ကလေးတွေရဲ့အနာဂါတ် အောင်မြင်နိုင်မှုကို စမ်း သပ်နိုင်တဲ့ Marshmallow test အကြောင်း

0
4254
- Advertisement -

Marshmallow test ဆိုတာဘာလဲ?ရေရှည်ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိဖို့ဆိုတာ လူတိုင်းအတွက်တော့ မလွယ်ကူနိုင်ပါဘူး။ ကျွန်တော်တို့ ဦးတည်ချက်တွေကိုသွားရာလမ်းမှာ ကျွန်တော်တို့ကိုပျက်စီးအောင်ဆွဲဆောင်နိုင်တဲ့အရာများစွာရှိပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ဘဝကို လမ်းဘေးဆွဲချမယ့်အရာတွေကို Self-controlဆိုတဲ့ မိမိကိုယ်မိမိ ချုပ်တည်းနိုင်မှုစွမ်းရည်တွေနဲ့ ကျော်လွှားနိုင်ပါတယ်? ဒီတော့ကလေးတွေရောလူကြီးတွေရာ အားလုံးအတွက် Self-controlကအရေးကြီးပါတယ်။

အောင်မြင်မှုအတွက် အရေးကြီးတဲ့ ဒီSelf-controlဆိုတာဲ့ပက်သက်ပြီး တချိန်မှာအောင်မြင်နိုင်တဲ့ကလေးတွေဖြစ်နိုင်မဖြစ်နိုင်စမ်းသပ်တဲ့ Marshallow test ဆိုတာပေါ်လာခဲ့ပါတယ်။ အဲ့ဒီစမ်းသပ်မှုအကြောင်းခုပြောပြချင်တာပါ။

- Advertisement -

Marshmallow test ဆိုတာဘာလဲ

၁၉၆၀နဲ့၁၉၇၀ခုနှစ်တွေကြားက Marshallow testကို Walter Mischelဆိုတဲ့ စိတ်ပညာရှင်တစ်ဦးကစပြီးတီထွင်စမ်းသပ်ခဲ့တာပါ။ ဒီစမ်းသပ်မှုက ဆယ်စုနှစ် ၃ စုစာကြာခဲ့တဲ့ စမ်းသပ်မှုကြီးဖြစ်ပြီး အောင်မြင်မှုအတွက် ဘယ်အရာက သော့ချက်လဲဆိုတာကိုသက်သေပြသွားပါတယ်။

ဘယ်လိုစမ်းသပ်ခဲ့လဲ?

Walter Mischelရဲ့ Marshmallow testကတကယ်တော့ ကလေးတွေအတွက်စာမေးပွဲတစ်ခုပါပဲ။ ဒီစာမေးပွဲက Self-controlကို စမ်းသပ်တဲ့စာမေးပွဲဖြစ်ပြီး Selfcontrolဟာ ဘဝတလျောက်လုံးကြုံတွေ့လာရမယ့် ပုစ္ဆာတွေအတွက်ဆုံးဖြတ် ချက်တွေချမှတ်ဖို့ ၊ဆက်လက်ကြိုးစားလိုစိတ်ရှိဖို့ ၊အခွင့်အလမ်းတွေကိုတိုးမြှင့်ဖို့ အရေးကြီးတဲ့အရာဖြစ်တယ်လို့သူကဆိုခဲ့ပါတယ်။

အဲ့ဒီMarshmallow testမှာ ၄ နစ်နဲ့၅နှစ်အရွယ်ကလေး ၃၂ယောက်ပါဝင်ပြီး ကလေးတွေကို အခန်းတစ်ခန်းထဲမှာထည့်ထားပြီး Marshmallowလေးတွေပေးထားပါတယ်။ သကြားလုံးအဖြူလေးတွေပေါ့။ ကလေးတွေကို Marshmallow တလုံးကျပေးထားပြီး ဒီတလုံးကိုမစားပဲနေမယ်ဆိုရင် နောက်၁၅မိနစ်နေရင် နောက်ထပ် Marshmallowတစ်လုံးထပ်ရမယ်ဆိုပြီးပြောထားပါတယ်။ အဲ့ဒီလိုစစ်တဲ့အခါ ကလေးတွေရဲ့ ၃ပုံ၂ပုံဟာ ၁၅မိနစ်မပြည့်ခင်မှာပဲသကြားလုံးလေးတွေကိုစားပစ်လိုက်ကြပါတယ်။ ၁၅မိနစ်ပြည့်အောင်မစောင့်နိုင်ဘူးပေါ့နော်။ ကလေးအနည်းငယ်ကတော့ ၁၅မိနစ်သည်းခံလိုက်ရင် နောက်တစ်လုံးရမယ်။မစားသေးဘူးဆိုတဲ့ ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်တဲ့Willpowerအားကောင်းတာကိုသွားတွေ့ရပါတယ်။

ရလာဒ်ကဘာတွေပြောလဲ

ဒီတော့ ရလာဒ်က သိကြားလုံးပေးလိုက်လို့ကောက်စားပစ်လိုက်တဲ့ ကလေး ၃ပုံ ၂ ပုံက Selfcontrolအားနည်းတယ်ပေါ့။ တခုခုကို ရေရှည် ဇွဲနပဲ ကြီးကြီး မလုပ်တတ်ဘူးပေါ့။ နောက်ထပ် ၁၅မိနစ်ဆိုတာ သေချာချင်မှသေချာမယ်ဆိုတဲ့ ကလေးတွေပေါ့။ ကျန်တဲ့အနည်းစုကလေးတွေကတော့ ရေရှည်အကျိုးဖြစ်ဖို့အတွက် လောလောဆယ် အောင့်အီးသည်းခံပြီး ကြိုးစားစောင့်ထိန်းမယ်ဆိုတဲ့စိတ် Willpowerအားကောင်းတယ်ပေါ့။ Selfcontrolစွမ်းရည်ကို ငယ်ငယ်တည်းက ရထားတဲ့သူတွေဖြစ်ပြီး ဒီစိတ်ဟာ ရေရှည်မှာအောင်မြင်နိုင်တဲ့စိတ်မျိုးပေါ့။

စမ်းသပ်ချက်ရဲ့နောက်ဆက်တွဲ

နောက်အနှစ်၃၀ရောက်တဲ့အခါမှာ သကြားလုံးစားခဲ့တဲ့ကလေးတွေနဲ့ထိန်းချုပ်ခဲ့တဲ့ ကလေးတွေရဲ့ လူမှုစီးပွားရေး နဲ့ဘဝဖြတ် သန်းမှုတွေကို လေ့လာကြည့်တဲ့အခါ သိကြားလုံးမစားခဲ့တဲ့ ကလေးတွေက စားခဲ့တဲ့ကလေးတွေထက်စာရင် သူတို့ရဲ့ကိုယ် ရေးကိုယ်တာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ပိုမိုအောင်မြင်မှုတွေရခဲ့ကြတယ်ဆိုတာကိုတွေ့ခဲ့ကြရပါတယ်။

တွေ့ရှိချက်တွေမှာ Marshmallowမစားခဲ့တဲ့ကလေးတွေဟာ ဘဝတလျောက် စိတ်ဖိစီးမှုနဲ့မကျေနပ်မှုတွေကို ကျော်လွှားပြီး, သူတို့ရည်မှန်းချက်တွေကိုထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခဲ့ကြတယ်။ သူတို့ရည်မှန်းချက်ပန်းတိုင်နဲ့သွေဖယ်စေမယ့် သူတို့ဘဝကို မြောင်းထဲဆွဲချမယ့် အရာတွေကို ရှောင်နိုင်ခဲ့တယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ခဲ့တယ်..

သူတို့သွားချင်တဲ့နေရာကို အာရုံစူးစိုက်မှုကောင်းကောင်း ဇွဲကောင်းကောင်းနဲ့ လျောက်လှမ်းနိုင်ခဲ့တယ်။ သူတို့ကအမှီအခိုကင်းပီးသူတို့ကိုသူတို့ ယုံကြည်မှု(Self-confident) နဲ့ သူတို့ကိုသူတို့လေးစားမှု (Self-esteem)ပိုရှိခဲ့တယ်ဆိုတဲ့အချက်အလက်တွေကိုတွေ့ရှိခဲ့ပါတယ်။

ဒီတော့ အဓိကပြောချင်တာက ကလေးတွေတင်မကဘူး လူတိုင်းရဲ့ဘဝမှာ အောင်မြင်မှုတွေရဖို့၊ စိတ်ဖိစီးမှုတွေ ကြုံတွေ့လာရမယ့်ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့၊ ကိုယ့်ရည်မှန်းချက်ကို လမ်းချော်စေမယ့် ကိုယ့်ကိုလမ်းဘေးဆွဲချမယ့် ကိုယ့်ကိုသွေး ဆောင်မယ့် မကောင်းတဲ့အရာတွေကို ရှောင်နိုင်ဖို့ Selfcontrol ဟာ အရမ်းအရေးကြီးတယ်ဆိုတာပြောချင်တာပါ။

Self-Control မိမိကိုယ်ကို ထိန်းချုပ်ခြင်းကို သင်ကြားခြင်းက ကလေးတွေအတွက် သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချ မှတ်စေနိင်သလို စိတ်ဖိစီးမှု အခြေအနေတွေကို အကောင်းဆုံးတုံ့ပြန်စေနိုင်ပြီး ကောင်းမွန်တဲ့ရလာဒ်တွေကို ရရှိစေနိုင်ပါတယ်။ နောက်များမှ Self-Controlနဲ့ပက်သက်ပြီး မိဘတွေအနေနဲ့ဘယ်လိုသင်ကြားပေးနိုင်မလဲဆိုတာ ဆက်ရေးပေးပါ့မယ်..

#Chit_May_May

#Mg_Htet

REF_YOU ARE MOM

LEAVE A REPLY

Please enter your comment!
Please enter your name here