ကလေးတွေမှာ အစာစားချင်စိတ် ဆုံးရှုံးတာက ဘာ့ကြောင့် ဖြစ်တာလဲ?ဘယ်လို ကာကွယ်တားဆီးမလဲ?

0
44

မေမေတို့ရဲ့ ကလေးဟာ သူနှစ်သက်တဲ့ အစားအစာတွေကိုတောင်စားဖို့ ငြင်းဆန်နေပါသလား? မိခင်အများစု ကြုံတွေ့ရတာကတော့ သားသားမီးမီးတွေ အစာစားချင်စိတ် နည်းပါးတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အစားစားချင်စိတ် တတ်လိုက်ကျလိုက်ဖြစ်တာဟာ အသက် ၂နှစ်နှင့် ၆နှစ်အကြားကလေးတွေမှာ အများစုဖြစ်ပါတယ်။

အစာစားချင်စိတ် ဆုံးရှုံးရင် ကိုယ်အလေးချိန်ဆုံးရှုံးမှုက လိုက်ပါလာတာကြောင့် ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ကလေးတွေမှာ အစာစားချင်စိတ် ဆုံးရှုံးရတာဟာ ဒီအချက် ကိုးချက်ကြောင့် ဖြစ်နိုင်ပြီး အစာစားချင်စိတ်ပြန်လည်ဖြစ်လာအောင် ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတဲ့ အကြံပြုချက်တွေကို မျှဝေပေးချင်ပါတယ်။

ကလေးတွေမှာ အစာစားချင်စိတ်ဆုံးရှုံးရတဲ့ အကြောင်းရင်းများ

၁။ ကြီးထွားမှုနှုန်း နှေးသွားခြင်း

ဖွံ့ဖြိုးမှုအပြောင်းအလဲက ကလေးတွေမှာ အစာစားချင်စိတ် လျော့နည်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ပထမ၁နှစ်အတွင်း ကလေးတွေဟာ လျှင်မြန်စွာ ကြီးထွားပါတယ်။ ဒါပေမယ့် တစ်နှစ်ကျော်လာရင် ကြီးထွားမှုနှုန်း နှေးကွေးသွားသလို အစာစားတဲ့နှုန်းလည်း နည်းသွားပါတယ်။ ဒီကာလအတွင်းမှာ အစာစားချင်စိတ် ကျဆင်းတာက ပုံမှန်ပါပဲ။

၂။ ဖျားနာခြင်း

နာမကျန်းမှုက ကလေးတွေကို အစာစားချင်စိတ်တွေ သိသိသာသာ ဆုံးရှုံးနိုင်ပါတယ်။ သင့်ကလေးဟာ လည်ချောင်းနာတာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ ခေါင်းကိုက်တာ၊ ဖျားတာ သို့မဟုတ် တခြားရောဂါလက္ခဏာတွေ ခံစားနေရလျှင် ပုံမှန်စားနေကျထက် နည်းသွားပါလိမ့်မယ်။ ကလေးအများစုက နေပြန်ကောင်းလာတဲ့အခါ အစာစားချင်စိတ် ပြန်လည်ရရှိလာပါတယ်။

၃။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုက ကလေးငယ်တွေအပေါ်မှာ အစာစားချင်စိတ်ဆုံးရှုံးမှုအပါအဝင် ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ သင့်ကလေးဟာ အစာစားဖို့ စိတ်မဝင်စားဘူးဆိုရင် ၊ကောင်းကောင်းလည်း မအိပ်ဘူးဆိုရင် စိတ်ဖိစီးမှု ခံစားနေရနိုင်ပါတယ်။ သင့်ကလေးရဲ့ အစာစားချင်စိတ်လျော့နည်းမှုကို ဖြေရှင်းဖို့ စိတ်ဖိစီးရတဲ့အကြောင်းရင်းကို ဖော်ထုတ်ဖို့နှင့် သက်သာစေဖို့ လိုအပ်ပါတယ်။ ကလေးဘဝအတွင်း စိတ်ဖိစီးမှု ဖြစ်ရတာဟာ အချို့သော အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။

မိသားစုထဲမှာ တစ်ယောက်ယောက် ကွယ်လွန်ခြင်း၊ အိမ်မွေးတိရိစ္ဆာန် တစ်ကောင် သေဆုံးခြင်း ဒါမှမဟုတ် ကလေးနောက်တစ်ယောက် မွေးဖွားခြင်းကဲ့သို့သော မိသားစုပြဿနာများ

အနိုင်ကျင့်ခံရခြင်း

ပညာရေးဆိုင်ရာဖိအားများနှင့်အတူ ကျောင်းစာတွေမလိုက်နိုင်ခြင်း

၄။ စိတ်ဓါတ်ကျခြင်း

စိတ်ဓါတ်ကျခြင်းက ကလေးတစ်ယောက်ရဲ့ အစာစားချင်စိတ်ဆုံးရှုံးရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ မိဘအများစုက ဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာကို မှားယွင်းလေ့ရှိပါတယ်။ ဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာက မတူပါဘူး။ ဝမ်းနည်းတဲ့ ခံစားမှုက အချိန်ကြာလာရင် ပျောက်သွားပေမယ့် စိတ်ဓါတ်ကျခြင်းက အချိန်ဘယ်လောက်ကြာကြာ ပျောက်မသွားပါဘူး။ စိတ်ဓါတ်ကျခြင်းက ကလေးတစ်ယောက်ကို ဝမ်းနည်းစေယုံသာမဟုတ်ဘဲ သူ့ရဲ့ သာမန်ဘဝကိုလည်း အနှောက်အယှက်ဖြစ်စေပါတယ်။
ကလေးဟာ အစားအသောက် ပုံမှန်မစားလျှင်၊ အရင်လို တတ်တတ်ကြွကြွ ၊ ပျော်ပျော်ရွင်ရွင် မရှိလျှင် စိတ်ဓါတ်ကျမှု ခံစားနေရတာဖြစ်နိုင်ပါတယ်။ သင့်ကလေးရဲ့ စိတ်ဓါတ်ကျနေတာကို ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်။

၅။ (Anorexia Nervosa) ဝမှာကြောက်လို့ မစားခြင်း

ဆယ်ကျော်သက်မတိုင်မီနှင့် ဆယ်ကျော်သက် ကလေးတွေဟာ တခါတရံမှာ တီဗီထဲက ပိန်ပိန်ပါးပါး မော်ဒယ်တွေကို ကြည့်ပြီး သူတို့လိုလှချင်ကြတာကြောင့် အစားလျော့စားတာတွေ၊ အစားမစားဘဲနေတာတွေ ပြုလုပ်တတ်ကြပါတယ်။ သူတို့ဟာ တတ်နိုင်သလောက် အစာမစားဘဲ ကြာကြာနေဖို့ ကြိုးစားကြည့်ကြပါတယ်။ သူတို့ဟာ အစားစားတာတောင်မှ အဆီနည်းတဲ့ အစားအစာတွေကို ရွေးစားတာ၊ ပိန်အောင် အစားလျော့တာ၊ လေ့ကျင့်ခန်းလုပ်တာတွေ လုပ်လာကြပါတယ်၊ သင့်ကလေးဟာ ကိုယ်အလေးချိန်နည်းပေမယ့်လည်း အစားရှောင်နေပြီဆိုရင်၊ လေ့ကျင့်ခန်းကို လုပ်သင့်တာထက် ပိုပြီးလုပ်နေပြီဆိုရင် Anorexia Nervosa ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ဒီအခါ သင့်ကလေးကို ကျန်းမာစွာ အစာစားချင်စိတ် ပြန်ဖြစ်လာဖို့ အထူးကုဆရာဝန်နှင့် သေချာတိုင်ပင်ပြီး အကြံပြုချက်တွေ ရယူသင့်ပါတယ်။

၆။ ဆေးဝါးများ

ကလေးဟာ မကြာသေးမီက ပဋိဇီဝဆေး သောက်ခဲ့ရတယ်ဆိုရင် သူ့ရဲ့ အစာစားချင်စိတ်က ကျဆင်းသွားနိုင်ပါတယ်။ ကလေးမှာ အစာစားချင်စိတ်ကျဆင်းတာက တခြားဆေးဝါးများနှင့် ပဋိဇီဝပိုးသတ်ဆေးရဲ့ ဆိုးကျိုးကြောင့် ဖြစ်နိုင်ပါတယ်။

၇။ သွေးအားနည်းခြင်း

သွေးအားနည်းတာက ကလေးတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို ကျဆင်းစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ သွေးအားနည်းရောဂါ ခံစားတဲ့ ကလေးတွေဟာ အခြားသူတွေထက် အားနည်း ပင်ပန်းပြီး စိတ်တိုလေ့ရှိပါတယ်။ မကုသဘဲထားမယ်ဆိုရင် သွေးအားနည်းရောဂါက သင့်လေးရဲ့ ဖွံ့ဖြိုးမှု၊ ကျောင်းလုပ်ဆောင်ချက်တွေအပေါ်မှာ အနှောက်အယှက်ဖြစ်စေတာကြောင့် သင့်ကလေး သွေးအားနည်းတယ်လို့ သံသယရှိရင် သွေးစစ်ကြည့်သင့်ပါတယ်။

၈။ သန်ထခြင်း

ဗိုက်ထဲမှာ သန်ကောင်တွေရှိရင် ကလေးရဲံ အစာစားချင်စိတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ သန်ကောင်တွေက ကလေးရဲ့ အစာခြေစနစ်ထဲကို ဝင်ရောက်ပြီး အစာစားချင်စိတ်မရှိခြင်း၊ ဝမ်းသွားရင် သွေးပါခြင်းနှင့် အူလမ်းကြောင်း သွေးထွက်ခြင်းကို ဖြစ်စေတဲ့ ကပ်ပါးကောင်အဖြစ် နေထိုင်ပါတယ်။

၉။ ဝမ်းချုပ်ခြင်း

ကလေးမှာ အူလမ်းကြောင်းလှုပ်ရှားမှု ပုံမှန်မဟုတ်တာက ဝမ်းချုပ်ခြင်းကို ဦးတည်စေနိုင်ပါတယ်။ ကလေးမှာ အစာစားချင်စိတ်ဆုံးရှုံးတာက ဝမ်းချုပ်ခြင်း၏ လက္ခဏာ တစ်ခုဖြစ်ပါတယ်။
အစာစားချင်စိတ် ဆုံးရှုံးတာကို ဂရုစိုက်မှုနှင့် စောင့်ရှောက်မှုတချို့ဖြင့် ကာကွယ်နိုင်တာကြောင့် စိုးရိမ်ပူပန်စရာတစ်ခုတော့ မဟုတ်ပါဘူး။

ကလေးတွေ အစားအသောက်မပျက်အောင် ဘယ်လိုကာကွယ်မလဲ?

သင့်ကလေးအတွက် အစားအသောက်ကို မြင်လိုက်တာနဲ့ စိတ်ဝင်စားဖို့ကောင်းအောင်၊ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးဖို့လိုပါတယ်။ အရသာရှိပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတွေလည်း ဖြစ်ရပါမယ်။

အစာစားနေချိန်မှာ ကလေးကို ဆူပူတာ၊ ကလေးနှင့်ပြိုင်ပြီး ငြင်းခုံတာတွေ မပြုလုပ်ပါနဲ့။

ကလေးရဲ့ ပုံမှန်အစာစားချိန်ကို သတ်မှတ်ပေးပါ။

ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများ ရွေးချယ်စားဖို့ သင့်ကလေးကို အားပေးပါ။

သင့်ကလေးကို မနက်စာ၊ နေ့လယ်စာနှင့် ညစာအကြားမျာ သရေစာတစ်ခုခုကျွေးပါ။

ရုပ်ပိုင်းဆိုင်ရာ တတ်ကြွမှုရှိဖို့ အားကစားလုပ်ခိုင်းတာ၊ ပြေးလွှားဆော့ကစားခိုင်းပါ။

သူဗိုက်မဆာသေးလျှင် အစာစားဖို့ အတင်းမကျွေးပါနဲ့။ ဒါ့အပြင် သူ့ပန်းကန်ထဲက အစားအစာကို ကုန်အောင်စားခိုင်းတာက မကောင်းတဲ့ စိတ်ကူးဖြစ်ပါတယ်။

ကလေးမှာ အစာစားချင်စိတ် တိုးပွားလာအောင် ဘယ်လိုလုပ်မလဲ?

ကလေးရဲ့ အစာစားချင်စိတ်ကို တိုးလာစေဖို့ သဘာဝ နည်းလမ်းတစ်ချို့ရှိပါတယ်၊၊
ကလေးတွေဟာ မုန့်ပဲသရေစာတွေကို ကြိုက်ကြပါတယ်။ မေမေတို့က ကောင်းမွန်တဲ့ သရေစာတွေကိုသာ ကျွေးသင့်ပါတယ်။ ဥပမာ အာလူးကြော်အစား မြေပဲပြုတ်လိုမျိုး၊ ကွက်ကီးတွေအစား ဆန်းဒဝှစ် တို့ ဟင်းသီးဟင်းရွက်ဖုတ်ထားတာတွေကို ကျွေးသင့်ပါတယ်။

မြေပဲက ပရိုတိန်းဓါတ်တွေပါဝင်ပြီး ကလေးရဲ့ အစာစားချင်စိတ်ကို တိုးမြှင့်ပေးပါတယ်။ သင့်ကလေးရဲ့ အစားအစာထဲကို မြေပဲအခြေခံထားတဲ့ အစားအစာများ ပိုထည့်ကျွေးပါ။

အစာစားချင်စိတ် ဆုံးရှုံးတဲ့ ကလေးအများစုဟာ နွားနို့တွေမြင်ရင် ရွံကြပါတယ်။ကလေးဟာ နို့သောက်ဖို့ ငြင်းဆန်နေရင် ဒိန်ခဲ၊ ဒိန်ချဉ်နှင့် ခရမ်ပုံစံကဲ့သို့သော နို့ဖြည့်စွက်စာတွေကို ကျွေးပါ။ ဒါတွေကို သူကြိုက်နှစ်သက်လျှင် နို့ထွက်ပစ္စည်းမဟုတ်တဲ့ နို့ကိုလည်း အသုံးပြုနိုင်ပါတယ်၊

ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းက အစာစားချင်စိတ်ရှိစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စက်ဘီးစီးတာ၊ စကိတ်စီးတာ၊ တစ်ချို့အားကစားတွေမှာ ပါဝင်ကစားတာက သင့်ကလေးကို ကိုယ်ကာယ တတ်ကြွမှုရှိစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

သင့်ကလေးဟာ အစာစားချင်စိတ်နည်းနေလျှင် သူစားနိင်သလောက်ကို နည်းနည်းချင်းစီနှင့် ခဏခဏ ကျွေးပေးပါ။ အစာစားချင်စိတ်ကို ပိုတိုးစေပါတယ်။

သင့်ကလေးစားချင်တဲ့ အစားအစာ စာရင်းကို ပြုလုပ်ပါ။ အရသာလည်းရှိပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ ဖြစ်ဖို့လိုပါတယ်။ သူအကြိုက်ဆုံးအစားအစာကို မြင်ရင် စားချင်စိတ်ရှိလာနိုင်ပါတယ်။

ကိုယ်အလေးချိန်တိုးမြှင့်ဖို့ ကယ်လိုရီသိပ်သည်းတဲ့ အစားအစာများကို ရွေးချယ်ပါ။

သင့်ကလေးကို အစာမစားခင် မိနစ်သုံးဆယ်မှာ ရေသောက်ခိုင်းပါ။

အစာစားချင်စိတ်ကို ဖြစ်စေတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေကိုသုံးပါ။

သံပုရာရည်၊ ဂျင်းနှင့် ရှာလကာရည်က အစာစားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။

ကလေးရဲ့ အစားအစာထဲမှာ အစိမ်းရောင်နှင့် တခြား ဟင်းသီးဟင်းရွက် အရောင်အမျိုးမျိုးကို ထည့်ပါ။ ရောင်စုံလေးဖြစ်နေတာက ကလေးအတွက် စားချင်စဖွယ်ဖြစ်စေပါတယ်။

စတော်ဘယ်ရီ၊ ပျားရည်၊ ငှက်ပျောသီး၊ ရေခဲနှင့် ဒိန်ချဉ်တို့ကို ဖျော်ရည်လုပ်ပေးပါ။

ကလေးရဲ့ အစာစားချင်စိတ်ကို တိုးစေဖို့ သဘာဝနည်းလမ်းအတော်များများရှိပါတယ်။ ဒါပေမယ့် တခါတရံမှာ အစာစားချင်စိတ်ကို ပိုပြီးဖြစ်စေတဲ့ အာဟာရဖြည့်စွက်စာ တိုက်ဖို့လိုအပ်နိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source- momjunction

ZawGyi

ကေလးေတြမွာ အစာစားခ်င္စိတ္ ဆုံးရႈံးတာက ဘာ့ေၾကာင့္ ျဖစ္တာလဲ?ဘယ္လို ကာကြယ္တားဆီးမလဲ?
ေမေမတို႔ရဲ႕ ကေလးဟာ သူႏွစ္သက္တဲ့ အစားအစာေတြကိုေတာင္စားဖို႔ ျငင္းဆန္ေနပါသလား? မိခင္အမ်ားစု ႀကဳံေတြ႕ရတာကေတာ့ သားသားမီးမီးေတြ အစာစားခ်င္စိတ္ နည္းပါးတာပဲ ျဖစ္ပါတယ္။ သူတို႔ရဲ႕ အစားစားခ်င္စိတ္ တတ္လိုက္က်လိုက္ျဖစ္တာဟာ အသက္ ၂ႏွစ္ႏွင့္ ၆ႏွစ္အၾကားကေလးေတြမွာ အမ်ားစုျဖစ္ပါတယ္။

အစာစားခ်င္စိတ္ ဆုံးရႈံးရင္ ကိုယ္အေလးခ်ိန္ဆုံးရႈံးမႈက လိုက္ပါလာတာေၾကာင့္ ျဖစ္ေပၚရတဲ့ အေၾကာင္းရင္းကို ေဖာ္ထုတ္ဖို႔ ကေလးအထူးကုဆရာဝန္ႏွင့္ တိုင္ပင္ဖို႔ လိုအပ္ပါတယ္။ ကေလးေတြမွာ အစာစားခ်င္စိတ္ ဆုံးရႈံးရတာဟာ ဒီအခ်က္ ကိုးခ်က္ေၾကာင့္ ျဖစ္ႏိုင္ၿပီး အစာစားခ်င္စိတ္ျပန္လည္ျဖစ္လာေအာင္ ဘယ္လိုဂ႐ုစိုက္ေပးရမလဲဆိုတဲ့ အႀကံျပဳခ်က္ေတြကို မွ်ေဝေပးခ်င္ပါတယ္။

ကေလးေတြမွာ အစာစားခ်င္စိတ္ဆုံးရႈံးရတဲ့ အေၾကာင္းရင္းမ်ား

၁။ ႀကီးထြားမႈႏႈန္း ေႏွးသြားျခင္း

ဖြံ႕ၿဖိဳးမႈအေျပာင္းအလဲက ကေလးေတြမွာ အစာစားခ်င္စိတ္ ေလ်ာ့နည္းမႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ပထမ၁ႏွစ္အတြင္း ကေလးေတြဟာ လွ်င္ျမန္စြာ ႀကီးထြားပါတယ္။ ဒါေပမယ့္ တစ္ႏွစ္ေက်ာ္လာရင္ ႀကီးထြားမႈႏႈန္း ေႏွးေကြးသြားသလို အစာစားတဲ့ႏႈန္းလည္း နည္းသြားပါတယ္။ ဒီကာလအတြင္းမွာ အစာစားခ်င္စိတ္ က်ဆင္းတာက ပုံမွန္ပါပဲ။

၂။ ဖ်ားနာျခင္း

နာမက်န္းမႈက ကေလးေတြကို အစာစားခ်င္စိတ္ေတြ သိသိသာသာ ဆုံးရႈံးႏိုင္ပါတယ္။ သင့္ကေလးဟာ လည္ေခ်ာင္းနာတာ၊ ဗိုက္ေအာင့္တာ၊ ဝမ္းေလွ်ာတာ၊ ေခါင္းကိုက္တာ၊ ဖ်ားတာ သို႔မဟုတ္ တျခားေရာဂါလကၡဏာေတြ ခံစားေနရလွ်င္ ပုံမွန္စားေနက်ထက္ နည္းသြားပါလိမ့္မယ္။ ကေလးအမ်ားစုက ေနျပန္ေကာင္းလာတဲ့အခါ အစာစားခ်င္စိတ္ ျပန္လည္ရရွိလာပါတယ္။

၃။ စိတ္ဖိစီးမႈ

စိတ္ဖိစီးမႈက ကေလးငယ္ေတြအေပၚမွာ အစာစားခ်င္စိတ္ဆုံးရႈံးမႈအပါအဝင္ ဆိုးက်ိဳးေတြ ရွိႏိုင္ပါတယ္။ သင့္ကေလးဟာ အစာစားဖို႔ စိတ္မဝင္စားဘူးဆိုရင္ ၊ေကာင္းေကာင္းလည္း မအိပ္ဘူးဆိုရင္ စိတ္ဖိစီးမႈ ခံစားေနရႏိုင္ပါတယ္။ သင့္ကေလးရဲ႕ အစာစားခ်င္စိတ္ေလ်ာ့နည္းမႈကို ေျဖရွင္းဖို႔ စိတ္ဖိစီးရတဲ့အေၾကာင္းရင္းကို ေဖာ္ထုတ္ဖို႔ႏွင့္ သက္သာေစဖို႔ လိုအပ္ပါတယ္။ ကေလးဘဝအတြင္း စိတ္ဖိစီးမႈ ျဖစ္ရတာဟာ အခ်ိဳ႕ေသာ အေၾကာင္းရင္းေတြေၾကာင့္ ျဖစ္ပါတယ္။

မိသားစုထဲမွာ တစ္ေယာက္ေယာက္ ကြယ္လြန္ျခင္း၊ အိမ္ေမြးတိရိစာၦန္ တစ္ေကာင္ ေသဆုံးျခင္း ဒါမွမဟုတ္ ကေလးေနာက္တစ္ေယာက္ ေမြးဖြားျခင္းကဲ့သို႔ေသာ မိသားစုျပႆနာမ်ား

အႏိုင္က်င့္ခံရျခင္း

ပညာေရးဆိုင္ရာဖိအားမ်ားႏွင့္အတူ ေက်ာင္းစာေတြမလိုက္ႏိုင္ျခင္း

၄။ စိတ္ဓါတ္က်ျခင္း

စိတ္ဓါတ္က်ျခင္းက ကေလးတစ္ေယာက္ရဲ႕ အစာစားခ်င္စိတ္ဆုံးရႈံးရတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ႏိုင္ပါတယ္။ မိဘအမ်ားစုက ဝမ္းနည္းတာနဲ႔ စိတ္ဓါတ္က်တာကို မွားယြင္းေလ့ရွိပါတယ္။ ဝမ္းနည္းတာနဲ႔ စိတ္ဓါတ္က်တာက မတူပါဘူး။ ဝမ္းနည္းတဲ့ ခံစားမႈက အခ်ိန္ၾကာလာရင္ ေပ်ာက္သြားေပမယ့္ စိတ္ဓါတ္က်ျခင္းက အခ်ိန္ဘယ္ေလာက္ၾကာၾကာ ေပ်ာက္မသြားပါဘူး။ စိတ္ဓါတ္က်ျခင္းက ကေလးတစ္ေယာက္ကို ဝမ္းနည္းေစယုံသာမဟုတ္ဘဲ သူ႔ရဲ႕ သာမန္ဘဝကိုလည္း အေႏွာက္အယွက္ျဖစ္ေစပါတယ္။
ကေလးဟာ အစားအေသာက္ ပုံမွန္မစားလွ်င္၊ အရင္လို တတ္တတ္ႂကြႂကြ ၊ ေပ်ာ္ေပ်ာ္႐ြင္႐ြင္ မရွိလွ်င္ စိတ္ဓါတ္က်မႈ ခံစားေနရတာျဖစ္ႏိုင္ပါတယ္။ သင့္ကေလးရဲ႕ စိတ္ဓါတ္က်ေနတာကို ဆရာဝန္ႏွင့္ ျပသဖို႔ လိုအပ္ပါတယ္။

၅။ (Anorexia Nervosa) ဝမွာေၾကာက္လို႔ မစားျခင္း

ဆယ္ေက်ာ္သက္မတိုင္မီႏွင့္ ဆယ္ေက်ာ္သက္ ကေလးေတြဟာ တခါတရံမွာ တီဗီထဲက ပိန္ပိန္ပါးပါး ေမာ္ဒယ္ေတြကို ၾကည့္ၿပီး သူတို႔လိုလွခ်င္ၾကတာေၾကာင့္ အစားေလ်ာ့စားတာေတြ၊ အစားမစားဘဲေနတာေတြ ျပဳလုပ္တတ္ၾကပါတယ္။ သူတို႔ဟာ တတ္ႏိုင္သေလာက္ အစာမစားဘဲ ၾကာၾကာေနဖို႔ ႀကိဳးစားၾကည့္ၾကပါတယ္။ သူတို႔ဟာ အစားစားတာေတာင္မွ အဆီနည္းတဲ့ အစားအစာေတြကို ေ႐ြးစားတာ၊ ပိန္ေအာင္ အစားေလ်ာ့တာ၊ ေလ့က်င့္ခန္းလုပ္တာေတြ လုပ္လာၾကပါတယ္၊ သင့္ကေလးဟာ ကိုယ္အေလးခ်ိန္နည္းေပမယ့္လည္း အစားေရွာင္ေနၿပီဆိုရင္၊ ေလ့က်င့္ခန္းကို လုပ္သင့္တာထက္ ပိုၿပီးလုပ္ေနၿပီဆိုရင္ Anorexia Nervosa ခံစားေနရတာ ျဖစ္ႏိုင္ပါတယ္။ ဒီအခါ သင့္ကေလးကို က်န္းမာစြာ အစာစားခ်င္စိတ္ ျပန္ျဖစ္လာဖို႔ အထူးကုဆရာဝန္ႏွင့္ ေသခ်ာတိုင္ပင္ၿပီး အႀကံျပဳခ်က္ေတြ ရယူသင့္ပါတယ္။

၆။ ေဆးဝါးမ်ား

ကေလးဟာ မၾကာေသးမီက ပဋိဇီဝေဆး ေသာက္ခဲ့ရတယ္ဆိုရင္ သူ႔ရဲ႕ အစာစားခ်င္စိတ္က က်ဆင္းသြားႏိုင္ပါတယ္။ ကေလးမွာ အစာစားခ်င္စိတ္က်ဆင္းတာက တျခားေဆးဝါးမ်ားႏွင့္ ပဋိဇီဝပိုးသတ္ေဆးရဲ႕ ဆိုးက်ိဳးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

၇။ ေသြးအားနည္းျခင္း

ေသြးအားနည္းတာက ကေလးတစ္ေယာက္ရဲ႕ အစာစားခ်င္စိတ္ကို က်ဆင္းေစတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ပါတယ္။ ေသြးအားနည္းေရာဂါ ခံစားတဲ့ ကေလးေတြဟာ အျခားသူေတြထက္ အားနည္း ပင္ပန္းၿပီး စိတ္တိုေလ့ရွိပါတယ္။ မကုသဘဲထားမယ္ဆိုရင္ ေသြးအားနည္းေရာဂါက သင့္ေလးရဲ႕ ဖြံ႕ၿဖိဳးမႈ၊ ေက်ာင္းလုပ္ေဆာင္ခ်က္ေတြအေပၚမွာ အေႏွာက္အယွက္ျဖစ္ေစတာေၾကာင့္ သင့္ကေလး ေသြးအားနည္းတယ္လို႔ သံသယရွိရင္ ေသြးစစ္ၾကည့္သင့္ပါတယ္။

၈။ သန္ထျခင္း

ဗိုက္ထဲမွာ သန္ေကာင္ေတြရွိရင္ ကေလးရဲံ အစာစားခ်င္စိတ္ကို ဆုံးရႈံးေစႏိုင္ပါတယ္။ သန္ေကာင္ေတြက ကေလးရဲ႕ အစာေျခစနစ္ထဲကို ဝင္ေရာက္ၿပီး အစာစားခ်င္စိတ္မရွိျခင္း၊ ဝမ္းသြားရင္ ေသြးပါျခင္းႏွင့္ အူလမ္းေၾကာင္း ေသြးထြက္ျခင္းကို ျဖစ္ေစတဲ့ ကပ္ပါးေကာင္အျဖစ္ ေနထိုင္ပါတယ္။

၉။ ဝမ္းခ်ဳပ္ျခင္း

ကေလးမွာ အူလမ္းေၾကာင္းလႈပ္ရွားမႈ ပုံမွန္မဟုတ္တာက ဝမ္းခ်ဳပ္ျခင္းကို ဦးတည္ေစႏိုင္ပါတယ္။ ကေလးမွာ အစာစားခ်င္စိတ္ဆုံးရႈံးတာက ဝမ္းခ်ဳပ္ျခင္း၏ လကၡဏာ တစ္ခုျဖစ္ပါတယ္။
အစာစားခ်င္စိတ္ ဆုံးရႈံးတာကို ဂ႐ုစိုက္မႈႏွင့္ ေစာင့္ေရွာက္မႈတခ်ိဳ႕ျဖင့္ ကာကြယ္ႏိုင္တာေၾကာင့္ စိုးရိမ္ပူပန္စရာတစ္ခုေတာ့ မဟုတ္ပါဘူး။

ကေလးေတြ အစားအေသာက္မပ်က္ေအာင္ ဘယ္လိုကာကြယ္မလဲ?

သင့္ကေလးအတြက္ အစားအေသာက္ကို ျမင္လိုက္တာနဲ႔ စိတ္ဝင္စားဖို႔ေကာင္းေအာင္၊ စားခ်င္စဖြယ္ျဖစ္ေအာင္ ျပင္ဆင္ေပးဖို႔လိုပါတယ္။ အရသာရွိၿပီး က်န္းမာေရးႏွင့္ ညီၫြတ္တဲ့ အစားအစာေတြလည္း ျဖစ္ရပါမယ္။

အစာစားေနခ်ိန္မွာ ကေလးကို ဆူပူတာ၊ ကေလးႏွင့္ၿပိဳင္ၿပီး ျငင္းခုံတာေတြ မျပဳလုပ္ပါနဲ႔။

ကေလးရဲ႕ ပုံမွန္အစာစားခ်ိန္ကို သတ္မွတ္ေပးပါ။

က်န္းမာေရးႏွင့္ ညီၫြတ္တဲ့ အစားအစာမ်ား ေ႐ြးခ်ယ္စားဖို႔ သင့္ကေလးကို အားေပးပါ။

သင့္ကေလးကို မနက္စာ၊ ေန႔လယ္စာႏွင့္ ညစာအၾကားမ်ာ သေရစာတစ္ခုခုေကြၽးပါ။

႐ုပ္ပိုင္းဆိုင္ရာ တတ္ႂကြမႈရွိဖို႔ အားကစားလုပ္ခိုင္းတာ၊ ေျပးလႊားေဆာ့ကစားခိုင္းပါ။

သူဗိုက္မဆာေသးလွ်င္ အစာစားဖို႔ အတင္းမေကြၽးပါနဲ႔။ ဒါ့အျပင္ သူ႔ပန္းကန္ထဲက အစားအစာကို ကုန္ေအာင္စားခိုင္းတာက မေကာင္းတဲ့ စိတ္ကူးျဖစ္ပါတယ္။

ကေလးမွာ အစာစားခ်င္စိတ္ တိုးပြားလာေအာင္ ဘယ္လိုလုပ္မလဲ?

ကေလးရဲ႕ အစာစားခ်င္စိတ္ကို တိုးလာေစဖို႔ သဘာဝ နည္းလမ္းတစ္ခ်ိဳ႕ရွိပါတယ္၊၊
ကေလးေတြဟာ မုန႔္ပဲသေရစာေတြကို ႀကိဳက္ၾကပါတယ္။ ေမေမတို႔က ေကာင္းမြန္တဲ့ သေရစာေတြကိုသာ ေကြၽးသင့္ပါတယ္။ ဥပမာ အာလူးေၾကာ္အစား ေျမပဲျပဳတ္လိုမ်ိဳး၊ ကြက္ကီးေတြအစား ဆန္းဒဝွစ္ တို႔ ဟင္းသီးဟင္း႐ြက္ဖုတ္ထားတာေတြကို ေကြၽးသင့္ပါတယ္။

ေျမပဲက ပ႐ိုတိန္းဓါတ္ေတြပါဝင္ၿပီး ကေလးရဲ႕ အစာစားခ်င္စိတ္ကို တိုးျမႇင့္ေပးပါတယ္။ သင့္ကေလးရဲ႕ အစားအစာထဲကို ေျမပဲအေျခခံထားတဲ့ အစားအစာမ်ား ပိုထည့္ေကြၽးပါ။

အစာစားခ်င္စိတ္ ဆုံးရႈံးတဲ့ ကေလးအမ်ားစုဟာ ႏြားႏို႔ေတြျမင္ရင္ ႐ြံၾကပါတယ္။ကေလးဟာ ႏို႔ေသာက္ဖို႔ ျငင္းဆန္ေနရင္ ဒိန္ခဲ၊ ဒိန္ခ်ဥ္ႏွင့္ ခရမ္ပုံစံကဲ့သို႔ေသာ ႏို႔ျဖည့္စြက္စာေတြကို ေကြၽးပါ။ ဒါေတြကို သူႀကိဳက္ႏွစ္သက္လွ်င္ ႏို႔ထြက္ပစၥည္းမဟုတ္တဲ့ ႏို႔ကိုလည္း အသုံးျပဳႏိုင္ပါတယ္၊

ကိုယ္လက္လႈပ္ရွား အားကစားလုပ္ျခင္းက အစာစားခ်င္စိတ္ရွိေစတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ စက္ဘီးစီးတာ၊ စကိတ္စီးတာ၊ တစ္ခ်ိဳ႕အားကစားေတြမွာ ပါဝင္ကစားတာက သင့္ကေလးကို ကိုယ္ကာယ တတ္ႂကြမႈရွိေစတဲ့ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။

သင့္ကေလးဟာ အစာစားခ်င္စိတ္နည္းေနလွ်င္ သူစားနိင္သေလာက္ကို နည္းနည္းခ်င္းစီႏွင့္ ခဏခဏ ေကြၽးေပးပါ။ အစာစားခ်င္စိတ္ကို ပိုတိုးေစပါတယ္။

သင့္ကေလးစားခ်င္တဲ့ အစားအစာ စာရင္းကို ျပဳလုပ္ပါ။ အရသာလည္းရွိၿပီး အာဟာရျပည့္ဝတဲ့ အစားအစာေတြ ျဖစ္ဖို႔လိုပါတယ္။ သူအႀကိဳက္ဆုံးအစားအစာကို ျမင္ရင္ စားခ်င္စိတ္ရွိလာႏိုင္ပါတယ္။

ကိုယ္အေလးခ်ိန္တိုးျမႇင့္ဖို႔ ကယ္လိုရီသိပ္သည္းတဲ့ အစားအစာမ်ားကို ေ႐ြးခ်ယ္ပါ။

သင့္ကေလးကို အစာမစားခင္ မိနစ္သုံးဆယ္မွာ ေရေသာက္ခိုင္းပါ။

အစာစားခ်င္စိတ္ကို ျဖစ္ေစတဲ့ ဟင္းသီးဟင္း႐ြက္ေတြ၊ ဟင္းခတ္အေမႊးအႀကိဳင္ေတြကိုသုံးပါ။

သံပုရာရည္၊ ဂ်င္းႏွင့္ ရွာလကာရည္က အစာစားခ်င္စိတ္ကို လႈံ႕ေဆာ္ေပးပါတယ္။

ကေလးရဲ႕ အစားအစာထဲမွာ အစိမ္းေရာင္ႏွင့္ တျခား ဟင္းသီးဟင္း႐ြက္ အေရာင္အမ်ိဳးမ်ိဳးကို ထည့္ပါ။ ေရာင္စုံေလးျဖစ္ေနတာက ကေလးအတြက္ စားခ်င္စဖြယ္ျဖစ္ေစပါတယ္။

စေတာ္ဘယ္ရီ၊ ပ်ားရည္၊ ငွက္ေပ်ာသီး၊ ေရခဲႏွင့္ ဒိန္ခ်ဥ္တို႔ကို ေဖ်ာ္ရည္လုပ္ေပးပါ။

ကေလးရဲ႕ အစာစားခ်င္စိတ္ကို တိုးေစဖို႔ သဘာဝနည္းလမ္းအေတာ္မ်ားမ်ားရွိပါတယ္။ ဒါေပမယ့္ တခါတရံမွာ အစာစားခ်င္စိတ္ကို ပိုၿပီးျဖစ္ေစတဲ့ အာဟာရျဖည့္စြက္စာ တိုက္ဖို႔လိုအပ္ႏိုင္ပါတယ္။

Chit_MayMay

LM_Nandar

Source- momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here