးငယ်ရဲ့ အပြုံးလေးတွေကို ထိခိုက်စေနိုင်ပါတယ်။

ကလေးဆိုတာ အချိုကြိုက်တတ်တဲ့အရွယ်၊ ချောကလက်တွေ၊ ချိုချဉ်တွေ ကြိုက်ကြတဲ့ သူတွေဖြစ်ပါတယ်။ အဲဒီလို အချိုတွေက ကလေးငယ်ရဲ့ သွားကြားလေးတွေထဲ ကပ်ညှိနေတတ်ပြီး သွားပိုးပေါက်ဖြစ်စေပါတယ်။ သူတို့ကြိုက်တဲ့ အစားအစာလေးတွေကို လုံးဝမစားနဲ့လို့ တားမြစ်လို့လည်း ရမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အချိုကြိုက်တတ်တဲ့ ခေးမေမေတို့ ကလေးငယ်ရဲ့ သွားကျန်းမာရေးအတွက် ဘာတွေပြုလုပ်ပေးသင့်သလဲဆိုတာကို မျှဝေပေးချင်ပါတယ်နော်။

၁။ သွားပုံမှန်တိုက်တတ်တဲ့အကျင့်လေး ပျိုးထောင်ပေးမယ်။

သင့်ကလေးငယ်ကို သွားပုံမှန်တိုက်တတ်တဲ့ အကျင့်ကို ပျိုးထောင်ပေးသင့်ပါတယ်။ မနက်တစ်ကြိမ်၊ ညအိပ်ယာမဝင်ခင် တစ်ကြိမ် ဖရိုရိုက်ဒ်နဲ့ ကယ်လ်ဆီယမ် ပါဝင်တဲ့ ဆစ်ဂနယ်လိုမျိုး သွားတိုက်ဆေးနဲ့ သွားတိုက်တဲ့အကျင့်ဖြစ်အောင် လေ့ကျင့်ပေးပါ။

၂။ ရေများများသောက်ခိုင်းမယ်။

သင့်ကလေးငယ်ကို ရေများများသောက်ခိုင်းလိုက်ပါ။ ခံတွင်းမှာရေဓာတ်ခမ်းခြောက်ရင် ခံတွင်းနံ့ဆိုးစေသလို သွားလေးတွေရဲ့ ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ ဒါ့ကြောင့် ရေများများသောက်ခိုင်ပါ။

၃။ အစာစားပြီးတိုင်း ပလုတ်ကျင်းခိုင်းမယ်။

အစာစားပြီးတိုင်း ပလုတ်ကျင်းတဲ့အကျင့်လေးကို ပျိုးထောင်ပေးပါ။ သွားကြားလေးတွေ၊ ခံတွင်းထဲက စားကြွင်းစားကျန်တွေကို ပလုတ်ကျင်းထုတ်ပစ်လိုက်မယ်ဆိုရင်တော့ သွားလေးတွေ ထိခိုက်ပျက်စီးမှုကို အထိုက်အလျောက် လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

#Chit_May_May

#Thinzar

Ref- dentalsleepstlouis

LEAVE A REPLY

Please enter your comment!
Please enter your name here