
မေမေတို့ရေ့….မိဘအတော်များများက ကလေးရဲ့ အရပ်အမြင့်ကို လွှမ်းမိုးတဲ့ အကြောင်းရင်းတွေနင့်ပတ်သတ်ပြီး စိုးရိမ်ပူပန်တတ်ကြပါတယ်နော်။ ပြီးတော့ အစားအသောက် ကောင်းကောင်းကျွေးတာက ကလေးရဲ့ ကြီးထွားမှုကို သက်ရောက်စေလိမ့်မယ့် တစ်ခုတည်းသော အရာဖြစ်တယ်လို့လည်း မိဘတွေအနေနဲ့ ယုံကြည်လေ့ရှိကြပါတယ်။ ဒါက အမှန်ပါဘူး၊ မျိုးရိုးဗီဇ အပါအဝင် လူသိနည်းသော ပတ်ဝန်းကျင်အခြေအနေတွေများစွာက အရပ်အမြင့်ကို လွှမ်းမိုးနိုင်တဲ့ အကြောင်းရင်းများစွာ ဖြစ်ကြပါတယ်။
အရပ်အမြင့်ကို လွှမ်းမိုးသော အချက်များ
၁။ မျိုးရိုးဗီဇ
ဒါက မိဘအများစု သိတဲ့အချက်ပါ၊ မျိုးရိုးဗီဇက မေမေတို့ကလေး ဘယ်လောက်အရပ်ရှည်မယ်ဆိုတာကို တိုက်ရိုက်လွှမ်းမိုးပါတယ်။ တကယ်တော့ ဒါဟာ အခိုင်မာဆုံးအချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်မိသားစုမှာ အရပ်ရှည်ရင် သင့်ကလေးတွေဟာ အရပ်ရှည်ဖို့ အလားအလာရှိပါတယ်။
၂။ လိင်
မိန်းကလေးတွေက ယောကျ်ားလေးတွေထက် ယေဘူယျအားဖြင့် လက်မအနည်းငယ် ပိုပုပါတယ်။ ယောကျ်ားလေးတွေက ထုထည်ပိုကြီးပြီး မိန်းကလေးတွေထက် ဦးခေါင်းအနည်းငယ် ပိုကြီးပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ အကျိုးသက်ရောက်မှုတွေပေါ် မူတည်ပြီး ဒါက ကလေးတွေကြားမှာ ကွဲပြားနိုင်ပါတယ်။
၃။ ပတ်ဝန်းကျင်အခြေအနေ
ကျွန်မတို့ရဲ့ ပထဝီဝင် ပတ်ဝန်းကျင်မှ အခြေအနေတွေကလည်း ကျွန်မတို့ရဲ့ အရပ်အမြင့်ကို လွှမ်းမိုးနိုင်ပါတယ်။ ဥပမာအားဖြင့် စကန်ဒီနေးဗီးယားလူမျိုးတွေက အလွန်အရပ်ရှည်တတ်ပါတယ်။ ပင်လယ်ပြင်ထက်အမြင့်(high-altitudes) ဒေသတွေမှာ နေထိုင်တဲ့သူတွေက အရပ်ပိုပုလေ့ရှိကြောင်း တွေ့ရှိရပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၆%သာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၅၀၀အထက်မှာ နေထိုင်ကြပါတယ်။
၄။ အစားအသောက်ကောင်း
အရပ်အမောင်းကို လွှမ်းမိုးနိုင်တဲ့ အခြားလူသိများသော အကြောင်းရင်းတွေက ကျွန်မတို့ရဲ့ အစားအသောက်နှင့်လည်း သက်ဆိုင်ပါတယ်။ ကလေးမွေးဖွားချိန်မှစပြီး အရွယ်ရောက်လာတဲ့အထိ အာဟာရက ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။
ကောင်းမွန်တဲ့ အစားအသောက်အကြောင်း ပြောတဲ့အခါ ဆိုလိုတာက ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေအားလုံးကို ရရှိဖို့ပါပဲ။ အစားများများစားတာက ကလေးတွေကို ကြီးထွားအောင် ကူညီပေးနိုင်ပေမယ့် အပြင်ပန်းပဲ ဝလာစေတာပါ။ အရပ်ရှည်လာတာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် မှန်ကန်တဲ့ အစားအစာကို မျှတအောင်စားဖို့က ပိုအရေးကြီးပါတယ်၊ မျိုးရိုးဗီဇက ကလေးတွေရဲ့ အရပ်အမြင့်ကို လွှမ်းမိုးသော အဓိက အချက်တစ်ခုဖြစ်ပေမယ့် အစားသောက်သည်လည်း အခြေခံကျပါတယ်။
၅။ အိပ်ချိန်လုံလောက်စွာ မရခြင်း
အိပ်စက်ခြင်းက လူသားတွေအတွက် မယုံနိုင်လောက်အောင် အရေးကြီးပြီး ကလေးတွေအတွက် ပိုလို့တောင် အရေးကြီးပါတယ်။ GH သို့မဟုတ် Somatotropin လို့ခေါ်တဲ့ လူ့ကြီးထွားဟော်မုန်းက နေ့ဘက်မှာ ၃နာရီမှ ၅နာရီခြား လည်ပတ်နေသော်လည်း ညအချိန်မှာ ပိုပြီး active ဖြစ်ပါတယ်။
၆။ အားကစား
ကိုယ်လက်လှုပ်ရှားမှုက အရိုးတွေ ကျန်းမာသန်စွမ်းစေဖို့ ကူညီပေးတဲ့ အရိုးဆဲလ်တွေ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဘတ်စကတ်ဘောကဲ့သို့သော အားကစားနည်းတွေက ကလေးငယ်တွေ အရပ်ရှည်စေဖို့နဲ့ ကြံ့ခိုင်နေစေဖို့ ကူညီပေးနိုင်ပါတယ်။
#Chit_MayMay
Nandar
Source-youaremom