ကလေးတွေမှာ Screen Time များခြင်း

0
44
- Advertisement -

ကလေးတွေမှာ screen time များခြင်းက ဉာဏ်ရည်ဉာဏ်သွေးနဲ့ လူမှုရေး- စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားနည်းခြင်းနှင့် ဆက်စပ်နေကြောင်း ပြသထားတဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေ ရှိပါတယ်။ Screens အကြောင်းပြောတဲ့အခါ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ၊ ရုပ်မြင်သံကြား၊ ကွန်ပျူတာ အစရှိသည်တို့ကို ဆိုလိုပါတယ်။ မိဘအတော်များများက သူတို့ရဲ့ ကလေးငယ်တွေအပေါ် ပိုလျှံနေတဲ့ screen time အကျိုးဆက်တွေကို မသိကြပါဘူး။ အထက်ဖော်ပြပါ စက်ပစ္စည်းတွေကို အလွန်အကျွံအသုံးပြုတဲ့အခါ ကလေးငယ်တွေ ခံစားရနိုင်တဲ့ အကျိုးဆက်တွေများစွာကို လေ့လာမှုတစ်ခုက ဖော်ပြခဲ့ကြပါတယ်။ ဒီလေ့လာမှုက ကနေဒါ ကလေးငယ် ၂၄၀၀ ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အနီးကပ်လေ့လာခဲ့တာပါ။ ကလေးဟာ အသက် ၂နှစ်နဲ့ ၃နှစ်မှာ ဖန်သားပြင်တွေရှေ့ ကြာကြာနေလေ ၄နှစ်နဲ့ ၅နှစ်မှာ သူတို့ရဲ့ စွမ်းဆောင်ရည် ပိုဆိုးလာလေဖြစ်ကြောင်း သရုပ်ပြခဲ့ကြပါတယ်။

သုတေသနက ဒီနယ်ပယ် ၅ခုမှာ ကလေးရဲ့ တိုးတက်မှုကို စူးစမ်းလေ့လာခဲ့ပါတယ်။

  • Communication
  • Gross motor skills
  • Fine motor skills
  • ပြဿနာ ဖြေရှင်းခြင်း
  • လူမှုရေးစွမ်းရည်များ

ဥပမာအားဖြင့် communicative ကျွမ်းကျင်မှုကို အကဲဖြတ်ဖို့ စကားလုံး လေးလုံးပါတဲ့ စာကြောင်းကို ဖန်တီးနိုင်မလား(သို့) ခန္ဓာကိုယ်ရဲ့ အဓိကအစိတ်အပိုင်းတွေကို ခွဲခြားသတ်မှတ်နိုင်မလားဟု ကလေးအား မေးမြန်းခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ motor skills အတွက် သူတို့ကို ခြေဖျားထောက်ရပ်ခိုင်းခဲ့ပါတယ်။ ထိုနောက် ဒီကလေးတွေဟာ ဖန်သားပြင်တွေရှေ့မှာ အချိန်ပိုကြာလေ ဒီလေ့ကျင့်ခန်းတွေမှာ ပိုဆိုးလေဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

- Advertisement -

သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရ ပထမ ၅နှစ်တာကာလအတွင်းမှာ ဦးနှောက်က လှုံ့ဆော်မှုတွေအတွက် အရမ်းထိခိုက်လွယ်တယ်လို့ ဆိုပါတယ်။ ဒါကို အရေးကြီးတဲ့ကာလလို့လည်း ခေါ်ပါတယ်။ တကယ်တော့ဒါက ကြီးထွားဖွံ့ဖြိုးမှုနဲ့ ရင့်ကျက်မှုအတွက် အရမ်းအရေးကြီးပါတယ်။

ကလေးတွေ ဖန်သားပြင်တွေကို အလွန်အကျွံထိတွေ့ခြင်းရဲ့ အကျိုးဆက်များ

  • လူမှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု (တခြားသူတွေနှင့် ဆက်ဆံခြင်း)မှာထိခိုက်ခြင်း
  • အထိုင်များသောလူနေမှုပုံစံ မြှင့်တင်လာခြင်း
  • လူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ဖွံ့ဖြိုးတိုးတက်မှုမှာ ထိခိုက်ခြင်း
  • သင်ယူမှုနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ regulation မှာထိခိုက်ခြင်း

ကလေးတွေက screens တွေကို ကြည့်တဲ့အခါ အထက်ဖော်ပြပါ လေ့လာမှုမှာ ဖော်ပြထားတဲ့အတိုင်း interpersonal ၊ motor နှင့် ပြောဆိုဆက်ဆံမှုစွမ်းရည်တို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်စွမ်း ဆုံးရှုံးနိုင်ပါတယ်။ Screens တွေကို အလွန်အကျွံထိတွေ့မှုက အဆင့်တိုင်းမှာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။ ဆိုလိုတာက အဲ့ဒါကို ဆင်ခြင်တုံတရားနဲ့ တာဝန်သိစွာ အသုံးပြုသော ကလေးတွေထက် အရည်အချင်းနည်း၊ ကျွမ်းကျင်မှုနည်းပြီး ဉာဏ်ရည်ဉာဏ်သွေး နည်းစေနိုင်ပါတယ်။

လူမှုစီးပွားရေးနှင့် ကျား၊ မကွဲပြားမှုများ

လေ့လာမှုတွေအရ မိန်းကလေးတွေက ဖန်သားပြင်ရှေ့မှာ အချိန်ပိုနည်းလေ့ရှိပြီး ကျွန်တော်တို့ ဖော်ပြခဲ့တဲ့ နယ်ပယ် ၅ခုမှာ ယောကျ်ားလေးတွေထက် ရမှတ်တွေ ပိုရလေ့ရှိပါတယ်။ ထိုအပြင် လေ့လာမှုရဲ့ နောက်ထပ်ထူးခြားသော တွေ့ရှိချက်မှာ စာများများဖတ်ခြင်း၊ လေ့ကျင့်ခန်းပိုလုပ်ခြင်း၊ ပိုမိုအိပ်စက်ခြင်း (သို့) စိတ်ဓါတ်ကျမှုနည်းတဲ့ မိဘတွေရှိသော မူကြိုကလေးတွေဟာ အများကြီး ပိုကောင်းအောင် လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် လူမှုစီးပွားရေး အနိမ့်ဆုံးအဆင့်ရှိ လူတွေဟာ စခရင်အချိန်ကို အများဆုံး အသုံးပြုကြောင်း ပြသခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ဒီလူဦးရေထဲမှာ ကလေးငယ်တွေဟာ ထိခိုက်မှုအများဆုံးဖြစ်ပါတယ်။

Chit_MayMay

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here