ကိုယ့်ရင်သွေးလေး တဖြည်းဖြည်းကြီးထွားလာတာကို အရိပ်တကြည့် ကြည့်ရတာဟာ ဘယ်လိုမှမေ့မရနိုင်တဲ့ အမှတ်တရတစ်ခုပါပဲ။ သို့သော်လည်း ကလေးတိုင်းက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူတို့လေးတွေကိုယ်တိုင် တည်ဆောက်နေစဥ်အတွင်းမှာ အခြားကလေးတွေကတော့ တချို့သောအခြေအနေတွေကို မရောက်ရှိနိုင်ကြပါဘူး။ တစ်ချို့မိဘတွေက ကလေး ၆လနှင့် ၁၂လကြားထဲမှာ အော်တစ်ဇင် လက္ခဏာတွေကို သတိထားမိနိုင်ကြပြီး တစ်ချို့တွေကျတော့ ဒီထက်တောင်စောပြီး တွေ့ရှိနိုင်တယ်လို့ ဒေါက်တာ Thomas Frazier က ဆိုပါတယ်။ ဒါဆိုရင် ကလေးတွေမှာ တွေ့ရတတ်တဲ့ အော်တစ်ဇင်လက္ခဏာတွေက ဘာတွေများလဲဆိုရင်တော့…
အော်တစ်ဇင်ဆိုတာ ဘာလဲ

ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပိုင်းမှာ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ သူ့ရဲ့ပေါင်းသင်းဆက်ဆံရေး၊ ပြောဆိုဆက်သွယ်ရေး စတဲ့ အပြန်အလှန်ဆက်သွယ်တဲ့ အပိုင်းတွေဟာ ပုံမှန်ဖွံ့ဖြိုးမှုမရှိတဲ့ အခြေအနေတစ်ခုကို အော်တစ်ဇင်လို့ခေါ်ပါတယ်။ ရောဂါတစ်ခုမဟုတ်သလို ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့တဲ့ရောဂါ အသိဉာဏ်နောက်ကျတဲ့ ရောဂါမျိုးလည်း မဟုတ်ပါဘူး။ Social ပိုင်း၊ Communication ပိုင်း၊ လူမှုပတ်ဝန်းကျင်နဲ့ ဆက်သွယ်တဲ့အပိုင်းတွေမှာ နောက်ကျတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုပါ။
Centers for Disease Control and Prevention (CDC) အရ အော်တစ်ဇင်ရဲ့ အစောပိုင်းလက္ခဏာများ
Autism Signs By 3 Months
• ရွေ့လျားတဲ့အရာဝတ္ထုတွေကို မျက်လုံးနဲ့လိုက်မကြည့်ခြင်း
• အသံကျယ်ကျယ်တွေကို မတုံ့ပြန်ခြင်း
• အရာဝတ္ထု ပစ္စည်းတွေကို မကိုင်တွယ်နိုင်ခြင်း
• တခြားလူတွေကို ပြုံးပြမှုမရှိခြင်း
• ကလေးသဘာဝအလျောက် စကားတွေမပြောခြင်း
• လူစိမ်းတွေဆိုပြီး အာရုံမရှိခြင်း

Autism Signs By 7 Months
• အသံလာရာနေရာဆီကို ခေါင်းလည်ပြီး လိုက်မကြည့်ခြင်း
• သင်နဲ့ ရင်းရင်းနှီးနှီးမရှိခြင်း
• မရယ်မပြုံးခြင်း သို့မဟုတ် အသံသေးသေးလေးတွေ မလုပ်ခြင်း
• အရာဝတ္ထုတွေကို လှမ်းပြီးမကိုင်တွယ်ခြင်း
• သူ့ဘာသာ ပြုံးရယ်မှုမရှိခြင်း
• မြူခြင်း၊ ချော့ခြင်းတို့အပေါ် စိတ်ဝင်စားမှုမရှိခြင်း
Autism Signs By 12 Months
• လေးဖက်ထောက်မသွားခြင်း
• ဘာစကားတစ်လုံးမှမပြောခြင်း
• လက်ကိုဝှေ့ယမ်းတာ သို့မဟုတ် ခေါင်းခါတာမျိုးကို မပြုလုပ်ခြင်း
• အရာဝတ္ထုတွေ သို့မဟုတ် ပန်းချီ၊ ပုံရိပ်တွေကို လက်ညိုးညွှန်ပြခြင်း မလုပ်ခြင်း
• ကူညီပေးထားတာတောင် မတ်တပ်မရပ်နိုင်ခြင်း
ဒီလိုလက္ခဏာတွေက အော်တစ်ဇင်ဖြစ်နေပြီဆိုတဲ့ တိကျတဲ့လက္ခဏာတွေမဟုတ်ဘူးဆိုတာကိုတော့ တစ်ချက်မှတ်သားပေးစေချင်ပါတယ်။ ကလေးကို ရှေ့ဆက်စစ်ဆေးသင့်သလားဆိုတာကို ဆုံးဖြတ်ချက်ပေးနိုင်မယ့် အရိုးရှင်းဆုံးအချက်လေးတွေဖြစ်ပါတယ်။
#Lifestyle_Myanmar
# Thinzar
Ref- parents