ကလေးတွေရဲ့စိတ်ကို နားလည်နိုင်အောင် မိဘတွေကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားများ

0
9065
- Advertisement -

ကလေးတွေနဲ့ပတ်သတ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ကျနော်တို့ရဲ့ နူးညံ့တဲ့ခံစားချက်တွေဖြစ်တဲ့ ဂရုစိုက်တတ်ရန်၊ နားလည်မှုနဲ့ ကြင်နာတတ်စေတဲ့ စိတ်နှလုံးသားတွေကို ဖမ်းစားလေ့ရှိပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အတွေးတွေနဲ့ ခံစားချက်တွေကို နားလည်စေပါတယ်။ ကလေးတွေရဲ့စိတ်ကို နားလည်နိုင်ဖို့ အထောက်အကူပေးမယ့် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားများကိုဖော်ပြပေးလိုက်ပါတယ်။

Inside Out

အသက် ၁၁ နှစ် အရွယ် ကလေးမလေး Riley ရဲ့ ခံစားချက်တွေကို အကောင်းဆုံးပြသပေးသွားတဲ့ အင်နီးမေးရှင်းဇာတ်ကားကောင်းလေးဘဲဖြစ်ပါတယ်။ ကလေးတွေဖြစ်တတ်တဲ့ စိတ်ခံစားချက်တွေကို နားလည်နိုင်ဖို့ အကောင်းဆုံးဇာတ်ကားလေးဘဲဖြစ်ပါတယ်။

Moonrise Kingdom

ဆယ်ကျော်သက်အရွယ် ကောင်လေးနဲ့ကောင်မလေး မေတ္တာမျှသွားကြပြီး အိမ်ကထွက်ပြေးသွားကြပါတယ်။ သူတို့ရဲ့ ဘယ်လိုစိတ်အခြေအနေမျိုးကြောင့် အိမ်က ဘာကြောင့်ထွက်ပြေးကြတာလဲ? သူတို့ရဲ့ အမှန်တကယ်လိုအပ်တာဟာ ဘာလဲ? သင်တို့မှာသာ ဆယ်ကျော်သက် အရွယ် သားသမီးရှိနေတယ်ဆိုရင် ကြည့်သင့်ပါတယ်။ ကြည့်ပြီးသွားရင်တော့ အပြုသဘောဆောင်တဲ့ ခံစားချက်ကောင်းတွေ ရရှိလာနိုင်မှာပါ။

August Rush

အဘိုးအဘွားက သဘောမတူလို့ စွန့်ပစ်ခြင်း ခံလိုက်ရတဲ့ လူငယ်အနုပညာရှင်နှစ်ဦးရဲ့ ကလေးလေး August Rush ။ အမေဖြစ်သူကိုကျ ကလေးအသေလေးမွေးတယ်လို့ ပြောပြီး မိဘမဲ့ဂေဟာကို စွန့်ပစ်လိုက်တယ်။ ဖအေဖြစ်သူကကျ သူ့မှာကလေးရှိလို့ရှိမှန်းတောင်မသိခဲ့လိုက်ဘူး။ သူကိုကျတော့ မိဘမဲ့ဂေဟာက အဖေနဲ့ အမေ သေဆုံးသွားပြီလို့ လိမ်ညာခံထားရတဲ့ ကလေးလေး။ ဒါပေမယ့် မိဘနှစ်ပါးရဲ့ အနုပညာမျိုးရိုးဗီဇ အပြည့်အဝပါပြီး မွေးရာပါဂီတပညာရှင် ကလေးလေးဟာ သူ့မိဘတွေသက်ရှိထင်ရှားရှိနေသေးတယ်လို့ ယုံကြည်ပြီး မိဘမဲ့ဂေဟာကနေ သူ့မိဘတွေကို လိုက်ရှာဖို့ထွက်ပြေးခဲ့ပါတယ်။ ဂီတအသားပေးရုပ်ရှင်အမျိုးအစားဆိုပေမယ့် တကယ်ကောင်းတဲ့ဇာတ်ကားလေးပါဘဲ။

Oliver Twist

အုပ်ထိန်းသူများရဲ့ အနိုင်ကျင့်နှိပ်စက်ခံရတဲ့ မိဘမဲ့ကလေးလေး Oliver Twist ဟာ လန်ဒန်ကိုထွက်ပြေးခဲ့ပါတယ်။ လန်ဒန်မှာ ပထမဆုံးအကြိမ်ခိုးယူမှုကျူးလွန်စဉ်မှာဘဲ သူဟာအဖမ်းခံခဲ့ရပါတယ်။ ဒါပေမယ့် ဖမ်းမိခဲ့တဲ့သူက သူ့ကိုထောင်ထဲမထည့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ခေါ်ယူမွေးစားခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦး လိုက်လျောညီထွေရှိဖို့ ဘယ်လိုတွေလုပ်ခဲ့ပြီး ဘယ်လို မေတ္တာမျိုးတွေနဲ့
ချည်နှောင်မိသွားကြလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားကားလေးတစ်ကားဘဲဖြစ်ပါတယ်။

Twigson

ဉာဏ်ကောင်းပေမယ့် အရိုင်းဆန်ချင်တဲ့ ကလေးငယ်လေးဟာ သူမိဘတွေနဲ့အတူ မြို့တစ်မြို့ကနေ ရွာတစ်ရွာကို ပြောင်းရွေ့လာခဲ့ပါတယ်။ သူငယ်ချင်းသစ်မရသေးတဲ့ကလေးလေးဟာ မိဘတွေအလုပ်သွားနေတုန်း တစ်ယောက်ထဲ ကစားရင်းနဲ့ သူရဲ့စိတ်ကူးယဉ်သူငယ်ချင်း Twigson ဖြစ်လာမယ့် သစ်ကိုင်းလေးတစ်ကိုင်းကိုတွေ့ရှိခဲ့ပါတယ်။ ဒီကားလေးကလည်း တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။

Wonder

မွေးရာပါ ရုပ်ဆင်းအင်္ဂါချို့ယွင်းနေပြီး သူ့ကိုသူစိတ်ပျက်လွန်းလို့ အာကာသယဉ်မှူးခေါင်းစွပ်ကိုဘဲ စွတ်ထားတတ်တဲ့ ကလေးငယ်လေးကို ကျောင်းစထားတဲ့အရွယ်ရောက်တော့ ကျောင်းထားတဲ့အခါမှာ ဘာတွေဘယ်လိုကြုံတွေ့ရမလဲနဲ့ သူ့ရဲ့မိဘတွေကရောစိတ်ဓါတ်တွေကျနေတဲ့ ကလေးလေးကိုဘယ်လိုအားပေးကူညီမှုတွေနဲ့ ကလေးငယ်လေးကို စိတ်ဒဏ်ရာတွေမရအောင် ထိန်းသိမ်းစောင့်ရှောက်သွားလဲဆိုတာကို အားကျအတုယူသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ ညွှန်းပါရစေ။

#Dmo_aung

#Chit_may_may

Ref- Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here