မိမိကိုယ်ကိုလေးစားမှုနိမ့်ကျခြင်းက ကလေးတွေရဲ့ ဖွံ့ဖြိုးမှုပိုင်းမှာ ညံ့ဖျင်းတဲ့စိတ်နေသဘောထားတွေနှင့် အပြုအမူတွေကို ရရှိနိုင်စေတယ်။ ကလေးတွေက မိမိကိုယ်ကိုချစ်မြတ်နိုးတတ်ဖို့နှင့်မိမိကိုယ်ကိုအပြုသဘောမြင်တတ်ဖို့ဆိုတာ အရေးကြီးပါတယ်။ သို့မှသာ သူတို့က အမြဲပျော်ရွှင်တဲ့လူကြီးတွေဖြစ်လာနိုင်မှာပါ။
မိမိကိုယ်ကိုအထင်ကြီးလေးစားမှုရှိခြင်းက အခြားသူတွေအကြားအားနည်းမှု၊ လုံခြုံမှု၊ ပျက်ကွက်မှုက ကလေးတွေရဲ့အကောင်းဆုံးဖွံ့ဖြိုးမှုကို ဟန့်တားနိုင်တဲ့နည်းလမ်းတွေ ဖြစ်သွားစေနိုင်ပါတယ်။
လက္ခဏာများ
စိတ်ပညာရှင် Label M.Haeusslerနှင့် Neva Milicicတို့ရဲ့ အဆိုအရ ရောဂါလက္ခဏာတွေ၊ စရိုက်တွေ (သို့) စိတ်နေသဘောထားတွေက ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုနည်းပါးခြင်းကို မကြာခဏဖော်ပြလေ့ရှိပါတယ်တဲ့။ အဲဒါတွေက အလွန်အမင်း၀ေဖန်ပြစ်တင်ခြင်း၊ အာရုံစူးစိုက်မှုတွေရဖို့ ဆွဲဆောင်ခြင်း၊ အမြဲတမ်းအနိုင်ရလိုခြင်း၊ အမှားတွေနှင့် ကျရှုံးမှုတွေကို ကြောက်ရွှံ့ခြင်း၊ ပေါင်းသင်းဆက်ဆံမှုညံ့ဖျင်း၊ ၀မ်းနည်းမှုနှင့် စိတ်ဓာတ်ကျခြင်း၊ အရာရာတိုင်း ပြည့်စုံလိုခြင်း၊ ဆန့်ကျင်ခြင်းနှင့် အတည်ပြုချက်လိုအပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

အလွန်အမင်းပြစ်တင်၀ေဖန်ခြင်း
မိမိကိုယ်ကိုလေးစားမှုနိမ့်ကျနေတဲ့ ကလေးတွေဟာ အရာရာတိုင်းကို သူတို့ဆန္ဒအတိုင်းမသွားတဲ့အခါ သူတို့ဟာ မကျေမနပ်နဲ့ ပြစ်တင်၀ေဖန်လေ့ရှိတယ်။ ဒီသဘောထားက သူတို့ရဲ့ပတ်၀န်းကျင်က ငြင်းပယ်ခံရချေ ပိုများပါတယ်။ ဒါ့ကြောင့် ဒီအရာတွေရဲ့ အကျိုးဆက်တွေအနေနဲ့ သူ့တို့ကိုယ်တိုင်နားလည်မှုလွဲစေခြင်းနှင့် တစ်ခြားသူတွေက တန်ဖိုးမထားခြင်းကို ခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ သူတို့ကိုယ်တိုင်ရဲ့ သားကောင်တွေဖြစ်နေတတ်ပါတယ်။
အာရုံစူးစိုက်မှုတွေရဖို့ ဆွဲဆောင်လွန်းခြင်း
ဒီကလေးတွေဟာ သက်ဆိုင်ရာနှစ်သက်လက်ခံမှုရရဖို့ အထူးသဖြင့် အရွယ်ရောက်သူတွေရဲ့ အာရုံစူးစိုက်မှုရရှိဖို့ အဆက်မပြတ်ကြိုးစားကြတယ်။ ဒါ့ကြောင့်လည်း များသောအားဖြင့် သူတို့ကို စိတ်ပျက်စေနိုင်တဲ့ အမျက်ထွက်စေနိုင်တဲ့ ဘယ်လိုအရာမျိုးကိုမှ လုပ်လေ့မရှိဘူး။

အမြဲတမ်းအနိုင်ရလိုခြင်း
ဒီကလေးတွေက ဘယ်လိုဂိမ်းမျိုး၊ ပြိုင်ဆိုင်မှုမျိုးမှာမဆို အနိုင်ရဖို့ လိုအပ်တယ်။ သူတို့က ပျော်စရာနှင့် ပျော်ရွှင်မှုတန်ဖိုးတွေကို မခံစားတတ်ဘူး။ သူတို့လိုချင်တာက အကောင်းဆုံးဆိုတဲ့ အရာတွေပဲဖြစ်ဖို့လိုတယ်။ သူတို့က သူတို့ကိုပိုပြီးချစ်ဖို့ နှင့် လက်ခံဖို့ပဲစဥ်းစားကြတယ်။ ဒါကြောင့် ဒီကလေးတွေက
ကျရှုံးမှု( ဆိုးရွားတယ်)- သူတို့က ကျရှုံးမှုကိုလက်မခံဘူး။
ဆုရရှိမှု(ဘယ်လိုပဲရရ)-သူတို့က အလွန်အောင်မြင်စွာ ၀ါကြွားကြတယ်။
အမှားတွေနှင့် ကျရှုံးမှုတွေကို ကြောက်ရွှံ့ခြင်း
ဒါ့အပြင် ကလေးတွေဟာ အမှားအယွင်းတွေရှိလာမှာ စိုးရိမ်တာကြောင့် အန္တရာယ်တွေကို ရှောင်ရှားလေ့ရှိကြတယ်။ ဒါ့ကြောင့် သူတို့က ကောင်းမွန်စွာလုပ်ဆောင်နိုင်ကြောင်း သေချာမှသာလျှင် မေးခွန်းတစ်ခုဖြေခြင်း (သို့) အလုပ်တစ်ခုလုပ်ခြင်းကို ပြုလုပ်တတ်ကြတယ်။
ဒီလိုမလုံခြုံတဲ့သဘောထားက သူတို့ရဲ့ဖန်တီးမှုတွေ တိုးတက်ဖို့အတွက် အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ပေါင်းသင်းဆက်ဆံမှုညံ့ဖျင်းခြင်း
ကိုယ့်ကိုယ်လေးစားမှုနိမ့်ကျနေတဲ့ ကလေးတွေဟာ လူမှုရေးဆိုင်ရာကျွမ်းကျင်မှုတွေမှာ အရမ်းနည်းပါးတယ်။ ဒီတော့ အကျိုးဆက်တွေအနေနဲ့ ရွယ်တူခြင်းများနှင့် အပြန်အလှန်ဆက်သွယ်ခြင်း၊ ရင်းနှီးတဲ့ မိတ်ဆွေဖွဲ့ခြင်းနေရာတွေမှာ သူတို့ကိုခက်ခဲစေတဲ့ အချိန်ရောက်အောင်ပို့ဆောင်လိုက်တယ်။
၀မ်းနည်းခြင်းနှင့် စိတ်ဓာတ်ကျခြင်း
မိမိကိုယ်ကိုတန်ဖိုးထားမှုနိမ့်ကျတဲ့ကလေးငယ်တွေကများသောအားဖြင့် ၀မ်းနည်းပြီး စိတ်ဓာတ်ကျတတ်တယ်။ ဒါ့ကြောင့် သူတို့မှာ ခက်ခဲစွာ ပြုံးခြင်း၊ စိတ်ဓာတ်တက်ကြွမှုမရှိခြင်း၊ ဖျတ်လတ်မှုကင်းမဲ့ခြင်းစတာတွေက သူတို့ရဲ့အဖော်တွေလို ဖြစ်နေပါတယ်။

ဆန့်ကျင်ခြင်း
သူတို့ရဲ့မလုံခြုံမှုနှင့် စိုးရိမ်မှုတွေကို ဖုံးကွယ်ဖို့အတွက် သူတို့ကရန်လိုခြင်း၊ စိန်ခေါ်မှုနှင့် မသင့်လျော်တဲ့နည်းလမ်းတွေပြုမူနိုင်တယ်။ ဒါ့ကြောင့် သူတို့ရဲ့ လူမှုဆက်ဆံရေးက ကျန်းမာရေးနှင့် မညီညွတ်ဘဲဖြစ်နေတယ်။

အတည်ပြုချက်လိုအပ်ခြင်း
အပျက်သဘောနဲ့ကိုယ့်ကိုယ်ကိုလေးစားမှုကို မွေးမြူတဲ့ကလေးတွေက တစ်ခြာသူတွေေကို အမြဲတမ်းထောက်ခံစေလိုကြတယ်။ ဒါ့ကြောင့် သူတို့က တစ်ခြားသူတွေရဲ့ အသိအမှတ်ပြုခြင်းနှင့် တန်ဖိုးထားလေးစားမှုတွေကို ရှာဖွေကြတယ်။ များသောအားဖြင့် သူတို့ရဲ့စံပြပုဂ္ဂိုလ်တွေဖြစ်တဲ့ (မိခင်၊ ဖခင်နှင့် ဆရာများ စသဖြင့်)။ ဒါ့ကြောင့် ပထမဦးစွာ မလုံခြုံမှု၊ ဒါ့အပြင် ယုံကြည်မှုမရှိခြင်း၊ မိမိတို့ခံစားချက်တွေနဲ့ဆက်ဆံရာမှာ ကြောက်ရွှံ့ခြင်းနှင့် နောက်ဆုံးမှာ သူတို့ကိုယ်သူတို့ အကဲဖြတ်နိုင်စွမ်းမရှိခြင်းတွေက အဆိုးရွားဆုံးသော လက္ခဏာတွေဖြစ်ပါတယ်၊
Chit_May_May
Nyein_Thu
Ref-youaremom