ကလေးတွေမှာ Allergyဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ တချို့ကလေးတွေဆို တကိုယ်လုံးမြင်မကောင်းလောက်အောင်ကို အဖုအပိန့်တွေ အကွက်ကြီးတွေမျိုးကိုဖြစ်တတ်တာ။ အစာစားပီးပြန်အန်ထွက်တာ နှာခေါင်းသွေးယိုတာ မျက်လုံးတွေယားယံတာ မျိုးတွေလည်းဖြစ်တတ်တယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတာလည်းမသိကြဘူး။ဒီတော့ ကိုယ့်ကလေးမှာ Allergy ဘာကြောင့်ဖြစ်လဲဆိုတာ ကို မိဘတွေသိသင့်ပါတယ်။ ဒါကြောင့် ဒီစာလေးကိုဖတ်ကြည့်လိုက်ပါနော်.
မိသားစုထဲမှာAllergyဖြစ်တတ်သူ

မိသားစုထဲမှာAllergyဖြစ်တတ်သူ သွေးနဲ့ဓါတ်မတည့်မှုဖြစ်တတ်တဲ့သူရှိရင် ကလေးတွေမှာလည်း အဲ့ဒီလိုဖြစ်တတ်ပါတယ်။ ပြောရရင် မျိုးရိုးဗီဇနဲ့ဆက်စပ်တာမျိုးပါ။ အကောင်းဆုံးကတော့ ဆရာဝန်ကို မိသားစုသမိုင်းကြောင်းပြောပြပြီး ကုသတာအကောင်းဆုံးပါ
နှာရည်ယိုခြင်းနဲ့မျက်လုံးယားယံခြင်း

Allergyဖြစ်တယ်ဆိုတာ ယားယံတာတစ်ခုတည်းမဟုတ်ပါဘူး၊။ ပြောရရင် ဓါတ်မတည့်မှုကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအများကြီးရှိပါတယ်။အအေးမိတာက နှာရည်ယိုစေနိင်သလို ဓါတ်မတည့်မှုကြောင့်လည်း နှာရည်ယိုတာ နှာခေါင်းသွေးလျံတာ မျက်လုံးတွေယားယံတာ စသဖြင့်ဖြစ်တတ်ပါတယ်။
အစာစားပီးနောက်အန်ခြင်းနဲ့ ဗိုက်နာခြင်း

ကလေးတစ်ယောက်မှာအစာမတည့်မှုဖြစ်ရင်Allergyရှိနိုင်ရင် ထမင်းစားပီးတာနဲ့ ပျို့တာ အန်တာမျိုးတွေဖြစ်တတ်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ အရေပြားတုံပြန်မှုတွေက ပြောင်းလဲသွားတတ်ပါတယ်။ အနည်းဆုံးတစ်နာရီကျော်ကျော်လောက်မှာ တစ်ခုခုလေးအစားမှားပီဆိုတာနဲ့ဒီလိုလက္ခဏာတွေပြတတ်ပါတယ်။ ဒီလိုမိသားစုထဲမှာAllergyဖြစ်တတ်တဲ့ကလေးတွေရှိရင် နို့၊ ဥ၊ အခွံမာ နှမ်းနဲ့ ပဲပိစပ်များ ကျွေးသင့်ပါတယ်။
အရေပြားယားယံမှု

မိသားစုထဲမှာAllergyဖြစ်နေတဲ့ကလေးတွေရှိရင် သူတို့နဲ့မတည့်တာကိုစားမိတာဖြစ်ဖြစ် ထိမိတာဖြစ်ဖြစ် သူ့ဓါတ်နဲ့မတည့်ဘူးဆိုတာနဲ့ အရေပြားယားယံတာမျိုးတွေအင်ပျင်လိုအကွက်ကြီးတွေ အဖုလိုက်ကြီးတွေပေါ်လာတတ်ပါတယ်။ အသားဖြူတဲ့သူတွေဆို နီရဲတွတ်နေလို့ ပိုသိသာပါတယ်။ဒီလို ဓါတ်မတည့်မှု အသက်ကြီးသွားတဲ့ထိလည်းဖြစ်နိုင်ပါတယ်။ ကဲဒီလောက်ဆို မိသားစုထဲမှာAllergyဖြစ်တတ်နိုင်ချေရှိသူတွေဖြစ်တတ်တဲ့ လက္ခဏာတွေသိလောက်ပီထင်ပါတယ်။
#Chit_May_May
#Mg_Htet
REF_Today Parent