Home Lotaya ကလေးတွေရဲ့အနာဂါတ်အောင်မြင်မှုကိုဖျက်ဆီးနေတဲ့ညံဖျင်းတဲ့မိဘအုပ်ထိန်းမှုပုံစံများ

ကလေးတွေရဲ့အနာဂါတ်အောင်မြင်မှုကိုဖျက်ဆီးနေတဲ့ညံဖျင်းတဲ့မိဘအုပ်ထိန်းမှုပုံစံများ

0
35247

မိဘအုပ်ထိန်းမှုပုံစံတွေက ကလေးတစ်ယောက်အရွယ်ရောက်လာတာနဲ့အမျှကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။ ပြောရမယ်ဆို ကလေးတွေရဲ့အနာဂါတ်အောင်မြင်မှုအတွက်တော်တော်အရေးကြီးတာပါ။

မိဘတွေရဲ့ နေထိုင်မှုစတိုင်ဟာ ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှု၊ လူမှုဆက်ဆံရေး၊ ပညာရေးစွမ်းဆောင်ရည်နဲ့ အပြုအမူပိုင်းတွေမှာပဲ သွားရောက်ရိုက်ခတ်နေတာဖြစ်ပါတယ်။

ညံဖျင်းတဲ့မိဘအုပ်ထိန်းမှုဆိုင်ရာဆုံးဖြတ်ချက်တွေကြောင့် ကလေးတွေရဲ့ဘ၀ဟာ ဆိုးကျိုးပေါင်းများစွာသက်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေရဲ့အောင်မြင်မှုကို အဟန့်အတားဖြစ်စေနိုင်တဲ့ မိဘတွေရဲ့ အပြုအမူတွေကိုလေ့လာကြည့်ရင်း ဒါတွေကို ရှောင်ရှားဖို့ မျှ၀ေပေးလိုက်ပါတယ်…..

လုံလောက်တဲ့အာရုံစိုက်မှု၊ ဂရုစိုက်မှုမပေးခြင်း

လေ့လာမှုတွေအရ အလုပ်နဲ့ပဲအချိန်ကုန်နေတဲ့မိဘတွေဟာ ကလေးတွေအပေါ်လုံလောက်တဲ့ ဂရုစိုက်မှု အာရုံစိုက်မှုမရှိတတ်ကြပါဘူး။ သူတို့အလုပ်မှာပဲ အချိန်ဖြုန်းနေကြတဲ့အတွက် တချိန်မှာ ဒါတွေဟာ နောင်တတွေရလာနိုင်စေပါတယ်။

မိဘတွေအနေနဲ့ကလေးတွေကိုအချိန်မပေးနိုင်တဲ့အခါ သူတို့တွေဟာ ကစားတာတောင်မှ တခြားသူတွေနဲ့ အတူမကစားရဲတဲ့စိတ်ပိုင်းဆိုင်ရာအားငယ်မှုပြဿနာကိုတောင်ဖြစ်စေနိုင်ပါတယ်။ ဒီနေ့ခတ်မှာဆို မိဘတွေဟာ အလုပ်မှာတင်မကပဲ စမတ်ဖုန်းတွေပေါ်မှာ သူတို့အချိန်တွေကိုကုန်ဆုံးနေကြတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။

ကလေးတွေကိုလုံး၀လျစ်လျူရှုထားပြီး အထိန်းတွေနဲ့ထားခဲ့တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုပြောရင် ကလေးတွေဟာ သူတို့ရဲ့ ‘သိမ်မွေ့လွန်းတဲ့အရွယ်မှာကြီးမားတဲ့အမှားတွေကိုရရှိသွားတတ်ကြပါတယ်။

မိဘတွေအနေနဲ့ကလေးတွေကို သင့်တော်တဲ့လမ်းညွန်မှုတွေပေးဖို့လိုအပ်ပြီး ပတ်၀န်းကျင်လေ့လာမှုတွေမလုပ်ပေးနိုင်တဲ့အခါမှာ ကလေးတွေဟာ အထီးကျန်မှု မကျေနပ်မှုတွေမှာ ပိတ်လှောင်ပြီး အဆိုးမြင်ကလေးငယ်တွေဖြစ်သွားတတ်ပါတယ်။

အသက်အရွယ်ကြီးလာတဲ့အချိန်မှာ အဆိုးမြင်တတ်တာ၊ စိတ်တိုလွယ်တာ၊လူတောမတိုးတာ၊ ရွယ်တူ အပေါင်းအသင်းတွေနဲ့တောင် စကားပြောဖို့ကြောက်ရွံတ၊ အားငယ်တာစတဲ့ ဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။

ပိုမိုဆိုးရွားတာက အဲ့ဒီလိုနေရတဲ့ ကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ အလွှဲသုံးစားမှုတွေတောင် မိဘတွေမသိပဲတိတ်ဆိတ်စွာခြိမ်းခြောက်ခံရတာမျိုးတွေရှိနေတတ်ပါတယ်..

တင်းကြပ်တဲ့ဘာသာရေးလမ်းညွန်မှုတွေပေးခြင်း

လူအများစုက သူတို့လုပ်နိုင်နေတဲ့အရာတွေအတွက် ဘုရားဆီဆုတောင်းတတ်ကြပါတယ်။ ကလေးတွေကိုတင်းကြပ်တဲ့ဘာသာရေးစည်းမျည်းတွေနဲ့ ကန့်သတ်နေထိုင်စေတာထက် မှားနေရင် ဘယ်လိုပြင်ဖို့ လမ်းညွန်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဘာသာရေးကို အတင်းခေါင်းထဲ ရိုက်သွင်းတဲ့အခါ ကလေးတွေဟာ တစ်ခုခုဆို သူတို့ကိုယ်သူတို့အားကိုးယုံကြည်ပြီးဖြေရှင်းရမယ့်အစား ဆုတောင်းရွတ်ဖတ်တာတွေအမြစ်တွယ်လာပါလိမ့်မယ်။

ကြီးပြင်းအရွယ်ရောက်လာတဲ့အချိန်မှာ ဒီလိုကလေးတွေက သူတို့လွတ်မြောက်ပြီဆိုပြီး ပျော်စရာတွေအဆက်မပြတ်ရှာရင်း ရိုင်းစိုင်းတဲ့၊ ပျက်စီးတဲ့ကလေးတွေတောင်ဖြစ်သွားစေနိုင်ပါတယ်။

ဒါကြောင့်ကလေးငယ်လေးတွေကို အနာဂါတ်မှာတာ၀န်ယူတတ်တဲ့လူကြီးတစ်ယောက်ဖြစ်လာအောင်ပြုစုပျိုးထောင်ချင်တယ်ဆိုရင်သင့်တင့်လျောက်ပတ်တဲ့ ဘာသာရေးလှုပ်ရှားမှုတွေ၊ သင့်တင့်တဲ့ ဆုံးမပဲပြင်မှုနဲ့ လမ်းညွန်မှုတွေပေးနိင်ဖို့ပဲလိုပါတယ်။

ထိလွယ်ရှလွယ်ကိစ္စတွေကိုမပြောပြမသင်ပေးခြင်း

မိဘတော်တော်များများက ဒါမျိုးတွေကလေးတွေကိုပြောပြရင် မသင့်တော်ဘူးလို့ပဲထင်ကြပါတယ်။ ကလေးတစ်ယောက်ကို ဒီလို ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတွေနဲ့ပက်သက်ပြီး မပြောပြသင့်ဘူးလို့ထင်ကြပေမယ့်လေ့လာမှုတွေအရ အဲ့ဒီအယူအ ဆဟာ မှားယွင်းနေကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အရွယ်ရောက်လာတဲ့ကလေးတွေဟာ ဒီSEXကိစ္စလို အထိအခိုက်မခံနိုင်တဲ့ကိစ္စတွေနဲ့ပက်သက်တဲ့အကြောင်း အရာတွေကို သူတို့နဲ့ရွယ်တူချင်းတွေကဖြစ်စေ၊ သူတို့ကိုယ်တိုင်ဖြစ်စေလေ့လာသင်ယူကြပါလိမ့်မယ်။

လေ့လာမှုတွေအရ မိဘတွေနဲ့ လိင်ပိုင်းဆိုင်ရာ ဗဟုသုတတွေအကြောင်းပြောတဲ့ဆယ်ကျော်သက်တွေဟာ အရွယ်မတိုင်ခင်လိင်ဆက်ဆံတာ၊ ကလေးမွေးတာတွေနဲ့လိင်ဆက်ဆံရင်တောင်ကွန်ဒုံးသုံးရမယ်ဆိုတာသိတဲ့ အသိတွေကြောင့် ဆိုးကျိုးသက် ရောက်မှုနည်းတယ်လို့ဆိုပါတယ်။

ဒါကြောင့်မိဘတွေက ဆယ်ကျော်သက်တွေကို လိင်အကြောင်း၊ မိမိကိုယ်ကိုဘယ်လိုကာကွယ်ရမယ်ဆိုတာနဲ့လက်မထပ်မီ လိင်ဆက်ဆံခြင်းရဲ့ဆိုးကျိုးတွေအကြောင်းသင်ကြားပေးရင် ဆယ်ကျော်သက်ကိုယ်၀န်ဆောင်ခြင်းတွေကို ကာကွယ်နိုင်မယ်လို့ လေ့ လာမှုတွေမှာဖော်ပြထားပါတယ်။

ရန်ဖြစ်ဆဲဆိုခြင်း

တချို့မိဘတွေက ကလေးတွေရှေ့မှာတောင် ထိန်းချုပ်နိုင်ခြင်းမရှိပဲ စကားလုံးတွေနဲ့ဟော်ဟစ်ဆဲဆိုနေတတ်ကြပါတယ်။ အဲ့ဒီလိုမိဘတွေက အားလုံးပြည့်စုတဲ့ကလေးတစ်ယောက်ကိုမျှော်လင့်လို့မရပါဘူး။ သူတို့ရဲ့အပြုအမူတွေစကားတွေက ကလေးတွေအပေါ်အကျိုးသက်ရောက်မှုများစွာရှိနေပါတယ်။

ကလေးဆိုတာ တခြားလူတွေလုပ်တဲ့စကားတွေ အပြုအမူ အပြောအဆိုတွေကို ပုံတူကူးချတတ်တာကို မေ့နေတတ်ပါတယ်။ မိ ခင်နဲ့ဖခင်က တစ်ယောက်ကိုတစ်ယောက်လေးစားချစ်ခင်စွာဆက်ဆံရင် ကလေးတွေဟာလည်း သူတို့ကြီးပြင်းလာတဲ့ပတ်၀န်းကျင်မှာ အဲ့ဒီလိုဆက်ဆံရေးကိုယူဆောင်သွားပါလိမ့်မယ်။

ကလေးတွေကိုသူတို့မလိုချင်တာတွေအတင်းလုပ်ခိုင်းမယ်

မိဘတိုင်းမှာတော့သူတို့ကလေးတွေအတွက် အိမ်မက်တွေရှိမှာပါပဲ။ ဒါပေမယ့်လေ့လာမှုတွေအရ မိဘတော်တော်များများက သူတို့ကိုယ်တိုင်မဖြစ်ခဲ့ရတဲ့ မျှော်လင့်ချက်တွေ လုပ်ချင်တာတွေကို ကလေးတွေပုခုံးပေါ်ပစ်ချပြီး အတင်းအကြပ်ပုံသွင်းနေကြတယ်လို့ဆိုပါတယ်။

သူတို့ရဲ့အိမ်မက်တွေကို ကလေးတွေကို အတင်းအကျပ်စေခိုင်းတာက စံပြမိဘတွေရဲ့အလုပ်မဟုတ်ပါဘူး။ အဲ့ဒီလိုအတင်းအ ကြပ် ပုံသွင်းခံရတဲ့ကလေးတွေက သူတို့အိမ်မက်တွေကို ပုံမှန်ပဲဖြစ်အောင်လုပ်တတ်ကြပါတယ်။ မိဘတွေအနေနဲ့ကိုယ်ဘာဖြစ်ချင်လဲဆိုတာထက် ကလေးမှာရှိတဲ့ပင်ကိုယ်အရည်အသွေးနဲ့သူတို့ဘာဖြစ်ချင်လဲဆိုတာကိုရှာပြီး ပံပိုးမှုကောင်းကောင်းလုပ်ပေးတာက ဒီကလေးကိုပိုအောာင်မြင်ပါစေလိမ့်မယ်။

ရှုံးနိမ့်မှုများကို လက်မခံခြင်း

မိဘတိုင်းက ကိုယ့်သားသမီးကိုအောင်မြင်စေချင်ကြပါတယ်။ ဒါပေမယ့် ရှုံးနိမ့်မှုတွေကြုံတွေ့လာရင် ဆူမယ် အပြစ်ပြောမယ် ကလေးကိုယုံကြည်ချက်မရှိအောင်လုပ်မယ့်အစား ဒီအခက်အခဲက ဘယ်လိုခုန်ထွက်ရမယ်၊ ဘယ်နည်းလမ်းတွေနဲ့သွားလို့ရမယ်ဦ အောင်မြင်မှုကို ဘယ်လိုပြန်ရှာရမလဲစတာတွေကို သင်ပေးနိုင်ပါတယ်။

ပြောရရင် အရှုံးကို မကြောက်ဖို့နဲ့အောင်မြင်မှုကိုသွားရာလမ်းမှာ ခက်ခဲနေတဲ့အဆီးအတားတွေကိုဖြေရှင်းနိုင်တဲ့ ညဏ်ပညာ၊ ရဲစွမ်းသတ္တိ၊ ခွန်အားတို့ကိုပေးဖို့ပဲဖြစ်ပါတယ်။

အရာရာကိုအကောင်းဆုံးကြိုးစားတတ်တဲ့ စိတ်ရှည်တတ်တဲ့ကလေးတစ်ယော က်ဖြစ်လာအောင် သင်ကြားပေးဖို့အရေးကြီးပါတယ်။ ဆုံးရှုံးမှုက ကြောက်စရာမကောင်းပဲ တာ၀န်ယူမှုမရှိပဲ စိတ်အားကျထွက်ပြေးတာဟာ ကြောက်စရာကောင်းကြောင်း ဒါတွေကိုသင်ပေးရပါမယ်။

ကဲ..ဒီလောက်ဆို ဒီလိုအုပ်ချုပ်မှုပုံစံတွေကိုရှောင်ရှားပြီး ကလေးတွေရဲ့အနာဂါတ်ကိုပိုမိုတောက်ပစေဖို့ အလယ်အလတ်လမ်းစဉ်သုံးပြီး အုပ်ထိန်းသွားကြဖို့ မျှော်လင့်မိပါတယ်နော်….

#Chit_May_May

#Mg_Htet

REF_Thriveglobal.com

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here