ကလေးတွေရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးရာမှာ အထောက်အကူဖြစ်စေမယ့် အစားအစာမျာ

0
566
- Advertisement -

အခုဆိုရင် မိုးရာသီတောင်မရောက်သေးပေမယ့်လည်း ရာသီတုပ်ကွေးထက်ပိုကြောက်ဖို့ကောင်းတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးက တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားပါတယ်။ အခုလို အစစအရာရာ စိုးရိမ်ကြောက်ရွံနေရတဲ့အချိန်မှာ သင်အပါအဝင် သင့်မိသားစုဝင်အားလုံးရဲ့ ကျန်းမာရေးကို အရမ်းဂရုစိုက်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေပေါ့။ ကလေးအများစုဟာ အစားအသောက်နဲ့ပတ်သက်လာရင် အရမ်းအစားရွေးတတ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ပတ်သက်လာရင်လည်း သိပ်ပြီးဂရုတစိုက်မရှိတတ်တာကြောင့် မိဘတွေက အစားအသောက်ကို သေချာဂရုတစိုက်ကျွေးပေးသင့်ပါတယ်။

၁။ အနီရောင်ငရုပ်ပွများ

အသားအရေနဲ့မျက်လုံးအတွက် ကောင်းမွန်တဲ့ Beta Carotene ကြွယ်ဝသလို ဗီတာမင်စီတွေလည်း အမြောက်အမြားပါဝင်ပါတယ်။

၂။ အချဥ်ဓာတ်ရှိတဲ့အသီးအနှံများ

ရောဂါပိုးကူးစက်မှုတွေကို ကာကွယ်တိုက်ဖျက်ပေးရာမှာ အထောက်အကူပြုတဲ့ သွေးဖြူဆဲလ်တွေကို ထုတ်လုပ်ခြင်းအတွက် ဗီတာမင်စီကိုလိုအပ်ပါတယ်။ အချဥ်ဓာတ်ရှိတဲ့ အသီးတွေကတော့ ဗီတာမင်စီကို ပေါပေါများများ ပေးစွမ်းနိုင်တာကြောင့် ကလေးတွေကို များများကျွေးမွေးပါ။

၃။ ဘယ်ရီသီးများ

ဆဲလ်ပျက်စီးမှုကို ဖြစ်ပွားစေတဲ့ Free radicals များ ခန္ဓာကိုယ်တွင်း စုစည်းလာခြင်းကို ကာကွယ်ပေးတဲ့ Antioxidant ပါဝင်နေပါတယ်။

၄။ အသားငါးများ

ဗီတာမင်တွေ၊ သတ္တုဓာတ်တွေကို ရရှိဖို့အတွက် ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးဖို့ လိုအပ်သလိုပဲ ကလေးတွေကျန်းမာရေးအတွက် အရေးကြီးတဲ့ ဇင့်နှင့် သံဓာတ်တို့ကိုလည်း အသားငါးတွေက ရရှိတာကြောင့် မေ့ထားခဲ့လို့မရပါဘူး။

၅။ ပဲအမျိုးမျိုး

သင့်ကလေးကျန်းမာရေးအတွက် အကျိုးဖြစ်စေတဲ့ ဗီတာမင်များ၊ သတ္တုဓာတ်များကို ပဲအမျိုးမျိုးကနေတဆင့်လည်း ရရှိနိုင်တာကြောင့် သူတို့အတွက် အစားအသောက်တွေပြင်ဆင်ချက်ပြုတ်သည့်အခါ ထည့်သွင်းပေးပါ။

၆။ ဒိန်ချဥ်

ဒိန်ချဥ်ကတော့ ဝမ်းသွားဖို့အတွက်ရော၊ အသားအရေလှဖို့အတွက်ရော အကျိုးဖြစ်စေတာသာမက ကိုယ်ခံအားကောင်းစေဖို့ပါ အထောက်အကူဖြစ်တာကြောင့် အသီးအနှံလေးတွေနဲ့လည်း ရောဖက်ကျွေးမွေးပေးနိုင်ပါတယ်။

၇။ ထောပတ်သီး

ထောပတ်သီးတွေထဲမှာ ကလေးရဲ့ကိုယ်ခံအားစနစ်ကောင်းမွန်အတွက် အဓိကလိုအပ်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီများ၊ ဗီတာမင်အီးတို့နှင့် ပြည့်နှက်နေပါတယ်။ ဒါကြောင့် ဖျော်ရည်၊ အသုပ်၊ သစ်သီးအဖြစ် အမျိုးမျိုးပြောင်းလဲကာ ထည့်သွင်းပေးလိုက်ပါ။

၈။ နေကြာစေ့

ကလေးတွေအတွက် ဆိုးကျိုးမဖြစ်စေတဲ့ သရေစာမုန့်တစ်ခုဖြစ်ကာ ပြည့်ဝဆီနည်းနည်းသာပါဝင်ပြီး ဗီတာမင်များ၊ သံဓာတ်တို့ပါဝင်နေပါတယ်။

#Chit_May_May

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here