Home Lotaya ကလေးတွေမှာ အသက်အရွယ်အလိုက် ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတတ်မှု အဆင့်များ

ကလေးတွေမှာ အသက်အရွယ်အလိုက် ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတတ်မှု အဆင့်များ

0
151

ဂျိမ်းစ်ဟာ ကျောင်းမှ ဘောပင်တစ်ချောင်းကို ယူလာပြီး သူ့အမေကို ပြသခဲ့တယ်။ ပြီးတာ့ ထိုဘောပင်ကို စာသင်ခန်းထဲက သူ့ကုလားထိုင်အောက်ကနေ တွေ့ခဲ့တာဖြစ်ကြောင်း သူ့အမေကို ပြောပြခဲ့တယ်။ သူ့အမေက ဒီလိုလုပ်တာ မမှန်ကြောင်း သိပါတယ်။ သူ့အမေက နောက်တစ်နေ့မှာ ဘောပင်ကို ဆရာအား ပိုင်ရှင်ထံ လွှဲပြောင်းပေးဖို့ ပြောခဲ့တယ်။ ဂျိမ်းစ်တစ်ယောက် မပျော်ခဲ့ပါ။ သို့သော် မိခင်ဖြစ်သူက ဘောပင်ကို ဘာ့ကြောင့် ပြန်ပေးသင့်သလဲ ဆိုတဲ့အကြောင်းရင်းကို ရှင်းပြတဲ့အခါ သူလက်ခံယုံကြည်ခဲ့တယ်။

ကိုယ်ကျင့်တရားဆိုတာက မိဘတွေနဲ့ ဆရာတွေက ကလေးတွေကို သင်ပေးသင့်တဲ့အရာများဖြစ်ပါတယ်။ ကလေးတွေကို မှန်တယ်/မှားတယ်ဆိုတာကို သင်ပေးသင့်ပါတယ်။ ကိုယ်ကျင့်တရားနှင့် သူတို့ရဲ့ အမှားအမှန်ကို သိနားလည်ခြင်းက သူတို့ကြီးပြင်းလာနေတဲ့ ပတ်ဝန်းကျင်သာမက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ သိမြင်မှု၊ ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုရေးစွမ်းရည်ပေါ်မှာ မူတည်ပါတယ်။ ဒါ့ကြောင့် ကလေးတွေအတွက် ကိုယ်ကျင့်တရားဖွံ့ဖြိုးတိုးတတ်မှုအဆင့်ဆင့်နှင့် ကလေးတွေကို ကိုယ်ကျင့်တရားစံနှုန်းများ သင်ကြားပေးနိုင်ပုံတို့ကို ယနေ့မှာ မျှဝေပေးချင်ပါတယ်။

ကိုယ်ကျင့်တရားဆိုတာဘာလဲ?

ကိုယ်ကျင့်တရားဆိုတာက ရည်ရွယ်ချက်၊ အတွေး၊ အပြုအမှုတွေမှာ အမှန်နဲ့ အမှားကြား ခွဲခြားသိမြင်နိုင်သော စွမ်းရည်ဖြစ်ပါတယ်။ ဒီသဘောတရားကို ကလေးတွေအား သင်ကြားပေးခြင်းက မိဘအုပ်ထိန်းခြင်းရဲ့ အဓိကပန်းတိုင်ဖြစ်ပါတယ်။

ကလေးတွေမှာ ကိုယ်ကျင့်တရားဖွံ့ဖြိုးမှုအဆင့်များ

ကလေးတွေမှာ ကိုယ်ကျင့်တရား တိုးတတ်မှုက နို့စို့အရွယ်မှစပြီး ဆယ်ကျော်သက်နှင့် လူကြီးအရွယ်အထိ သူတို့ကြီးပြင်းသလို တဖြည်းဖြည်းချင်း ဖြစ်ပျက်ပါတယ်။ အသေးစိတ်ကြည့်လိုက်ရအောင်။

၁။ မွေးကင်းစ

မွေးကင်းစကလေးတွေမှာ ကိုယ်ကျင့်တရား သတ်မှတ်လို့မရသေးပါဘူး။ သူတို့ရဲ့ အမှားအမှန်နဲ့ ခံစားချက်ဟာ သူတို့ရဲ့ ခံစားချက်များနဲ့ အလိုဆန္ဒပေါ်မှာ မူတည်ပါတယ်။ ၎င်းတို့ရဲ့ မှန်ကန်သောအသိဟာ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းခြင်း ရှိမရှိပေါ်မှာ မူတည်ပါတယ်။

  • ဗိုက်ဆာတာနှင့် အထီးကျန်တာက သင့်မွေးကင်းစ ကလေးငယ်အတွက် မသက်မသာခံစားချက်ဖြစ်ပြီး မှန်တယ်လို့ မခံစားရပါဘူး။
  • လူအမြောက်အများ ဝိုင်းဝန်းပြီး ဂရုစိုက်ပြုစုခြင်း၊ ပွေ့ပိုက်ခြင်းနှင့် ကျွေးမွေးခြင်းကို မှန်တယ်လို့ ခံစားရစေပါတယ်။ ဥပေက္ခာအပြုခံရတာက ကြောက်စရာကောင်းပြီး မှားတယ်လို့ ခံစားရစေပါတယ်။

၂။ လမ်းလျှောက်တတ်ခါစကလေး (အသက် ၂နှစ်မှ ၃နှစ်အထိ)

ဒီအသက်အရွယ်တွင် သင့်ကလေးဟာ အခြားသူတွေမှာ အခွင့်အရေးနှင့် လိုအပ်ချက်တွေရှိတာကို သဘောပေါက်ပါတယ်။ သို့သော် သူဟာ အမှားနှင့် အမှန်ကွာခြားမှုကို နားမလည်သေးပါ။ အသက် ၂-၃နှစ်အရွယ်ကလေးတစ်ယောက်ဟာ စာနာမှုအခြေခံသည့် အပြစ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အပြုအမှုများကို ပြသနိုင်ပါတယ်။ မိဘတွေ သယ်ဆောင်ခဲ့တဲ့ လုပ်ရပ်ပေါ် မူတည်ပြီး ကလေးငယ်ဟာ နာခံမှုက စံသတ်မှတ်ချက်လို့ နားလည်ပါတယ်။

  • မောင်နှမတွေဆီက အရုပ်တစ်ရုပ်ကို လုယူခြင်းက မှားကြောင်း ကလေးငယ်တွေ သိပါတယ်။
  • တစ်ယောက်ယောက်ကို နှိပ်စက်ခြင်းက ဘာ့ကြောင့် မှားသလဲဆိုတာ နားမလည်သေးသော်လည်း ထိုသို့လုပ်ခြင်းကြောင့် အပြစ်ပေးခံရမှာကို သူသိပါတယ်။
  • သင့်ကလေးငယ်ဟာ အပြစ်ပေးခြင်းကို ရှောင်ရှားဖို့ စည်းမျဉ်းတွေကို လိုက်နာလေ့ရှိပါတယ်။

၃။ မူကြိုအရွယ် (အသက် ၃နှစ်မှ ၅နှစ်အထိ)

မိသားစုတန်ဖိုးတွေကို မသိစိတ်ဖြင့် သင်ယူနေတဲ့ အသက်အရွယ်ဖြစ်ပါတယ်။

  • မိသားစုစည်းကမ်းအတွက် စည်းမျဉ်းစည်းကမ်တွေ မရှိမဖြစ်လိုအပ်တာကြောင့် စည်းမျဉ်းတွေဟာ သင့်ကလေးအတွက်လည်း အရေးကြီးလာပါတယ်။
  • ကလေးဟာ သက်ကြီးရွယ်အို (သို့) မိဘတွေက တာဝန်ခံပေးမှာကို ယုံကြည်ထားပါတယ်။
  • ‘ကလေး’ နှင့် ‘လူကြီး’ဆိုတဲ့ အခန်းကဏ္ဍကို နားလည်လာပြီး ရင့်ကျက်မှုက သူတို့ဆီကို ဦးတည်လာဖို့ မျှော်လင့်ကြပါတယ်။
  • ကလေးဟာ “ငါ ဒါလုပ်ခဲ့ရင် ၊ ဒါဖြစ်လာလိမ့်မယ်”ဆိုတဲ့ လုပ်ရပ်တွေမှာ အကျိုးဆက်တွေ ရှိတာကို အသိအမှတ်ပြုလာပါတယ်။
  • အပြုသဘောဆောင်တဲ့ မိဘရဲ့ လမ်းညွှန်မှုက ကလေးအား ချိတ်ဆက်မှု ဖြစ်စေပြီး သူကောင်းစွာ ပြုမှုပါတယ်။ ချိတ်ဆက်မှုမရှိတဲ့ကလေးဟာ သူ့ကို မမိသေးတဲ့အထိ သူခံစားရတဲ့အတိုင်း လုပ်ဆောင်ပါလိမ့်မယ်။

၄။ ကလေးအရွယ် (အသက် ၇နှစ်မှ ၁၀နှစ်)

အသက် ၇နှစ်ပြည့်ပြီးနောက် ကလေးတွေဟာ ဆရာနှင့် မိဘတွေကဲ့သို့သော အခွင့်အာဏာရှိသူတွေက အမှားအယွင်းကင်းရင် မေးခွန်းထုတ်လာပါတယ်။

  • သင့်ကလေးဟာ သူဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတဲ့ ခိုင်မာသောအသိ ဖွံ့ဖြိုးလာပါလိမ့်မယ်။ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ခြင်းမှာ ပါဝင်ချင်လာပါလိမ့်မယ်။
  • ဒီအရွယ်ကလေးတွေဟာ တရားမျှတမှုနှင့် စည်းမျဉ်းစည်းကမ်းတွေ လိုအပ်ချက််ကို နားလည်သဘောပေါက်လာပါတယ်။
  • ကလေးတွေအနေနဲ့လည်း အခွင့်အရေးရှိတာကို နားလည်လာပါတယ်။

၅။ ဆယ်ကျော်သက်အရွယ်

အရွယ်ရောက်လာတာနှင့်အမျှ ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ကိုယ်ကျင့်တရားစံနှုန်းတွေ စတင်ဖွံ့ဖြိုးလာကြပါပြီ။ မိဘတွေသတ်မှတ်ထားတဲ့အရာကို မေးမြန်းခြင်းနှင့် ဆန်းစစ်ခြင်းများ ပြုလုပ်လာကြပါတယ်။

အသက် ၁၁နှစ်မှ ၁၆နှစ်

  • သင့်ရဲ့ ဆယ်ကျော်သက်ကလေးဟာ သူ့ရဲ့ကိုယ်ကျင့်တရားစံနှုန်းကို တိုးချဲ့ပြီး စည်းမျဉ်းတွေအားလုံးကို အကျိုးရှိစေမယ့် လူမှုရေးလမ်းညွှန်ချက်များအဖြစ် မြင်ပါလိမ့်မယ်။
  • သူတို့က စည်းမျဉ်းစည်းကမ်းတွေကို တန်ဖိုးထားပေမဲ့လည်း ညှိနှိုင်းတတ်ပါတယ်။
  • ဆယ်ကျော်သက်ကလေးဟာ သင့်ရဲ့ ဆုံးဖြတ်ချက်က သူ့ပတ်ဝန်းကျင်ရှိ အခြားသူတွေအပေါ် အကျိုးသက်ရောက်ကြောင်း စတင်နားလည်လာပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-momjunction

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here